Miss Myanmar Universe အလှမယ်အယောက် ၂၀ ရွှေဂုံတိုင်မိဘမဲ့ကလေးတွေနဲ့ အတူကစားပေးခဲ့

ရွှေဂုံတိုင်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာက ကလေးများနဲ့အတူ Miss Universe Myanmar အဖွဲ့ကအလှမယ် အယောက် ၂၀ သည် ဇူလိုင်လ ၁ရက်နေ့က ပြည်သူ့ဥယျာဉ်ကစားကွင်းကို ပို့ပေးပြီးသူတို့နဲ့ အတူကစားပေးခဲ့ပါတယ်။

မိဘမဲ့ကလေးတွေအတွက် အခုချိန်မှာ အဓိကလိုအပ်နေတာက မေတ္တာနဲ့ နွေးနွေးထွေးထွေးဆက်ဆံပေးဖို့ ဖြစ်တဲ့အတွက်ကြောင့် သူတို့ပျော်ရွှင်ဖို့ ဒီလိုလုပ်တာဖြစ်တယ်လို့ အလှမယ်တွေကပြောပါတယ်။

“သူတို့ကရင်ခွင်မဲ့နေတဲ့ကလေးတွေပေါ့နော်။ သူတို့တကယ်တမ်းလိုအပ်နေတာက အကြင်နာ ယုယတွေပေးဖို့ လိုအပ်တယ်။ ပြီးရင်သူတို့က မေတ္တာအစစ်ပါလိုအပ်နေတဲ့ ကလေးတွေမို့လို့ ဒီကိုလာပြီး မေတ္တာတွေ လာပေး တာပါ” လို့ Miss Universe Organization အဖွဲ့က J Nawကပြောပါတယ်။

အလှမယ်တွေဟာ လွန်ခဲ့တဲ့လက ပုဂံကိုသွားခဲ့ပြီး အဲ့ဒီကနေ ၀ယ်လာတဲ့ပစ္စည်းတွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချပြီးရလာတဲ့ ငွေတွေကို ရွှေဂုံတိုင်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာကို လှူဒါန်းကာ ယခု အစီအစဉ်အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

“ညီမတို့ ဒီရွှေဂုံတိုင် ကိုစစချင်းသွားတော့ ကလေးတွေကလေ အချီခံချင်တော့လေ ညီမတို့ကိုတွေ့တာနဲ့ တန်းဖက်တယ်။ သူတို့ရဲ့မေတ္တာဓာတ်လေးက သူတို့တွေရဲ့အပြုံလေးက ညီမတို့ ဆီရောင်ပြန်ဟက်တယ်။ အဲတော့ ညီမတို့လဲပျော်တယ်”လို့ အလှမယ် ရှားထွဋ်အိန္ဒြာ ကပြောပါတယ်။

နဒီကို

adv_banner