Friday, June 21, 2019
Home Tags အလုပ်သမားရေးရာ

Tag: အလုပ်သမားရေးရာ

အလုပ်သမားရေးရာ

သီရိမင်္ဂလာဈေးက ကုန်တင်ကုန်ချလုပ်သားတွေ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေ

သီရီမင်္ဂလာဈေး ကုန်တင်ကုန်ချ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေတာပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြန်ဆုံးစစ်ဆေးပေးဖို့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။ သီရီမင်္ဂလာဈေး ကုန်တင်ကုန်ချအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေတာ ပတ်သက်လို့ သက်ဆိုင်ရာ...

ပရိဘောကလုပ်ငန်း စာတွေ့လက်တွေ့ဖြေဆိုမှု အောင်မြင်ပါက လက်မှတ်ထုတ်ပေး

ပရိဘောဂလုပ်ငန်းကို ၆ လအနည်းဆုံးလုပ်ကိုင်ဖူးသူတွေထဲက ရွေးချယ်ခံရတဲ့ သင်တန်းသား တွေအနေနဲ့ စာတွေ့လက်တွေ့ဖြေဆိုမှု အောင်မြင်ပါက အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။ မြန်မာနိုင်ငံမှာ ပရိဘောဂ လက်သမားလုပ်ကိုင်နေသူတွေ...

ပြည်တွင်းကို ကားကုမ္ပဏီတွေ လာရောက်မှာဖြစ်တဲ့အတွက် အလုပ်အကိုင်ပိုမိုရရှိမယ်

မြန်မာနိုင်ငံကို ကားကုမ္ပဏီတွေ လာရောက်ဖွင့်လှစ်တဲ့အတွက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်မှာ ဖြစ်တယ်လို့ Daewoo Bus Myanmar က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ် ။ လက်ရှိမှာ...

ပြည်တွင်းပြည်ပက အိမ်အကူလုပ်သားတွေကို ကာကွယ်ပေးဖို့ ဥပဒေအသစ် ရေးဆွဲမယ်

လက်ရှိ အလုပ်သမား ဥပဒေတွေဟာ ပြည်တွင်း ပြည်ပက အိမ်အကူ လုပ်သားတွေအပေါ်မှာ အကာအကွယ် မပေးနိုင်တာကြောင့် အိမ်အကူ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ ဥပဒေအသစ် ရေးဆွဲသွားမှာဖြစ်ပါတယ်။ အိမ်အကူ အလုပ်သမားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ ခေါင်းပုံဖြတ်မှုတွေ ဖြစ်နေတာဟာ...

လုပ်ငန်းအတွင်း ဖွဲ့ထားတဲ့ ညှိနှိုင်းရေးကော်မတီတွေကလုပ်ငန်းရှင်အလိုကျဖွဲ့ထားတာဖြစ်နေ

လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC တွေက အခုနောက်ပိုင်းမှာ လုပ်ငန်းရှင်အလိုကျဖွဲ့ စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီတွေသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။ MCN သတင်းထောက် ဌေးဌေးကပေး ပို့ထားပါတယ်။

အလုပ်သမားတရားရုံးဖော်ဆောင်တာထက် အငြင်းပွားမှုဖြေရှင်းတာကို စနစ်တကျလုပ်ဆောင်သင့်

အလုပ်သမားတရားရုံး ဖော်ဆောင်တာထက်  လက်ရှိသွားနေတဲ့ အငြင်းပွားမှုဖြေရှင်းရေး လမ်းကြောင်းကို စနစ်တကျဖြစ်အောင် လုပ်ဆောင်တာက ပိုမိုထိရောက်နိုင်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ ထားပါတယ်။ အလုပ်ရှင် အလုပ်သမား...

ပြည်တွင်း အလုပ်အကိုင် လေးထောင်ကျော် ဖန်တီးပေးနိုင်မယ့် ပြည်ပလုပ်ငန်း ၁၀ ခုကို အတည်ပြု

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း လေးထောင်ကျော် ဖန်တီးပေးနိုင်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့က ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေ လမ်းသွယ်ရှိ...

ကလေးလုပ်သားတွေကို ကုန်ထုတ်ကဏ္ဍမှာ လေးနာရီထက်ပိုခိုင်းတာမရှိဘူးလို့ပြော

အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးအလုပ်သမားတွေကို  ကုန်ထုတ်မှုကဏ္ဍမှာ လေးနာရီထက် ပိုမိုခိုင်းစေတာတွေ မရှိဘူးလို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေး မှူးချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

ကလေးတွေကို လုပ်ငန်းခွင်ခိုင်းစေမှု တစ်ရက် ၄ နာရီသာ လုပ်ခွင့်ပြု

အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အတွင်း ကလေးတွေကို လုပ်ငန်းခွင်အတွင်း ခိုင်းစေမယ်ဆိုပါက တစ်ရက်ကို ၄ နာရီထက် ပိုမိုခိုင်းစေခြင်း မပြုရသလို သက်ဆိုင်ရာက ကျန်းမာရေးအတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း ဆေးထောက်ခံချက် ပါရှိမှသာ အလုပ်လုပ်ကိုင်ခွင့် ပြုသွားမှာဖြစ်ကြောင်း အလုပ်ရုံနှင့်...

ဥပဒေအတည်ပြုပြီးပါက အလုပ်မားသမဂ္ဂခေါင်းဆောင်တွေ ပြန်လည်ရွေးချယ်မယ်

အလုပ်သမားဥပဒေအတည်ပြုပြီးပါက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ရွေးချယ်သွားမယ်လို့  All myanmar trade union ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို  ပြန်လည်ပြင်ဆင်ခဲ့တဲ့ ဥပဒေ အတည်ပြုပြဌာန်းပြီးပါက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို...

မှတ်ပုံတင်ဆဲကာလမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေအဖြစ် ဥပဒေအရခိုင်မာစေလို

အလုပ်သမားသမဂ္ဂအဖွဲ့စည်းဝင်တွေဖြစ်ဖို့ ပုံစံ ၇ တင်နေဆဲ ကာလမှာ သမဂ္ဂအဖွဲ့အစည်းဝင်တွေ အဖြစ် ဥပဒေအရ ခိုင်မာစေချင်တယ်လို့  မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေး ပို့ထားပါတယ်။ အလုပ်သမားတွေ အလုပ်သမားသမဂ္ဂဖွဲ့စည်းဆောင်ရွက်ဖို့  မှတ်ပုံတင်နေဆဲကာလမှာ...

ကော့သောင်းနယ်စပ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ပြန်လည်လက်ခံ

မြန်မာနိုင်ငံ ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၉၈ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ တစ်ဆင့် မြန်မာအလုပ်သမားသံအရာရှိ  ကဦးဆောင်ပြီး မြန်မာနိုင်ငံ ကော့သောင်းမြို့ ဒေသအာဏာပိုင်တွေထံ ရေကြောင်းခရီးနဲ့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်။

ပြည်တွင်းကရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဥပဒေအရ ကွာကွယ်ပေးသင့်

အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြည်တွင်းရွေ့ပြောင်းသွားလာနေရတဲ့ လုပ်သားပြည်သူတွေကို အစိုးရက ဥပဒေအရ အကာအကွယ်ပေးမှုတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက် မြို့ကြီးတွေဆီကို ရွေ့ပြောင်းသွားလာ လုပ်ကိုင်နေရတဲ့ လုပ်သားပြည်သူအများစုဟာ အထောက်အထားချို့တဲ့တာတွေ၊...

အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှု ဖြေရှင်းပေးဖို့ အမှု တစ်ရာကျော် ကျန်ရှိ

အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် တိုင်ကြားရေးယန္တရားကနေတဆင့် ဖြေရှင်းပေးဖို့ အမှု ၁၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ထားပါတယ်။ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့...

မြန်မာလုပ်သားခေါ်ယူဖို့ ကိုရီးယားအစိုးရကို တောင်းဆိုနေကြောင်း အမြဲတမ်း အတွင်းဝန်ပြော

တစ်နှစ်ရပ်ဆိုင်းခဲ့တဲ့  ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကို လာမယ့်နှစ်မှာ ပြန်လည်ကျင်းပနိုင်ဖို့ အတွက်  လုပ်သားပိုမိုခေါ်ယူဖို့ ကိုရီးယားအစိုးရထံ အမြဲ တောင်းဆိုနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

LATEST NEWS