Samsung Galaxy Tab-S ကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ အကန့်အသတ်မရှိ ရောင်းချမည်

Samsung Galaxy Tab-S ကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ အကန့်အသတ်မရှိ ရောင်းချမည်

 

Samsung ကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy Tab-S ကို ဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကန့်အသတ်မရှိ ရောင်းချပေးမှာဖြစ်ပါတယ်။

အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy Tab-S ဟာ GSM တယ်လီဖုန်းဆင်းကဒ် ထည့်သွင်းအသုံးပြုနိုင်ပြီးပါးလွှာတဲ့ပုံစံ၊ လက်ဗွေဖတ် စနစ်တွေလည်း ပါဝင်ပါတယ်။

Galaxy Tab-S တွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ အလုံးရေ ၁၅၀ ခန့်စတင် ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁၀.၅ လက်မအတွက် ၅၃၉,၀၀၀ ကျပ်၊ ၈.၄ လက်မအတွက် ၄၅၆,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ ၄ ရက်၊ ၅ ရက်တွင် ၀ယ်ယူသူကို သြဂုတ်လမှာကျင်းပမယ့် ကိုရီးယားနိုင်ငံက Kpop အဆိုတော် 2NE1 ရှိုးပွဲလက်မှတ်တွေနဲ့ အခြားလက်ဆောင်တွေအပြင် ဈေးလျော့ရောင်းပေးခြင်းတွေလဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Galaxy Tab-S ကို ဆူးလေဘုရားလမ်းမှာရှိတဲ့ Sule Shangria-la ဟိုတယ်မှာ ဇွန်လ ၃၀ ရက်က မိတ်ဆက်ပွဲကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး Samsung Myanmar ရဲ့ CEO ဖြစ်သူ မစ္စတာနန်စီအန်း တက်ရောက်ခဲ့ပါတယ်။

နဒီကို

adv_banner
adv_banner