?bph6

Place your ads here!

Bill Gates က AIDS ပိုးကိုတိုက်ခိုက်ဖို့ နည်းအသစ်တွေ လိုအပ်နေဟုဆို

မိုက်ခရိုဆော့ ကုမ္ပဏီတည်ထောင်သူ Bill Gates က သူရဲ့ Bill and Melinda Gates Foundation ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ AIDS ရောဂါပိုးကိုတိုက်ခိုက်ဖို့ သိပ္ပံစမ်းသပ်ချက် နည်းအသစ်တွေ လိုအပ်နေတယ်လို့ ဇွန်လ ၂၇ ရက်နေ့ကပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပတဲ့ HIV/ AIDS ရောဂါပိုးဆိုင်ရာ သုတေသနနဲ့ ကုသမှုပိုင်းဆိုင်ရာရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ မစ္စတာ Gates က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

Bill and Melinda Gates foundation တည်ထောင်သူမစ္စတာ Bill Gatesက “AIDS ရောဂါပိုးကိုတိုက်ခိုက်ဖို့ သိပ္ပံစမ်းသပ်ချက် နည်းသစ်တွေလိုအပ်နေတယ်။ လူတွေကိုမကူးစက်နိုင်အောင် ကြိုတင်ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတယ်။ တကယ်လို့ ရောဂါ ကူးစက်ခံရရင်လည်း တစ်သက်လုံး ဆေးသောက်ဖို့မလိုအောင် တီထွင်ရမယ်။ တစ်ချို့ သိပ္ပံပညာရှင်တွေက စနစ်တကျ ဆေးကုသမှု လမ်းကြောင်းတွေတော့ ရှိမယ်လို့ ထင်မြင်မှုတွေရှိတယ်။ အဲဒါတွေ အကောင်အထည်ဖော်နိုင်ဖို့ ကျနော်တို့ သိပ္ပံပညာရပ်ပိုင်းကို ဆက်လက်ထောက်ပံ့ပြီးနောက် ၅ နှစ်၊ ၁၀နှစ်အတွင်း ပေါ်ပေါက်နိုင်ဖို့ ကြိုးစားမယ်”လို့ ပြောကြားခဲ့ပါတယ်။

 

adv_banner