?bph6

Place your ads here!

သွားအချောင်းပေါင်း ၂၃၂ ချောင်းကို အိန္ဒိယမှာ ကမ္ဘာ့စံချိန်ဝင် ခွဲစိတ်ဖယ်ရှား

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ ခွဲစိတ်ဆရာဝန်တွေက ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ယောက်ရဲ့ မေးရိုး ခွဲစိတ်မှုကနေ သွားအချောင်းပေါင်း (၂၃၂)ချောင်းကို ဖယ်ရှားခဲ့ရပြီး ဒါဟာကမ္ဘာ့စံချိန်ဝင်တဲ့ အများဆုံးသွား ဖယ်ရှားမှုဖြစ်တယ်လို့ ဆေးရုံကဇူလိုင်လ(၂၄)ရက်နေ့က ပြောကြားလိုက်ပါတယ်။

အသက်(၁၇)အရွယ် အယ်စစ် ဂါဗေးလ်(AshikGavai) က သူရဲ့မေးရိုးကတဖြည်းဖြည်း ကြီးလာတာကြောင့် မွန်ဘိုင်းမြို့ရဲ့ JJ ဆေးရုံမှာတက်ရောက်ကုသနေပါတယ်။ မစ္စတာဂါဗေးလ်(Gavai) က ရှုပ်ထွေးတဲ့ အော်ဒန် တိုမာ(odontoma)ရောဂါတစ်မျိုးကို ခံစားနေရတယ်လို့ သွားဘက်ဆိုင်ရာ ဆေးဝါးကုသမှု ဌာနက ဌာနမှူး ဆူနာဒါဒီဗား ပါလ်ဝင်ကာ(SunadaDhivarePalwankar)ကပြောပါတယ်။

“ကျွန်မတို့ ဇူလိုင်လ(၂၁)ရက်နေ့က စတင်ခွဲစိတ်ခဲ့တာဖြစ်ပြီး ခွဲစိတ်ချိန် (၇)နာရီနီးပါးလောက် ကြာမြင့်ပါတယ်။ ကျွန်မတို့က အစတုန်းကရိုးရှင်းတဲ့ ခွဲစိတ်မှုတစ်ခုလို့ ထင်ရပေမယ့် ကျွန်မတို့ ခွဲစိတ်တော့မှ မေးရိုးထဲမှာ ပုလဲပုံစံ သွားတွေ အများကြီးရှိနေတာကိုတွေ့လိုက်ရတယ်”လို့ ဌာနမှူး ကဆိုပါတယ်။

အဲ့ဒီသွားတွေကို ဖယ်ရှားပြီးတဲ့နောက် ကျောက်တုံးပုံစံ ဖြစ်နေတဲ့ သွားကိုဖယ်ရှားနိုင်ဖို့ တဖြည်းဖြည်း စားပြီး တစ်ချင်းစီဖြစ်အောင်လုပ်ပြီးမှ ဖယ်ထုတ်ရတယ်လို့ သိရပါတယ်။

လူငယ်ရဲ့ အဖေဖြစ်သူဆရက်စ် ဂါဗေး(Suresh Gavai) က “ကင်ဆာရောဂါဖြစ်နေမှာစိုးလို့ ကျွန်တော်ကသူ့ကို မွန်ဘိုင်းကို ခေါ်လာခဲ့တာပါ”လို့ ပြောပါတယ်။

မစ္စတာဂါဗေး(Gavai)ရဲ့ မေးရိုးကိုကုသနေပြီး ပုံမှန်ပြန်လည်ကောင်းမွန်လာမယ်လို့ ခွဲစိတ်ဆရာဝန်တွေက ပြော ပါတယ်။

 

adv_banner