?bph6

Place your ads here!

မန္တလေးမြို့က ကမ္ဘာ့ပထမဆုံး ကျောက်စိမ်းစေတီတော် မကြာခင်ထီးတော်တင်လှူတော့မယ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ရွာမင်းမူး ကျေးရွာအနီး မကြာခင်ဖွင့်လှစ်တော့မယ့် မန္တလေး ကျောက်မျက်ဈေးကွက်အနီးတွင် တည်ထားတော်မူထားတဲ့ ဝေရာစနကျောက်စိမ်းစေတီ တည်ဆောက်မူသည် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး မကြာခင် ထီးတင်လှူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီစေတီတော်ကို အုတ်ချပ်တွေ အသုံးမပြုပဲ တည်ဆောက်ရေး လုပ်ငန်းတွေမှာ လှူဒါန်းဖို့ ကျောက်စိမ်းတွေကို ၂၅ နစ်လောက် အချိန်ယူ စုဆောင်းခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်က ဒီကျောက်စိမ်းစေတီတော်ကို မြန်မာနိုင်ငံ ပြည်သူပြည်သားရော ကမ္ဘာ ပြည်သူပြည်သား ရောအားလုံး သုံးဆယ်တစ်ဘုံး သားအားလုံးကို ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ပြုလုပ်လှူဒါန်းခြင်းဖြစ်ပါတယ်။ မည်သူမဆိုလာရောက် ဖူးမြော်ကြည်ညိုကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်”လို့ အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီက ဦးစိုးနိုင်က ပြောပါတယ်။

အဲ့ဒီစေတီတော်မှာပါရှိမယ့် မုခ်လေးမုခ်အတွင်းမှာ ကျောက်စိမ်းဆင်းတုတော် တစ်ဆူစီကိုထားရှိ ပူဇော်ထားပြီး ကျောက်စိမ်းဓမ္မာရုံလဲ ဆက်လက်တည်ဆောက်နေပါတယ်။

“ကျောက်စိမ်းဈေးကွက်ကြီးနဲ့ ကျောက်စိမ်းစေတီတည်ရရင် ကောင်းမှာပဲလို ရည်ရွယ်ချက်နဲ့ တည်တာပဲ ဖြစ်ပါတယ်။ နောက်စေတီတော်ကြီးရဲ့ သုံးစွဲမှုကတော့ ကျောက်စိမ်းကြီး သီးသန့် ABCD ကျောက်တွေနဲ့ သန်းပေါင်း တစ်ထောင်ဖြစ်ပါတယ်။ အုတ်တစ်ချပ်မှ သုံးစွဲခြင်း မရှိပါဘူး။ အောက်ဖောင်းဒေရှင်း ကျောက်စိမ်း အရည်ကျောက်တွေနဲ့ ဌာပနာသွင်းပြီးမှ ကျောက်စိမ်းစေတီကျောက် တန်းရှစ်ရာကို ကျွန်တော်တို့ ဌာပနာ ထည့်ပါတယ်”လို့ ဦးစိုးနိုင်ကပြောပါတယ်။

ကျောက်စိမ်းစေတီတော်ကြီးရဲ့ ဥာဏ်တော်အမြင့်ကတော့ အားလုံး ၇၆ ပေကျော်ရှိပြီး မြန်မာမှု့လက်ရာ ဒီဇိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိ  ကျောက်စိမ်းအတွေ့ကြုံနဲ့ပူးပေါင်းကာ စေတီ တော်ကြီး၏ ရှိသင့်ရှိထိုက်သည့် အင်္ဂါအရပ်နဲ့အညီပြုလုပ်ထားခြင်းဖြစ်သည်။

စေတီတော်တည်ဆောက်ရေးအတွက် တည်ဆောက်ရေးစရိတ်မှာ ကျောက်စိမ်းတန်ဖိုးတွေ မပါဝင်ဘဲ ငွေကျပ် သိန်းပေါင်း သုံးသောင်းကျော် ရှိတယ်လို့သိရပါတယ်။

နဒီကို

adv_banner