ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ကဗျာရွတ်ပွဲကျင်းပ

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ကဗျာရွတ်ဖက်ပွဲကို ပန်းဆိုး တန်းလမ်းရှိ နောက်ဆုံးသစ်ရွက် ပန်းချီပြခန်းမှာ ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ကျွန်တော်တို့က အလေးအနက်ထားတယ်။ ငြိမ်းချမ်းရေးကို အလေးနက် ထားတဲ့အတွက် ကဗျာဆရာတွေ ဦးစည်းတဲ့အဖွဲ့တွေက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပုံတွေဟာ အဲ့ဒီအဖွဲ့ တွေမှာ အမြဲတမ်းပါလာပါတယ်။ သူရဲ့ပုံတွေကို ဦးထိပ်ထားပြီးတော့ ကဗျာဆရာတွေဟာ ဆရာကြီးကို ကိုယ် စားပြုတိုင်တည် အလေးနက်ထားပြီးတော့ ကဗျာတွေဖွဲ့တယ်။ သံချပ်တွေဖွဲ့ပြီးတော့ ငြိမ်းချမ်းရေးကို တောင်းဆို ခဲ့ကြတာပါပဲ”လို့ ကဗျာဆရာမောင်စိမ်းနီ ကပြောပါတယ်။

အဲ့ဒီအခမ်းအနားမှာ ဆရာကြီးရေးသားခဲ့တဲ့ ကဗျာတွေကိုလည်း ပြန်လည်ရွတ်ဖတ်သွားကြပြီး ဆရာကြီးပုံတူ ပန်းချီကားတွေကိုပြသကာ အထိမ်းအမှတ် မှိုင်းကထား မှိုင်းကဗျာ စာအုပ်ကိုလည်း ဝေငှခဲ့ကြပါတယ်။

“ဆရာကြီးနဲ့ ပတ်သတ်လို့ ဆရာဇော်ဂျီက တစ်ခါမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သွားပြီးတော့ ကိုယ်တိုင် သွားပြီးတော့ သွားရောက် ဂါဝပြုကန်တော့ပါတယ်။ ၁၉၆၀ ခုနှစ်ကျော် ပတ်ဝန်းကျင်လောက်က ဆရာကြီးကို မြန်မာစာဆိုတွေရဲ့ ခေါင်းဆောင် သို့မဟုတ် မြန်မာစာရေးဆရာတွေရဲ့ အကြီးအကဲ အနေနဲ့ အဲ့ဒီချိန်တုန်းက ဂုဏ်ပြုပြောဆိုခဲ့တယ်”လို့ ဆရာဖေမြင့် ကပြောပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၈၇၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်ချိန်မှာ အသက်(၈၉)နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

(နဒီကို)

adv_banner