နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုရုပ်သံမှတ်တမ်း

https://www.youtube.com/watch?v=Sfb_nXpheaI&feature=youtu.be ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေထိုင်ခဲ့ကြသူများပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း

အခမဲ့နေထိုင်ခွင့်နဲ့ ပညာသင်စရိတ်တွေ ချီးမြှင့်မယ့် ရက်ကန်းပုံမှန် အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ဖွင့်လှစ်မယ်

အခမဲ့နေထိုင်ခွင့်နဲ့ ပညာသင်စရိတ်တွေ ချီးမြှင့်မယ့် ရက်ကန်းပုံမှန် အသက်မွေးဝမ်းကျောင်း သင်တန်း တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဖွင့်လှစ်ပေးသွားဖို့ရှိနေပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်အောက်က ရက်ကန်းနဲ့ အသက်မွေးပညာသိပ္ပံကျောင်းတွေမှာ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး ဖွင့်လှစ်ဖို့ရှိနေတာပါ။...

ဗြိတိန်လွှတ်တော်အမတ်အား လုပ်ကြံ သတ်ဖြတ်သူကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

အသက် ၄၁ နှစ်အရွယ် ဗြိတိန် လွှတ်တော်အမတ် Jo Cox ဟာ ကြာသပတေးနေ့က အင်္ဂလန်မြောက်ပိုင်း West Yorkshire မှာ မြို့ခံလူထုတွေနဲ့ တွေ့ဆုံနေစဉ်မှာ သေနတ်ပစ် ဓါးနဲ့ထိုး အသတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ လွှတ်တော်အမတ်ကို လုပ်ကြံသတ်ဖြတ်ခံသူ လို့ ယူဆရတဲ့ အသက်...

တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အိမ်တက်မင်္ဂလာ အခမ်းအနား နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်ချီးမြှင့်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိရပ်ကွက်မှာပြုလုပ်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အိမ်တက်မင်္ဂလာအခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ချီးမြှင့် ခဲ့ပါတယ်။ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက်မှာပြုလုပ်တဲ့ တိုင်းရင်းသာရေးရာပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ရဲ့ အိမ်တက်မင်္ဂလာအခမ်းအနားကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလည်း...

လမ်းပေါ်နေ ကလေးငယ်တွေထဲမှာ ကျေးလက်ဒေသက မိသားစုလိုက်ပြောင်းရွှေ့လာသူတွေ ပါဝင်

လမ်းပေါ်နေ ကလေးငယ်တွေကို စစ်တမ်း ကောက်ယူရာမှာ ကျေးလက်ဒေသကနေ မြို့ပေါ်ကို မိသားစုလိုက် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာကနေ မိသားစုအလိုက် လမ်းပေါ်မှာနေထိုင်မှု တွေလည်း ပါဝင် နေတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ လမ်းပေါ်နေကလေးငယ်တွေ လျှော့နည်းပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြတဲ့ အစီရင်ခံစာအရ လမ်းပေါ်နေ ကလေးငယ် အများစုဟာ မိသားစု...

မိမိတို့ အခက်အခဲတွေထက် ပြည်သူတွေရဲ့ ဒုက္ခဝေဒနာကို ဦးစားပေး ကုစားပေးရန် ဦးဝင်းမြင့် ပြောကြား

  ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ တွေ့ကြုံရတဲ့အခက်အခဲတွေထက် ပြည်သူတွေရဲ့ ဒုက္ခဝေဒနာကို ရှေးရှုပြီး ကုစားပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့ ကရင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် အဲဒီလိုပြောကြားလိုက်တာပါ။ လွှတ်တော်အစည်းအဝေးတွေ ရပ်နားချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေထံ သွားရောက်ပြီး လွှတ်တော်အတွေ့အကြုံတွေကို သွားရောက်ရှင်းလင်းပြပြီး...

ကိုရီးယားနိုင်ငံက လှူဒါန်းတဲ့ကျောင်းကား အစီး(၄၀) နေပြည်တော်ရှိ အထက်တန်းကျောင်း သုံးကျောင်းမှာ အသုံးပြုမယ်

ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ပညာရေးဝန်ကြီးဌာနကို လှူဒါန်းတဲ့ကျောင်းကား အစီး(၄၀)ကို နေပြည်တော်မှာရှိတဲ့ကျောင်းသုံးကျောင်းမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ အထက်တန်းကျောင်း သုံးကျောင်းကို ပေးအပ်သွားမှာဖြစ်ပြီး လာမယ့် ဇွန်လ ၂၃ ရက်နေ့စပြီး ကျောင်းကြိုကားအဖြစ် စတင်အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျောင်းကားမောင်းတဲ့ယာဉ်မောင်းတွေကို ကိုရီးယားအေဂျင်စီက သင်တန်းပေးသွားမှာဖြစ်ပြီး သုံးနှစ်အတွင်း ယာဉ်တွေပျက်စီးရင်လည်း ထောက်ပံ့ကူညီမှုတွေ ပေးသွားမှာဖြစ်ပါတယ်။ ယာဉ်မောင်းလစာတွေနဲ့...

နောက် ၁၆ နှစ်ကြာမှသာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မယ်

၂၀၃၀ ပြည်နှစ်ရောက်မှသာ တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်သုံးစွဲနိုင်မယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောလိုက်ပါတယ်။ လက်ရှိအခြေအနေအရ မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲနိုင်မှုကို ရာနှုန်းပြည် မရနိုင်သေးဘဲ ပြည်သူ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်သုံးစွဲခွင့်ရနေတာဖြစ်ပါတယ်။ ကျန်တဲ့ပြည်သူ ၆၆ ရာခိုင်နှုန်းဟာ ၂၀၃၀ ပြည့်နှစ်မှသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ...

ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ၁၀၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းမယ်

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ၁၀၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဇွန်လ ၂၀ ရက်နေ့မှာ နံနက် ၁၀ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊ ချမ်းမြေ့ရိပ်သာမှာကျင်းပမယ့် အဲဒီလှူဒါန်းပွဲကို ဦးနုထာဝရရန်ပုံငွေအဖွဲ့က ကြီးမှူးပြုလုပ်တာဖြစ်ပြီး ချမ်းမြေ့ဆရာတော်ကြီးအပါအ၀င် သံဃာတော်တွေနဲ့ ယောဂီတွေကို ဆွမ်းကပ်လှူမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုကို...

ရန်ကုန်မြို့ပြ စီမံကိန်းအတွက် ပြင်သစ်နိုင်ငံက ကူညီမယ်

ရန်ကုန်မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အပါအ၀င် ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ်နိုင်ငံက အကူအညီပေးသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Jean-Marc AYRAULT ဟာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး...