သြစတြေးလျမှာ ဘဏ် မီးရှို့မှုကို ခိုလှုံခွင့် တောင်းထားတဲ့ ဘင်္ဂါလီ အမျိုးသား ဝန်ခံ

0
213

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ဘဏ်တစ်ခုမှာ ၂၀၁၆ ခုနှစ်က ခှိုလှုံခွင့် တောင်းခံထားသူ မြန်မာနိုင်ငံက လာတဲ့ ဘင်္ဂါလီ မွတ်စလင် အမျိုးသားတစ်ဦးဟာ လူ လေးဦကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး သြစတြေးလျ ဒေါ်လာ ၂ ဒသမ ၅ သန်းဖိုး ပျက်စီးစေခဲ့တဲ့ မီးရှို့မှုတစ်ခု ကျူးလွန်ခဲ့ပါတယ်။

မီးရှို့သူ ဘင်္ဂါလီ အမျိုးသား

သူက အသက် ၂၃ နှစ်အရွယ် နူရ် အစ္စလမ်ဖြစ်ပြီး ဘဏ်ကို မီးရှို့ရတဲ့ အကြောင်းရင်းက ဘဏ်ဝန်ထမ်းတွေ သူ့ကို ဝန်ဆောင်မှုပေးတာ နှောင့်နှေးလို့ ဖြစ်တယ်လို့ မနှစ်က ၂၀၁၇ ခုနှစ်မှာ ထွက်ဆိုထားပါတယ်။ မဲလ်ဘုန်းမြို့၊ စပရင်းဗီးလ်ရှိ ဓနသဟာယ ဘဏ်ခွဲမှာ ဘဏ်ဝန်ထမ်းတွေ ဝန်ဆောင်မှုပေးတာ နှေးကွေးလို့ ဆိုပြီး ဓာတ်ဆီပုံးနဲ့ ဘဏ်ကို နောက်တစ်ခေါက် ပြန်လာကာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ မီးရှို့ခဲ့တာပါ။   

သူက ဓာတ်ဆီဖြန်းပြီး မီးရှို့ချိန် ဘဏ်ထဲမှာ ကလေးငယ်တွေ အပါအဝင် လူ ၃၇ ဦး ရှိနေပါတယ်။ လူ လေးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး နူရ် အစ္စလမ် ကိုယ်တိုင်လည်း ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာ ရခဲ့ပါတယ်။

CTV ကင်မရာ မီးလောင်ခင်အထိ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်မှာ လူတွေဟာ တံခါးပေါက်ကို အလုအယက် ပြေးထွက်နေကြတာကို မဲလ်ဘုန်းတရားရုံးမှာ မနှစ်တုန်းက ပြသခဲ့ပါတယ်။ သူရှို့လိုက်တဲ့မီးကြောင့် ဘဏ်ခွဲမှာလည်း သြစတြေးလျ ဒေါ်လာ ၂ ဒသမ ၅ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်နေမှု မြင်ကွင်း

နှစ်နှစ်ကျော်ကြာ စစ်ဆေးပြီးတဲ့နောက်မှာ နူရ် အစ္စလမ်က မီးရှို့မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ သူ့အပြစ်ကို ဝန်ခံဖို့ သဘောတူခဲ့တဲ့အတွက် သူ့အပေါ် တင်ထားတဲ့ စွဲချက်တော်တော်များများကို ရုပ်သိမ်းပေးခဲ့ပါတယ်။

မီးရှို့တဲ့ပြစ်မှု ကျူးလွန်ချိန်မှာ မြန်မာနိုင်ငံက ထွက်ပြေးလာပြီး ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ နူရ် အစ္စလမ်ဟာ ခိုလှုံခွင့် တောင်းခံနေဆဲ ဖြစ်ပြီး ဒီအမှု မတိုင်ခင် အရင်ကလည်း လူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖူးတယ်လို့ စွပ်စွဲထားမှုတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ တရားသူကြီး မာ့ခ် တပ်ဖ်က နူရ် အစ္စလမ်ကို ဆက်လက် ချုပ်ထားဖို့ ရမန်ပေးလိုက်ပြီး လာမယ့်နှစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ လျှောက်လဲချက်ကို ကြားနာမှာ ဖြစ်ပါတယ်။

?bph6