ဒုတိယအကြိမ်မြောက် မြန်မာ့ဂီတနေ့ကို မန္တလေးမြို့တွင်ကျင်းပ

မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအကြိမ်မြောက် မြန်မာ့ဂီတနေ့ကို ဇွန်လ ၂၇ ရက်နေ့ အိုတီရမ် ဟောက်စ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာ့ဂီတနေ့အဖြစ် သက်သက်မှတ်မှတ်မရှိခဲ့တာကြောင့် ဂီတအစည်းအရုံးဗဟိုကို တင်ပြ ဆွေးနွေးခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့ကို မြန်မာ့ဂီတနေ့အဖြစ် နှစ်စဉ်ကျင်းပရန် သတ်မှတ်ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

“၄ ရက် ၊ ၆ လ ၂၀၁၃ ခုနှစ်က အစည်းဝေးထိုင်တဲ့အခါမှာ ၁၉၃၆ခုနှစ်က မြင်းခြံမြို့မှာကျင်းပတဲ့ တို့ဗမာ အစည်းအရုံး ဝိုင်အမ်ဘီသခင်တင် ရေးစပ်သီကုံးတဲ့ တို့ဗမာသီချင်းကို အမျိုးသားသီချင်းအဖြစ် ပြောင်းလဲ အသုံးပြုတဲ့နေ့ကို အစွဲပြုပြီးတော့ အဲဒီနေ့ကို မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်”လို့ မန္တလေးတိုင်း ဂီတအစည်းအရုံး၏ ဥက္ကဌ ဒေါက်တာလှခိုင် ကပြောပါတယ်။

အဲ့ဒီမြန်မာ့ဂီတနေ့အခမ်းအနားကို မြန်မာနိုင်ငံဂီတ အစည်းအရုံးဗဟိုကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့သလို စာရေး ဆရာဆုးဌက်ကလည်း မြန်မာဂီတနဲ့ ပတ်သတ်ပြီး ဟောပြောမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဂီတနေ့ ဖြစ်ပေါ်ခဲ့ရတဲ့ ဒို့ဗမာတေးသီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပြီး ဂီတအစည်းအရုံးဝင်တွေက လည်း တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ပထမအကြိမ်မြောက် မြန်မာ့ဂီတနေ့ကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယ အကြိမ်မြောက်ကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်လာတာဖြစ်ပါတယ်။

မြန်မာ့ဂီတနေ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးတိုင်းဂီတအစည်းအရုံးက မိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာ တွေအပါအ၀င် အကူအညီလိုအပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ငွေလှူဒါန်းမှုတွေ ပြုလုပ်ကြခဲ့ပါတယ်။

နဒီကို

 

adv_banner