သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ ဇိမ်ခံကားကို တိုယိုတာ ရောင်းချမည်

0
12

https://www.youtube.com/watch?v=DH90WCIUe-I

တိုယိုတာကားကုမ္ပဏီက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ fuel cell လောင်စာသုံး ဇိမ်ခံကားတွေကို အမေရိကန်ဒေါ်လာ (၇)သောင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ရောင်းချမယ်လို့ ဇွန်လ (၂၅)ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ အခုလိုသဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောမှုရှိတဲ့ ကားတွေကို ၂၀၁၅ ခုနှစ်၊ မတ်လမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။

Fuel Cell လောင်စာဟာ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ဓာတ်ပြုပြီးထွက်ရှိလာတဲ့ စွမ်းအင်နဲ့ မောင်းနှင်မှာဖြစ် တာကြောင့် ရေရရှိတဲ့ ဓာတ်ပြုချက်မှာထွက်တဲ့ ထိခိုက်မှုတာရှိတာကြောင့် အစိမ်းရောင်ကားတွေလို့တောင် ခေါ်ဆိုလို့ရမှာပါ။

တိုယိုတာကားကုမ္ပဏီရဲ့ ဒုက္ကဌ မစ်ဆူဟီဆာကာတို(Mitsuhisa Kato)က “ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ဟာ ကာဗွန် ဒိုင်အောက်ဆိုဒ် မထုတ်တာကြောင့် ကာဗွန်ဓာတ်ငွေ့ကိုလျော့ချဖို့ ကြိုးစားနေတဲ့ လူမှုအဖွဲ့အစည်းတွေ အတွက် ဒီလောင်စာဟာ အရေးကြီးပါတယ်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဟာလာမယ့် အနာဂတ်လောကမှာအရေးကြီးတဲ့ စွမ်း အင်ရင်းမြစ်တစ်ခု ဖြစ်လာနိုင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီfuel cell လောင်စာနဲ့ မိုင်ပေါင်း (၄၃၅)မိုင် အထိအများဆုံး မောင်းနိုင်မှာဖြစ်ပြီး အဲဒီပမာဏဟာ လျှပ်စစ် ကားတွေရဲ့မောင်းနိုင်မှုနှုန်းထက် (၃)ဆပိုများပြီး မောင်းနှင်နိုင်ပါတယ်။

လောင်စာကို ပြန်ထည့်ရင်လည်း ၃ မိနစ်တာ ကြာမြင့်မှာဖြစ်ပြီး တခြားဓာတ်ဆီ၊ ဒီဇယ်သုံးကားတွေကို လောင် စာ ဖြည့်သလောက်ဘဲ ကြာမြင့်မှာဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here