ဒုကၡသည္ေတြ ေနရပ္ျပန္ေရးနဲ႔ အၾကမ္းဖက္ဝါဒ အျမစ္မတြယ္ေရး (ေဆာင္းပါးက႑)

0
167

ARSA အၾကမ္းဖက္အဖြဲ႔ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တည္ၿငိမ္မႈ ပ်က္ျပားၿပီး ပဋိပကၡေတြ စတင္ခဲ့တာ ၂၀၁၈ ေအာက္တုိဘာ ၉ ရက္မွာ ႏွစ္ႏွစ္ျပည့္ၿပီ ျဖစ္ပါတယ္။ လံုၿခံဳေရး ကင္းစခန္းေတြ ARSA အၾကမ္းဖက္ အဖြဲ႔က အလစ္အငိုက္ တိုက္ခိုက္ခဲ့လို႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြက နယ္ေျမရွင္းလင္းေရး လုပ္ခဲ့ရၿပီး ပဋိပကၡကို စိုးရိမ္ထိတ္လန္႔တဲ့အတြက္ သိန္းနဲ႔ခ်ီတဲ့ စစ္တေကာင္း ဘဂၤါလီ မြတ္စလင္ေတြ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ရပါတယ္။

 

ေနာက္ဆက္တြဲ ဆိုးက်ိဳးအျဖစ္ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိဖို႔နဲ႔ ဒီမိုကေရစီစနစ္ကို ကူးေျပာင္းဖို႔ ႀကိဳးပမ္းေနတဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) အစိုးရရဲ႕ ဟန္ခ်က္ ပ်က္ခဲ့ရၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ဘဂၤါလီ အေရးအေပၚ ႏိုင္ငံတကာရဲ႕ ဖိအားေတြ အဆက္မျပတ္ က်ေရာက္ခဲ့ရပါတယ္။ ပဋိပကၡ ျဖစ္ပြားၿပီးေနာက္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ လံုၿခံဳေရး အေျခအေနအရ မီဒီယာေတြ လြတ္လပ္စြာ သြားေရာက္ သတင္းရယူႏိုင္ျခင္း မရွိခဲ့တာကလည္း အားနည္းခ်က္ ျဖစ္ခဲ့ပါတယ္။

NLD အစိုးရက ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးအဖြဲ႔ေတြ၊ ေကာ္မရွင္ေတြ ဖြဲ႔ၿပီး ေနရပ္ျပန္သူေတြ လက္ခံေရး၊ ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေရး၊ မတူကြဲျပားတဲ့ လူ႔အသိုင္းအဝိုင္းအတြင္း သဟဇာတ ျဖစ္ေရးေတြကို ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္။ ဒါေပမယ့္လည္း တစ္ဖက္မွာ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) တင္တာ၊ ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေဆာင္တာ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခက္ခဲတဲ့ အေနအထားကို နားမလည္ဘဲ လက္ေတြ႔လုပ္ေဆာင္မႈကို အားေပးကူညီမႈထက္ ျပင္းထန္တဲ့ ေတာင္းဆိုမႈေတြ၊ ေဝဖန္မႈေတြ လုပ္ေနတာကိုလည္း ႀကံဳေနရပါတယ္။

ရခိုင္ျပည္နယ္ သမိုင္းေၾကာင္းဟာ ႐ႈပ္ေထြးၿပီး နက္နဲေၾကာင္း ႏိုင္ငံတကာကို အသိေပးတာ၊ ျမန္မာႏိုင္ငံ သမိုင္းနဲ႔ ႏိုင္ငံေရးကို နားလည္တဲ့ ပညာရွင္ေတြက ေျပာၾကားတာ ရွိေပမယ့္ ႏိုင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ပိုမို ဂ႐ုထားတဲ့အတြက္ လက္ေတြ႔မက်တဲ့ ေတာင္းဆိုမႈေတြနဲ႔ ဖိအားေတြ ျဖစ္ေပၚေနခဲ့ပါတယ္။ ေဒသတြင္းကိုပါ ႐ိုက္ခတ္ေစႏိုင္တဲ့ အၾကမ္းဖက္ဝါဒ အျမစ္မတြယ္ေအာင္ လက္ေတြ႔က်က် ေဆာင္ရြက္ဖို႔လိုတဲ့ ကိစၥေတြ ေရွ႕တန္း ေရာက္မလာတာ၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျပန္လည္ထူေထာင္ေရးကို စိတ္ဝင္စားမႈနည္းပါးၿပီး ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြကို ကူညီေထာက္ပံ့မႈေတြ ပိုေပးျခင္းအားျဖင့္ ညီမွ်စြာ ကူညီပံ့ပိုးမႈ မလုပ္ေဆာင္တာေတြ ေတြ႔ရွိေနရပါတယ္။

ဘဂၤါလီ မြတ္စလင္ေတြ ေနရပ္ျပန္ေရးမွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံက အဓိက ျဖစ္ၿပီး ျမန္မာဘက္က အဆင္သင့္ျဖစ္ေၾကာင္း ေခၚယူျပသခဲ့ေပမယ့္ ဘဂၤလားေဒ့ရွ္ဘက္ကေတာ့ ဒုကၡသည္ စခန္းထဲမွာ ေနရပ္ျပန္ဖို႔ ျဖည့္ရမယ့္ ေဖာင္ေတြထိေရာက္စြာ ျဖန္႔ေဝျခင္း မရွိတာကို ေတြ႔ရွိေနရပါတယ္။ ဒါေပမယ့္ ဘဂၤလားေဒ့ရွ္ အစိုးရက ျမန္မာအစိုးရဘက္က ျပန္မေခၚေသးလို႔ ဖိအားေပးဖို႔ကိုသာ ႏိုင္ငံတကာကို ေျပာဆိုေနတာ ေတြ႔ရပါတယ္။ ျမန္မာအစိုးရက ျပန္လည္ေခၚယူမယ္လို႔ အတည္ျပဳထားတဲ့ စာရင္း ေပးအပ္ထားေပမယ့္ ဘဂၤလားေဒ့ရွ္ အစိုးရဘက္က အခုထိ ျပန္မပို႔ေသးပါဘူး။

ARSA အၾကမ္းဖက္အဖြဲ႔ ေခါင္းေဆာင္ အတၱာအူလာ အဘူ အမ္မာ ဂ်ဴႏူနီနဲ႔ ပတ္သက္လို႔ သူဟာ ႏိုင္ငံတကာ အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ အဆက္အသြယ္ရွိေၾကာင္း ထုတ္ေဖာ္ေရးသားမႈေတြ ရွိေပမယ့္ ႏိုင္ငံတကာ သတင္းဌာနတခ်ိဳ႕နဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက သူနဲ႔ ပတ္သက္တဲ့ အၾကမ္းဖက္ဝါဒ အႏၱရာယ္ကို လ်စ္လ်ဴ႐ႈထားတာလည္း ေတြ႔ျမင္ရပါတယ္။

DNA အိႏၵိယ သတင္းဌာနက ၂၀၁၈ ခုႏွစ္ ေအာက္တုိဘာ ၄ ရက္ေန႔မွာ အထူးသတင္းအေနနဲ႔ ARSA အၾကမ္းဖက္သမား အင္အား ၃၀၀ ဟာ ယခင္တိုက္ခိုက္မႈကထက္ ပိုမိုေကာင္းမြန္တဲ့ လက္နက္ေတြ၊ အေသခံဗံုးခြဲ ဝတ္စံုေတြ၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအတြင္းရွိ ဂ်ီဟတ္ အုပ္စုေတြဆီက ရရွိထားတဲ့ ေဖာက္ခြဲေရး ပစၥည္းေတြနဲ႔ ျမန္မာ လံုၿခံဳေရးတပ္ဖြဲ႔ကို တိုက္ခိုက္ဖို႔ စီစဥ္ေနတယ္လို႔ အိႏၵိယ ေထာက္လွမ္းေရးသတင္းေတြကို ကိုးကားေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာ မီဒီယာေတြက ဒါကို အႏၱရာယ္ တစ္ခုအေနနဲ႔ အေလးအနက္ ေဖာ္ျပျခင္း မရွိတာလည္း ေတြ႔ရပါတယ္။

 

ARSA အၾကမ္းဖက္ အဖြဲ႔ရဲ႕ တိုက္ခိုက္မႈေတြ ျဖစ္ၿပီးေနာက္ ဘဂၤါလီ မြတ္စလင္ေတြဟာ ARSA အၾကမ္းဖက္ဖြဲ႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ေၾကာက္ရြံ႕လို႔၊ တခ်ိဳ႕ကေတာ့ အၾကမ္းဖက္အဖြဲ႔ဝင္ ျဖစ္ေနတဲ့ ေဆြမ်ိဳးသားခ်င္းေတြ ျဖစ္တဲ့အတြက္ စစ္ေဆး အေရးယူခံရမွာ ေၾကာက္လန္႔လို႔၊ တခ်ိဳ႕ကေတာ့ သတင္းမွားေတြေၾကာင့္ ေတြေဝလို႔ တစ္ဖက္ႏိုင္ငံကို အစုလိုက္အၿပံဳလိုက္ ထြက္ေျပးၾကရတာ ျဖစ္ပါတယ္။ ဒုကၡသည္စခန္းေတြထဲမွာ အဲဒီ အေၾကာက္တရားေတြ ဆက္လက္ ပ်ံ႕ႏွံ႔ႀကီးစိုးဆဲ ျဖစ္တယ္ဆိုတာ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္လာသူေတြရဲ႕ ေျပာၾကားခ်က္အရ သိရွိၾကၿပီး ျဖစ္ပါတယ္။ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာ အဲဒီ အေၾကာက္တရားဟာ ႀကီးမားတဲ့ အတားအဆီး ျဖစ္တယ္ဆိုတာကို လက္ေတြ႔အမွန္တရားအျဖစ္ လက္ခံရမွာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တည္ၿငိမ္ေရး၊ လူ႔အသိုင္းအဝိုင္းေတြ သဟဇာတ ျဖစ္ေရး၊ ေနရပ္ျပန္သူေတြ လံုၿခံဳစိတ္ခ်မႈ ရွိေရးသာမက ေဒသတြင္း အၾကမ္းဝါဒ ပ်ံ႕ႏွံ႔စိမ့္ဝင္မႈ မရွိေရးတို႔ဟာ အၾကမ္းဖက္ဝါဒ ခ်ဳပ္ၿငိမ္းေရးနဲ႔ တိုက္႐ိုက္ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ အခုလို ARSA အၾကမ္းဖက္အဖြဲ႔က ေမြးခဲ့တဲ့မီးေၾကာင့္ ပဋိပကၡျဖစ္ေပၚရတာ ႏွစ္ႏွစ္ျပည့္ခ်ိန္မွာ အေရးတႀကီး လုပ္ေဆာင္စရာေတြကေတာ့ ေနရပ္ျပန္သူေတြကို ဥပေဒနဲ႔အညီ စိစစ္လက္ခံေရးအျပင္ အၾကမ္းဖက္ဝါဒ ရခိုင္ျပည္နယ္မွာ ဆက္လက္ အျမစ္တြယ္ မက်န္ခဲ့ဖို႔ကလည္း အလြန္အေရးႀကီးေၾကာင္း လက္ေတြ႔က်က် လက္ခံဖို႔နဲ႔ ေဒသတြင္းနဲ႔ ႏိုင္ငံတကာက ပူးေပါင္းကူညီ ေျဖရွင္းဖို႔ပဲ ျဖစ္ပါတယ္။

ကိုသင္ကာ

>>>>>>>>>>>>>>>>>>>>>>>>

ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တည်ငြိမ်မှု ပျက်ပြားပြီး ပဋိပက္ခတွေ စတင်ခဲ့တာ ၂၀၁၈ အောက်တိုဘာ ၉ ရက်မှာ နှစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ လုံခြုံရေး ကင်းစခန်းတွေ ARSA အကြမ်းဖက် အဖွဲ့က အလစ်အငိုက် တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရပြီး ပဋိပက္ခကို စိုးရိမ်ထိတ်လန့်တဲ့အတွက် သိန်းနဲ့ချီတဲ့ စစ်တကောင်း ဘင်္ဂါလီ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရရဲ့ ဟန်ချက် ပျက်ခဲ့ရပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂါလီ အရေးအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ အဆက်မပြတ် ကျရောက်ခဲ့ရပါတယ်။ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေး အခြေအနေအရ မီဒီယာတွေ လွတ်လပ်စွာ သွားရောက် သတင်းရယူနိုင်ခြင်း မရှိခဲ့တာကလည်း အားနည်းချက် ဖြစ်ခဲ့ပါတယ်။

NLD အစိုးရက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွေ၊ ကော်မရှင်တွေ ဖွဲ့ပြီး နေရပ်ပြန်သူတွေ လက်ခံရေး၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေး၊ မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းအတွင်း သဟဇာတ ဖြစ်ရေးတွေကို ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) တင်တာ၊ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်တာ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခက်ခဲတဲ့ အနေအထားကို နားမလည်ဘဲ လက်တွေ့လုပ်ဆောင်မှုကို အားပေးကူညီမှုထက် ပြင်းထန်တဲ့ တောင်းဆိုမှုတွေ၊ ဝေဖန်မှုတွေ လုပ်နေတာကိုလည်း ကြုံနေရပါတယ်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းဟာ ရှုပ်ထွေးပြီး နက်နဲကြောင်း နိုင်ငံတကာကို အသိပေးတာ၊ မြန်မာနိုင်ငံ သမိုင်းနဲ့ နိုင်ငံရေးကို နားလည်တဲ့ ပညာရှင်တွေက ပြောကြားတာ ရှိပေမယ့် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုမို ဂရုထားတဲ့အတွက် လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေနဲ့ ဖိအားတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒေသတွင်းကိုပါ ရိုက်ခတ်စေနိုင်တဲ့ အကြမ်းဖက်ဝါဒ အမြစ်မတွယ်အောင် လက်တွေ့ကျကျ ဆောင်ရွက်ဖို့လိုတဲ့ ကိစ္စတွေ ရှေ့တန်း ရောက်မလာတာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးကို စိတ်ဝင်စားမှုနည်းပါးပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့မှုတွေ ပိုပေးခြင်းအားဖြင့် ညီမျှစွာ ကူညီပံ့ပိုးမှု မလုပ်ဆောင်တာတွေ တွေ့ရှိနေရပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံက အဓိက ဖြစ်ပြီး မြန်မာဘက်က အဆင်သင့်ဖြစ်ကြောင်း ခေါ်ယူပြသခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒုက္ခသည် စခန်းထဲမှာ နေရပ်ပြန်ဖို့ ဖြည့်ရမယ့် ဖောင်တွေထိရောက်စွာ ဖြန့်ဝေခြင်း မရှိတာကို တွေ့ရှိနေရပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာအစိုးရဘက်က ပြန်မခေါ်သေးလို့ ဖိအားပေးဖို့ကိုသာ နိုင်ငံတကာကို ပြောဆိုနေတာ တွေ့ရပါတယ်။ မြန်မာအစိုးရက ပြန်လည်ခေါ်ယူမယ်လို့ အတည်ပြုထားတဲ့ စာရင်း ပေးအပ်ထားပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အခုထိ ပြန်မပို့သေးပါဘူး။

ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အတ္တာအူလာ အဘူ အမ်မာ ဂျူနူနီနဲ့ ပတ်သက်လို့ သူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိကြောင်း ထုတ်ဖော်ရေးသားမှုတွေ ရှိပေမယ့် နိုင်ငံတကာ သတင်းဌာနတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သူနဲ့ ပတ်သက်တဲ့ အကြမ်းဖက်ဝါဒ အန္တရာယ်ကို လျစ်လျူရှုထားတာလည်း တွေ့မြင်ရပါတယ်။

DNA အိန္ဒိယ သတင်းဌာနက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့မှာ အထူးသတင်းအနေနဲ့ ARSA အကြမ်းဖက်သမား အင်အား ၃၀ဝ ဟာ ယခင်တိုက်ခိုက်မှုကထက် ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ၊ အသေခံဗုံးခွဲ ဝတ်စုံတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဂျီဟတ် အုပ်စုတွေဆီက ရရှိထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ မီဒီယာတွေက ဒါကို အန္တရာယ် တစ်ခုအနေနဲ့ အလေးအနက် ဖော်ပြခြင်း မရှိတာလည်း တွေ့ရပါတယ်။

ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် ဘင်္ဂါလီ မွတ်စလင်တွေဟာ ARSA အကြမ်းဖက်ဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်ရွံ့လို့၊ တချို့ကတော့ အကြမ်းဖက်အဖွဲ့ဝင် ဖြစ်နေတဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်တဲ့အတွက် စစ်ဆေး အရေးယူခံရမှာ ကြောက်လန့်လို့၊ တချို့ကတော့ သတင်းမှားတွေကြောင့် တွေဝေလို့ တစ်ဖက်နိုင်ငံကို အစုလိုက်အပြုံလိုက် ထွက်ပြေးကြရတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေထဲမှာ အဲဒီ အကြောက်တရားတွေ ဆက်လက် ပျံ့နှံ့ကြီးစိုးဆဲ ဖြစ်တယ်ဆိုတာ မိမိဆန္ဒအလျောက် နေရပ်ပြန်လာသူတွေရဲ့ ပြောကြားချက်အရ သိရှိကြပြီး ဖြစ်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အဲဒီ အကြောက်တရားဟာ ကြီးမားတဲ့ အတားအဆီး ဖြစ်တယ်ဆိုတာကို လက်တွေ့အမှန်တရားအဖြစ် လက်ခံရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တည်ငြိမ်ရေး၊ လူ့အသိုင်းအဝိုင်းတွေ သဟဇာတ ဖြစ်ရေး၊ နေရပ်ပြန်သူတွေ လုံခြုံစိတ်ချမှု ရှိရေးသာမက ဒေသတွင်း အကြမ်းဝါဒ ပျံ့နှံ့စိမ့်ဝင်မှု မရှိရေးတို့ဟာ အကြမ်းဖက်ဝါဒ ချုပ်ငြိမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် အခုလို ARSA အကြမ်းဖက်အဖွဲ့က မွေးခဲ့တဲ့မီးကြောင့် ပဋိပက္ခဖြစ်ပေါ်ရတာ နှစ်နှစ်ပြည့်ချိန်မှာ အရေးတကြီး လုပ်ဆောင်စရာတွေကတော့ နေရပ်ပြန်သူတွေကို ဥပဒေနဲ့အညီ စိစစ်လက်ခံရေးအပြင် အကြမ်းဖက်ဝါဒ ရခိုင်ပြည်နယ်မှာ ဆက်လက် အမြစ်တွယ် မကျန်ခဲ့ဖို့ကလည်း အလွန်အရေးကြီးကြောင်း လက်တွေ့ကျကျ လက်ခံဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာက ပူးပေါင်းကူညီ ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။

ကိုသင်ကာ

?bph6