စမ်းရေ(ကျောက်ဆည်)ချို့တဲ့နွမ်းပါးကလေးများ ပညာရေးထောက်ပံမှုအဖွဲ့ နှစ်နစ်ပြည့်စုပေါင်းသွေးလှူ

မန္တလေးမြို့မှာ ဖြုစင်ပရဟိတ သွေးလှူအသင်းနဲ့ စမ်းရေ(ကျောက်ဆည်)ချို့တဲ့နွမ်းပါးကလေးများ ပညာရေး ထောက်ပံ့မှုအဖွဲ့တို့ ပူးပေါင်းပြီး သွေးလှူဒါန်းခဲ့ကြပါတယ်။

အဲ့ဒီစုပေါင်းသွေးလှူဒါန်းပွဲကို ဘုရားကြီးအရှေ့ဘက် သောင်ကန်တိုက် ပြည်လုံးနိုင်ကျောင်းတွင် ဇူလိုင် ၆ရက်နေ့ နံနက် ၈နာရီမှ ၁၁နာရီအထိ လှူဒါန်းခဲ့ကြတာပါ။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဆရာတော် ဦးနန္ဒောဘာသက ဦးဆောင်ပြီး ဆရာတော်ဦးက၀ိသေဋ္ဌ ဦးဆောင်တဲ့ စမ်းရေ(ကျောက်ဆည်)ချို့တဲ့နွမ်းပါးကလေးများ ပညာရေးထောက်ပံမှုအဖွဲ့ နှစ်နစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စုပေါင်း သွေးလှူခဲ့ကြတာဖြစ်ပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ဦးဇင်းတို့ဒီခေတ်မှာ ပညာသင်ကြားလိုတဲ့ ကလေးလေးတွေ များသော အားဖြင့်တော့ ဘ.ကကျောင်းတွေကို ဦးစားပေးပြီးထောက်ပံ့မှုလေးတွေကို လှူဒါန်းမှုလုပ်လာတာဟာ ဒီနှစ်
ဆိုရင် နှစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ မနှစ်ကတော့ ဦးဇင်းတို့ တရားပွဲလေးကို အောင်အောင်မြင်မြင် ကျင်းပခဲ့သလို ဒီနှစ်မှာတော့ သွေးလှူဒါန်းပွဲလေးကို အောင်အောင်မြင်မြင် ဖြစ်ဖို့ဆိုပြီးတော့ ဖြူစင်ဆရာတော်နဲ့ တိုင်ပင်ပြီး သွေးလှူဒါန်းပွဲလေးကို လုပ်ခဲ့တာပါ”လို့ စမ်းရေ(ကျောက်ဆည်)ချို့တဲ့နွမ်းပါးကလေးများ ပညာရေးထောက်ပံ့ မှုအဖွဲ့မှ ဆရာတော် ဦးက၀ိသေဋ္ဌ ကပြောပါတယ်။

ဖြူစင်ပရဟိတသွေးလှုရှင် အသင်းကြီးကို ဆရာတော် ဦးနန္ဒောဘာသကဦးဆောင်၍ ၁၉၉၇ ခုနှစ် ကတည်း ကစတင်တည်ထောင်ခဲ့ကာ သွေးလှူအသင်းခွဲတွေဖွဲ့စည်းပြီး နှစ်စဉ်သွေးလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

သွေးလှူအသင်းတွေဟာ လစဉ်အလိုက် သွေးလှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိသလို နှစ်စဉ်ပြာသိုလပြည့်နေ့မှာ ဆိုရင်လည်း သင်းလုံးကျွတ်သွေးလှူဒါန်းမှုတွေကို ပြုလုပ်နေတာဖြစ်ပြီး နှစ်စဉ်သွေးပုလင်းရေ ၁၅၀၀ နီးပါးကို လှူဒါန်းနေတာပါ။

နဒီကို

adv_banner