?bph6

Place your ads here!

အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အလှပြင်ပစ္စည်းဝယ်ယူမှု ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်

အီရန်နိုင်ငံမှာ အမျိုးသမီးလူဦးရေများပြားတာကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ အလှ ပြင်ပစ္စည်းတွေဝယ်ယူမှု ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ပါတယ်။

အဲ့ဒီနိုင်ငံမှာ အမျိုးသမီးလူဦးရေ ၃၈ သန်းကျော်ရှိတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ဆော်ဒီအာရေး ဗီးယားနိုင်ငံပြီးရင် ဒုတိယအလှကုန် ဈေးကွက်အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာနဲ့ယှဉ်ရင်ခုနှစ်နိုင်ငံမြောက်ဈေး ကွက်အကြီးဆုံး နိုင်ငံဖြစ်နေပါတယ်။

၁၉၇၉ ခုနှစ် အစ္စလာမ်ဝါဒ တော်လှန်ရေးပြီးတဲ့နောက်မှာ အနောက်နိုင်ငံတွေက အလှကုန်ပစ္စည်း အမှတ် တံဆိပ်တွေ ၀င်ရောက်လာတာပါ။

အီရန်နိုင်ငံမှာအမျိုးသမီးတွေကသူတို့ရဲ့ ဆံပင်တွေကိုဘာသာရေးရဲ့ တားမြစ်မှုကြောင့် လူမြင်ကွင်းမှာဆိုရင် ဖုံးအုပ်ထားရတာကြောင့် မိတ်ကပ်လိမ်းခြယ်ခြင်းသာ သူတို့ရဲ့ သီးခြားဖြစ်တည်မှုကိုဖော်ပြနိုင်တဲ့ အရာဖြစ် ပါတယ်။

ကိုရန်ကျမ်းကလည်း သူတို့ကိုရေမွေးနဲ့ အလှပြင်ပစ္စည်းတွေ သုံးစွဲမှုကို မတားမြစ်ထားပါဘူး။

အီရန်နိုင်ငံမှာ အမျိုးသမီးလူငယ်ဦးရေသာ များပြားတာကြောင့် ဈေးနှုန်းမြင့်မားတဲ့ အလှကုန်ပစ္စည်းတွေက တော့ ရောင်းအားနည်းပါတယ်။

Caprice အလှကုန် တံဆိပ်တည်ထောင်သူ ဗစ်စတာဘာဗာ(vista bavar)က “အီရန်နိုင်ငံလူဦးရေရဲ့ ၆၅ ၊ ၇၀ ရာခိုင်နှုန်းလောက်က အသက်(၃၅)နှစ်လောက် လူငယ်တွေဖြစ်တယ်။ လက်မထပ်ရသေးတဲ့ လူငယ်တွေအများ အပြားကလည်း မိသားစုနဲ့အတူနေကြတယ်။ အဲဒါကြောင့် သူတို့ကအလှကုန်တွေကို ဈေးများများပေးပြီးမ၀ယ် နိုင်ဘူး”လို့ ပြောပါတယ်။

အီရန်နိုင်ငံမှာ အမျိုးသမီးတွေသာ အလှကုန်ပစ္စည်းတွေကို ၀ယ်ယူကြတာမဟုတ်ပဲ နိုင်ငံရဲ့ဝယ်ယူနှုန်းရဲ့ ၄ ပုံ ၁ ပုံဟာလည်း အမျိုးသားတွေ ၀ယ်ယူကြတာဖြစ်ပါတယ်။

adv_banner