ဘားအံေရႀကီးမႈ ေနာက္ကြယ္က လယ္သူမ ေဒၚေထြးပို

0
194

စိမ္းလဲ့တဲ့ ေရျပင္က်ယ္ႀကီးဟာ အင္းေလးကန္ႀကီးအလား ထင္ရပါတယ္။ ေတာင္ေတြက ဟုိမွာတလံုး ဒီမွာတလံုး ျမင္ေနရျပီး သစ္ပင္သစ္အုပ္ေတြ တရိပ္ရိပ္ရွိေနတာဟာ ျမင္ရသူအဖို႔ စိတ္လန္းဆန္းၾကည္ႏူး ေစမယ္လို႕ထင္ရပါတယ္။ ဒါေပမဲ့ ရြာခံေတာင္သူလယ္သမားေတြအဖို႔ေတာ့ ဒီျမင္ကြင္းက စိတ္ေအးခ်မ္းစရာ မဟုတ္ခဲ့ပါဘူး။

ဓာတ္ပံု- မယ္လြန္း

“ဒီေရေတြေအာက္မွာ အကုန္လံုး လယ္ကြက္ေတြေလ၊ ႏြားစားက်က္ေျမနဲ႔ လယ္ကြက္ေတြခ်ည္းပဲ” လို႔ စက္ေလွေပၚ လုိက္ပါလာတဲ့ ရြာခံတဦးျဖစ္သူ ေဒၚေထြးပိုက ေျပာပါတယ္။

မိုးက တျဖိဳက္ျဖိဳက္ရြာေနလုိ႔ စက္ေလွေပၚပါလာသူေတြဟာ ထီးေတြ၊ ခေမာက္ေတြ ေဆာင္းထားၾကပါတယ္။ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္က ေတာႀကီးကုန္းေက်းရြာကိုေရာက္ဖို႔ ေကာ့ဂြန္းဂူေဘးက ေရျပင္ က်ယ္ထဲမွာ နာရီ၀က္ေက်ာ္ေလာက္ ျဖတ္ၿပီးမွ ေရာက္မယ္လို႔ ရြာခံေတြက ေျပာပါတယ္။ ကားသြားလုိ႔ရတဲ့ ေျမနီလမ္းရွိေပမယ့္ ေရႀကီးမႈေၾကာင့္ လမ္းပ်က္ခဲ့ၿပီး လူႏွစ္ရပ္နီးပါး ေရလႊမ္းခံထားရတဲ့ လယ္ကြင္းထဲက ေန ေလွငယ္ေလးေတြ စက္ေလွေတြနဲ႔ သြားလာေနၾကရပါတယ္။ စက္ေလွေပၚပါလာတဲ့ ဆံပင္အံုလံုးသိမ္းထံုးၿပီး မ်က္ႏွာမွာ သနပ္ခါးဘဲက်ားလိမ္းထားတဲ့ အသားညိဳညိဳနဲ႕ ေဒၚေထြးပိုက ေတာႀကီးကုန္းရြာနားအေရာက္မွာ သူမရဲ့ စိုက္ခင္းရွိရာ လယ္ကြက္ကို လက္ညိဳးထုိးျပပါ တယ္။

“ဟိုမွာေတြ႔လား၊ ၿခံစည္းရံုးေပၚေနတဲ့ေနရာ၊ အဲဒါ က်မစုိက္ခင္းေနရာ” လို႔ ကရင္သံ၀ဲ၀ဲနဲ႔ ေျပာပါတယ္။ သူမဟာ ကရင္လူမ်ဳိးမဟုတ္ေပမယ့္ သူမရဲ့ဇာတိ ပဲခူးၿမိဳ႕နယ္ဘက္က ဒီနယ္ဘက္ကို အေျခခ်ခဲ့တာ (၁၂) ႏွစ္ေက်ာ္ၿပီမုိ႔ ေဒသေလသံထြက္ေနတာျဖစ္ပါတယ္။

ေရေပၚမွာ လက္တေတာင္သာသာေပၚေနတဲ့ ၿခံစည္း႐ိုးတုိင္ေတြကိုေငးရင္း သူမမ်က္လံုးေတြ တခဏ အေရာင္မွိန္က်သြားခဲ့တယ္။

ေရျမဳပ္ေနတဲ့ သူမရဲ့ စုိက္ခင္းၿခံကို အေ၀းမွျမင္ရပံု (ဓါတ္ပံု – မယ္လြန္း)

ၿပီးခဲ့တဲ့လက သူမတုိ႔အိမ္အထိ ေရျမဳပ္ေပမယ့္ အခု ေရနည္းနည္းျပန္က်သြားတယ္လုိ႔ဆုိပါတယ္။

အသက္ (၄၅)ႏွစ္အရြယ္၊ ကေလး(၇)ေယာက္မိခင္ ေဒၚေထြးပိုက သူမမိသားစု စား၀တ္ေနေရးအတြက္ သီးႏွံစိုက္ပ်ဳိးၿပီး အသက္ေမြး၀မ္းေက်ာင္းျပဳေနသူျဖစ္ပါတယ္။ မ်ဳိးဆက္ပြားက်န္းမာေရးပညာေပး မသိသလို အခုခ်ိန္ထိလည္း သူမတုိ႔ရြာမွာ ေဆးခန္းေသးေသးေလးေတာင္ မရွိတာေၾကာင့္ ကေလး(၇)ေယာက္အထိ ေမြးခဲ့ရတယ္လို႕ေျပာပါတယ္။

စီးပြားေရးအဆင္မေျပမႈေၾကာင့္ သမီးအႀကီး(၃)ေယာက္ကို ထုိင္းႏုိင္ငံပို႔ျပီး အလုပ္ထြက္လုပ္ေစခဲ့ေပမယ့္ တရားမ၀င္အလုပ္သမားျဖစ္တာမုိ႔ အိမ္ကို တခါတရံမွာသာ ေငြစအနည္းငယ္ ေပးပို႔ႏုိင္တယ္လို႔ သူမက ေျပာပါတယ္။ ဒါေၾကာင့္ အိမ္မွာက်န္ေနတဲ့ ကေလးငယ္(၄)ေယာက္ရဲ့ စား၀တ္ေနေရး၊ ပညာေရးနဲ႔ က်န္းမာ ေရးစရိတ္အတြက္ သူမနဲ႔ သူမခင္ပြန္းတို႕ဟာ သီးႏွံစိုက္ပ်ဳိးေရာင္းခ်ၿပီး ေန႔တဓူ၀ စား၀တ္ေနေရးအတြက္ ေျဖရွင္းခဲ့ၾကတာပါ။

“ကိုယ့္ဖာသာကိုယ္ပဲ ေခါင္းေပၚတင္ သားအမိ(၃)ေယာက္ ေလွ်ာက္ေရာင္းတယ္၊ ရတဲ့ပိုက္ဆံနဲ႔ ၀ယ္စား လုိက္။ ေစ်းေၾကြးဘာေၾကြး မတင္ေတာ့ဘူးေပါ့” လို႔ သူမရဲ့ စိုက္ခင္းထြက္သီးႏွံေတြ ရြာလွည့္ေရာင္းခဲ့တဲ့ အေၾကာင္း ေျပာျပပါတယ္။

မနက္(၄)နာရီခြဲေလာက္ကေန ၿခံထြက္သခြားသီး အခ်ိန္(၃၀)ေလာက္ကို သူမတုိ႔ သားအမိ(၃)ေယာက္ ခြဲ သယ္ၿပီး ေျခက်င္နဲ႔ ေက်းရြာတေလွ်ာက္ ေစ်းလွည့္ေရာင္းၿပီး ေန႔လည္(၁၂)နာရီေလာက္မွ အိမ္ျပန္ေရာက္ တယ္လုိ႔ဆုိပါတယ္။ တခါတေလ ကေလးေတြ ထမင္းဆာတဲ့အတြက္ လမ္းခုလတ္က အသိအိမ္ေတြက ေခၚၿပီး ထမင္းေကြ်းတတ္တယ္လုိ႔ သူမက ၿပီးခဲ့တဲ့ႏွစ္ သီးနွံထြက္ခ်ိန္ ေစ်းေရာင္းခဲ့ရတာကို ျပန္ေျပာင္း ေျပာျပပါတယ္။

စိုက္ခင္းရဲ့ အေရွ႕ဘက္မွာရွိတဲ့ ေဒၚေထြးပိုရဲ့ အိမ္ (ဓါတ္ပံု- မယ္လြန္း)

အမွန္ေတာ့ ဒီႏွစ္ဟာ ေဒၚေထြးပိုအတြက္ စီးပြားေရးေအာင္ျမင္ဖုိ႔ လမ္းစတခုအျဖစ္ ေမွ်ာ္လင့္ခဲ့တာပါ။ နည္း ပညာေတြ အရင္းအႏွီးေတြမရွိခဲ့လို႔ ဟိုးအရင္က စုိက္ခင္းတကြက္ကို က်ပ္ ၂ ေသာင္း/ ၃ ေသာင္းပတ္၀န္း က်င္သာရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က လူမႈဖြံ႔ၿဖိဳးေရးအဖြဲ႔အခ်ဳိ႕ရဲ့ နည္းပညာအကူညီအျပင္ ၀ဲ၊ ပိုးသတ္ေဆး စတဲ့ စုိက္ပ်ဳိးေရးအတြက္ လိုအပ္တဲ့ အေထာက္အပံ့အခ်ဳိ႕နဲ႔ စနစ္တက် စိုက္ခဲ့လို႔ စုိက္ခင္းတကြက္ကို(၃)သိန္း ရခဲ့ပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့အရင္းအႏွီးကို ေခ်းငွားခဲ့ၿပီး ဒီႏွစ္မွာ တိုးခ်ဲ႕စိုက္ပ်ဳိးၿပီး အရင္လို ေစ်းဗန္း ရြက္ လွည့္မေရာင္းေတာ့ပဲ ေဖာက္သည္ေပးမယ္လို႔ စိတ္ကူးခဲ့တာပါ။

“အရင္က ႏွစ္ေသာင္း၊ သံုးေသာင္းရတဲ့အခင္းက အခုဆို (၃)သိန္းေလာက္ျပန္ရတယ္။ ႏွစ္ကြက္ သံုးကြက္ စိုက္ရင္ ကိုယ္ဘယ္ေလာက္ရမလဲ၊ ကိုယ့္သားသမီးေလးေတြကို သူမ်ားေတြလို ကိုယ္ထားလုိ႔ႏုိင္တယ္ေပါ့ ေနာ္။ အဲဒီလုိမ်ဳိး ေရွ႕ေရးကိုေတာ့ ကုိယ္ေတြးထားတာေပါ့”
စုိက္ခင္းကို ဂရုစိုက္ဖို႔နဲ႔ စိုက္ခင္းထြက္သီးႏွံေတြ ေရာင္းခ်ဖို႔အတြက္ ကိုယ္ခြဲမရွိတာေၾကာင့္ (၆)တန္းေအာင္ ၿပီးတဲ့ သူမရဲ့သမီးကို ေက်ာင္းထုတ္ၿပီး ၀ိုင္းကူခိုင္းခဲ့ပါတယ္။

ဒါေပမဲ့ သူမရဲ့စီမံကိန္းကေတာ့ ေမွ်ာ္လင့္သလို မျဖစ္လာခဲ့ပါဘူး။ အရင္ႏွစ္က စုိက္ခင္းအဆင္ေျပလို႔ ေနာက္တေက်ာ့ျပန္စုိက္ၿပီး ခူးခ်ိန္ေလာက္ေရာက္မွ မေမွ်ာ္လင့္ထားတဲ့ ေရႀကီးမႈေၾကာင့္ သူမရဲ့ စိတ္ကူး အိပ္မက္ေတြ ပ်က္ခဲ့ရပါတယ္။

“အခင္းကို ေျပးၾကည့္လုိက္၊ အရင္ဆံုး ၃ ကြက္က အရင္ျမဳပ္တယ္ေလ။ ဒါေပမဲ့ အေပၚကအခင္းေလးေတာ့ ျမဳပ္မွာမဟုတ္ဘူးေပါ့။ နည္းနည္းအားျပန္တင္းလုိက္ျပန္ေရာ။ အားျပန္တင္းလုိက္တာနဲ႔ ေရက တက္လာျပန္ တက္လာျပန္၊ ခူးရင္း ခူးရင္းနဲ႔ပဲ ျမဳပ္ျမဳပ္ ျမဳပ္ျမဳပ္ ျမဳပ္သြားေရာ”

သီးႏွံေရာင္းမွ စားစရိတ္ရမယ့္ ေဒၚေထြးပိုကေတာ့ ေရျမွဳပ္သြားေပမယ့္လည္း ဇြဲမေလ်ာ့ခဲ့ပါဘူး။ ေရေအာက္ ေရာက္ခဲ့တဲ့ သီးႏွံပင္ေတြကို ေရထဲမွာစမ္းၿပီး ရသေလာက္အသီးခူးေရာင္းခဲ့တာ က်ပ္တစ္ေသာင္းေက်ာ္ဖိုး ရလုိက္တယ္လို႔ ဆုိပါတယ္။

“အေပၚ ၂ ကြက္က ၈ သိန္း။ သခြား၊ ပဲ၊ ေျပာင္း၊ စုစုေပါင္းဆို ၁၀ သိန္းေက်ာ္တယ္” လို႔ တဲသာသာရွိတဲ့ သူမရဲ့ေျခတံရွည္အိမ္ေပၚကေန ေရျပင္ဘက္ကို လက္ညိွဳးထိုးျပၿပီး ေရေအာက္ေရာက္ေနတဲ့ သူမရဲ့ စုိက္ခင္း က ထြက္ကုန္တန္ဖုိးကို တြက္ျပေနပါတယ္။
အခုခ်ိန္မွာေတာ့ စုိက္ခင္းအတြက္ ေခ်းငွားခဲ့တဲ့ အေၾကြးလည္းက်န္၊ ထြက္ကုန္လည္း ရႈံးရတဲ့ ေဒၚေထြးပို အဖို႔ ေရက်ခ်ိန္မွာစုိက္ဖုိ႔ ေနာက္ထပ္မ်ဳိးေစ့၀ယ္ဖုိ႔ေတာင္ ေငြရွာမရျဖစ္ေနပါတယ္။

ေတာႀကီးကုန္းေက်းရြာမွာ လယ္ယာစုိက္ခင္းေျမေတြ ေရျမဳပ္ခံရတာ ေဒၚေထြးပိုတေယာက္တည္းေတာ့ မဟုတ္ပါဘူး။ ရြာခံအားလံုးနီးပါးပဲျဖစ္ပါတယ္။ ဒါေပမဲ့ အျခား၀င္ေငြမရွိတဲ့ ေဒၚေထြးပိုအတြက္ကေတာ့ အဆိုးဆံုးခံရသူေတြထဲက တဦးအပါအ၀င္ပါလို႔ ရြာခံေတြက ေျပာပါတယ္။

ေတာင္ႀကီးကုန္းေက်းရြာမွာ လယ္ယာစိုက္ပ်ဳိးေျမဧက (၄၀၀)ပတ္၀န္းက်င္ရွိၿပီး အဲဒီထဲက မိုးတြင္းစုိက္ ဧက (၆၀)ေက်ာ္က ေရေအာက္ေရာက္ခဲ့တယ္လို႔ ရြာရဲ့ ဥကၠဌေဟာင္းျဖစ္သူ ဦးလွမယ္က ဆုိပါတယ္။

“အခု ဒီႏွစ္က မိုးဦးစပါးလည္း ဘာမွမရွိေတာ့ဘူး၊ ဟုိဘက္ရြာသြားလို႔လည္းမရွိဘူး၊ ဒီဘက္ရြာလာလို႔လည္း မရွိဘူး။ ဘယ္ရြာမွမရွိေတာ့ဘူး။ ကုန္သြားၿပီ”လုိ႔ ဦးလွမယ္က ေျပာပါတယ္။

ေရလႊမ္းေနတဲ့ လယ္ကြင္းျပင္ႀကီး (ဓါတ္ပံု – မယ္လြန္း)

ဒီႏွစ္ေရႀကီးမႈေၾကာင့္ ကရင္ျပည္နယ္အတြင္းမွာ စုစုေပါင္း လယ္ဧက (၃) ေသာင္းေက်ာ္ ပ်က္စီးခဲ့ၿပီး လမ္း တံတားေသးေတြ (၁၀၀)ေက်ာ္ ပ်က္စီးခဲ့တယ္လို႔ ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကားေရး မွဴးျဖစ္သူ ေဒၚျဖဴလဲ့လဲ့ထြန္းက ဆုိပါတယ္။

အိမ္အထိပါ ေရျမဳပ္တုန္းကေတာ့ လူမႈကယ္ဆယ္ေရးအဖြဲ႔အခ်ဳိ႕ရဲ့ ရိကၡာအခ်ဳိ႕ လက္ခံရရွိခဲ့ေပမယ့္ ေရ နည္းနည္းျပန္က်ခ်ိန္မွာေတာ့ စားနပ္ရိကၡာေပးမယ့္သူေတြလည္း မရွိေတာ့ပါဘူး။ အဲဒါေၾကာင့္ တေန႔တာ ဟင္းစားရဖုိ႔အတြက္ အသီးခူးစရာ စိုက္ခင္းမရွိေတာ့ အျခားရရာအလုပ္ ရွာရျပန္ပါတယ္။ အဲဒါကေတာ့ ေရ လႊမ္းေနတဲ့ လယ္ယာစိုက္ခင္းေျမ၊ စားက်က္ေျမထဲမွာပဲ သူမပိုင္တဲ့ ပ်က္စီးခါနီးေလွငယ္ေလးနဲ႔ ေအာင္ သေျပညႊန္႔ေလးေတြ ခူးေရာင္းတဲ့အလုပ္ပဲျဖစ္ပါတယ္။

“၀ါဆိုလျပည့္ေတြဆုိရင္ (၅)ေထာင္ဖိုး (၆)ေထာင္ဖိုး၊ (၂)ေထာင္ဖိုး၊ (၃)ေထာင္ဖိုးေလာက္ရတယ္” လို႔ ဘာသာေရးေန႔ေတြနဲ႔တုိက္ၿပီး သူမခင္ပြန္းနဲ႔အတူ ရက္ျခား ရွာခူးေရာင္းတဲ့အေၾကာင္း ေဒၚေထြးပိုက ေျပာပါ တယ္။ လူႏွစ္ရပ္နီးပါးကို ေက်ာ္လြန္ၿပီးေပါက္တဲ့ ေအာင္သေျပပင္ေတြကလည္း ရွားတဲ့အတြက္ ကေလး ေက်ာင္းမုန္႔ဖိုးသာသာပဲ ရတယ္လို႔ ဆုိပါတယ္။

ဒီလိုေရႀကီးမႈေၾကာင့္ လယ္သူမေတြအေနနဲ႔ ၀င္ေငြထိခိုက္ခဲ့တဲ့အျပင္ ကုန္ေစ်းႏႈန္းကလည္း သိသိသာသာ ျမင့္တက္ေနတာေၾကာင့္ ေန႔တဓူ၀ စား၀တ္ေနေရးအတြက္ပင္ အေတာ္ခက္ခဲသြားသလုိ ေနာက္တႀကိမ္ ထုတ္လုပ္မယ့္ အရင္းအႏွီးအတြက္လည္း အင္အားမစိုက္ႏုိင္ေတာ့ေၾကာင္း ေပါင္းစည္းလုပ္အားကူညီေရး အဖြဲ႔ စီမံခ်က္တာ၀န္ခံ ဦးသန္းေဇာ္က ေျပာပါတယ္။ နည္းပညာဆုိင္ရာ လက္လွမ္းမီဖုိ႔ အားနည္းေသး တာေၾကာင့္ ေရက်သြားခဲ့ရင္လည္း ရာသီဥတု သဘာ၀ေဘးဒဏ္ေၾကာင့္ ပိုးမႊားက အရင္ကထက္ ပိုၿပီး က် ေရာက္ႏုိင္တဲ့အတြက္ အစိုးရအေနနဲ႔ ကူညီေပးဖုိ႔ လိုအပ္တယ္လို႔ သူက ဆုိပါတယ္။

“ေရက်သြားရင္ သူတုိ႔ေတြအေနနဲ႔ ျပန္လည္စိုက္ႏုိင္တဲ့ မ်ဳိးတုိ႔၊ နည္းပညာတုိ႔၊ သူတုိ႔လုပ္ႏုိင္ဖို႔အတြက္ စရိတ္ ေတြလည္း လိုလာတယ္။ အဲဒီလို ေထာက္ပံ့ႏုိင္မွသာ သူတုိ႔က နည္းနည္းေလး ျပန္ထူေထာင္ႏုိင္မယ္”လုိ႔ ဦးသန္းေဇာ္က ဆုိပါတယ္။
ဘားအံျပည္နယ္အစိုးရအဖြဲ႔ကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းက အလုပ္ရံုေဆြးေႏြးပြဲလုပ္ခဲ့ၿပီး ေရႀကီးမႈေၾကာင့္ အသက္ေမြး၀မ္းေက်ာင္းမႈ၊ က်န္းမာေရး၊ ပညာေရး ဆံုးရႈံးထိခိုက္မႈအပိုင္းေတြနဲ႔ပတ္သက္ၿပီး Assessment (ေလ့လာသံုးသပ္မႈစစ္တမ္း) ေကာက္ဖို႔ စီစဥ္ေနၾကတယ္လို႔ သူက ဆုိပါတယ္။

ေရႀကီးမႈေၾကာင့္ ပ်က္စီးဆံုးရႈံးသြားတဲ့ လယ္ယာစုိက္ခင္းေတြနဲ႔ လမ္းတံတားေတြကို ျပန္လည္ျပင္ဆင္ဖို႔ အတြက္ အစိုးရအေနနဲ႔ သက္ဆုိင္ရာ ၀န္ႀကီးဌာနေတြ ေပါင္းစပ္ညိွႏႈိင္းၿပီး အေကာင္အထည္ေဖာ္ေဆာင္ ရြက္သြားမယ္လို႔ သိရပါတယ္။
“ရွိၿပီးသား မ်ဳိးေစ့ေတြနဲ႔လည္း ျဖန္႔ေ၀ၿပီးေတာ့ ျပန္လည္စုိက္ပ်ဳိးတဲ့ဟာေတြလုပ္ဖို႔၊ စိုက္ပ်ဳိးတဲ့ေနရာမွာ လုိ အပ္တဲ့နည္းပညာေတြေပးမယ္၊ မ်ဳိးစပါးေတြေပးမယ္၊ အဲဒီလိုမ်ဳိးေဆာင္ရြက္ေနတယ္” လို႔ ေဘးအႏၱရာယ္ ဆုိင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္။

ေန႔လည္ေက်ာင္းဆင္းခ်ိန္ ထမင္းျပန္လာစားၾကေသာ သူမ ၉ ႏွစ္အရြယ္သားနဲ႔ အသက္ ၆ ႏွစ္အရြယ္သမီး (ဓါတ္ပံု- မယ္လြန္း)

အမ်ဳိးသားသဘာ၀ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈ ရန္ပံုေငြကေန က်ပ္သိန္းတစ္ေထာင္ကို လိုအပ္တဲ့ ေနရာမွာ အသံုးျပဳဖို႔အတြက္ ေထာက္ပ့ံထားတဲ့အျပင္ ကရင္ျပည္အစုိးရအဖြဲ႔နဲ႔ လယ္ယာစုိက္ပ်ဳိးေရး ၀န္ႀကီး ဌာနေတြ စုေပါင္းၿပီး လယ္ယာက႑ျပန္လည္ထူေထာင္ေရးကို လုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ လမ္းတံတားျပဳျပင္ဖုိ႔အတြက္လည္း က်ပ္သန္းေပါင္း(၂)ေထာင္ကို အမ်ဳိးသားသဘာ၀ေဘးႏၱရာယ္ ဆုိင္ရာစီမံခန္႔ခြဲမႈေကာ္မတီက ရန္ပံုေငြေပးဖုိ႔ ေဆာင္ရြက္ေနေၾကာင္းသိရပါတယ္။

“မ်ဳိးေစ့ကအစ ေထာက္ပံ့မယ္ဆုိရင္ေတာ့ ေကာင္းတာေပါ့။ အခုက မ်ဳိးေစ့က ၀ယ္ၿပီး ပ်ဳိးရေတာ့မယ္။ ဒါေပမဲ့ ပိုက္ဆံအဆင္မေျပေသးလု႔ိ” လို႔ ေဒၚေထြးပိုက ေျပာပါတယ္။ အစိုးရရဲ့ျပန္လည္ထူေထာင္ေရးလုပ္ငန္းေဆာင္ရြက္မႈေတြက ေဒၚေထြးပိုတုိ႔လို အေသးစားစုိက္ပ်ဳိးေရးသ မားလယ္သူမေတြဆီ ေရာက္မလား၊ ဘယ္ေလာက္အတုိင္းအတာထိ ေရာက္မလဲဆုိတာ ေဒၚေထြးပိုတ ေယာက္ မသိပါဘူး။ ဒါေပမဲ့ ေရႀကီးခ်ိန္မွာ ေအာင္သေျပရြက္ေတြ ရွာႀကံခူးေရာင္းရင္း ေရက်ခ်ိန္မွာ စိုက္ ခင္းျပန္စဖုိ႔ အတြက္ အတိုးနဲ႔ ေငြထပ္ေခ်းၿပီး မ်ဳိးေစ့၀ယ္မယ္လို႔ ဆုိပါတယ္။

“ဟင္းရြက္ကို ျပန္စုိက္မယ္၊ ႀကိဳးစားမယ္” လို႔ ေန႔လည္ေက်ာင္းဆင္းထမင္းလာျပန္စားတဲ့ သူမ ကေလး ငယ္ႏွစ္ဦးကိုၾကည့္ၿပီး ေျပာပါတယ္။

ရက္ပိုင္းအတြင္းမွာပဲ သူမရဲ့အသိမိတ္ေဆြတဦးရဲ့ ေငြေၾကးအနည္းငယ္ ပံ့ပိုးမႈေၾကာင့္ သခြားမ်ဳိးေစ့၀ယ္ၿပီး ပ်ဳိးထားၿပီလို႔ သူမ အားရ၀မ္းသာ ဖုန္းဆက္ေျပာခဲ့ပါတယ္။ ေရနည္းနည္းက်ခ်ိန္ ေပၚေနတဲ့အခင္းအခ်ဳိ႕မွာ ျပန္စိုက္ပ်ဳိးႏုိင္ဖို႔ သူမ ရည္ရြယ္ခဲ့တာပါ။ ဒါေပမဲ့ ကံဆိုးမသြားရာ မိုးလိုက္လို႔ရြာဆိုသလို ေဒၚေထြးပိုရဲ့ ၀မ္း သာမႈက ၾကာရွည္မခံခဲ့ပါဘူး။ စက္တင္ဘာလ (၆)ရက္ေန႔မွာပဲ ေရျပန္ႀကီးလာလို႔ ဘာအံၿမိဳ႕တြင္းအပါအ၀င္ ေက်း ရြာအေတာ္မ်ားမ်ား ေရျပန္လႊမ္းခဲ့ျပန္ပါတယ္။

ေမွ်ာ္လင့္ခ်က္ေတြနဲ႕ အားျပန္တက္လာတဲ့ေဒၚေထြးပိုတေယာက္ကေတာ့ ျငီးျငဴရင္း စိတ္ပ်က္လက္ပ်က္ျဖစ္ ေနရျပန္ပါျပီ။
“ေရျပန္တက္လာျပန္ၿပီ။ အခင္းေနရာအကုန္လံုး ေရျပန္ျမဳပ္သြားျပန္ၿပီ။ က်မပ်ဳိးထားတဲ့အပင္ေတြ သြားၿပီ ထင္တယ္။ ေနာက္တပတ္ေလာက္မွ ေရျပန္မက်ရင္ေတာ့ စိုက္မယ့္ေနရာမရွိေတာ့ျပန္ဘူး”

မယ္လြန္း

(ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) က စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

စိမ်းလဲ့တဲ့ ရေပြင်ကျယ်ကြီးဟာ အင်းလေးကန်ကြီးအလား ထင်ရပါတယ်။ တောင်တွေက ဟိုမှာတလုံး ဒီမှာတလုံး မြင်နေရပြီး သစ်ပင်သစ်အုပ်တွေ တရိပ်ရိပ်ရှိနေတာဟာ မြင်ရသူအဖို့ စိတ်လန်းဆန်းကြည်နူး စေမယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ရွာခံတောင်သူလယ်သမားတွေအဖို့တော့ ဒီမြင်ကွင်းက စိတ်အေးချမ်းစရာ မဟုတ်ခဲ့ပါဘူး။

“ဒီရေတွေအောက်မှာ အကုန်လုံး လယ်ကွက်တွေလေ၊ နွားစားကျက်မြေနဲ့ လယ်ကွက်တွေချည်းပဲ” လို့ စက်လှေပေါ် လိုက်ပါလာတဲ့ ရွာခံတဦးဖြစ်သူ ဒေါ်ထွေးပိုက ပြောပါတယ်။

မိုးက တဖြိုက်ဖြိုက်ရွာနေလို့ စက်လှေပေါ်ပါလာသူတွေဟာ ထီးတွေ၊ ခမောက်တွေ ဆောင်းထားကြပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က တောကြီးကုန်းကျေးရွာကိုရောက်ဖို့ ကော့ဂွန်းဂူဘေးက ရေပြင် ကျယ်ထဲမှာ နာရီဝက်ကျော်လောက် ဖြတ်ပြီးမှ ရောက်မယ်လို့ ရွာခံတွေက ပြောပါတယ်။ ကားသွားလို့ရတဲ့ မြေနီလမ်းရှိပေမယ့် ရေကြီးမှုကြောင့် လမ်းပျက်ခဲ့ပြီး လူနှစ်ရပ်နီးပါး ရေလွှမ်းခံထားရတဲ့ လယ်ကွင်းထဲက နေ လှေငယ်လေးတွေ စက်လှေတွေနဲ့ သွားလာနေကြရပါတယ်။ စက်လှေပေါ်ပါလာတဲ့ ဆံပင်အုံလုံးသိမ်းထုံးပြီး မျက်နှာမှာ သနပ်ခါးဘဲကျားလိမ်းထားတဲ့ အသားညိုညိုနဲ့ ဒေါ်ထွေးပိုက တောကြီးကုန်းရွာနားအရောက်မှာ သူမရဲ့ စိုက်ခင်းရှိရာ လယ်ကွက်ကို လက်ညိုးထိုးပြပါ တယ်။

“ဟိုမှာတွေ့လား၊ ခြံစည်းရုံးပေါ်နေတဲ့နေရာ၊ အဲဒါ ကျမစိုက်ခင်းနေရာ” လို့ ကရင်သံဝဲဝဲနဲ့ ပြောပါတယ်။ သူမဟာ ကရင်လူမျိုးမဟုတ်ပေမယ့် သူမရဲ့ဇာတိ ပဲခူးမြို့နယ်ဘက်က ဒီနယ်ဘက်ကို အခြေချခဲ့တာ (၁၂) နှစ်ကျော်ပြီမို့ ဒေသလေသံထွက်နေတာဖြစ်ပါတယ်။

ရေပေါ်မှာ လက်တတောင်သာသာပေါ်နေတဲ့ ခြံစည်းရိုးတိုင်တွေကိုငေးရင်း သူမမျက်လုံးတွေ တခဏ အရောင်မှိန်ကျသွားခဲ့တယ်။

ရေမြုပ်နေတဲ့ သူမရဲ့ စိုက်ခင်းခြံကို အဝေးမှမြင်ရပုံ (ဓါတ်ပုံ – မယ်လွန်း)
ပြီးခဲ့တဲ့လက သူမတို့အိမ်အထိ ရေမြုပ်ပေမယ့် အခု ရေနည်းနည်းပြန်ကျသွားတယ်လို့ဆိုပါတယ်။

အသက် (၄၅)နှစ်အရွယ်၊ ကလေး(၇)ယောက်မိခင် ဒေါ်ထွေးပိုက သူမမိသားစု စားဝတ်နေရေးအတွက် သီးနှံစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးပညာပေး မသိသလို အခုချိန်ထိလည်း သူမတို့ရွာမှာ ဆေးခန်းသေးသေးလေးတောင် မရှိတာကြောင့် ကလေး(၇)ယောက်အထိ မွေးခဲ့ရတယ်လို့ပြောပါတယ်။

စီးပွားရေးအဆင်မပြေမှုကြောင့် သမီးအကြီး(၃)ယောက်ကို ထိုင်းနိုင်ငံပို့ပြီး အလုပ်ထွက်လုပ်စေခဲ့ပေမယ့် တရားမဝင်အလုပ်သမားဖြစ်တာမို့ အိမ်ကို တခါတရံမှာသာ ငွေစအနည်းငယ် ပေးပို့နိုင်တယ်လို့ သူမက ပြောပါတယ်။ ဒါကြောင့် အိမ်မှာကျန်နေတဲ့ ကလေးငယ်(၄)ယောက်ရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာ ရေးစရိတ်အတွက် သူမနဲ့ သူမခင်ပွန်းတို့ဟာ သီးနှံစိုက်ပျိုးရောင်းချပြီး နေ့တဓူဝ စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ကြတာပါ။

“ကိုယ့်ဖာသာကိုယ်ပဲ ခေါင်းပေါ်တင် သားအမိ(၃)ယောက် လျှောက်ရောင်းတယ်၊ ရတဲ့ပိုက်ဆံနဲ့ ဝယ်စား လိုက်။ ဈေးကြွေးဘာကြွေး မတင်တော့ဘူးပေါ့” လို့ သူမရဲ့ စိုက်ခင်းထွက်သီးနှံတွေ ရွာလှည့်ရောင်းခဲ့တဲ့ အကြောင်း ပြောပြပါတယ်။

မနက်(၄)နာရီခွဲလောက်ကနေ ခြံထွက်သခွားသီး အချိန်(၃၀)လောက်ကို သူမတို့ သားအမိ(၃)ယောက် ခွဲ သယ်ပြီး ခြေကျင်နဲ့ ကျေးရွာတလျှောက် ဈေးလှည့်ရောင်းပြီး နေ့လည်(၁၂)နာရီလောက်မှ အိမ်ပြန်ရောက် တယ်လို့ဆိုပါတယ်။ တခါတလေ ကလေးတွေ ထမင်းဆာတဲ့အတွက် လမ်းခုလတ်က အသိအိမ်တွေက ခေါ်ပြီး ထမင်းကျွေးတတ်တယ်လို့ သူမက ပြီးခဲ့တဲ့နှစ် သီးနှံထွက်ချိန် ဈေးရောင်းခဲ့ရတာကို ပြန်ပြောင်း ပြောပြပါတယ်။

စိုက်ခင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ ဒေါ်ထွေးပိုရဲ့ အိမ် (ဓါတ်ပုံ- မယ်လွန်း)
အမှန်တော့ ဒီနှစ်ဟာ ဒေါ်ထွေးပိုအတွက် စီးပွားရေးအောင်မြင်ဖို့ လမ်းစတခုအဖြစ် မျှော်လင့်ခဲ့တာပါ။ နည်း ပညာတွေ အရင်းအနှီးတွေမရှိခဲ့လို့ ဟိုးအရင်က စိုက်ခင်းတကွက်ကို ကျပ် ၂ သောင်း/ ၃ သောင်းပတ်ဝန်း ကျင်သာရခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က လူမှုဖွံ့ဖြိုးရေးအဖွဲ့အချို့ရဲ့ နည်းပညာအကူညီအပြင် ဝဲ၊ ပိုးသတ်ဆေး စတဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အထောက်အပံ့အချို့နဲ့ စနစ်တကျ စိုက်ခဲ့လို့ စိုက်ခင်းတကွက်ကို(၃)သိန်း ရခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အရင်းအနှီးကို ချေးငှားခဲ့ပြီး ဒီနှစ်မှာ တိုးချဲ့စိုက်ပျိုးပြီး အရင်လို ဈေးဗန်း ရွက် လှည့်မရောင်းတော့ပဲ ဖောက်သည်ပေးမယ်လို့ စိတ်ကူးခဲ့တာပါ။

“အရင်က နှစ်သောင်း၊ သုံးသောင်းရတဲ့အခင်းက အခုဆို (၃)သိန်းလောက်ပြန်ရတယ်။ နှစ်ကွက် သုံးကွက် စိုက်ရင် ကိုယ်ဘယ်လောက်ရမလဲ၊ ကိုယ့်သားသမီးလေးတွေကို သူများတွေလို ကိုယ်ထားလို့နိုင်တယ်ပေါ့ နော်။ အဲဒီလိုမျိုး ရှေ့ရေးကိုတော့ ကိုယ်တွေးထားတာပေါ့”
စိုက်ခင်းကို ဂရုစိုက်ဖို့နဲ့ စိုက်ခင်းထွက်သီးနှံတွေ ရောင်းချဖို့အတွက် ကိုယ်ခွဲမရှိတာကြောင့် (၆)တန်းအောင် ပြီးတဲ့ သူမရဲ့သမီးကို ကျောင်းထုတ်ပြီး ဝိုင်းကူခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ သူမရဲ့စီမံကိန်းကတော့ မျှော်လင့်သလို မဖြစ်လာခဲ့ပါဘူး။ အရင်နှစ်က စိုက်ခင်းအဆင်ပြေလို့ နောက်တကျော့ပြန်စိုက်ပြီး ခူးချိန်လောက်ရောက်မှ မမျှော်လင့်ထားတဲ့ ရေကြီးမှုကြောင့် သူမရဲ့ စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရပါတယ်။

“အခင်းကို ပြေးကြည့်လိုက်၊ အရင်ဆုံး ၃ ကွက်က အရင်မြုပ်တယ်လေ။ ဒါပေမဲ့ အပေါ်ကအခင်းလေးတော့ မြုပ်မှာမဟုတ်ဘူးပေါ့။ နည်းနည်းအားပြန်တင်းလိုက်ပြန်ရော။ အားပြန်တင်းလိုက်တာနဲ့ ရေက တက်လာပြန် တက်လာပြန်၊ ခူးရင်း ခူးရင်းနဲ့ပဲ မြုပ်မြုပ် မြုပ်မြုပ် မြုပ်သွားရော”

သီးနှံရောင်းမှ စားစရိတ်ရမယ့် ဒေါ်ထွေးပိုကတော့ ရေမြှုပ်သွားပေမယ့်လည်း ဇွဲမလျော့ခဲ့ပါဘူး။ ရေအောက် ရောက်ခဲ့တဲ့ သီးနှံပင်တွေကို ရေထဲမှာစမ်းပြီး ရသလောက်အသီးခူးရောင်းခဲ့တာ ကျပ်တစ်သောင်းကျော်ဖိုး ရလိုက်တယ်လို့ ဆိုပါတယ်။

“အပေါ် ၂ ကွက်က ၈ သိန်း။ သခွား၊ ပဲ၊ ပြောင်း၊ စုစုပေါင်းဆို ၁၀ သိန်းကျော်တယ်” လို့ တဲသာသာရှိတဲ့ သူမရဲ့ခြေတံရှည်အိမ်ပေါ်ကနေ ရေပြင်ဘက်ကို လက်ညှိုးထိုးပြပြီး ရေအောက်ရောက်နေတဲ့ သူမရဲ့ စိုက်ခင်း က ထွက်ကုန်တန်ဖိုးကို တွက်ပြနေပါတယ်။
အခုချိန်မှာတော့ စိုက်ခင်းအတွက် ချေးငှားခဲ့တဲ့ အကြွေးလည်းကျန်၊ ထွက်ကုန်လည်း ရှုံးရတဲ့ ဒေါ်ထွေးပို အဖို့ ရေကျချိန်မှာစိုက်ဖို့ နောက်ထပ်မျိုးစေ့ဝယ်ဖို့တောင် ငွေရှာမရဖြစ်နေပါတယ်။

တောကြီးကုန်းကျေးရွာမှာ လယ်ယာစိုက်ခင်းမြေတွေ ရေမြုပ်ခံရတာ ဒေါ်ထွေးပိုတယောက်တည်းတော့ မဟုတ်ပါဘူး။ ရွာခံအားလုံးနီးပါးပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခြားဝင်ငွေမရှိတဲ့ ဒေါ်ထွေးပိုအတွက်ကတော့ အဆိုးဆုံးခံရသူတွေထဲက တဦးအပါအဝင်ပါလို့ ရွာခံတွေက ပြောပါတယ်။

တောင်ကြီးကုန်းကျေးရွာမှာ လယ်ယာစိုက်ပျိုးမြေဧက (၄၀ဝ)ပတ်ဝန်းကျင်ရှိပြီး အဲဒီထဲက မိုးတွင်းစိုက် ဧက (၆၀)ကျော်က ရေအောက်ရောက်ခဲ့တယ်လို့ ရွာရဲ့ ဥက္ကဌဟောင်းဖြစ်သူ ဦးလှမယ်က ဆိုပါတယ်။

“အခု ဒီနှစ်က မိုးဦးစပါးလည်း ဘာမှမရှိတော့ဘူး၊ ဟိုဘက်ရွာသွားလို့လည်းမရှိဘူး၊ ဒီဘက်ရွာလာလို့လည်း မရှိဘူး။ ဘယ်ရွာမှမရှိတော့ဘူး။ ကုန်သွားပြီ”လို့ ဦးလှမယ်က ပြောပါတယ်။

ရေလွှမ်းနေတဲ့ လယ်ကွင်းပြင်ကြီး (ဓါတ်ပုံ – မယ်လွန်း)
ဒီနှစ်ရေကြီးမှုကြောင့် ကရင်ပြည်နယ်အတွင်းမှာ စုစုပေါင်း လယ်ဧက (၃) သောင်းကျော် ပျက်စီးခဲ့ပြီး လမ်း တံတားသေးတွေ (၁၀ဝ)ကျော် ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူးဖြစ်သူ ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆိုပါတယ်။

အိမ်အထိပါ ရေမြုပ်တုန်းကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့အချို့ရဲ့ ရိက္ခာအချို့ လက်ခံရရှိခဲ့ပေမယ့် ရေ နည်းနည်းပြန်ကျချိန်မှာတော့ စားနပ်ရိက္ခာပေးမယ့်သူတွေလည်း မရှိတော့ပါဘူး။ အဲဒါကြောင့် တနေ့တာ ဟင်းစားရဖို့အတွက် အသီးခူးစရာ စိုက်ခင်းမရှိတော့ အခြားရရာအလုပ် ရှာရပြန်ပါတယ်။ အဲဒါကတော့ ရေ လွှမ်းနေတဲ့ လယ်ယာစိုက်ခင်းမြေ၊ စားကျက်မြေထဲမှာပဲ သူမပိုင်တဲ့ ပျက်စီးခါနီးလှေငယ်လေးနဲ့ အောင် သပြေညွှန့်လေးတွေ ခူးရောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်။

“ဝါဆိုလပြည့်တွေဆိုရင် (၅)ထောင်ဖိုး (၆)ထောင်ဖိုး၊ (၂)ထောင်ဖိုး၊ (၃)ထောင်ဖိုးလောက်ရတယ်” လို့ ဘာသာရေးနေ့တွေနဲ့တိုက်ပြီး သူမခင်ပွန်းနဲ့အတူ ရက်ခြား ရှာခူးရောင်းတဲ့အကြောင်း ဒေါ်ထွေးပိုက ပြောပါ တယ်။ လူနှစ်ရပ်နီးပါးကို ကျော်လွန်ပြီးပေါက်တဲ့ အောင်သပြေပင်တွေကလည်း ရှားတဲ့အတွက် ကလေး ကျောင်းမုန့်ဖိုးသာသာပဲ ရတယ်လို့ ဆိုပါတယ်။

ဒီလိုရေကြီးမှုကြောင့် လယ်သူမတွေအနေနဲ့ ဝင်ငွေထိခိုက်ခဲ့တဲ့အပြင် ကုန်ဈေးနှုန်းကလည်း သိသိသာသာ မြင့်တက်နေတာကြောင့် နေ့တဓူဝ စားဝတ်နေရေးအတွက်ပင် အတော်ခက်ခဲသွားသလို နောက်တကြိမ် ထုတ်လုပ်မယ့် အရင်းအနှီးအတွက်လည်း အင်အားမစိုက်နိုင်တော့ကြောင်း ပေါင်းစည်းလုပ်အားကူညီရေး အဖွဲ့ စီမံချက်တာဝန်ခံ ဦးသန်းဇော်က ပြောပါတယ်။ နည်းပညာဆိုင်ရာ လက်လှမ်းမီဖို့ အားနည်းသေး တာကြောင့် ရေကျသွားခဲ့ရင်လည်း ရာသီဥတု သဘာဝဘေးဒဏ်ကြောင့် ပိုးမွှားက အရင်ကထက် ပိုပြီး ကျ ရောက်နိုင်တဲ့အတွက် အစိုးရအနေနဲ့ ကူညီပေးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

“ရေကျသွားရင် သူတို့တွေအနေနဲ့ ပြန်လည်စိုက်နိုင်တဲ့ မျိုးတို့၊ နည်းပညာတို့၊ သူတို့လုပ်နိုင်ဖို့အတွက် စရိတ် တွေလည်း လိုလာတယ်။ အဲဒီလို ထောက်ပံ့နိုင်မှသာ သူတို့က နည်းနည်းလေး ပြန်ထူထောင်နိုင်မယ်”လို့ ဦးသန်းဇော်က ဆိုပါတယ်။
ဘားအံပြည်နယ်အစိုးရအဖွဲ့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ပြီး ရေကြီးမှုကြောင့် အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ပညာရေး ဆုံးရှုံးထိခိုက်မှုအပိုင်းတွေနဲ့ပတ်သက်ပြီး Assessment (လေ့လာသုံးသပ်မှုစစ်တမ်း) ကောက်ဖို့ စီစဉ်နေကြတယ်လို့ သူက ဆိုပါတယ်။

ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာစိုက်ခင်းတွေနဲ့ လမ်းတံတားတွေကို ပြန်လည်ပြင်ဆင်ဖို့ အတွက် အစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။
“ရှိပြီးသား မျိုးစေ့တွေနဲ့လည်း ဖြန့်ဝေပြီးတော့ ပြန်လည်စိုက်ပျိုးတဲ့ဟာတွေလုပ်ဖို့၊ စိုက်ပျိုးတဲ့နေရာမှာ လို အပ်တဲ့နည်းပညာတွေပေးမယ်၊ မျိုးစပါးတွေပေးမယ်၊ အဲဒီလိုမျိုးဆောင်ရွက်နေတယ်” လို့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

နေ့လည်ကျောင်းဆင်းချိန် ထမင်းပြန်လာစားကြသော သူမ ၉ နှစ်အရွယ်သားနဲ့ အသက် ၆ နှစ်အရွယ်သမီး (ဓါတ်ပုံ- မယ်လွန်း)
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ကျပ်သိန်းတစ်ထောင်ကို လိုအပ်တဲ့ နေရာမှာ အသုံးပြုဖို့အတွက် ထောက်ပံ့ထားတဲ့အပြင် ကရင်ပြည်အစိုးရအဖွဲ့နဲ့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဌာနတွေ စုပေါင်းပြီး လယ်ယာကဏ္ဍပြန်လည်ထူထောင်ရေးကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လမ်းတံတားပြုပြင်ဖို့အတွက်လည်း ကျပ်သန်းပေါင်း(၂)ထောင်ကို အမျိုးသားသဘာဝဘေးန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ရန်ပုံငွေပေးဖို့ ဆောင်ရွက်နေကြောင်းသိရပါတယ်။

“မျိုးစေ့ကအစ ထောက်ပံ့မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုက မျိုးစေ့က ဝယ်ပြီး ပျိုးရတော့မယ်။ ဒါပေမဲ့ ပိုက်ဆံအဆင်မပြေသေးလို့” လို့ ဒေါ်ထွေးပိုက ပြောပါတယ်။ အစိုးရရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုတွေက ဒေါ်ထွေးပိုတို့လို အသေးစားစိုက်ပျိုးရေးသ မားလယ်သူမတွေဆီ ရောက်မလား၊ ဘယ်လောက်အတိုင်းအတာထိ ရောက်မလဲဆိုတာ ဒေါ်ထွေးပိုတ ယောက် မသိပါဘူး။ ဒါပေမဲ့ ရေကြီးချိန်မှာ အောင်သပြေရွက်တွေ ရှာကြံခူးရောင်းရင်း ရေကျချိန်မှာ စိုက် ခင်းပြန်စဖို့ အတွက် အတိုးနဲ့ ငွေထပ်ချေးပြီး မျိုးစေ့ဝယ်မယ်လို့ ဆိုပါတယ်။

“ဟင်းရွက်ကို ပြန်စိုက်မယ်၊ ကြိုးစားမယ်” လို့ နေ့လည်ကျောင်းဆင်းထမင်းလာပြန်စားတဲ့ သူမ ကလေး ငယ်နှစ်ဦးကိုကြည့်ပြီး ပြောပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ သူမရဲ့အသိမိတ်ဆွေတဦးရဲ့ ငွေကြေးအနည်းငယ် ပံ့ပိုးမှုကြောင့် သခွားမျိုးစေ့ဝယ်ပြီး ပျိုးထားပြီလို့ သူမ အားရဝမ်းသာ ဖုန်းဆက်ပြောခဲ့ပါတယ်။ ရေနည်းနည်းကျချိန် ပေါ်နေတဲ့အခင်းအချို့မှာ ပြန်စိုက်ပျိုးနိုင်ဖို့ သူမ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဒေါ်ထွေးပိုရဲ့ ဝမ်း သာမှုက ကြာရှည်မခံခဲ့ပါဘူး။ စက်တင်ဘာလ (၆)ရက်နေ့မှာပဲ ရေပြန်ကြီးလာလို့ ဘာအံမြို့တွင်းအပါအဝင် ကျေး ရွာအတော်များများ ရေပြန်လွှမ်းခဲ့ပြန်ပါတယ်။

မျှော်လင့်ချက်တွေနဲ့ အားပြန်တက်လာတဲ့ဒေါ်ထွေးပိုတယောက်ကတော့ ငြီးငြူရင်း စိတ်ပျက်လက်ပျက်ဖြစ် နေရပြန်ပါပြီ။
“ရေပြန်တက်လာပြန်ပြီ။ အခင်းနေရာအကုန်လုံး ရေပြန်မြုပ်သွားပြန်ပြီ။ ကျမပျိုးထားတဲ့အပင်တွေ သွားပြီ ထင်တယ်။ နောက်တပတ်လောက်မှ ရေပြန်မကျရင်တော့ စိုက်မယ့်နေရာမရှိတော့ပြန်ဘူး”

မယ်လွန်း

 

(ဒီဆောင်းပါးကို HI (Honest Information) Website ( www.hiburma.net ) ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ HI (Honest Information) Website ( www.hiburma.net ) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။)

?bph6