လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာ အဖုအထစ်တွေ အများအပြားရှိခဲ့တယ်

လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း အားရမှုရှိခဲ့ပေမယ့် အဖုအထစ်တွေ အများအပြားရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားလိုက်ပါတယ်။


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ရပ်နားလိုက်တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က MCN (မြန်မာကေဘယ်ရုပ်သံသတင်းဌာန) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။
ဒါအပြင် ၂၀၁၅ ရွေးကောက်ပွဲကာလမှာ အမျိုးသားတွေ နိုင်ငံရေးမှာပါဝင်ဖို့နဲ့ ဥပဒေပြုရေးကို လုပ်ဆောင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သီးခံနိုင်မှုစွမ်းရည်မြင့်ဖို့လိုတယ်လို့လည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာတွေ့မြင်ကြရမှာဖြစ်ပါတယ်။

adv_banner