HP Zbook 15u G2 Laptop Computer အကြောင်း

HP နည်းပညာကုမ္ပဏီထုတ် စွမ်းဆောင်ရည်မြင့် Laptop Computerတွေထဲက HP Zbook 15u G2 Laptop Computer အကြောင်းကို မိတ်ဆက်အနေနဲ့ တင်ပြပေးသွားမှာဖြစ်ပါတယ်။

The 33 (2015) ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

မိုင်းတွင်းမှာ (၆၉)ရက်ကြာအောင် အစာရေစာပြတ်လတ်ပြီး ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ဦးကို နိုင်ငံတကာကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ရဲ့ မိသားစုတွေ ချစ်ခင်ရသူတွေနဲ့ ပြန်လည်ဆုံတွေ့သွားတဲ့ The 33 (2015) ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ။

ဂျပန်နိုင်ငံမှာ ရေချိုးခန်းနံရံတွေအပေါ် ပန်းချီရေးဆွဲတဲ့ အလုပ်ကို လုပ်ကိုင်သူ နည်းပါးလာ

ဂျပန်နိုင်ငံမှာ ရေချိုးခန်းနံရံတွေအပေါ် ပန်းချီရေးဆွဲတဲ့ အလုပ်ကို လုပ်ကိုင်သူ နည်းပါးလာနေတဲ့ အကြောင်းကိုနိုင်ငံတကာအနုပညာသတင်းတစ်ပုဒ်မှာအခုလိုရှုစားကြရဦးမှာ ဖြစ်ပါတယ်။

ကိုလံဘီယာနိုင်ငံရဲ့ အကြီးဆုံးဖက်ရှင်ပြပွဲ ကျင်းပ

ကိုလံဘီယာနိုင်ငံရဲ့ အကြီးဆုံးဖက်ရှင်ပြပွဲ ကျင်းပခဲ့တဲ့အကြောင်းကို နိုင်ငံတကာအနုပညာသတင်း တစ်ပုဒ်မှာ အခုလိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ တနင်္လာနေ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်

https://www.youtube.com/watch?v=N4uI_3UGhuU မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၁၃ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ တနင်္လာနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ရွေးကောက်ပွဲမှာ မတရားတဲ့နည်းလမ်းနဲ့ အနိုင်မယူလိုဘဲ...

မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၃-က) ထပ်မံခွင့်မပြုနိုင်ဟု ကော်မရှင် ပယ်ချလိုက်ပြီ

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအတွက် ပုံစံ (၃-က) ထပ်မံခွင့်ပြုဖို့ နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုမှုကို ကော်မရှင်က ပယ်ချလိုက်ပါတယ်။ ကော်မရှင်အနေနဲ့ ၃ လ ကြာခွင့်ပြုထားတဲ့ ပုံစံ (၃-က) ဖြင့် လျှောက်ထားမှုကို ထပ်မံ ခွင့်မပြုကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ နိုင်ငံရေးပါတီတွေအနေနဲ့...

ထောက်ခံသူတွေကို ထိန်းသိမ်းဖို့ ပါတီတွေကို ကော်မရှင်သတိပေးပြီ

နိုင်ငံရေး ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ကြပ်မတ် ထိန်းသိမ်းဖို့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က သတိပေး လိုက်ပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စည်းရုံးဟောပြောမှုတွေ အရှိန်အဟုန် မြင့်တက်လာပြီး ထိပ်တိုက်တွေ့ဆုံရာမှ ပဋိပက္ခဖြစ်မယ့် အခြေအနေတွေကို ရောက်ရှိလာတာကြောင့် ထိန်းသိမ်းကြဖို့ ကော်မရှင်က အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့...

တပ်မတော်သားတစ်ဦးရဲ့ အသက် ၈ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ဖို့လို

စစ်တွေမြို့က အသက် ၈ နှစ် အရွယ် မိန်းကလေးငယ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ထုတ်ဖော်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ စစ်တွေမြို့၊ ဓည၀တီ (က) ရပ်ကွက်နေ မဌေးဌေးစံ တပ်မတော်သားတစ်ဦးရဲ့ အဓမ္မပြုကျင်တာ ခံရပြီး အောက်တိုဘာလ ၂၁ ရက်နေ့က...

ပုံစံ (၃-က) နဲ့ မဲပေးခွင့် လျှောက်ထားသူ တစ်သန်းကျော်ရှိဟုဆို

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ (၃-က) နဲ့ လျှောက်ထားသူ တစ်သန်းကျော်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ...

သံတမန်တွေရဲ့ လှုပ်ရှားမှု ရွေးကောက်ပွဲကို မထိခိုက်စေဖို့ အစိုးရ သတိပေး

နိုင်ငံခြားသံတမန်တွေရဲ့ လှုပ်ရှားမှုတွေဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို မထိခိုက်စေဖို့ လိုအပ်တယ်လို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန်အဖွဲ့တွေနဲ့၊ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတကာက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ကိုယ်စားလှယ်တွေကို အောက်တိုဘာလ...