Master Sport အားကစားဖိနပ်စက်ရုံ လုပ်သားတွေ တောင်ကိုရီးယားသံရုံးကို ဆန္ဒပြပြီ

Master Sport အားကစားဖိနပ်စက်ရုံက အလုပ်သမားတွေ လှိုင်သာယာစက်မှုဇုံကနေ တက္ကသိုလ်ရိပ်သာလမ်းက တောင်ကိုရီးယားသံရုံးအထိ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို MCN TV NEWS သတင်းထောက် ဟိန်းကိုက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ စက်ရုံကို ကြိုတင်အသိမပေးပဲ ပိတ်လိုက်တာ၊ ရဖို့ရှိတဲ့ လုပ်ခလစာနဲ့ နစ်နာကြေးတွေကို မပေးတာ၊ အလုပ်သမားဝန်ကြီးဌာနကိုလည်း ကြိုတင် အကြောင်းကြားမှုမရှိတာတွေကြောင့် စက်ရုံဝန်ထမ်း ၈၀၀ ကျော်က လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

adv_banner