AA အဖြဲ႔ရဲ႕ လုပ္ရပ္ကို ရႈတ္ခ်ၿပီး ရပ္တည္ခ်က္ကို သံသယျဖစ္ဟုဆို

0
354

ေဒသခံေတြကို အကာအကြယ္ေပးေနတဲ့ လံုျခံဳေရး ရဲတပ္စုငယ္ေတြကို တိုက္ခိုက္ခဲ့တဲ့ AA အဖြဲ႔ရဲ႕ ဇန္န၀ါရီ ၄ ရက္ေန႔က လုပ္ရပ္ကို ရႈတ္ခ်ၿပီး ရပ္တည္ခ်က္ကို သံသယျဖစ္မိတယ္လို႔ ရဲခ်ဳပ္ေဟာင္း တစ္ဦး ျဖစ္သလို လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီးေဟာင္း ဦးခင္ရီက ေျပာၾကားလိုက္ပါတယ္။

MCN သတင္းဌာနရဲ႕ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္မွာ ဦးခင္ရီက အဲ့ဒီလို ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ AA အဖြဲ႔အေနနဲ႔ အစြန္းေရာက္အၾကမ္းဖက္အဖြဲ႔ ARSA နဲ႔ ထိပ္တိုက္ ရင္ဆိုင္မႈ တခါမွ မရွိခဲ့ဖူးသလို ေဒသခံ ရခုိင္တုိင္းရင္းသားေတြကိုလည္း ကာကြယ္ေပးခဲ့တာ တစ္ခုမွ မေတြ႔ခဲ့ရဘူးလို႔လည္း ဦးခင္ရီက ေျပာပါတယ္။

ဒါေၾကာင့္ AA အဖြဲ႔ရဲ႕ ARSA နဲ႔ပတ္သက္တဲ့ ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္း ရွိဖို႔အပ္ေနၿပီး AA အဖြဲ႔ရဲ႕ ရည္မွန္းခ်က္ အစစ္အမွန္ေတြကို ရွင္းရွင္းလင္းလင္းသိဖို႔ လိုတယ္လို႔လည္း သူက ေမးခြန္းထုတ္ထားတာပါ။

ဒါ့အျပင္ လက္ရွိႏိုင္ငံေတာ္အစိုးရနဲ႔ တပ္မေတာ္တို႔က ဖက္ဒရယ္ျပည္ေထာင္စုကို ေဖာ္ေဆာင္မယ္ဆိုတဲ့ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေတြ ဖြင့္ထားပါလွ်က္ ဘယ္လိုရည္ရြယ္ခ်က္မ်ိဳးေတြနဲ႔ AA အဖြဲ႔က ဒါမ်ိဳးလုပ္တယ္ဆိုတာကို စဥ္းစားလို႔ မရဘူးလို႔လည္း ဦးခင္ရီက ေျပာၾကားထားပါတယ္။

ဒီေတြ႔ဆံုေမးျမန္းခန္းအတြင္းမွာေတာ့ ၂၀၁၉ ခုႏွစ္နဲ႔ တိုင္းျပည္အနာဂတ္မွာ ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ ဖိအားေတြကို ရင္ဆိုင္ေက်ာ္လႊားဖို႔အပါအ၀င္ ျပန္လည္လက္ခံေရး၊ ျပန္လည္ထူေထာင္ေရး၊ ဥပေဒစိုးမိုးေရး ဆိုင္ရာ အေၾကာင္းအရာေတြကိုလည္း ေဆြးေႏြးထားတာပါ။

အျပည္အစံုကို MCN သတင္းဌာနရဲ႕ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္မွာ ႐ႈ႕စားၾကရမွာျဖစ္ပါတယ္။


ဒေသခံတွေကို အကာအကွယ်ပေးနေတဲ့ လုံခြုံရေး ရဲတပ်စုငယ်တွေကို တိုက်ခိုက်ခဲ့တဲ့ AA အဖွဲ့ရဲ့ ဇန်နဝါရီ ၄ ရက်နေ့က လုပ်ရပ်ကို ရှုတ်ချပြီး ရပ်တည်ချက်ကို သံသယဖြစ်မိတယ်လို့ ရဲချုပ်ဟောင်း တစ်ဦး ဖြစ်သလို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ဦးခင်ရီက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ AA အဖွဲ့အနေနဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့ ARSA နဲ့ ထိပ်တိုက် ရင်ဆိုင်မှု တခါမှ မရှိခဲ့ဖူးသလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေကိုလည်း ကာကွယ်ပေးခဲ့တာ တစ်ခုမှ မတွေ့ခဲ့ရဘူးလို့လည်း ဦးခင်ရီက ပြောပါတယ်။

ဒါကြောင့် AA အဖွဲ့ရဲ့ ARSA နဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ရှိဖို့အပ်နေပြီး AA အဖွဲ့ရဲ့ ရည်မှန်းချက် အစစ်အမှန်တွေကို ရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်လို့လည်း သူက မေးခွန်းထုတ်ထားတာပါ။

ဒါ့အပြင် လက်ရှိနိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းတွေ ဖွင့်ထားပါလျှက် ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ AA အဖွဲ့က ဒါမျိုးလုပ်တယ်ဆိုတာကို စဉ်းစားလို့ မရဘူးလို့လည်း ဦးခင်ရီက ပြောကြားထားပါတယ်။

ဒီတွေ့ဆုံမေးမြန်းခန်းအတွင်းမှာတော့ ၂၀၁၉ ခုနှစ်နဲ့ တိုင်းပြည်အနာဂတ်မှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဖိအားတွေကို ရင်ဆိုင်ကျော်လွှားဖို့အပါအဝင် ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေး၊ ဥပဒေစိုးမိုးရေး ဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဆွေးနွေးထားတာပါ။

အပြည်အစုံကို MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ရှု့စားကြရမှာဖြစ်ပါတယ်။

?bph6