မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင်အဖွဲ့ ရန်ပုံငွေအဖြစ် ဘောလုံးစွမ်းရည်ပြိုင်ပွဲ ကျင်းပ

အွန်လိုင်း အိမ်ခြံမြေအရောင်းအ၀ယ် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ House.com.mm က ကျင်းပတဲ့ ဘောလုံး ကန်သွင်းမှု စွမ်းရည်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာမှာ ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲမှာ Yangon United ဘောလုံးအသင်းက စကားသမားအချို့ကလည်း ဘော်လုံးစွမ်းရည် ပြသခဲ့ကြပါ တယ်။ ဘောလုံးကန်သွင်းမှု စွမ်းရည်ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့သူတွေအနေနဲ့ တစ်ဦးကို ငွေကျပ် ၁ ထောင် ပေးသွင်းကာ ယှဉ်ပြိုင်ရတာဖြစ်ပြီး ဆုအနေနဲ့ ကမ္ဘာ့ဖလား ဘောလုံး၊ ထီး၊ တီရှပ်အကျီ င်္တွေကို ပေးအပ်ခဲ့ ပါတယ်။

အဲ့ဒီပြိုင်ပွဲက ရရှိခဲ့တဲ့ ငွေတွေကိုတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကို ပေးအပ်သွားမှာပါ။

“မသန်စွမ်းလူငယ်တွေ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ ရလာအောင် နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေကို သိလာ အောင်ပြောမယ်။ ဆွေးနွေးတယ်။ တင်ပြတယ်ပေါ့နော်။ နောက်တစ်ပိုင်းကတော့ ကျွန်တော်တို့ မသန်စွမ်း သူတွေရဲ့စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်မားတိုးတက်လာအောင် စွမ်းရည်တွေ ဖြည့်ဆည်းပေးတယ်”လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုး ကပြောပါတယ်။

ပြိုင်ပွဲကို မသန်စွမ်းလူငယ်တွေ ဥာဏ်ရည်မမှီ ကလေးသူငယ်တွေနဲ့ ပရိသတ်အများအပြား ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ နိုင်ငံရေး နယ်ပယ် တွေမှာ မသန်စွမ်းသူတွေက သူများတွေနဲ့ တန်းတူ ပါဝင်ခွင့်ရလာအောင် စီမံကိန်းအားဖြင့်သော်လည်းကောင်း၊ လှုပ်ရှားမှုတွေ အစီအစဉ်တွေအားဖြင့် ဘက်ပေါင်းစုံက ဆောင်ရွက်လျက်ရှိပါတယ်။

“ဒီနေ့ပွဲကတော့ house.com.mmနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ရန်ပုံငွေ အ တွက် သူတို့စီစဉ်တာပေါ့။ ကျွန်တော်တို့က မသန်စွမ်းသူတွေရဲ့ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆောင်ရွက်နေတာကြောင့် သူတို့စိတ်ဝင်စားတယ်။ ဒါကြောင့် ဒီပွဲလေးကို စီစဉ်ပြီးတော့ ရလာတဲ့အကျိုးအမြတ် တွေကို မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ရန်ပုံငွေအဖြစ် လှူဒါန်းဖို့ ကမ်းလှမ်းခဲ့တာပါ”လို့ ဦးနေလင်းစိုးက ပြောပါတယ်။

ပြိုင်ပွဲကို ကြီးမှူးကျင်းပတဲ့ house.com.mm ဟာ မြန်မာနိုင်ငံမှာ ထိပ်တန်းရောက်နေတဲ့ အိမ်ခြံမြေ အရောင်း အ၀ယ် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အလုပ်အကိုင်နဲ့ တခြားဝန်ဆောင်မှု ၀က်ဘ်ဆိုဒ်တွေကိုလည်း လွှင့်တင်ထား ပါတယ်။

အောင်မျိုးသန့်

adv_banner
adv_banner