ပညာေရးျဖင့္ ေခတ္မီတုိးတက္ေသာ ကမာၻႀကီးကုိ တည္ေဆာက္ေနတဲ့ ဒိန္းမတ္ႏိုင္ငံ

0
345

ဒီတပတ္ ေဆာင္းပါးမွာေတာ့ ဥေရာပသမဂၢ ႏိုင္ငံထဲက တစ္ႏိုင္ငံျဖစ္တဲ့ ဒိန္းမတ္ႏိုင္ငံရဲ႕ ပညာေရး စနစ္အေၾကာင္း ေဖာ္ျပေပးမွာပါ။

ဒိန္းမတ္ႏိုင္ငံဟာ ပညာေရးကုိ အထူးအားေပးတဲ့ ႏိုင္ငံျဖစ္ၿပီး ၁၈၁၄ ခုုႏွစ္ ကတည္းကစလုိ႔ မူလတန္းပညာ မသင္မေနရစနစ္ကုိ က်င့္သုံးခဲ့တဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒိန္းမတ္ႏိုင္ငံသားတုိင္းနီးပါး (၉၉ ရာခိုင္ႏႈန္း) ဟာ စာတတ္ေျမာက္ၾကပါတယ္။ အခမဲ့ပညာေရးစနစ္ကုိ က်င့္သုံးတာေၾကာင့္ ဒိန္းမတ္ႏိုင္ငံမွာ ေက်ာင္းတက္တဲ့ ႏိုင္ငံသားေတြဟာ ေက်ာင္းတက္ရာမွာ ပုိက္ဆံမကုန္တဲ့အျပင္ ပုိက္ဆံေတာင္ရပါေသးတယ္။

တစ္ႏိုင္ငံလုံး မူလတန္းပညာ မသင္မေနရစနစ္ကုိ ျပဌာန္းထားတာနဲ႔အညီ မူလတန္းနဲ႔ အလယ္တန္း ေက်ာင္းသားေတြအတြက္ ေက်ာင္းလခ ေထာက္ပံ့ေပးတာတင္ မကဘဲ မိဘေတြရဲ႕ စီးပြားေရး အေျခအေနကုိပါ ၾကည့္ၿပီး ေနစရိတ္၊ စားစရိတ္ စသျဖင့္ ဆက္လက္ ေထာက္ပံ့ေပးႏိုင္တဲ့ မူဝါဒမ်ိဳးကုိပါ က်င့္သုံးပါတယ္။

အလယ္တန္း၊ အထက္တန္းနဲ႔ တကၠသိုလ္ေက်ာင္းသား အားလုံးကုိ ပုိက္ဆံေပးပါတယ္။ မူလတန္းကစလုိ႔ တကၠသိုလ္ အဆင့္မွာေတာင္ ပါရဂူရဘြဲ႔ ရတဲ့အထိ ေက်ာင္းတက္ႏိုင္တယ္ဆုိ ေက်ာင္းလခကုိ အစုိးရက စုိက္ထုတ္ေပးေလ့ ရွိသလုိ ေထာက္ပံ့ေၾကးေတာင္ ခ်ီးျမွင့္ေလ့ ရွိပါေသးတယ္။ အသက္ ၁၈ ကေန ၂၀ ဝန္းက်င္ ေကာလိပ္တန္း၊ တကၠသိုလ္တန္း ဝင္ဖို႔ ေျဖဆုိေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကိုေတာ့ တစ္လကို အေမရိကန္ေဒၚလာ ၉၆၀ ေထာက္ပံ့ပါတယ္။ ဆင္းရဲတယ္ဆုိတာကို သက္ေသ အေထာက္အထားနဲ႔ ျပႏိုင္ရင္ တစ္မိသားစုလံုး စားေသာက္ဖို႔ေတာင္ ေထာက္ပံ့ပါတယ္။

ေကာလိပ္၊ တကၠသိုလ္၊ ဒီဂရီ ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ ေထာက္ပံ့ေၾကးက ပိုမ်ားပါတယ္။ တစ္လကို အေမရိကန္ေဒၚလာ ၉၆၀ နဲ႔ မေလာက္တဲ့အတြက္ အေျခအေနကုိၾကည့္ၿပီး ေထာက္ပံ့ပါတယ္။ ဒီအတြက္ ေျခာက္ႏွစ္သတ္မွတ္ ေပးထားပါတယ္။ ေျခာက္ႏွစ္စာ ေထာက္ပံ့ေပးၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာသင္ကာလ အတြင္းမွာ အခ်ိန္ အဆုံးခံႏိုင္လုိ႔ အထူးျပဳဘာသာ ေျပာင္းခဲ့မယ္ ဆိုရင္ေတာင္ ေထာက္ပံ့ေၾကးက ေပးၿမဲေပးဆဲပါ။

မသန္စြမ္းေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ ေထာက္ပံ့ေၾကးဟာလည္း အသက္အရြယ္ အားလုံး အက်ဳံးဝင္ပါတယ္။ သာမန္ရေနတဲ့ ေထာက္ပံ့ေၾကးအျပင္ တစ္လကို အေမရိကန္ေဒၚလာ ၁၃၆၄ ေဒၚလာ အပို ထပ္ရပါေသးတယ္။
တကၠသိုလ္ဘြဲ႔ရၿပီး မာစတာ တက္မယ့္သူမ်ားက ေကာလိပ္အဆင့္ (Tertiary education) မွာ မပါေတာ့တဲ့အတြက္ ေထာက္ပံ့ေၾကးေငြ မရေတာ့ပါဘူး။ ဒါေပမယ့္ ဒီထက္ ပိုေကာင္းတာ ရပါတယ္။ တကၠသိုလ္ရဲ႕ သုေသတနဌာနေတြမွာ အလုပ္ရၿပီး သူတို႔ရဲ႕ တစ္ႏွစ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၁၈၀၀၀ ဝန္းက်င္မွာ ရွိပါတယ္။ Ph.D တက္ေနတုန္း အခက္အခဲေတြကို ေသခ်ာေထာက္ျပ တင္ျပႏိုင္ရင္ ေထာက္ပံ့ေၾကးေငြလည္း ဆက္ရဦးမွာ ျဖစ္ပါတယ္။

အဲဒီ ေငြေတြကို ဒိန္းမတ္အစိုးရက အလကား ေပးလိုက္တယ္လို႔ မသတ္မွတ္ပါဘူး။ တစ္ေန႔ လုပ္ငန္းခြင္ ဝင္တဲ့အခါ ျပန္ဆပ္ရမယ္ဆုိတဲ့ ေခ်းေငြသေဘာနဲ႔ ေပးတာျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာင္းၿပီးလုိ႔ ၁၅ ႏွစ္ၾကာေတာင္ ဒီေခ်းေငြကုိ ျပန္မေပးလည္း ဘာဥပေဒနဲ႔မွ ၿငိစြန္းမႈွ မရွိဘူးလို႔ ဆုိပါတယ္။

ဒါေၾကာင့္ ဒိန္းမတ္ႏိုင္ငံဟာ ပညာေရးစနစ္တစ္ခုလံုး အခမဲ့ ျဖစ္တဲ့အျပင္ ပိုက္ဆံေတာင္ ရပါေသးတယ္။ ႏိုင္ငံကေသး၊ လူဦးေရကလည္းနည္း၊ ဝင္ေငြမ်ားတဲ့ တိုင္းျပည္လည္းျဖစ္ေတာ့ ပညာေရးစနစ္ကို အေကာင္းဆံုး ဖန္တီးပါတယ္။ အပိုတက္ရတဲ့ က်ဴရွင္လည္း မရွိပါဘူး။ ဒီေန႔အထိ ပညာေရးစနစ္တစ္ခုလံုး အခမဲ့ျဖစ္ၿပီး ေက်ာင္းသားေတြကုိေတာင္ ပုိက္ဆံေပးတဲ့အတြက္ ကမာၻမွာ ထူးျခားအံ့ၾသဖြယ္ ပညာေရး ဦးစားေပးတဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရတဲ့ ႏိုင္ငံပါ။

ဒိန္းမတ္ႏိုင္ငံမွာ အေျခခံပညာေရး ၿပီးတဲ့ေနာက္ အဆင့္ျမင့္ပညာ သင္ၾကားေရးကုိ ဆက္လက္ ေလ့လာႏိုင္ေအာင္ ပံ့ပုိးမႈေတြ ေပးသလုိ အသက္ေမြးဝမ္းေၾကာင္း ပညာရပ္ေတြ ျဖစ္တဲ့ စက္မႈပညာသင္ေက်ာင္း၊ ကူးသန္းေရာင္းဝယ္ေရး ပညာသင္ေက်ာင္း၊ စုိက္ပ်ိဳးေရး သင္တန္းေက်ာင္း စသျဖင့္ သင္ၾကားႏိုင္ေအာင္လည္း သက္ေမြးဝမ္းေၾကာင္း ပညာရပ္ေတြကုိ သင္ၾကားတဲ့ ေက်ာင္းေတြ ေျမာက္ျမားစြာ ဖြင့္လွစ္ေပးထားပါေသးတယ္။

ဒိန္းမတ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ ကုိပင္ေဟဂင္နဲ႔ ေအာဟု (စ္) ၿမိဳ႕ေတြမွာ တကၠသုိလ္ေက်ာင္းေတြ ရွိပါတယ္။ အမ်ဳိးသမီးေတြဟာ ကုိယ့္ဝမ္းကုိယ္ေက်ာင္းႏုိင္တဲ့ အရည္အခ်င္းလည္းရွိၿပီး ကုိယ္ပုိင္အလုပ္ေတြ ကုိယ္စီရွိၾကရာ အလုပ္အခ်ိန္မွာ သူတုိ႔ ကေလးေတြကုိ ထိန္းေပးဖို႔ ကေလမ်ား ေဂဟာေတြကုိ ႏုိင္ငံနဲ႔ အဝန္းမွာ တည္ေထာင္ထားၾကပါတယ္။

ဒိန္းမတ္အစုိးဟာ ျပည္သူလူထုရဲ႕ အေျခခံအက်ဆုံးေသာ ပညာေရးမႈဝါဒေတြ ေရးဆြဲခ်မွတ္ရာမွာ အေထာက္အကူ ျပဳႏုိင္မယ့့္ ခုိင္မာေသာ သတင္းအခ်က္အလက္ေတြ ေဖာ္ထုတ္ရယူဖို႔ ရည္သန္ၿပီး ဘက္စုံပညာေရးက႑ ျပန္လည္သုံးသပ္မႈကုိ အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ ဒိန္းမတ္အစုိးရက ပညာေရးက႑ကုိ အားျဖည့္ျမွင့္တင္ေရးအတြက္ မႈဝါဒေတြ၊ အစီအမံေတြနဲ႔ ဥပေဒေတြ ေရးဆြဲျပ႒ာန္းကာ သမၼတ႐ုံး လက္ေအာက္မွာ လုပ္ငန္းအဖြဲ႔တစ္ရပ္ ဖြဲ႔စည္း ေဆာင္ရြက္ခဲ့ပါတယ္။

ပညာေရးျပဳျပင္ေျပာင္းလဲမႈမွာ အဓိက အေရးပါသူေတြက လႊတ္ေတာ္အမတ္မ်ား၊ စာေပယဥ္ေက်းမႈ ဌာနမ်ား၊ ဖြံ႕ၿဖိဳးေရးဆုိင္ရာ မိတ္ဘက္အဖြဲ႔အစည္းမ်ားျဖစ္ၿပီး ျပည္တြင္းနဲ႔ ႏုိင္ငံတကာ ပညာေရး ျပဳျပင္ေျပာင္းလဲမႈဆုိင္ရာ ကိစၥရပ္မ်ားကုိ လႊတ္ေတာ္အမတ္မ်ားက ဥပေဒေတြ ခ်မွတ္ၾကပါတယ္။

မိမိတုိ႔ ျမန္မာႏိုင္ငံ ျပဳျပင္ေျပာင္းလဲေရးအတြက္ အဓိက လုပ္ငန္းစဥ္ေတြကုိ အေကာင္အထည္ ေဖာ္ေဆာင္လ်က္ ရွိေပမယ့္ ပညာေရးဖြံ႔ၿဖိဳးေရး ပန္းတုိင္ေတြဆီမွာ ပညာေရးဆုိင္ရာ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ လူတုိင္းအတြက္ ပညာေရးပန္းတုိင္ေတြဆီ အမီအေရာက္လွမ္းႏုိင္ေရး စိန္ေခၚမႈ အေျမာက္အမ်ား က်န္ရွိေနေသးပါတယ္။ ကေလးသူငယ္ေပါင္း ေျမာက္မ်ားစြာဟာ ဆင္းရဲႏြမ္းပါးမႈေၾကာင့္ ေက်ာင္းတက္ႏုိင္တဲ့ အခြင့္အေရးမ်ား မရွိျခင္း၊ လက္လွမ္းမမီျခင္း၊ ပညာေရး အရည္အေသြး အားနည္းျခင္း၊ ဒါမွမဟုတ္ ပဋိပကၡ အေျခအေနေတြ စတာတြေၾကာင့္ စာသင္ေက်ာင္း ျပင္ပမွာ ရွိေနဆဲျဖစ္ပါတယ္။

မိမိေနထုိင္ရာ အေနာက္တုိင္းမွာ ပညာေရးရဲ႕ မႈလဟာ ဘာသာေရးနဲ႔ မ်ားစြာ ေပါင္းစပ္ေနေၾကာင္း ေတြ႔ရပါတယ္။ ခရစ္ယာန္ ဘုန္းေတာ္ႀကီးေတြေတြဟာ လူငယ္ေတြကို ပုံစံသြင္းဖို႔၊ ျပဳျပင္ဖို႔၊ ေက်ာင္းစနစ္ကုိ ထိမ္းသိမ္းဖို႔ဆုိတဲ့ ေကာင္းျမတ္တဲ့ စိတ္သေဘာထားနဲ႔ စတင္ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။ ဥေရာပရွိ ပထမဦးဆုံးေသာ တကၠသုိလ္ေတြဟာ ကက္သလစ္ဘာသာမွာ အေျခခံတဲ့ ေက်ာင္းေတြ ျဖစ္ပါတယ္။

ေနာက္ပုိင္း ပညာေရးမွာ ဆင္းရဲသားေတြအတြက္ အခမဲ့ပညာေရးစနစ္ေတြ စတင္လာခဲ့ရာမွာ ခရစ္ယာန္ ဘုန္းႀကီး မဟုတ္တဲ့့ လူဆရာေတြကုိ ခန္႔အပ္တဲ့ ေတာ္လွန္ေျပာင္းလဲေရးေတြ ၁၅၆၁ ခုႏွစ္က စတင္ကာ စေကာ့တလန္ႏုိင္ငံမွာ ေပၚထြန္းလာပါတယ္။ ၁၆၃၃ ခုႏွစ္မွာ စေကာ့တလန္ ပါလီမန္ဟာ ပညာေရးအတြက္ အခေၾကးေငြေပးရမယ့္ အက္ဥပေဒကုိ စတင္ထုတ္ျပန္ခဲ့ပါတယ္။ ၁၇ ရာစု အကုန္မွာ စေကာ့တလန္ ပညာေရးဟာ လူတုိင္း စာတတ္ေျမာက္ေရးကုိ ဦးတည္လာခဲ့႐ံုမက ျမင့္ျမတ္တဲ့ လူတန္းစားကလြဲၿပီး သင္ၾကားတဲ့ သီးျခားပညာေရးစနစ္ကုိ စတင္ ေဆာင္ရြက္လာႏုိင္ခဲ့ပါတယ္။

မိမိတုိ႔ ေနထုိင္ရာ ကမာၻႀကီးမွာ အသိပညာေခတ္ သမုိင္းမွာ ရွိခဲ့ဖူးပါတယ္။ အဲဒီေခတ္ဟာ ဘာသာေရးနဲ႔ ပညာေရးၾကားမွာ ျပႆနာပြားေစခဲ့တဲ့ ကာလလည္း ျဖစ္ပါတယ္။ ႐ႈးဆုိး (Jean-jacques Rousseau) ဟာ အစဥ္အလာ ဘာသာေရး အေျခခံပညာေရးစနစ္ရဲ႕ လႊမ္းမုိးမႈကုိ တြန္းလွန္ၿပီး ကေလးသူငယ္ေတြကုိ ဖြံ႔ၿဖိဳးတုိးတက္ေစဖို႔ လူသားအေျခခံ အသိတရားေတြနဲ႔သာ သင္ၾကားေပးသင့္ေၾကာင္း ေျပာခဲ့ပါတယ္။

လူ႔သမုိင္းမွာ ၁၉ ရာစုက ျဖစ္ပြာခဲ့တဲ့ စက္မႈေတာ္လွန္ေရးက လူထုကုိ စည္းကမ္းလုိက္နာတတ္မႈရဲ႕ အေရးပါပုံကုိ သာမက အလုပ္သမားမ်ားဟာ အေျခခံပညာ အနည္းဆုံး ရွိသင့္တယ္ဆုိတဲ့ သေဘာတရားေတြကုိပါ ေပးသြားခဲ့ပါတယ္။ ဒီအေျခအေနမွာ လူတုိင္းျဖစ္ေပၚလာတဲ့ ဆႏၵနဲ႔ ေတာင္းဆုိမႈေတြကႏုိင္ငံေတာ္အေနနဲ႔ ေက်ာင္းဟူ၍ သတ္မွတ္ေပးေရး၊ သတ္မွတ္ေပးတဲ့ ေက်ာင္းေတြမွာ သင္႐ုိးညႊန္းတမ္းေတြကုိ သတ္မွတ္ျပ႒ာန္း သင္ၾကားေပးေရးတုိ႔ ျဖစ္ပါတယ္။

ယေန႔ ၂၁ ရာစုမွာ အသက္ေမြးဝမ္းေၾကာင္း ပညာေရးက ေနာက္ဆက္တြဲအျဖစ္ လုိက္ပါဖြံ႔ၿဖိဳးလာျပန္ပါတယ္။
စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္လာတာနဲ႔အမွ် လုပ္ငန္းခြင္ ကြ်မ္းက်င္သူေတြ ေပၚထြန္းေရးက အစဥ္အလာ ပညာေရးထက္ လူသားတုိ႔ဆႏၵအရ ထပ္မံေတာင္းဆုိလာတဲ့ ပညာေရးစနစ္ ျဖစ္လာခဲ့ပါတယ္။ ဒိန္းမတ္နဲ႔ အေနာက္တုိင္း ဥေရာပ ႏုိင္ငံတုိ႔မွာ လုပ္ခြင္ပညာေရး၊ အလုပ္လုပ္ရင္း ပညာသင္ေရး၊ လုပ္သားပညာေရးတို႔ဟာ ေနာက္ဆက္တြဲ ေပၚထြန္းလာတဲ့ စနစ္ေတြ ျဖစ္လာပါတယ္။ ယေန႔ ဒိန္းမတ္ႏုိင္ငံမွာ လက္ေတြ႔သင္ၾကားေနၾကၿပီး ပညာေရးျဖင့္ ေခတ္မီတုိးတက္္ေသာ ကမာၻႀကီးကုိ တည္ေဆာက္ေနၾကၿပီ ျဖစ္ပါတယ္။

ေရႊဝါေရာင္ အရွင္ထာဝရ (ေနာ္ေဝ)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီတပတ် ဆောင်းပါးမှတော့ ဥရောပသမဂ္ဂ နိုင်ငံထဲက တစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေး စနစ်အကြောင်း ဖော်ပြပေးမှာပါ။

ဒိန်းမတ်နိုင်ငံဟာ ပညာရေးကို အထူးအားပေးတဲ့ နိုင်ငံဖြစ်ပြီး ၁၈၁၄ ခုနှစ် ကတည်းကစလို့ မူလတန်းပညာ မသင်မနေရစနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒိန်းမတ်နိုင်ငံသားတိုင်းနီးပါး (၉၉ ရာခိုင်နှုန်း) ဟာ စာတတ်မြောက်ကြပါတယ်။ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးတာကြောင့် ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်တဲ့ နိုင်ငံသားတွေဟာ ကျောင်းတက်ရာမှာ ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံတောင်ရပါသေးတယ်။

တစ်နိုင်ငံလုံး မူလတန်းပညာ မသင်မနေရစနစ်ကို ပြဌာန်းထားတာနဲ့အညီ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေအတွက် ကျောင်းလခ ထောက်ပံ့ပေးတာတင် မကဘဲ မိဘတွေရဲ့ စီးပွားရေး အခြေအနေကိုပါ ကြည့်ပြီး နေစရိတ်၊ စားစရိတ် စသဖြင့် ဆက်လက် ထောက်ပံ့ပေးနိုင်တဲ့ မူဝါဒမျိုးကိုပါ ကျင့်သုံးပါတယ်။

အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသား အားလုံးကို ပိုက်ဆံပေးပါတယ်။ မူလတန်းကစလို့ တက္ကသိုလ် အဆင့်မှာတောင် ပါရဂူရဘွဲ့ ရတဲ့အထိ ကျောင်းတက်နိုင်တယ်ဆို ကျောင်းလခကို အစိုးရက စိုက်ထုတ်ပေးလေ့ ရှိသလို ထောက်ပံ့ကြေးတောင် ချီးမြှင့်လေ့ ရှိပါသေးတယ်။ အသက် ၁၈ ကနေ ၂၀ ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ပါတယ်။

ကောလိပ်၊ တက္ကသိုလ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့ မလောက်တဲ့အတွက် အခြေအနေကိုကြည့်ပြီး ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ် ပေးထားပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကာလ အတွင်းမှာ အချိန် အဆုံးခံနိုင်လို့ အထူးပြုဘာသာ ပြောင်းခဲ့မယ် ဆိုရင်တောင် ထောက်ပံ့ကြေးက ပေးမြဲပေးဆဲပါ။

မသန်စွမ်းကျောင်းသူ၊ ကျောင်းသားတွေအတွက် ထောက်ပံ့ကြေးဟာလည်း အသက်အရွယ် အားလုံး အကျုံးဝင်ပါတယ်။ သာမန်ရနေတဲ့ ထောက်ပံ့ကြေးအပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပို ထပ်ရပါသေးတယ်။
တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့်သူများက ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ပါဘူး။ ဒါပေမယ့် ဒီထက် ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့ သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀ဝ၀ ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲတွေကို သေချာထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရဦးမှာ ဖြစ်ပါတယ်။

အဲဒီ ငွေတွေကို ဒိန်းမတ်အစိုးရက အလကား ပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင် ဝင်တဲ့အခါ ပြန်ဆပ်ရမယ်ဆိုတဲ့ ချေးငွေသဘောနဲ့ ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းပြီးလို့ ၁၅ နှစ်ကြာတောင် ဒီချေးငွေကို ပြန်မပေးလည်း ဘာဥပဒေနဲ့မှ ငြိစွန်းမှှု မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေကလည်းနည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်းဖြစ်တော့ ပညာရေးစနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ အပိုတက်ရတဲ့ ကျူရှင်လည်း မရှိပါဘူး။ ဒီနေ့အထိ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံပါ။

ဒိန်းမတ်နိုင်ငံမှာ အခြေခံပညာရေး ပြီးတဲ့နောက် အဆင့်မြင့်ပညာ သင်ကြားရေးကို ဆက်လက် လေ့လာနိုင်အောင် ပံ့ပိုးမှုတွေ ပေးသလို အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ ဖြစ်တဲ့ စက်မှုပညာသင်ကျောင်း၊ ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း၊ စိုက်ပျိုးရေး သင်တန်းကျောင်း စသဖြင့် သင်ကြားနိုင်အောင်လည်း သက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သင်ကြားတဲ့ ကျောင်းတွေ မြောက်မြားစွာ
ဖွင့်လှစ်ပေးထားပါသေးတယ်။

ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင်နဲ့ အောဟု (စ်) မြို့တွေမှာ တက္ကသိုလ်ကျောင်းတွေ ရှိပါတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်တဲ့ အရည်အချင်းလည်းရှိပြီး ကိုယ်ပိုင်အလုပ်တွေ ကိုယ်စီရှိကြရာ အလုပ်အချိန်မှာ သူတို့ ကလေးတွေကို ထိန်းပေးဖို့ ကလေများ ဂေဟာတွေကို နိုင်ငံနဲ့ အဝန်းမှာ တည်ထောင်ထားကြပါတယ်။

ဒိန်းမတ်အစိုးဟာ ပြည်သူလူထုရဲ့ အခြေခံအကျဆုံးသော ပညာရေးမှုဝါဒတွေ ရေးဆွဲချမှတ်ရာမှာ အထောက်အကူ ပြုနိုင်မယ့် ခိုင်မာသော သတင်းအချက်အလက်တွေ ဖော်ထုတ်ရယူဖို့ ရည်သန်ပြီး ဘက်စုံပညာရေးကဏ္ဍ ပြန်လည်သုံးသပ်မှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒိန်းမတ်အစိုးရက ပညာရေးကဏ္ဍကို အားဖြည့်မြှင့်တင်ရေးအတွက် မှုဝါဒတွေ၊ အစီအမံတွေနဲ့ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းကာ သမ္မတရုံး လက်အောက်မှာ လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အဓိက အရေးပါသူတွေက လွှတ်တော်အမတ်များ၊ စာပေယဉ်ကျေးမှု ဌာနများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းများဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်အမတ်များက ဥပဒေတွေ ချမှတ်ကြပါတယ်။

မိမိတို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်လျက် ရှိပေမယ့် ပညာရေးဖွံ့ဖြိုးရေး ပန်းတိုင်တွေဆီမှာ ပညာရေးဆိုင်ရာ မျှော်မှန်းချက်တွေနဲ့ လူတိုင်းအတွက် ပညာရေးပန်းတိုင်တွေဆီ အမီအရောက်လှမ်းနိုင်ရေး စိန်ခေါ်မှု အမြောက်အများ ကျန်ရှိနေသေးပါတယ်။ ကလေးသူငယ်ပေါင်း မြောက်များစွာဟာ ဆင်းရဲနွမ်းပါးမှုကြောင့် ကျောင်းတက်နိုင်တဲ့ အခွင့်အရေးများ မရှိခြင်း၊ လက်လှမ်းမမီခြင်း၊ ပညာရေး အရည်အသွေး အားနည်းခြင်း၊ ဒါမှမဟုတ် ပဋိပက္ခ အခြေအနေတွေ စတာတွကြောင့် စာသင်ကျောင်း ပြင်ပမှာ ရှိနေဆဲဖြစ်ပါတယ်။

မိမိနေထိုင်ရာ အနောက်တိုင်းမှာ ပညာရေးရဲ့ မှုလဟာ ဘာသာရေးနဲ့ များစွာ ပေါင်းစပ်နေကြောင်း တွေ့ရပါတယ်။ ခရစ်ယာန် ဘုန်းတော်ကြီးတွေတွေဟာ လူငယ်တွေကို ပုံစံသွင်းဖို့၊ ပြုပြင်ဖို့၊ ကျောင်းစနစ်ကို ထိမ်းသိမ်းဖို့ဆိုတဲ့ ကောင်းမြတ်တဲ့ စိတ်သဘောထားနဲ့ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပရှိ ပထမဦးဆုံးသော တက္ကသိုလ်တွေဟာ ကက်သလစ်ဘာသာမှာ အခြေခံတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။

နောက်ပိုင်း ပညာရေးမှာ ဆင်းရဲသားတွေအတွက် အခမဲ့ပညာရေးစနစ်တွေ စတင်လာခဲ့ရာမှာ ခရစ်ယာန် ဘုန်းကြီး မဟုတ်တဲ့ လူဆရာတွေကို ခန့်အပ်တဲ့ တော်လှန်ပြောင်းလဲရေးတွေ ၁၅၆၁ ခုနှစ်က စတင်ကာ စကော့တလန်နိုင်ငံမှာ ပေါ်ထွန်းလာပါတယ်။ ၁၆၃၃ ခုနှစ်မှာ စကော့တလန် ပါလီမန်ဟာ ပညာရေးအတွက် အခကြေးငွေပေးရမယ့် အက်ဥပဒေကို စတင်ထုတ်ပြန်ခဲ့ပါတယ်။ ၁၇ ရာစု အကုန်မှာ စကော့တလန် ပညာရေးဟာ လူတိုင်း စာတတ်မြောက်ရေးကို ဦးတည်လာခဲ့ရုံမက မြင့်မြတ်တဲ့ လူတန်းစားကလွဲပြီး သင်ကြားတဲ့ သီးခြားပညာရေးစနစ်ကို စတင် ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။

မိမိတို့ နေထိုင်ရာ ကမ္ဘာကြီးမှာ အသိပညာခေတ် သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီခေတ်ဟာ ဘာသာရေးနဲ့ ပညာရေးကြားမှာ ပြဿနာပွားစေခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။ ရှုးဆိုး (Jean-jacques Rousseau) ဟာ အစဉ်အလာ ဘာသာရေး အခြေခံပညာရေးစနစ်ရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ပြီး ကလေးသူငယ်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ လူသားအခြေခံ အသိတရားတွေနဲ့သာ သင်ကြားပေးသင့်ကြောင်း ပြောခဲ့ပါတယ်။

လူ့သမိုင်းမှာ ၁၉ ရာစုက ဖြစ်ပွာခဲ့တဲ့ စက်မှုတော်လှန်ရေးက လူထုကို စည်းကမ်းလိုက်နာတတ်မှုရဲ့ အရေးပါပုံကို သာမက အလုပ်သမားများဟာ အခြေခံပညာ အနည်းဆုံး ရှိသင့်တယ်ဆိုတဲ့ သဘောတရားတွေကိုပါ ပေးသွားခဲ့ပါတယ်။ ဒီအခြေအနေမှာ လူတိုင်းဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ တောင်းဆိုမှုတွေကနိုင်ငံတော်အနေနဲ့ ကျောင်းဟူ၍ သတ်မှတ်ပေးရေး၊ သတ်မှတ်ပေးတဲ့ ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေကို သတ်မှတ်ပြဋ္ဌာန်း သင်ကြားပေးရေးတို့ ဖြစ်ပါတယ်။

ယနေ့ ၂၁ ရာစုမှာ အသက်မွေးဝမ်းကြောင်း ပညာရေးက နောက်ဆက်တွဲအဖြစ် လိုက်ပါဖွံ့ဖြိုးလာပြန်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လုပ်ငန်းခွင် ကျွမ်းကျင်သူတွေ ပေါ်ထွန်းရေးက အစဉ်အလာ ပညာရေးထက် လူသားတို့ဆန္ဒအရ ထပ်မံတောင်းဆိုလာတဲ့ ပညာရေးစနစ် ဖြစ်လာခဲ့ပါတယ်။ ဒိန်းမတ်နဲ့ အနောက်တိုင်း ဥရောပ နိုင်ငံတို့မှာ လုပ်ခွင်ပညာရေး၊ အလုပ်လုပ်ရင်း ပညာသင်ရေး၊ လုပ်သားပညာရေးတို့ဟာ နောက်ဆက်တွဲ ပေါ်ထွန်းလာတဲ့ စနစ်တွေ ဖြစ်လာပါတယ်။ ယနေ့ ဒိန်းမတ်နိုင်ငံမှာ လက်တွေ့သင်ကြားနေကြပြီး ပညာရေးဖြင့် ခေတ်မီတိုးတက်သော ကမ္ဘာကြီးကို တည်ဆောက်နေကြပြီ ဖြစ်ပါတယ်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)