လမ်းပျော်ကလေးများကို ပညာသင်ကြားပေးသည့် ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်

ရန်ကုန်မြို့တွင်ရှိသော လမ်းပျော်ကလေးငယ်များ၊ မိဘအုပ်ထိန်းသူမရှိသည့် ကလေးတွေနဲ့ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေကို ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်(Day Care Center for Vulnerable Children)တွင် ပညာသင်ကြားပေးလျက်ရှိပါတယ်။

အဲ့ဒီကလေးတွေကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အတတ်ပညာတွေကို သင်ကြားပေးနိုင်ဖို့ မြန်မာ နိုင်ငံလူမှုရေးပညာရှင်အသင်းက ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်ကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်တွင် ၂၀၁၁ ခုနှစ် ကလောက်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

“ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို အစိုးရနဲ့ ပညာရေးသုတေသနက ပြဋ္ဌာန်းထားတဲ့ ကျောင်းပြင်ပ ပညာ ရေး(non formal education)သင်ရိုးညွှန်းတမ်း အတိုင်း အစိုးရဆရာ၊ဆရာမတွေနဲ့ သင်ကြားပေးနေပါတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ၊ ယဉ်ကျေးလိမ္မာမှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံ ရေးဆိုင်ရာဘာသာရပ်တွေကိုလည်း သင်ကြားပေးနေတာပါ”လို့ မြန်မာနိုင်ငံလူမှုရေးပညာရှင်အသင်းမှ ဥက္ကဌ ဦးခင်မောင်ညွှန့် ကပြောသည်။

အဲ့ဒီသင်တန်းကျောင်းကို လာရောက်တဲ့ ကလေးတွေအများစုက လမ်းပျော်ကလေးများဖြစ်ပြီး ပတ်ဝန်းကျင် ကောင်းက လာတဲ့ကလေးတွေ မဟုတ်တာကြောင့် သူတို့ရဲ့ အပြုအမှု၊ အပြောအဆိုတွေကို လူမှု့ပတ်ဝန်း ကျင်နဲ့ ကိုက်ညီအောင် အဓိကထား ပြုပြင်ပေးရတယ်လို့ သိရပါတယ်။

“ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်ကို စတင်တည်ထောင်ကတည်းက ကလေးငယ် ၁၂၀ နီးပါးကို ပညာသင်ကြား ပေးခဲ့ပြီး အခုဆိုရင် ကလေးငယ် ၂၀၀ ကျော်ကို သင်ကြားပေးနေပါတယ်။ ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်မှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေရဲ့ အာဟာရကျွေးမွေးမှုစရိတ်တင် ၁ ရက်ကို သုံးသောင်းခွဲနဲ့ ငါးသောင်း ကြားမှာရှိနေပြီး အဲ့ဒီစရိတ်တွေအတွက် မြန်မာနိုင်ငံလူမှုရေးပညာရှင်အသင်းကို လှူဒါန်းတဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်နေတာပါ”လို့ သင်တန်းသူ မမြတ်နိုးပွင့်ကပြောပါတယ်။

ကလေးငယ်များကို မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာသင်ကြားပေးနေပြီး နေ့စဉ်အာဟာရအဖြစ် မနက် စာ နေ့လယ်စာကိုလည်း ကျွေးတဲ့အစီအစဉ်ရှိသည်ဟု မြန်မာနိုင်ငံလူမှုရေးပညာရှင်အသင်းမှ တွဲဖက်အတွင်း ရေးမှူး ဒေါက်တာနွဲ့ယဉ်က ပြောသည်။

 

နိုဗယ်ဇော်

 

 

adv_banner