အနိမ့္ဆံုးအေျခခံလစာ၊ ေန႔စဥ္ကုန္ေစ်းႏႈန္းနဲ႔ တိုက္ပဲြဝင္ အမ်ဳိးသမီးမ်ား

0
124

“မိုးလင္းကေန မိုးခ်ဳပ္အလုပ္လုပ္ရေတာ့ အခ်ိန္ပိုေၾကးေလးေမွ်ာ္မိတာေပါ့။ ဒါေပမယ့္ က်မတို႔စက္ရံုက အခ်ိန္ပိုေၾကးမေပး ေတာ့ဘူး။ တေန႔လုပ္ခလစာ (၄၈၀၀)က်ပ္ဆိုတာက ဒီေခတ္ႀကီးထဲမွာ မေလာက္ငွေတာ့ဘူး။ ဟင္းေကာင္းဟင္းမြန္စားရ တဲ့ေန႔ဆိုတာလည္း မရွိေတာ့သေလာက္ပါပဲ”

“ဘီယာဆိုင္ေတြသြား၊ ဘီယာေသာက္ေနတဲ့ေယာက္်ားေတြေရွ႕ရပ္ၿပီး၊ ‘အစ္ကိုတို႔ ဒီစီးကရက္အရသာေလးျမည္းစမ္းၾကည့္ ပါလား’လို႔ အခ်ိဳသာဆံုးေလသံနဲ႔ေျပာရတာ မလြယ္ပါဘူးအစ္မရယ္။ ဒီလိုစီးကရက္ကိုပါ မိန္းကေလးတန္မဲ့ မီးညွိေပးရတဲ့ အလုပ္ကို ဘယ္လုပ္ခ်င္ပါ့မလဲ။ ဒါေပမယ့္စား၀တ္ေနေရးက ရွိေနေသးေတာ့ မလုပ္ခ်င္လို႔လည္းမျဖစ္ဘူး”

“ကန္စြန္းရြက္တစည္းေတာင္ (၃၀၀)နဲ႔ (၄၀၀)က်ပ္ေပး၀ယ္စားေနရေတာ့ သမီးငိုခ်င္လာတယ္။ စတိုးဆိုင္မွာ တေနကုန္ မတ္တပ္ရပ္ေနရတာ။ ၀င္လာသမွ်လူေတြကို မၿပံဳးခ်င္လည္း ၿပံဳးျပေနရတာ။ တလလံုးမွာ နားရက္ဆိုလို႔လည္း (၄) ရက္ပဲ ရွိတယ္”

အခုေျပာခဲ့တာေတြက အထည္ခ်ဳပ္စက္ရံုမွာ လုပ္ကိုင္ေနရတဲ့ အမ်ိဳးသမီးတဦး၊ စီးကရက္ျဖန္႔ခ်ိေရးကုမၸဏီတခုမွာ အလုပ္ လုပ္ေနတဲ့မိန္းကေလးနဲ႔ စတိုးဆိုင္ႀကီးတခုမွာ အေရာင္းစာေရးမ အလုပ္လုပ္ေနရတဲ့ အမ်ိဳးသမီးတဦးတို႔ရဲ႕ ရင္ဖြင့္သံေတြ ပါ။ လုပ္ခလစာနည္းပါးလြန္းလွတဲ့ ျမန္မာႏိုင္ငံမွာ အလုပ္တေနရာတည္ၿမဲဖို႔နဲ႔ ပံုမွန္၀င္ေငြေလးရဖို႔အတြက္ကိုပဲ အမ်ိဳးသမီး ေတြဟာ ေတာ္ေတာ္ေလး ရုန္းကန္ေနရပါတယ္။

ျမန္မာႏိုင္ငံမွာ လစာမ်ားမ်ားေပးတဲ့ကုမၸဏီေတြ၊ အလုပ္ေတြဆိုတာ မရွိဘူးမဟုတ္ေပမယ့္ အနည္းဆံုးဘြဲ႔(၂)ခုေလာက္ရ ထားမွ၊ ကြန္ပ်ဴတာနဲ႔ အဂၤလိပ္စာအရည္အခ်င္းလည္း ေကာင္းမြန္မွ၊ အဆက္အသြယ္ေကာင္းမွသာ ရရွိတတ္တာပါ။ ဒါေၾကာင့္ အမ်ိဳးသမီးအမ်ားစုဟာ ေရွ႕ဆက္ဘ၀တက္လမ္းဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို မၾကည့္ႏိုင္ၾကဘဲ ဘ၀ရပ္တည္မႈအ တြက္ အဆင္ေျပႏိုင္မယ္ထင္တဲ့ လုပ္ငန္းေတြမွာပဲ အလုပ္၀င္ေရာက္ လုပ္ကိုင္ေနရတာပါ။

“မပိုးအိမြန္” ဟာ ရန္ကုန္တိုင္းေဒသႀကီးကို တရြာမေျပာင္း သူေကာင္းမျဖစ္ဆိုတဲ့ထံုးကို ႏွလံုးမူၿပီးေရာက္ရွိလာတဲ့ ေရႊ႕ ေျပာင္းအလုပ္သမတဦးျဖစ္ပါတယ္။ သူမရဲ႕ဇာတိက မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္ထဲက ရြာေလးတရြာကပါ။ သူမ ရန္ကုန္ကိုေျပာင္းမလာခင္ အေစာပိုင္းကာလေတြတုန္းကေတာ့ မိုးမွန္မွန္ရြာသြန္းၿပီး လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္း အဆင္ ေျပလို႔ သူမမိဘေတြဟာ မခ်မ္းသာေပမယ့္ ရြာမွာတင့္ေတာင့္တင့္တယ္ေနထိုင္အဆင္ေျပခဲ့ပါတယ္။ သို႔ေပမယ့္ျမန္မာႏိုင္ငံ တ၀ွမ္း ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ မိုးေလ၀သလည္း မမွန္၊ စိုက္ပ်ိဳးသီးႏွံျဖစ္ထြန္းမႈလည္း နည္းပါးလာတာေၾကာင့္ သူတို႔ရဲ႕မိသားစု စီးပြားေရးက တျဖည္းျဖည္း ခြ်တ္ၿခံဳက်လာပါေတာ့တယ္။

ဒီလိုနဲ႔ လယ္ယာလုပ္ငန္းက အဆင္မေျပေတာ့တဲ့အခါ သူမရဲ႕အစ္ကိုျဖစ္သူ မေလးရွားကို သြားေရာက္အလုပ္လုပ္ကိုင္ဖို႔ သူတို႔မွာရွိတဲ့ လယ္ေလးယာေလးေတြကိုေပါင္ႏွံ၊ တခ်ိဳ႕ကို အၿပီးပိုင္ေရာင္းခ်ၿပီး အစ္ကိုျဖစ္သူရဲ႕စရိတ္ကို ေျဖရွင္းေပးလိုက္ ၾကရသလို မပိုးအိမြန္ကလည္း တဖက္တလမ္း ၀င္ေငြရေရးအတြက္ ရန္ကုန္ကို တက္လာခဲ့ရပါတယ္။

“အေမနဲ႔အေဖက က်မကို ရန္ကုန္မွာထားရတာ၊ အလုပ္လုပ္ေနတာကို စိတ္မခ်ဘူးလို႔ ခဏခဏေျပာတယ္။ ရြာမွာလည္း ေနထိုင္လုပ္ကိုင္ဖို႔က အဆင္မေျပဘူးေလ။ က်မလုပ္ေနတဲ့ အထည္ခ်ဳပ္စက္ရံုမွာ အလုပ္၀င္စကေတာ့ တလကို (၂)သိန္း ခြဲနီးပါးရတယ္။ ရက္မွန္ေၾကး၊ အခ်ိန္ပိုေၾကးေတြ ေပါင္းလိုက္ရင္၊ က်မက ျခစ္ျခဳပ္စားေသာက္ၿပီး အိမ္ကို(၁)သိန္းေလာက္ ပို႔ေပးတယ္”

၂၀၁၈ ခုႏွစ္၊ ေမ ၁၄ ရက္ေန႔မွာ အလုပ္သမားမ်ားအတြက္ အနိမ့္ဆံုး အေျခခံလုပ္ခလစာကို (၁)ရက္ (၄၈၀၀)က်ပ္သတ္ မွတ္ေၾကာင္း၊ “အနည္းဆံုးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီ” က ထုတ္ျပန္ေၾကညာပါတယ္။ ေနာက္ ဆက္တြဲကေတာ့ မပိုးအိမြန္အလုပ္လုပ္ေနတဲ့ အထည္ခ်ဳပ္စက္ရံုသူေဌးက မကိုက္ေတာ့ဘူး၊ ကုန္က်စရိတ္ေတြမ်ားတယ္ ဆိုၿပီး ရက္မွန္ေၾကးနဲ႔ အခ်ိန္ပိုေၾကးကို မေပးေတာ့ဘဲ ျဖတ္ခ်ပစ္ခဲ့တာပါ။

(၁၀)ေပပတ္လည္ အခန္းက်ဥ္းေလးဟာ မပိုးအိမြန္တို႔လို အေျခခံအလုပ္သမမ်ားအတြက္ နားခိုေမွးစက္ရာပါ။ လိႈင္သာ ယာစက္မႈဇုန္နဲ႔နီးတဲ့ ရပ္ကြက္ေလးထဲမွာ ဖြင့္ထားတဲ့ အေဆာင္ေတြထဲကတခုေပါ့။ အေဆာင္ရဲ႕အခန္းက်ဥ္းေလးမွာ သူမနဲ႔ အတူ တျခားအလုပ္သမ(၂)ဦးတို႔ ေနထိုင္အိပ္စက္ရပါတယ္။ နယ္က အေဖ၊ အေမတို႔နဲ႔အတူေနခဲ့တဲ့ က်ယ္၀န္းတဲ့အခန္းနဲ႔ က်ယ္ျပန္႔တဲ့ ေျမေနရာေတြကို လြမ္းၿပီးရင္း လြမ္းေနရတယ္၊ သတိရေနမိတယ္လို႔လည္း သူမက မငိုေပမယ့္ ရႈိက္တ၀က္ ေလသံနဲ႔ ေျပာျပပါတယ္။

လြန္ခဲ့တဲ့(၂)ႏွစ္က အေဆာင္လခက က်ပ္(၄)ေသာင္းပဲေပးခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ ကုန္ေစ်းႏႈန္းတက္တယ္ဆိုတဲ့ အ ေၾကာင္းျပခ်က္နဲ႔ တလက်ပ္(၆)ေသာင္းအထိေပးၿပီး ေနထိုင္ေနရတာပါ။ မပိုးအိမြန္လည္း တလမွာက်ပ္(၂)ေသာင္း အခ်ိဳး က်ထည့္၀င္ေနရတာ ျဖစ္ပါတယ္။

တေန႔မွာ က်ပ္(၄၈၀၀)က်ပ္ပဲရလို႔ တနဂၤေႏြမပါဘဲ တလမွာ က်ပ္(၁၂၄၈၀၀)က်ပ္၊ (၁၂၉၆၀၀)က်ပ္သာရပါေတာ့တယ္။ ဒီ ၾကားထဲ စားေသာက္ဖို႔အတြက္ ကုန္ေစ်းႏႈန္းကပါ တရိပ္ရိပ္တက္လာလို႔ မိဘေတြဆီ တလ(၁)သိန္းမေျပာနဲ႔၊ (၅)ေသာင္း က်ပ္ ေပးပို႔ႏုိင္ဖို႔ေတာင္ အႏိုင္ႏိုင္စုေဆာင္းေပးပို႔ေနရတယ္လို႔ မပိုးအိမြန္က ေျပာျပတယ္။

တေန႔လာ ၾကက္ဥေၾကာ္၊ ေနာက္တေန႔မွာ ဘဲဥဟင္း၊ ေနာက္တေန႔မွာေတာ့ ပဲျပဳတ္ စသျဖင့္ အေျပာင္းအလဲျဖစ္ရံုေလး ရွင္သန္ဖို႔ စိစစ္ေနရတယ္လို႔လည္း သူမက ဆိုပါတယ္။

“မဇာျခည္ေအာင္”က စီးကရက္ျဖန္႔ခ်ိတဲ့ကုမၸဏီက အေရာင္း၀န္ထမ္းတေယာက္မို႔ လစာအျပင္ စီးကရက္(၁)ဗူးေရာင္းခ်ရ တိုင္း ေကာ္မရွင္ရပါတယ္။ တလမွာ လစာ(၂)သိန္းနဲ႔ ေကာ္မရွင္ရတဲ့ေငြေၾကးတခ်ိဳ႕ဟာ သူမတို႔မိသားစုအတြက္ေတာ့ အ နည္းနဲ႔အမ်ားဆိုသလို အေထာက္အကူျပဳေနပါတယ္။ သူမဟာ ဖခင္ျဖစ္သူကြယ္လြန္သြားခဲ့ၿပီမို႔ မိခင္မုဆိုးမနဲ႔ ေမာင္ငယ္ ေလးတို႔ကို ရွာေဖြေကြ်းေမြးေစာင့္ေရွာက္ဖို႔ တာ၀န္ယူထားရသူပါ။ ေတာင္ဥကၠလာပဘက္မွာ အိမ္ငွားေနရတာျဖစ္ၿပီး မိခင္ ျဖစ္သူက မနီးမေ၀းက ေစ်းေလးရဲ႕တေနရာမွာ ေစ်းေရာင္းပါတယ္။

“သမီးက မိသားစုမွာအႀကီးဆိုေတာ့ အိမ္စရိတ္ကာမိဖို႔လိုတယ္ေလ။ ဒါေတာင္ အေမက ေစ်းေရာင္းေနလို႔။ အိမ္စရိတ္က လည္း တလထက္တလ မ်ားမ်ားလာတယ္။ စီးကရက္ေရာင္းရတာက ထင္သေလာက္ မလြယ္ပါဘူးအစ္မရယ္။ ပတ္၀န္း က်င္ကလည္း အထင္ေသးသလိုၾကည့္ၾကတယ္။ တမတ္တပ္တပ္နဲ႔ဘီယာဆိုင္ေတြမွာ ဝိုင္းစံုလွည့္သြားေနရေတာ့ အိမ္ျပန္ ေရာက္ရင္ ေျခေထာက္ေတြဆို ကိုင္ရိုက္ထားသလိုပဲ”

မဇာျခည္ေအာင္ကလည္း ကုန္ေစ်းႏႈန္းေတြတက္လို႔ ေသာကေရာက္ေနရတဲ့အေၾကာင္းကို အခုလို ဆက္ေျပာပါတယ္။

“ေမာင္ေလးက ဒီႏွစ္တကၠသိုလ္တက္ရမွာမို႔ သူ႔ေက်ာင္းကားခ၊ ေက်ာင္းစရိတ္ေတြရွိလာမယ္။ ဒါေတာင္ေမာင္ေလးက(၁၀) တန္းကို ႏွစ္ခ်င္းေပါက္ေအာင္လို႔သာ။ သားအမိ(၃)ေယာက္ပဲရွိတာေတာင္ စားဖို႔ေသာက္ဖို႔နဲ႔ တျခားလူမႈေရးကုန္က်စရိတ္ ေတြေပါင္းလိုက္ရင္ တေန႔ကို(၇၀၀၀)က်ပ္ အနည္းဆံုးပဲ။ မနက္စာေတာင္ တူတူတန္တန္မစားႏိုင္ပါဘူး။ ပဲျပဳတ္ဆီဆမ္း၊ ထမင္းၾကမ္းခဲေလးေတြေလာက္ပဲ စားရတယ္။ တခါတေလက် လမ္းထိပ္ကမုန္႔ဟင္းခါးႏွစ္ပြဲ၀ယ္၊ ထမင္းနဲ႔ နယ္ဖတ္စားရ တယ္။ ပဲျပဳတ္ဆိုတာေတာင္ အနည္းဆံုး(၃၀၀)ဖိုး၀ယ္မွေလာက္တယ္။ မုန္႔ဟင္းခါးက ပါဆယ္ဆို အေၾကာ္မပါဘဲ အလြတ္ ေတာင္ (၅၀၀)က်ပ္ ျဖစ္သြားၿပီ။ မငတ္တာ ေတာ္ေသးတာေပါ့အစ္မရယ္”

“မလိႈင္သီတာျမင့္”က တဖက္ကအေ၀းသင္တကၠသိုလ္မွာ ေက်ာင္းတက္ေနသူျဖစ္ၿပီး တဖက္ကလည္း ရန္ကုန္ၿမိဳ႕လယ္၊ ေက်ာက္တံတားၿမိဳ႕နယ္ထဲက စတိုးဆိုင္တခုမွာ အေရာင္းစာေရးမလုပ္ေနသူျဖစ္ပါတယ္။ ေဒါပံုၿမိဳ႕နယ္ထဲက ရပ္ကြက္တခု မွာေနထိုင္သူမို႔ ၿမိဳ႕ထဲနဲ႔နီးတဲ့ အားသာခ်က္ေတာ့ရွိပါတယ္။ သူမမိသားစုမွာ မိခင္မရွိေတာ့ဘဲ ဖခင္ျဖစ္သူနဲ႔အတူ က်န္ ေမာင္ႏွမ(၂)ေယာက္နဲ႔ ဘ၀ကို ရုန္းကန္ေနရတာပါ။

သူမျဖစ္ခ်င္ခဲ့တာက ဖက္ရွင္ဒီဇိုင္းနာတေယာက္ျဖစ္ေပမယ့္ ကံၾကမၼာက သူမကိုမ်က္ႏွာသာမေပးခဲ့ပါဘူး။ ဖက္ရွင္ဒီဇိုင္နာ ျဖစ္ဖို႔က သင္တန္းေၾကး(၅)သိန္း၀န္းက်င္ျဖစ္ေနလို႔ လက္ေလွ်ာ့လိုက္ရပါတယ္။ ဖခင္ႀကီးကလည္း သာမန္၀န္ထမ္းတဦးမို႔ ၀င္ေငြနဲ႔ ထြက္ေငြမွ်တေအာင္ မနည္းစီမံသံုးစြဲေနၾကရတာပါ။

“စတိုးဆိုင္မွာ ေနကုန္ေနခမ္းအလုပ္လုပ္ရတာ၊ လစာက(၁)သိန္းခြဲပဲရတယ္။ ဘြဲ႔ရေတြေတာင္ အလုပ္အကိုင္ မေရမရာျဖစ္ ေနၾကရတာအစ္မရယ္၊ ကိုယ့္မွာ အလုပ္ကေလးတခု ရွိေနေသးတာ ေတာ္ေသးတာေပါ့လို႔ ေျဖသိမ့္ရတယ္။ ဆိုင္ကို အ၀တ္ အစားလာ၀ယ္တဲ့သူေတြက အကႌ်(၁)ထည္ (၂)ေသာင္း(၃)ေသာင္းဆိုလည္း ၀ယ္ၾကတာပဲ။ သမီးဘ၀နဲ႔ ႏႈိင္းယွဥ္ၾကည့္ လိုက္ေတာ့ တလလံုးလုပ္တာေတာင္မွ (၁)သိန္းခြဲပဲရတဲ့သူက အဲဒီလိုတန္ဖိုးႀကီးအ၀တ္အစားေတြကို ၀ယ္ဖို႔၀တ္ဖို႔ စိတ္ ကူးေတာင္ မယဥ္ရဲပါဘူး”

အေျခခံစားေသာက္ကုန္ေတြ ေစ်းတက္ေနတဲ့ဒဏ္ကို မလႈိင္သီတာျမင့္လည္း တျခားမိန္းကေလးေတြလိုပဲ ခံစားေနရပါ တယ္။

“ထမင္းဘူးထဲ ၾကည့္ေတာ့လည္း ေကာင္းေကာင္းမြန္မြန္ဟင္းရယ္လို႔ မပါသေလာက္ပါအစ္မရယ္။ ကန္စြန္းရြက္၊ ခ်ဥ္ေပါင္ ရြက္ေတာင္ ေစ်းတက္ေနတာ၊ ဆန္ေစ်းကလည္းတက္တယ္။ စတိုးဆိုင္ပိတ္ခ်ိန္က ည(၉)နာရီဆိုေတာ့ သာေကတေဒါပံု ကို ေအာက္ဆိုက္ကားစီးၿပီးမွ ျပန္ရတယ္။ အဲဒီအခ်ိန္မွာ YBS ဘတ္စကားေတြက ရွားပါးနည္းပါးသြားၿပီေလ။ ေအာက္ဆိုက္ကားေတြကလည္း YBS နံပါတ္တပ္ထားတဲ့ကားေတြေပါ့။ ဒါေပမယ့္ ပံုမွန္ (၂၀၀)ေပးရေပမယ့္ သူတို႔ကို (၃၀၀) က်ပ္ ေပးရတယ္” လို႔လည္း ေျပာျပပါတယ္။

အခုလို လုပ္ခလစာနဲ႔ ကုန္ေစ်းႏႈန္းျမင့္မားကြာျခားခ်က္ေတြေၾကာင့္ အမ်ိဳးသမီးေတြအေပၚ ဘယ္လိုသက္ေရာက္မႈရွိေနႏိုင္ ပါသလဲ။

အလုပ္သမားေရးရာလႈပ္ရွားသူ “ေဒၚမာမာဦး”က “အစားအေသာက္အခက္အခဲကို ေက်ာ္လႊားႏိုင္ဖို႔ ေခြ်တာစားေသာက္ ရတယ္၊ အဲဒီလို ေခြ်တာလိုက္ရတဲ့အတြက္ လုပ္ငန္းခြင္မွာ စိုက္ထုတ္လိုက္ရတဲ့ ခြန္အားေတြ အျပည့္အ၀ျပန္မျဖည့္ႏုိင္ဘူး။ အဲဒီလိုျပန္မျဖည့္ႏိုင္ရင္ ေရရွည္မွာ က်န္းမာေရးထိခိုက္လာႏိုင္တယ္။ အရြယ္မတိုင္မီ အိုမင္းတာေတြ၊ ရင့္ေရာ္မႈေတြပါ ျဖစ္ လာႏိုင္တယ္” လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ဆန္၊ ဆီ၊ အသား၊ ငါးနဲ႔ အသီးအႏွံ၊ အသီးအရြက္စတဲ့ အေျခခံစားေသာက္ကုန္ေတြ ေစ်းတက္ေနလို႔ အခက္ေတြ႔ေနရတဲ့သူေတြ အမ်ားႀကီး ရွိေနပါတယ္။ တဖက္ကလည္း ေငြေၾကးေဖာင္းပြမႈႏႈန္းက ျမင့္တက္ေနပါတယ္။

“မပိုးအိမြန္” က မွိန္ေဖ်ာ့အားငယ္ေနတဲ့ မ်က္၀န္းေတြနဲ႔ သူမရဲ႕ေမွ်ာ္လင့္ခ်က္ကို ဖြင့္ဟေျပာပါတယ္။

“ တခ်ိဳ႕အထည္ခ်ဳပ္စက္ရံုေတြ ပိတ္သြားၾကတယ္လို႔ ၾကားရတယ္။ အခုထိ က်မတို႔စက္ရံုမပိတ္ရေသးတာကိုပဲ ေက်းဇူး တင္ရမလို ျဖစ္ေနတယ္။ က်မက ႏိုင္ငံေရးေတြ ဘာေတြလည္း နားမလည္ပါဘူး။ ဒါေပမယ့္ ကုန္ေစ်းႏႈန္းေတြ အဆမတန္ တက္ေနတာကို ႏိုင္ငံေတာ္အႀကီးအကဲေတြ မသိလို႔လားလုိ႔ေတာ့ စဥ္းစားမိတယ္။ က်မတို႔လို အေျခခံအလုပ္သမေတြ၊ အလုပ္သမားေတြ ထမင္းေလးနပ္မွန္ဖို႔၊ လူလူသူသူေနရဖို႔ အစိုးရအေနနဲ႔ ကူညီေပးရင္ေတာ့ နည္းနည္းေတာ့ အသက္ရွဴ ေခ်ာင္လာၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္”

ေသြး (စစ္ကိုင္း)

(ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) က စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

>>>>>>>>>>>>>>>>>>>>>>>

 

“မိုးလင်းကနေ မိုးချုပ်အလုပ်လုပ်ရတော့ အချိန်ပိုကြေးလေးမျှော်မိတာပေါ့။ ဒါပေမယ့် ကျမတို့စက်ရုံက အချိန်ပိုကြေးမပေး တော့ဘူး။ တနေ့လုပ်ခလစာ (၄၈၀ဝ)ကျပ်ဆိုတာက ဒီခေတ်ကြီးထဲမှာ မလောက်ငှတော့ဘူး။ ဟင်းကောင်းဟင်းမွန်စားရ တဲ့နေ့ဆိုတာလည်း မရှိတော့သလောက်ပါပဲ”

“ဘီယာဆိုင်တွေသွား၊ ဘီယာသောက်နေတဲ့ယောကျာ်းတွေရှေ့ရပ်ပြီး၊ ‘အစ်ကိုတို့ ဒီစီးကရက်အရသာလေးမြည်းစမ်းကြည့် ပါလား’လို့ အချိုသာဆုံးလေသံနဲ့ပြောရတာ မလွယ်ပါဘူးအစ်မရယ်။ ဒီလိုစီးကရက်ကိုပါ မိန်းကလေးတန်မဲ့ မီးညှိပေးရတဲ့ အလုပ်ကို ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့်စားဝတ်နေရေးက ရှိနေသေးတော့ မလုပ်ချင်လို့လည်းမဖြစ်ဘူး”

“ကန်စွန်းရွက်တစည်းတောင် (၃၀ဝ)နဲ့ (၄၀ဝ)ကျပ်ပေးဝယ်စားနေရတော့ သမီးငိုချင်လာတယ်။ စတိုးဆိုင်မှာ တနေကုန် မတ်တပ်ရပ်နေရတာ။ ဝင်လာသမျှလူတွေကို မပြုံးချင်လည်း ပြုံးပြနေရတာ။ တလလုံးမှာ နားရက်ဆိုလို့လည်း (၄) ရက်ပဲ ရှိတယ်”

အခုပြောခဲ့တာတွေက အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေရတဲ့ အမျိုးသမီးတဦး၊ စီးကရက်ဖြန့်ချိရေးကုမ္ပဏီတခုမှာ အလုပ် လုပ်နေတဲ့မိန်းကလေးနဲ့ စတိုးဆိုင်ကြီးတခုမှာ အရောင်းစာရေးမ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတဦးတို့ရဲ့ ရင်ဖွင့်သံတွေ ပါ။ လုပ်ခလစာနည်းပါးလွန်းလှတဲ့ မြန်မာနိုင်ငံမှာ အလုပ်တနေရာတည်မြဲဖို့နဲ့ ပုံမှန်ဝင်ငွေလေးရဖို့အတွက်ကိုပဲ အမျိုးသမီး တွေဟာ တော်တော်လေး ရုန်းကန်နေရပါတယ်။

မြန်မာနိုင်ငံမှာ လစာများများပေးတဲ့ကုမ္ပဏီတွေ၊ အလုပ်တွေဆိုတာ မရှိဘူးမဟုတ်ပေမယ့် အနည်းဆုံးဘွဲ့(၂)ခုလောက်ရ ထားမှ၊ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာအရည်အချင်းလည်း ကောင်းမွန်မှ၊ အဆက်အသွယ်ကောင်းမှသာ ရရှိတတ်တာပါ။ ဒါကြောင့် အမျိုးသမီးအများစုဟာ ရှေ့ဆက်ဘဝတက်လမ်းဆိုတဲ့ မျှော်လင့်ချက်ကို မကြည့်နိုင်ကြဘဲ ဘဝရပ်တည်မှုအ တွက် အဆင်ပြေနိုင်မယ်ထင်တဲ့ လုပ်ငန်းတွေမှာပဲ အလုပ်ဝင်ရောက် လုပ်ကိုင်နေရတာပါ။

“မပိုးအိမွန်” ဟာ ရန်ကုန်တိုင်းဒေသကြီးကို တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ထုံးကို နှလုံးမူပြီးရောက်ရှိလာတဲ့ ရွှေ့ ပြောင်းအလုပ်သမတဦးဖြစ်ပါတယ်။ သူမရဲ့ဇာတိက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ထဲက ရွာလေးတရွာကပါ။ သူမ ရန်ကုန်ကိုပြောင်းမလာခင် အစောပိုင်းကာလတွေတုန်းကတော့ မိုးမှန်မှန်ရွာသွန်းပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အဆင် ပြေလို့ သူမမိဘတွေဟာ မချမ်းသာပေမယ့် ရွာမှာတင့်တောင့်တင့်တယ်နေထိုင်အဆင်ပြေခဲ့ပါတယ်။ သို့ပေမယ့်မြန်မာနိုင်ငံ တဝှမ်း ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးလေဝသလည်း မမှန်၊ စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုလည်း နည်းပါးလာတာကြောင့် သူတို့ရဲ့မိသားစု စီးပွားရေးက တဖြည်းဖြည်း ချွတ်ခြုံကျလာပါတော့တယ်။

ဒီလိုနဲ့ လယ်ယာလုပ်ငန်းက အဆင်မပြေတော့တဲ့အခါ သူမရဲ့အစ်ကိုဖြစ်သူ မလေးရှားကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ သူတို့မှာရှိတဲ့ လယ်လေးယာလေးတွေကိုပေါင်နှံ၊ တချို့ကို အပြီးပိုင်ရောင်းချပြီး အစ်ကိုဖြစ်သူရဲ့စရိတ်ကို ဖြေရှင်းပေးလိုက် ကြရသလို မပိုးအိမွန်ကလည်း တဖက်တလမ်း ဝင်ငွေရရေးအတွက် ရန်ကုန်ကို တက်လာခဲ့ရပါတယ်။

“အမေနဲ့အဖေက ကျမကို ရန်ကုန်မှာထားရတာ၊ အလုပ်လုပ်နေတာကို စိတ်မချဘူးလို့ ခဏခဏပြောတယ်။ ရွာမှာလည်း နေထိုင်လုပ်ကိုင်ဖို့က အဆင်မပြေဘူးလေ။ ကျမလုပ်နေတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်စကတော့ တလကို (၂)သိန်း ခွဲနီးပါးရတယ်။ ရက်မှန်ကြေး၊ အချိန်ပိုကြေးတွေ ပေါင်းလိုက်ရင်၊ ကျမက ခြစ်ခြုပ်စားသောက်ပြီး အိမ်ကို(၁)သိန်းလောက် ပို့ပေးတယ်”

၂၀၁၈ ခုနှစ်၊ မေ ၁၄ ရက်နေ့မှာ အလုပ်သမားများအတွက် အနိမ့်ဆုံး အခြေခံလုပ်ခလစာကို (၁)ရက် (၄၈၀ဝ)ကျပ်သတ် မှတ်ကြောင်း၊ “အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ” က ထုတ်ပြန်ကြေညာပါတယ်။ နောက် ဆက်တွဲကတော့ မပိုးအိမွန်အလုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံသူဌေးက မကိုက်တော့ဘူး၊ ကုန်ကျစရိတ်တွေများတယ် ဆိုပြီး ရက်မှန်ကြေးနဲ့ အချိန်ပိုကြေးကို မပေးတော့ဘဲ ဖြတ်ချပစ်ခဲ့တာပါ။

(၁၀)ပေပတ်လည် အခန်းကျဉ်းလေးဟာ မပိုးအိမွန်တို့လို အခြေခံအလုပ်သမများအတွက် နားခိုမှေးစက်ရာပါ။ လှိုင်သာ ယာစက်မှုဇုန်နဲ့နီးတဲ့ ရပ်ကွက်လေးထဲမှာ ဖွင့်ထားတဲ့ အဆောင်တွေထဲကတခုပေါ့။ အဆောင်ရဲ့အခန်းကျဉ်းလေးမှာ သူမနဲ့ အတူ တခြားအလုပ်သမ(၂)ဦးတို့ နေထိုင်အိပ်စက်ရပါတယ်။ နယ်က အဖေ၊ အမေတို့နဲ့အတူနေခဲ့တဲ့ ကျယ်ဝန်းတဲ့အခန်းနဲ့ ကျယ်ပြန့်တဲ့ မြေနေရာတွေကို လွမ်းပြီးရင်း လွမ်းနေရတယ်၊ သတိရနေမိတယ်လို့လည်း သူမက မငိုပေမယ့် ရှိုက်တဝက် လေသံနဲ့ ပြောပြပါတယ်။

လွန်ခဲ့တဲ့(၂)နှစ်က အဆောင်လခက ကျပ်(၄)သောင်းပဲပေးခဲ့ရပေမယ့် အခုချိန်မှာတော့ ကုန်ဈေးနှုန်းတက်တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ တလကျပ်(၆)သောင်းအထိပေးပြီး နေထိုင်နေရတာပါ။ မပိုးအိမွန်လည်း တလမှာကျပ်(၂)သောင်း အချိုး ကျထည့်ဝင်နေရတာ ဖြစ်ပါတယ်။

တနေ့မှာ ကျပ်(၄၈၀ဝ)ကျပ်ပဲရလို့ တနင်္ဂနွေမပါဘဲ တလမှာ ကျပ်(၁၂၄၈၀ဝ)ကျပ်၊ (၁၂၉၆၀ဝ)ကျပ်သာရပါတော့တယ်။ ဒီ ကြားထဲ စားသောက်ဖို့အတွက် ကုန်ဈေးနှုန်းကပါ တရိပ်ရိပ်တက်လာလို့ မိဘတွေဆီ တလ(၁)သိန်းမပြောနဲ့၊ (၅)သောင်း ကျပ် ပေးပို့နိုင်ဖို့တောင် အနိုင်နိုင်စုဆောင်းပေးပို့နေရတယ်လို့ မပိုးအိမွန်က ပြောပြတယ်။

တနေ့လာ ကြက်ဥကြော်၊ နောက်တနေ့မှာ ဘဲဥဟင်း၊ နောက်တနေ့မှာတော့ ပဲပြုတ် စသဖြင့် အပြောင်းအလဲဖြစ်ရုံလေး ရှင်သန်ဖို့ စိစစ်နေရတယ်လို့လည်း သူမက ဆိုပါတယ်။

“မဇာခြည်အောင်”က စီးကရက်ဖြန့်ချိတဲ့ကုမ္ပဏီက အရောင်းဝန်ထမ်းတယောက်မို့ လစာအပြင် စီးကရက်(၁)ဗူးရောင်းချရ တိုင်း ကော်မရှင်ရပါတယ်။ တလမှာ လစာ(၂)သိန်းနဲ့ ကော်မရှင်ရတဲ့ငွေကြေးတချို့ဟာ သူမတို့မိသားစုအတွက်တော့ အ နည်းနဲ့အများဆိုသလို အထောက်အကူပြုနေပါတယ်။ သူမဟာ ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီမို့ မိခင်မုဆိုးမနဲ့ မောင်ငယ် လေးတို့ကို ရှာဖွေကျွေးမွေးစောင့်ရှောက်ဖို့ တာဝန်ယူထားရသူပါ။ တောင်ဥက္ကလာပဘက်မှာ အိမ်ငှားနေရတာဖြစ်ပြီး မိခင် ဖြစ်သူက မနီးမဝေးက ဈေးလေးရဲ့တနေရာမှာ ဈေးရောင်းပါတယ်။

“သမီးက မိသားစုမှာအကြီးဆိုတော့ အိမ်စရိတ်ကာမိဖို့လိုတယ်လေ။ ဒါတောင် အမေက ဈေးရောင်းနေလို့။ အိမ်စရိတ်က လည်း တလထက်တလ များများလာတယ်။ စီးကရက်ရောင်းရတာက ထင်သလောက် မလွယ်ပါဘူးအစ်မရယ်။ ပတ်ဝန်း ကျင်ကလည်း အထင်သေးသလိုကြည့်ကြတယ်။ တမတ်တပ်တပ်နဲ့ဘီယာဆိုင်တွေမှာ ဝိုင်းစုံလှည့်သွားနေရတော့ အိမ်ပြန် ရောက်ရင် ခြေထောက်တွေဆို ကိုင်ရိုက်ထားသလိုပဲ”

မဇာခြည်အောင်ကလည်း ကုန်ဈေးနှုန်းတွေတက်လို့ သောကရောက်နေရတဲ့အကြောင်းကို အခုလို ဆက်ပြောပါတယ်။

“မောင်လေးက ဒီနှစ်တက္ကသိုလ်တက်ရမှာမို့ သူ့ကျောင်းကားခ၊ ကျောင်းစရိတ်တွေရှိလာမယ်။ ဒါတောင်မောင်လေးက(၁၀) တန်းကို နှစ်ချင်းပေါက်အောင်လို့သာ။ သားအမိ(၃)ယောက်ပဲရှိတာတောင် စားဖို့သောက်ဖို့နဲ့ တခြားလူမှုရေးကုန်ကျစရိတ် တွေပေါင်းလိုက်ရင် တနေ့ကို(၇၀ဝ၀)ကျပ် အနည်းဆုံးပဲ။ မနက်စာတောင် တူတူတန်တန်မစားနိုင်ပါဘူး။ ပဲပြုတ်ဆီဆမ်း၊ ထမင်းကြမ်းခဲလေးတွေလောက်ပဲ စားရတယ်။ တခါတလေကျ လမ်းထိပ်ကမုန့်ဟင်းခါးနှစ်ပွဲဝယ်၊ ထမင်းနဲ့ နယ်ဖတ်စားရ တယ်။ ပဲပြုတ်ဆိုတာတောင် အနည်းဆုံး(၃၀ဝ)ဖိုးဝယ်မှလောက်တယ်။ မုန့်ဟင်းခါးက ပါဆယ်ဆို အကြော်မပါဘဲ အလွတ် တောင် (၅၀ဝ)ကျပ် ဖြစ်သွားပြီ။ မငတ်တာ တော်သေးတာပေါ့အစ်မရယ်”

“မလှိုင်သီတာမြင့်”က တဖက်ကအဝေးသင်တက္ကသိုလ်မှာ ကျောင်းတက်နေသူဖြစ်ပြီး တဖက်ကလည်း ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်ထဲက စတိုးဆိုင်တခုမှာ အရောင်းစာရေးမလုပ်နေသူဖြစ်ပါတယ်။ ဒေါပုံမြို့နယ်ထဲက ရပ်ကွက်တခု မှာနေထိုင်သူမို့ မြို့ထဲနဲ့နီးတဲ့ အားသာချက်တော့ရှိပါတယ်။ သူမမိသားစုမှာ မိခင်မရှိတော့ဘဲ ဖခင်ဖြစ်သူနဲ့အတူ ကျန် မောင်နှမ(၂)ယောက်နဲ့ ဘဝကို ရုန်းကန်နေရတာပါ။

သူမဖြစ်ချင်ခဲ့တာက ဖက်ရှင်ဒီဇိုင်းနာတယောက်ဖြစ်ပေမယ့် ကံကြမ္မာက သူမကိုမျက်နှာသာမပေးခဲ့ပါဘူး။ ဖက်ရှင်ဒီဇိုင်နာ ဖြစ်ဖို့က သင်တန်းကြေး(၅)သိန်းဝန်းကျင်ဖြစ်နေလို့ လက်လျှော့လိုက်ရပါတယ်။ ဖခင်ကြီးကလည်း သာမန်ဝန်ထမ်းတဦးမို့ ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် မနည်းစီမံသုံးစွဲနေကြရတာပါ။

“စတိုးဆိုင်မှာ နေကုန်နေခမ်းအလုပ်လုပ်ရတာ၊ လစာက(၁)သိန်းခွဲပဲရတယ်။ ဘွဲ့ရတွေတောင် အလုပ်အကိုင် မရေမရာဖြစ် နေကြရတာအစ်မရယ်၊ ကိုယ့်မှာ အလုပ်ကလေးတခု ရှိနေသေးတာ တော်သေးတာပေါ့လို့ ဖြေသိမ့်ရတယ်။ ဆိုင်ကို အဝတ် အစားလာဝယ်တဲ့သူတွေက အင်္ကျီ(၁)ထည် (၂)သောင်း(၃)သောင်းဆိုလည်း ဝယ်ကြတာပဲ။ သမီးဘဝနဲ့ နှိုင်းယှဉ်ကြည့် လိုက်တော့ တလလုံးလုပ်တာတောင်မှ (၁)သိန်းခွဲပဲရတဲ့သူက အဲဒီလိုတန်ဖိုးကြီးအဝတ်အစားတွေကို ဝယ်ဖို့ဝတ်ဖို့ စိတ် ကူးတောင် မယဉ်ရဲပါဘူး”

အခြေခံစားသောက်ကုန်တွေ ဈေးတက်နေတဲ့ဒဏ်ကို မလှိုင်သီတာမြင့်လည်း တခြားမိန်းကလေးတွေလိုပဲ ခံစားနေရပါ တယ်။

“ထမင်းဘူးထဲ ကြည့်တော့လည်း ကောင်းကောင်းမွန်မွန်ဟင်းရယ်လို့ မပါသလောက်ပါအစ်မရယ်။ ကန်စွန်းရွက်၊ ချဉ်ပေါင် ရွက်တောင် ဈေးတက်နေတာ၊ ဆန်ဈေးကလည်းတက်တယ်။ စတိုးဆိုင်ပိတ်ချိန်က ည(၉)နာရီဆိုတော့ သာကေတဒေါပုံ ကို အောက်ဆိုက်ကားစီးပြီးမှ ပြန်ရတယ်။ အဲဒီအချိန်မှာ YBS ဘတ်စကားတွေက ရှားပါးနည်းပါးသွားပြီလေ။ အောက်ဆိုက်ကားတွေကလည်း YBS နံပါတ်တပ်ထားတဲ့ကားတွေပေါ့။ ဒါပေမယ့် ပုံမှန် (၂၀ဝ)ပေးရပေမယ့် သူတို့ကို (၃၀ဝ) ကျပ် ပေးရတယ်” လို့လည်း ပြောပြပါတယ်။

အခုလို လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းမြင့်မားကွာခြားချက်တွေကြောင့် အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနေနိုင် ပါသလဲ။

အလုပ်သမားရေးရာလှုပ်ရှားသူ “ဒေါ်မာမာဦး”က “အစားအသောက်အခက်အခဲကို ကျော်လွှားနိုင်ဖို့ ချွေတာစားသောက် ရတယ်၊ အဲဒီလို ချွေတာလိုက်ရတဲ့အတွက် လုပ်ငန်းခွင်မှာ စိုက်ထုတ်လိုက်ရတဲ့ ခွန်အားတွေ အပြည့်အဝပြန်မဖြည့်နိုင်ဘူး။ အဲဒီလိုပြန်မဖြည့်နိုင်ရင် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်တယ်။ အရွယ်မတိုင်မီ အိုမင်းတာတွေ၊ ရင့်ရော်မှုတွေပါ ဖြစ် လာနိုင်တယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ဆန်၊ ဆီ၊ အသား၊ ငါးနဲ့ အသီးအနှံ၊ အသီးအရွက်စတဲ့ အခြေခံစားသောက်ကုန်တွေ ဈေးတက်နေလို့ အခက်တွေ့နေရတဲ့သူတွေ အများကြီး ရှိနေပါတယ်။ တဖက်ကလည်း ငွေကြေးဖောင်းပွမှုနှုန်းက မြင့်တက်နေပါတယ်။

“မပိုးအိမွန်” က မှိန်ဖျော့အားငယ်နေတဲ့ မျက်ဝန်းတွေနဲ့ သူမရဲ့မျှော်လင့်ချက်ကို ဖွင့်ဟပြောပါတယ်။

“ တချို့အထည်ချုပ်စက်ရုံတွေ ပိတ်သွားကြတယ်လို့ ကြားရတယ်။ အခုထိ ကျမတို့စက်ရုံမပိတ်ရသေးတာကိုပဲ ကျေးဇူး တင်ရမလို ဖြစ်နေတယ်။ ကျမက နိုင်ငံရေးတွေ ဘာတွေလည်း နားမလည်ပါဘူး။ ဒါပေမယ့် ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကို နိုင်ငံတော်အကြီးအကဲတွေ မသိလို့လားလို့တော့ စဉ်းစားမိတယ်။ ကျမတို့လို အခြေခံအလုပ်သမတွေ၊ အလုပ်သမားတွေ ထမင်းလေးနပ်မှန်ဖို့၊ လူလူသူသူနေရဖို့ အစိုးရအနေနဲ့ ကူညီပေးရင်တော့ နည်းနည်းတော့ အသက်ရှူ ချောင်လာကြမယ်လို့ မျှော်လင့်ပါတယ်”

သွေး (စစ်ကိုင်း)

?bph6