၁၁ ႏွစ္ျပည့္္ ေရႊဝါေရာင္ေတာ္လွန္ေရး (သုိ႔) ေဝးအတိတ္က ေသြးမတိတ္ေသးဘူး

0
183

၂၀၀၇ ခုႏွစ္ ၾသဂုတ္လ ၁၅ ရက္တြင္ စစ္အုပ္စုက ေလာင္စာဆီေစ်းႏႈန္းေတြ အေၾကာင္းျပခ်က္မေပး၊ ႀကိဳတင္ အသိေပးျခင္း မရွိဘဲ မတန္တဆေစ်းႏႈန္းေတြ ျမွင့္တင္လိုက္မႈေၾကာင့္ ဦးမင္းကိုႏုိင္ ေခါင္းေဆာင္တဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသား ေခါင္းေဆာင္ေတြက ၾသဂုတ္လ ၁၉ တြင္ အသံတိတ္ လမ္းေလွ်ာက္ပြဲတစ္ခု ဆင္ႏႊဲခဲ့ရာမွ စတင္ခဲ့သည္။

ထို႔ေနာက္ စက္တင္ဘာ ၅ တြင္ မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕မွ သံဃာေတာ္ ရာနဲ႔ခ်ီၿပီး ကုန္ေစ်းႏႈန္း က်ဆင္းေရး ပိုစတာမ်ားကို ကိုင္ေဆာင္ကာ ေမတၱာသုတ္ ရြတ္ဖတ္လမ္းေလွ်ာက္ ဆႏၵျပခဲ့ရာ လံုၿခံဳေရးတပ္ဖြဲ႔ေတြက ေသနတ္ေဖာက္ လူစုခြဲၿပီး သံဃာအခ်ိဳ႕ကို ဖမ္းဆီး ႐ိုက္ႏွက္ခဲ့ရာ အေျခအေနပို၍ ဆိုးဝါးလာခဲ့သည္။

စက္တင္ဘာ ၉ ရက္တြင္ ျမန္မာ သံဃာအဖြဲ႕အစည္း အားလံုး တစ္စုတစ္စည္းတည္း ဖြဲ႔စည္းလိုက္ၿပီး စစ္အစိုးရကို ေတာင္းဆိုခ်က္ ၄ ခု ေတာင္းဆိုသည္။ ပခုကၠဴဆႏၵျပမႈႏွင့္ ပတ္သက္ၿပီး သံဃာထု ေက်နပ္ခြင့္လႊတ္သည္အထိ ေတာင္းပန္ဖို႔၊ ေလာင္စာဆီနဲ႔ ကုန္ေစ်းႏႈန္း ခ်က္ခ်င္း ခ်ေပးဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံေရး အက်ဥ္းသား အားလံုးလႊတ္ေပးဖို႔၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးအတြက္ ဒီမိုကေရစီ အင္အားစုမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးဖို႔တို႔ ျဖစ္သည္။

ဤအခ်က္မ်ားကို ေနာက္ဆံုးေတာင္းဆိုထားသည့္ စက္တင္ဘာ ၁၇ ရက္ အထိ မေဖာ္ေဆာင္သျဖင့္ စက္တင္ဘာ ၁၈ ရက္တြင္ စတင္ ပတၱနိကၠဳဇၨန ကံေဆာင္ကမၼဝါဖတ္၍ သပိတ္ေမွာက္သည္။ စက္တင္ဘာ ၂၂ ရက္ ေဒၚေအာင္ဆန္းစုၾကည္ အိမ္ေရွ႕သို႔ သြားေရာက္ ေမတၱာပို႔ခဲ့ရာ ေဒၚေအာင္ဆန္းစုၾကည္ကလည္း မရမေနထြက္ကာ မ်က္ရည္ဝဲလ်က္ ရွိခိုးကန္ေတာ့ခဲ့သည္။

ဤသို႔ျဖင့္ လူသိန္းခ်ီပါဝင္ေသာ ဆႏၵျပပြဲမ်ား အံုးအံုးၾကြက္ၾကြက္ ေပၚေပါက္ကာ ေက်ာ္သူ၊ ဇာဂနာ၊ ေအာင္ေဝး၊ စံလင္း စသည့္ ႐ုပ္ရွင္၊ ဂီတ စာေပအႏုပညာရွင္မ်ား အပါအဝင္ အဖြဲ႔အစည္း အသီသီကလည္း သံဃာလႈပ္ရွားမႈကို ေထာက္ခံေၾကာင္း တရားဝင္ ေၾကညာခဲ့သည္။

ေရႊတိဂံုေစတီေတာ္၌ စုေဝးေမတၱာပို႔သမႈကို လံုၿခံဳေရးတပ္ဖြဲ႔မ်ားက စတင္အၾကမ္းဖက္ခဲ့ရာ အနည္းဆံုး သံဃာ ၅ ပါး ပ်ံလြန္ခဲ့ရသည္။ ရန္ကုန္၊ မႏၱေလး၊ မိုးကုတ္၊ စစ္ေတြတို႔တြင္လည္း အၾကမ္းဖက္ ႏွိမ္နင္းမႈမ်ား လုပ္ခဲ့သည္။

ဗုဒၶဘုရားရွင္သည္ ေလာက၏ အက်ဳိးရွိရာ ရွိေၾကာင္းႏွင့္ လူေတြ၏ အက်ဳိးရွိရာ ရွိေၾကာင္း အလုပ္မ်ားကို လုပ္ေဆာင္ၾကဖုိ႔ ညႊန္ၾကားခဲ့သလုိ ေလာကႀကီး ၿငိမ္းခ်မ္းသာယာေအာင္ လုပ္ေဆာင္ၾကဖုိ႔ ရဟန္းေတာ္ေတြကို တုိက္တြန္းခဲ့သည္။ သူကုိယ္တုိင္လည္း စံျပႏုိင္ငံေရးသမားႀကီး၊ ၿငိမ္းခ်မ္းေရးသမားႀကီးအျဖစ္ ရပ္တည္သြားခဲ့သည္။

ရဟန္းေတာ္ေတြ ႏုိင္ငံေရး မလုပ္ေကာင္း၊ ရဟန္းကိစၥ ႏွစ္ဓုရ ဆုိသည့္အတုိင္း ဝိပႆနာဓုရႏွင့္ ဂႏၴဓုရ ႏွစ္ပါးသာ လုပ္ရမည္ဟု ယခင္စစ္အစုိးရက ဝါဒျဖန္႔ အတင္းအက်ပ္ ပိတ္ပင္တားဆီးခဲ့ေသာ္လည္း ၂၀၀၇ ေရႊဝါေရာင္ ေတာ္လွန္ေရးႀကီး ေပၚေပါက္လာခဲ့ၿပီး သံဃာေတာ္မ်ား လူထုႏွင့္ တစ္သားတည္း ရွိေၾကာင္းကို ျပသခဲ့ၾကသည္။

စစ္အစုိးရ၏ ႏွိမ္နင္းမႈေၾကာင့္ ဦးေဆာင္ပါဝင္ လႈပ္ရွားခဲ့ၾကသည့္ သံဃာ့ေခါင္းေဆာင္မ်ား ျပည္ပသုိ႔ ထြက္ေျပးသူက ထြက္ေျပး၊ ျပည္တြင္း၌ အဖမ္းခံရသူမ်ားသည္လည္း ေထာင္တြင္းတြင္ ႏွိပ္စက္ညွဥ္းပမ္းမႈမ်ား ခံခဲ့ရပါသည္။

ကုန္ေစ်းႏႈန္း ေလ်ာ့က်ေရး၊ ၿငိမ္းခ်မ္းေရး ရရွိေရး၊ အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ေရးတို႔ကို ေတာင္းဆိုကာ ၿငိမ္းခ်မ္းစြာ လမ္းေလွ်ာက္ ေမတၱာပို႔ လႈပ္ရွားမႈ လုပ္ေဆာင္ခဲ့သည့္ သံဃာေတာ္မ်ား အၾကမ္းဖက္ ၿဖဳိခြင္းခံလိုက္ရသည့္ ေရႊဝါေရာင္ ေတာ္လွန္ေရးမွာ ယေန႔ စက္တင္ဘာလ ၁၈ ေန႔ဆိုလွ်င္ ၁၁ ႏွစ္ျပည့္ၿပီ ျဖစ္သည္။

ေရႊဝါေရာင္ အရွင္ထာဝရ (ေနာ္ေဝ)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

၁၁ နှစ်ပြည့်် ရွှေဝါရောင်တော်လှန်ရေး (သို့) ဝေးအတိတ်က သွေးမတိတ်သေးဘူး

ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

၂၀ဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် စစ်အုပ်စုက လောင်စာဆီဈေးနှုန်းတွေ အကြောင်းပြချက်မပေး၊ ကြိုတင် အသိပေးခြင်း မရှိဘဲ မတန်တဆဈေးနှုန်းတွေ မြှင့်တင်လိုက်မှုကြောင့် ဦးမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက သြဂုတ်လ ၁၉ တွင် အသံတိတ် လမ်းလျှောက်ပွဲတစ်ခု ဆင်နွဲခဲ့ရာမှ စတင်ခဲ့သည်။

ထို့နောက် စက်တင်ဘာ ၅ တွင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ သံဃာတော် ရာနဲ့ချီပြီး ကုန်ဈေးနှုန်း ကျဆင်းရေး ပိုစတာများကို ကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ဖောက် လူစုခွဲပြီး သံဃာအချို့ကို ဖမ်းဆီး ရိုက်နှက်ခဲ့ရာ အခြေအနေပို၍ ဆိုးဝါးလာခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် မြန်မာ သံဃာအဖွဲ့အစည်း အားလုံး တစ်စုတစ်စည်းတည်း ဖွဲ့စည်းလိုက်ပြီး စစ်အစိုးရကို တောင်းဆိုချက် ၄ ခု တောင်းဆိုသည်။ ပခုက္ကူဆန္ဒပြမှုနှင့် ပတ်သက်ပြီး သံဃာထု ကျေနပ်ခွင့်လွှတ်သည်အထိ တောင်းပန်ဖို့၊ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ချက်ချင်း ချပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးဖို့တို့ ဖြစ်သည်။

ဤအချက်များကို နောက်ဆုံးတောင်းဆိုထားသည့် စက်တင်ဘာ ၁၇ ရက် အထိ မဖော်ဆောင်သဖြင့် စက်တင်ဘာ ၁၈ ရက်တွင် စတင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ကမ္မဝါဖတ်၍ သပိတ်မှောက်သည်။ စက်တင်ဘာ ၂၂ ရက် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ သွားရောက် မေတ္တာပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း မရမနေထွက်ကာ မျက်ရည်ဝဲလျက် ရှိခိုးကန်တော့ခဲ့သည်။

ဤသို့ဖြင့် လူသိန်းချီပါဝင်သော ဆန္ဒပြပွဲများ အုံးအုံးကြွက်ကြွက် ပေါ်ပေါက်ကာ ကျော်သူ၊ ဇာဂနာ၊ အောင်ဝေး၊ စံလင်း စသည့် ရုပ်ရှင်၊ ဂီတ စာပေအနုပညာရှင်များ အပါအဝင် အဖွဲ့အစည်း အသီသီကလည်း သံဃာလှုပ်ရှားမှုကို ထောက်ခံကြောင်း တရားဝင် ကြေညာခဲ့သည်။

ရွှေတိဂုံစေတီတော်၌ စုဝေးမေတ္တာပို့သမှုကို လုံခြုံရေးတပ်ဖွဲ့များက စတင်အကြမ်းဖက်ခဲ့ရာ အနည်းဆုံး သံဃာ ၅ ပါး ပျံလွန်ခဲ့ရသည်။ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ စစ်တွေတို့တွင်လည်း အကြမ်းဖက် နှိမ်နင်းမှုများ လုပ်ခဲ့သည်။

ဗုဒ္ဓဘုရားရှင်သည် လောက၏ အကျိုးရှိရာ ရှိကြောင်းနှင့် လူတွေ၏ အကျိုးရှိရာ ရှိကြောင်း အလုပ်များကို လုပ်ဆောင်ကြဖို့ ညွှန်ကြားခဲ့သလို လောကကြီး ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်ကြဖို့ ရဟန်းတော်တွေကို တိုက်တွန်းခဲ့သည်။

သူကိုယ်တိုင်လည်း စံပြနိုင်ငံရေးသမားကြီး၊ ငြိမ်းချမ်းရေးသမားကြီးအဖြစ် ရပ်တည်သွားခဲ့သည်။ ရဟန်းတော်တွေ နိုင်ငံရေး မလုပ်ကောင်း၊ ရဟန်းကိစ္စ နှစ်ဓုရ ဆိုသည့်အတိုင်း ဝိပဿနာဓုရနှင့် ဂန္ထဓုရ နှစ်ပါးသာ လုပ်ရမည်ဟု ယခင်စစ်အစိုးရက ဝါဒဖြန့် အတင်းအကျပ် ပိတ်ပင်တားဆီးခဲ့သော်လည်း ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ပြီး သံဃာတော်များ လူထုနှင့် တစ်သားတည်း ရှိကြောင်းကို ပြသခဲ့ကြသည်။

စစ်အစိုးရ၏ နှိမ်နင်းမှုကြောင့် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ကြသည့် သံဃာ့ခေါင်းဆောင်များ ပြည်ပသို့ ထွက်ပြေးသူက ထွက်ပြေး၊ ပြည်တွင်း၌ အဖမ်းခံရသူများသည်လည်း ထောင်တွင်းတွင် နှိပ်စက်ညှဉ်းပမ်းမှုများ ခံခဲ့ရပါသည်။

ကုန်ဈေးနှုန်း လျော့ကျရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့ကို တောင်းဆိုကာ ငြိမ်းချမ်းစွာ လမ်းလျှောက် မေတ္တာပို့ လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည့် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းခံလိုက်ရသည့် ရွှေဝါရောင် တော်လှန်ရေးမှာ ယနေ့ စက်တင်ဘာလ ၁၈ နေ့ဆိုလျှင် ၁၁ နှစ်ပြည့်ပြီ ဖြစ်သည်။

?bph6