?bph6

Place your ads here!

အမေရိကန်ပြည်ထောင်စုတွင် ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့ကို ရှေးဟောင်း ဂန္တ၀င်ကားများမောင်းနှင်ဂုဏ်ပြု

 

 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံထုတ် ရှေးဟောင်းဂန္တ၀င်ကား ဖြစ်တဲ့ Citroen 2CV အစီး (၂၀)နဲ့ မန်ဟက်တန်ရပ်ကွက် ကိုမောင်းနှင်ခဲ့ကြပါတယ်။

နယူးဂျာစီမြို့မှာနေထိုင်တဲ့ အသက်(၄၆)နှစ်အရွယ် ဂျော့တာဗာရီ( George Tavares)က “နယူးယောက်မြို့ တစ်ခွင်ကို စစ်ထရန်(Citroen) ကားတွေနဲ့ မောင်းနှင်နေတဲ့ပုံစံကို ခင်ဗျားတို့နေ့တိုင်းမြင်ဖူးမှာ မဟုတ်ပါဘူး။ ဒါက အရမ်းကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်တယ်”လို့ ပြောပါတယ်။

မစ္စတာ တာဗာရီက သူရဲ့ (၁၉၈၇)ခုနှစ်ထုတ် အနီရောင် Citroen ကားတွေကို မောင်းနှင်ခဲ့တာပါ။

ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့ကို ဇူလိုင်လ (၁၄)ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

adv_banner