၂၀၁၄ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်ဖို့ မျှော်လင့်ထားတဲ့ Transformer 4

ဥရောပမှာ ပထမဆုံးအနေနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ Transformer 4 ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး အဲဒီပွဲကို Transformer 4ရဲ့ သရုပ်ဆောင်တွေလည်းလာကြည့်ခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ကို ၂၀၁၄ခုနှစ်ရဲ့ ၀င်ငွေအရဆုံးရုပ်ရှင်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားကြပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ခေါင်းဆောင်မင်းသမီးနေရာက သရုပ်ဆောင်ထားတဲ့ Nicola Peltz က “Michealက အရမ်း တော်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ သူ့ကြောင့်ပဲ ဒီကားအောင်မြင်တာပါ။ ဒီလိုရှင်သန်လာတဲ့ စက်ရုပ်တွေကို ဖန်တီးခဲ့တာကို အရမ်းကိုကောင်းတဲ့စိတ်ကူးပါ” လို့ပြောပါတယ်။

မင်းသား Jack Reynorကတော့ “ဒီရုပ်ရှင်ထဲမှာ ကျွန်တော်ပါဝင်နိုင်ခဲ့တယ်ဆိုတာ မယုံကြည်နိုင်လောက် အောင်ပါပဲ။ ဒါကကျွန်တော့်အတွက် အရမ်းကိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”လို့ပြောပါတယ်။

Box office.com မှာဖော်ပြထားတဲ့ အချက်အလက်အရ ဒီရုပ်ရှင်အတွက် ဒေါ်လာသန်း ၂၀၀လောက် အကုန် အကျခံရိုက်ကူးခဲ့တာဖြစ်ပြီး ၀င်ငွေ ဒေါ်လာသန်း ၂၆၅ လောက်ပြန်ရဖို့ ခန့်မှန်းထားပါတယ်။

adv_banner
adv_banner