Wednesday, June 26, 2019
Home Tags ကျန်းမာရေး

Tag: ကျန်းမာရေး

ကျန်းမာရေး

ကူးစက်ရောဂါ ပြန်မဖြစ်ပွားဖို့အတွက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်သင့်

ကူးစက်ရောဂါတွေ ပြန်လည်မဖြစ်ပွားစေဖို့  မိဘတွေက မိမိရဲ့ ကလေးသူငယ်တွေကို ကာကွယ်ဆေး ထိုးဖို့ လုပ်ဆောင်သင့်တယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်ကပေးပို့ထားပါတယ်။ ကလေးသူငယ်တွေကို ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပြီး ကလေးနေမကောင်းတာ ကိုယ်လက်မအီသာဖြစ်တာတွေကို...

မြန်မာနိုင်ငံရဲ့ တချို့ ဒေသတွေမှာ ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားနေ

မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားနေတာကို တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။ ဧပြီလ ၉ ရက်နေ့က တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့တာပါ။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းထဲမှာ ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံထားမှု...

ကလေးတွေမှာ ဖြစ်တတ်တဲ့ အတက်ရောဂါကို အချိန်မီမကုသပါက သေဆုံးနိုင်

ကလေးသူငယ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါကို အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်ပေါ်နိုင်တယ်လို့ ရန်ကုန်ကလေးဆေးရုံကြီးရဲ့ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။ ကလေးသူငယ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါအမျိုးအစားဟာ လူကြီးတွေလောက် မပြင်ထန်ပေမယ့် သေချာစနစ်တကျ ဆေးကုသမှုမခံယူပါက ဥာဏ်ဖွံ့ဖြိုးမှုထိခိုက်နိုင်တဲ့အပြင် အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့...

တစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှုတွေနဲ့ ကြုံနေရတယ်လို့ ဝန်ကြီးပြော

တိုင်းနဲ့ပြည်နယ် အားလုံးမှာ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မုံရွာမြို့နေ ပြည်သူတွေ တွေ့ဆုံပွဲမှာ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်အဆောက်အအုံ အမြန်ဆုံးပြီးစီးဖို့နဲ့ ပတ်သက်ပြီး ဝန်ထမ်းလိုအပ်ချက်ကို မြို့မိ မြို့ဖတစ်ဦးက...

ရန်ကုန် လွှတ်တော်မှာ ပလတ်စတစ် ရေဗူးတွေ အစား မြေအိုးတွေကို အစားထိုး အသုံးပြု

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပလပ်စတစ်ရေသန့် ဗူးတွေ ကို အသုံးမပြုတော့ဘဲ မြေအိုးတွေနဲ့ အစားထိုး အသုံးပြုနေတာပါ။ ရန်ကုန်တိုင်းထဲမှာ သဘာဝပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှု ကြီးမားလာတဲ့ ပလတ်စတစ်သုံး စွဲတာ လျော့ပါးစေရေး စီမံဆောင်ရွက်ပေးဖို့ တိုင်းအစိုးရကို လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အဆို တင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို ကိုယ်စားလှယ် ၇...

ဆရာတော် အရှင်ဇဝန မြို့တော်ဆေးရုံကို တရားစွဲဆို

မြို့တော်ဆေးရုံမှာ ကုသခဲ့တဲ့ဆရာတော်တစ်ပါးက ဆေးရုံမှာက သုံးစွဲစစ်ဆေးခဲ့တဲ့စက်ဟာ လွဲမှားနေ တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဥာဏ်လင်းထူးက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=vwUV8Y-2Wk4&feature=youtu.be မန္တလေးမြို့က မြို့တော် ဆေးရုံမှာ တက်ရောက်ကုသခဲ့တဲ့ ဆရာတော် အရှင်ဇဝနကို အချိုဓာတ်စစ်ဆေးရာမှာ အသုံးပြုခဲ့တဲ့ စက်ပစ္စည်းမှားယွင်းခဲ့တဲ့အတွက်ဆိုပြီး ဆရာတော်ဘက်က တရားစွဲဆိုထားတာဖြစ်ပါတယ်။ မြို့တော် ဆေးရုံတာဝန်ရှိသူတွေဘက်ကတော့ ကနဦးမှာ...

ဂျပန်မှာ ဝက်သက်ရောဂါ ကူးစက်ပျံနှံ့ ဖြစ်ပွားနေ

ဂျပန်နိုင်ငံမှာ အခုနှစ် အစပိုင်းကတည်းက ဝက်သက်ရောဂါ ဖြစ်ပွားသူ အရေအတွက်ဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ဖြစ်လာနေပြီး အကြီးအကျယ် ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဝက်သက်ရောဂါဟာ အဖျားတက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အဖုအပိမ့်တွေ ထွက်စေတဲ့၊ ကူးစက်မှုနှုန်းမြင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ ရောဂါကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာနဲ့ လမစေ့ဘဲ မီးဖွားတာတွေ...

အစိုးရနဲ့ FAO တို့ ပူးပေါင်းပြီး နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် လက်မှတ်ရေးထိုး

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် (Country Programming Framework - CPF) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင်ကို...

ဂျပန်မှာ ဝက်တုတ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွားနေ

ဂျပန်နိုင်ငံရဲ့ ခရိုင် ၅ ခုမှာရှိတဲ့ ဝက်မွေးမြူရေးခြံနဲ့ တခြားနေရာ ၆ ခုမှာ ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် ဝက်တွေကို သုတ်သင်ရှင်းလင်းနေပါတယ်။ အဲဒီရောဂါဟာ ဝက်တွေအကြားမှာ ကူးစက်လွယ်ပြီး သေနှုန်းမြင့်ပါတယ်။ အအိချိခရိုင်ထဲက ဝက်မွေးမြူရေးခြံ ၂ ခုမှာ တုပ်ကွေးရောဂါ ကူးစက်ခံထားရတဲ့ ဝက်တွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဂျပန်...

ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဆေးကုသမှု အကြိမ် ၁ သန်းကျော် လုပ်ပေးခဲ့ရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ဆေးကုသမှု အကြိမ် ၁ သန်းကျော် ပြုလုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ဆေးကုသမှု အကြိမ် ၁ သန်း...

HIV/AIDS လူနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ NLD AIDS Center ရန်ပုံငွေ အခက်အခဲရှိ

HIV/AIDS ဝေဒနာရှင် အသက်အရွယ်မျိုးစုံကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD HIV/AIDS ကူညီ စောင့်ရှောက်ရေး ဂေဟာ (NAC) မှာ ရန်ပုံငွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ NAC က တာဝန်ရှိသူက ပြောပါတယ်။ NLD HIV/AIDS ကူညီ စောင့်ရှောက်ရေးဂေဟာ (NAC) ဟာ ၂၀၀၂...

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတွေကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသ

မြိတ်မြို့မှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသ ပေးနေပါတယ်။ ဒီသတင်းကို MCN မြိတ် သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။ မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံကြီးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မွေးရာပါ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်သစ် (၅) ထပ် အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို မနေ့ ဇန်နဝါရီလ ၁၃ ရက်မှာ ကျင်းပပါတယ်။ ယခင် ကင်ဆာရောဂါကုသဆောင် အဟောင်းဟာ ခုတင် ၈၀ ဆံ့သာ ရှိခဲ့ပေမယ့် ဆေးရုံမှာ နေ့စဉ်ကုသပေးနေရတဲ့ ကင်ဆာလူနာဟာ ၁၈၀ ကနေ ၂၀၀ ဦးအထိရှိခဲ့ကြောင်း။...

မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက်ခံရတဲ့ လူငယ် ၃၆၀၀၀ ရှိ

မြန်မာနိုင်ငံမှာ အသက် ၁၀ နှစ်ကနေ ၂၄ နှစ်ကြား HIV ပိုး ကူးစက်ခံထားရတဲ့ လူငယ် ၃၆၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ HIV/AIDS ဆိုင်ရာ ပူးတွဲအစီအစဉ် (UNAIDS) က ခန့်မှန်းထားပါတယ်။ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူ အပါအဝင် မူးယစ်ဆေး ထိုးသွင်းသူ၊ လိင်တူချစ်သူနဲ့...

ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံးသူထဲမှာ လူငယ်တွေ ပါဝင်နေ

မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုကြောင့် နှစ်စဉ် လူ ၇ သောင်းနီးပါး သေဆုံးတဲ့အထဲ လူငယ်တွေ ပါဝင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=iqZrGnCMSlA&feature=youtu.be ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ် ကမ္ဘာပေါ်မှာ လူဦးရေ ၇...

LATEST NEWS