အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပနိုင်ရန် အကြိုဆွေးနွေးပွဲပြုလုပ်

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်လူငယ် ကွန်ယက်က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို နယ်ပယ်အစုံမှ လူငယ်အဖွဲ့အစည်း၊ ဘာသာရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ၊ ပရဟိတ လုပ်ငန်းဆိုင်ရာ လူငယ်အဖွဲ့အစည်းများနဲ့ တခြားစိတ်ပါဝင်စားတဲ့အဖွဲ့အစည်းအပါအ၀င် အဖွဲ့ပေါင်း ၂၀ကျော် တက်ရောက်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားမှာ လူငယ်နဲ့ပတ်သက်တဲ့ပြပွဲ၊ ဂီတဖျော်ဖြေပွဲ၊ တေးသီချင်း စပ်ဆိုပြိုင်ပွဲ၊ ဆွေးနွေးပွဲ၊ စကားရည်လုပွဲစတာတွေကို လူငယ်ပွဲတော် ဆန်ဆန်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“Myanmar LGBT Rights Network နဲ့ Colour Rainbow ကနေ ကိုယ်စားပြုပြီး လာခဲ့တာပေါ့။ Prgram team အဖွဲ့ထဲမှာ သူတို့ဖြန့်ဝေချင်တဲ့ အချက်အလက်တွေကို ရှာပေးမယ်။ ဆူးချိုးတို့ဘက်က LGBT နဲ့ပတ်သက်တာ gender နဲ့ပတ်သက်တာ ဖြန့်ပေးမှာပေါ့”လို့ Myanmar LGBT Rights Network မှ မဆူးချိုး ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ကျင်းပဖို့အတွက် တက်ရောက်ခဲ့တဲ့ လူငယ်အဖွဲ့အစည်းတွေက လုပ်ဆောင် ရမယ့် ကဏ္ဍတွေကို တာဝန်ခွဲယူခဲ့ကြပါတယ်။

အကြိုလှုံ့ဆော်ပွဲအဖြစ် စေတနာ့ဝန်ထမ်းတွေကိုခေါ်ယူပြီး ရန်ကုန်မြို့အပြင် တခြားဒေသအချို့ကို သွား ရောက်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြောင်း ဖြန့်ဝေသွားဖို့ရှိပါတယ်။

“လူငယ်တွေ တော်တော်များများကို အ့ဒီနေ့မှာ တစ်ခုမဟုတ်တစ်ခုပေါ့နော် အကြီးကြီးဖြစ်မှ မဟုတ်ဘူး သေးသေးလေးဘဲဖြစ်ဖြစ် အဲ့ဒီနေ့ကို တစ်ကယ့်ကို အလေးအနက်ထားပြီး ကျင်းပစေချင်တယ်။ သူငယ်ချင်း ကြားမှာ စကားဘဲပြောတာပဲဖြစ်ဖြစ်၊ facebookပေါ်မှာပဲဖြစ်ဖြစ် အဲ့ဒါလည်း ပါဝင်မှုတစ်ခုလို့ ကျွန်မယုံကြည် တယ်။ အကုန်လုံးကို ပါဝင်စေချင်တယ်။ Youth Network တွေလည်း တတ်နိုင်သရွှေ့လုပ်နေကြတယ်။ လုပ်တဲ့အခါမှာလည်း ပါဝင်ပေးကြပါ”လို့ ရန်ကုန်လူငယ်ကွန်ယက်မှ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟာ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ပေမယ့် လူအများအား လပ်ရက်ဖြစ်တဲ့ သြဂုတ်လ ၁၀ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ ယာယီသတ်မှတ်ထားပြီး အဲ့ဒီပွဲမှာ လူအယောက် ၅၀၀ တက်ရောက်နိုင်ရန်လည်း စီစဉ်ထားပါတယ်။

သဲဟေမန်မောင်

adv_banner
adv_banner
adv_banner adv_banner