မန္တလေး အခြေခံပညာကျောင်း ၁၉ ကျောင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေး

မန္တလေး အခြေခံပညာကျောင်းပေါင်း ၁၉ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၉ ကျောင်းက ၁၀ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို တစ်ကြိမ်တည်းအပြီး ၀န်ဆောင်မူအနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေကို ဇူလိုင် ၅ရက်နေ့က ပြုလုပ်ပေးခဲ့ပါတယ်။

“အခုလူဝင်မှုကြီးကြပ်ရေးနဲ့ မှတ်ပုံတင်ဦးစီးဌာနရယ်၊ ပညာရေးဝန်ကြီးဌာနရယ် ကျွန်မတို့ ယူနိုက်တတ်ပစိဖိတ် ကုမ္ပဏီရယ်၊ Best Master ကုမ္ပဏီရယ်ပူးပေါင်းပြီးတော့ ၁၀နှစ်ပြည့် ကလေးတွေကို အခမဲ့မှတ်ပုံတင်ရရှိဖို့ ဝိုင်းဝန်းပြီးတော့ တိုင်းဒေသကြီးရဲ့ လမ်းညွှန်ပေးမှုနဲ့လုပ်တာပါ”လို့ ယူနိုက်တတ်ပစိဖိတ် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နောက်ပိုင်းမှာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွင် အသက် ၁၀ နှစ် ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ပေးဖို့ရှိပြီး မန္တလေးမြို့၊ အောင်မြေသာ ဇံမြို့နယ်က ကျောင်းတွေမှာလည်း ဆက်လက် ပြုလုပ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

လက်ရှိတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာ ၁၆ ကျောင်းက အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူတွေထဲက ၇၇၀၀ ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝန်မှု့ကြီးကြပ်ရေး နှင့် ပြည်သူအင်အားဝန်ကြီးဌာနက ပြုလုပ်ပေးပြီးဖြစ်ပါတယ်။

သဲဟေမန်မောင်

adv_banner
adv_banner