Art Coner Gallery ပန်းချီပြခန်းမှာ စာအုပ်မိတ်ဆက်ပွဲ၊ ဆွေးနွေးပွဲတွေကို လက်ခံကျင်းပေးမယ်

ဇူလှိုင်လ ၁၃ ရက်နေ့က အသစ်ဖွင့်လှစ်လိုက်သည့် Art Coner Gallery ပန်းချီပြခန်းမှာ ပန်းချီအပြင် စာအုပ် မိတ်ဆက်ပွဲ၊ စာရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေကိုပါ လက်ခံကျင်းပ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ခုနှစ်အတွင်း လာရောက်ကျင်းပသည့် ပွဲတွေကို ခန်းမကြေးကောက်ခံသွားမှာ မဟုတ်ဘူးလို့လည်း သိရပါ တယ်။

“ဒီ Gallery ရဲ့ပိုင်ရှင်က ကဗျာဆရာဦးရိုးမြေပါ။ အစ်မကလည်း ကဗျာတွေရေးတယ်။ စာတွေရေးတယ်။ အဲ့ဒီတော့ အန်ကယ်နဲ့ခင်နေတာ ကြာပြီပေါ့နော်။ ကြာတော့ တစ်ရက်မှာ အန်ကယ်က သူဒီလိုလုပ်ချင်တယ် လို့ပြောတယ်။ ဒါပေမဲ့ သူကလည်း သိပ်မဦးစီးနိုင်ဘူးပေါ့နော်။ အဲဒါနဲ့သမီး လုပ်ပေးနိုင်မလားဆိုပြီး ကမ်းလှမ်း တဲ့အခါမှာ အစ်မကလည်းအရမ်းဝါသနာပါတယ် ဒီအလုပ်မျိုးကို”လို့ ပြခန်းတာဝန်ခံ မစုထွန်းဝေ ကပြောပါ တယ်။

ပန်းချီပြခန်းသစ်ဖွင့်လှစ်ပွဲ အထိမ်အမှတ် အနန္တဂုဏ်ရည် အမည်နဲ့ ပန်းချီပြပွဲတစ်ရပ်ကိုလဲ ကျင်းပသွားပြီး ဦးဟယ်ရီအောင်၊ ဦးဝင်းထိန်၊ ပေါ်ဦးသက်စတဲ့ ရှေးခေတ်ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေကို ပြသသွား ပါတယ်။ ပြပွဲမှာ ပန်းချီကား (၅၇)ကားကို ပြသသွားပြီး ပန်းချီအားလုံးဟာ ရောင်းချဖို့ မဟုတ်ဘူးလို့ သိရပါ တယ်။

“ကျွန်တော်တို့ဆရာတွေရဲ့ အဆိုအမိန့်တွေ ရှိခဲ့ဖူးပါတယ်။ ဆရာကြီးဦးဘကြည် ပြောခဲ့ဖူးတာပါ။ အနုပညာ ဆိုတာ အသစ်သစ်တွေကို ဖန်တီးသင့်သလို အဟောင်းတွေကိုလည်း တန်ဖိုးထားမြတ်နိုးရင် ပိုတန်ဖိုးရှိပါတယ် လို့ ဆိုခဲ့ဖူးပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့က အသစ်တွေကို ဖန်တီးပြီးတော့ အဟောင်းတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်”လို့ ပန်းချီပြပွဲကျင်းပသူ ဦးတင်စိုး ကပြောပါတယ်။

 

adv_banner