အဆိုတော်နေသန်ရဲ့ တေးစီးရီးသစ် ဇူလှိုင်လဆန်းအတွင်းဖြန့်ချီမည်

အဆိုတော်နေသန်ရဲ့ Heart to Heart (ကာရန်ညီဆန္ဒ)လို့အမည်ပေးထားတဲ့ တေးစီးရီးသစ်ကို ဇူလှိုင်လ ၁၁ ရက်မှာ BoBo Music Production က စတင်ဖြန့်ချီမှာဖြစ်ပါတယ်။

အဲ့ဒီတေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့ပြီး တေးသီချင်း(၁၂)ပုဒ် ပါဝင်ကာ ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေနဲ့ Copyသီချင်းတွေ ပါဝင်မှာပါ။

“ကျွန်တော်အစ ရည်ရွယ်တာတော့ သီချင်းသုံးလေပုဒ် လုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကလည်း အားပေတယ်။ အားလုံးကအားပေကြတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အား တက်ပါတယ်။ အမှတ်တရလေး ဖြစ်အောင်လုပ်ခဲ့တာပါ”လို့ နေသန်ကပြောပါတယ်။

နေသန်နဲ့အတူ ချမ်းချမ်းအပါအ၀င် အခြားအဆိုတော်တွေက အားဖြည့်သီဆိုပေးထားပြီး တေးရေးတွေကတော့ သြရသ၊ လေးနက်၊ ဘုန်းမင်းခ၊ ရွှေထူးနဲ့ နေသန်ကိုယ်တိုင် ရေးသားထားတဲ့ သီချင်းတွေဖြစ်ပါတယ်။

သီချင်း အမျိုးအစားတွေကတော့ Hip Hop ၊ Rap ၊ Country နဲ့ Pop တွေပါဝင်မှာဖြစ်ပြီး VCD အတွက်လည်း ပြင်ဆင်နေပါတယ်။

ဇွဲပိုင်ဦး

 

 

adv_banner