အုိရီဆန္း တံတား (သုိ႔မဟုတ္) ဆြီဒင္-ဒိန္းမတ္ ခ်စ္ၾကည္ေရး ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ ေအာင္ျမင္မႈ

0
326

မိမိလည္း ေက်ာင္းပိတ္ရက္ ျဖစ္တာေၾကာင့္ ဒိန္းမတ္ႏုိင္ငံ ၿမိဳ႕ေတာ္ ကုိပင္ေဟဂင္သုိ႔ ခရီးထြက္ခဲ့ပါသည္။ ကုိပင္ေဟဂင္ကုိ ေဒသခံျပည္သူမ်ားက “ေရွာပင္ဟာဗင္” ဟု ေခၚၾကပါသည္။ မိမိ ကားေပၚေရာက္ေတာ့ ဥေရာပကား၏ သေဘာသဘာဝကုိ သိရပါသည္။ ဥေရာပကားကုိ ပထမဆုံးအႀကိမ္ စီးဖူးျခင္းပင္ ျဖစ္ပါသည္။ မိမိေနတဲ့ ဥေရာပ ၇ ႏွစ္တာအတြင္း ခရီးစဥ္အမ်ားစုက ေလယဥ္နဲ႔ သြားျဖစ္တာမ်ားပါသည္။

ကားလမ္းေဘး တစ္ေလွ်ာက္ လမ္းတံတား၊ စက္ရုံ၊ ဂ်ဳံးခင္း၊ ေဗ်ာ့ပင္ႏွင့္ ထင္းရႈးေတာမ်ား၊ နီညဳိေရာင္ အုတ္ခဲ့ႏွင့္ အိမ္လွလွကေလးမ်ား၊ စိမ္းစုိေသာ ျမက္ခင္း စားက်က္၊ ကြင္းျပင္၊ ေရကန္၊ သဘာဝပတ္၀န္းက်င္ ျမင္ကြင္းမ်ားက ကားျပဴတင္းမွ တဖ်တ္ဖ်တ္ လွမ္းျမင္ရသည္။ တစ္ခါတစ္ရံ ေရကန္က်ယ္ႀကီးမ်ားကုိ ျမင္ရ၏။ မ်ားေသာအားျဖင့္ ကားလမ္း၏ ယာဖက္တြင္ လူေနအိမ္ႏွင့္ လယ္ေတာမ်ားကုိ ျမင္ရေသာ္လည္း လက္ဝဲဖက္ ျမင္ကြင္းက ေတာအုပ္မ်ားသည္ ေႏြးဦးေပါက္ရာသီ ဆုိေပမယ့္ ထင္းရႈးမ်ားကမူ စိမ္းစုိေနၿမဲ ျဖစ္၏။ ထင္းရွဴးသည္ အေအးမေၾကာက္ေသာ သတၱိရွိသည္။ ကားက အရွိန္ျမန္သေလာက္ ၿငိမ္သက္ ေနသည္။

ကားစီရသူအဖုိ႔ လွပေသာ ဒိန္းမတ္ႏုိင္ငံ၏ သဘာဝ အရသာကုိ ခံစားရပါသည္။ ညေန ၄ နာရီတြင္ မာလမုိၿမဳိ႕ ((Malmo)) ႏွင့္ ေနာ္ေဝ၊ ဆြီဒင္၊ ဒိန္းမတ္ သုံးႏုိင္ငံ ကားကြင္းသုိ႔ ဆုိက္ေရာက္သည္။ မိမိတုိ႔ စီးလာေသာ ကားေလးက ထုိကားဂိတ္မွ ျပန္ထြက္ၿပီး ဟုိင္းလီ (Hyllie) ကုိ ျဖတ္သန္းကာ မၾကာမီ ပင္လယ္ေရလက္ၾကား တံတားရွည္ႀကီးကုိ ျဖတ္သန္းရပါသည္။ ဤေရလက္ၾကားကုိ အုိရီဆန္း ေရလက္ၾကား (Oressund Strait) ဟု ေခၚပါသည္ ။

အုိရီဆန္း ေရလက္ၾကားကုိ ဆြီဒင္ႏွင့္ ဒိန္းမတ္အစုိးရတုိ႔ ႏွစ္ႏုိင္ငံပူးေပါင္း၍ တံတားတည္ေဆာက္ရန္ ၁၉၉၁ ခုႏွစ္က သေဘာတူ လက္မွတ္ေရးထုိးခဲ့ၾကသည္။ ဤတံတားကုိ လူဦးေရ ၃ ဒႆမ ၇ သန္း ေနထုိင္ေသာ ေဒသတြင္ တည္ေဆာက္ခဲ့ျခင္းေၾကာင့္ လူမႈအဖြဲ႔အစည္း၏ ဖြံ႔ၿဖဳိးတုိးတက္ေရးကုိ ေရွးရႈး၍ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္ဟု ဆုိရမည္ျဖစ္ပါသည္။ တံတားကုိ အပုိင္းႏွစ္ပုိင္းခြဲ၍ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါသည္။

ဤတံတားကုိ ဆြီဒင္ႏုိင္ငံဘက္မွ Cable ႀကဳ္ိးတံတား (Stayed Bridge) ကုိ တည္ေဆာက္ၿပီး ဒိန္းမတ္ ႏုိင္ငံဘက္က ေရေအာက္ဥမင္ လိုဏ္ေခါင္း (Tunnel) ေဖာက္သည္။ ဥမင္လိုဏ္ေခါင္းႏွင့္ တံတား ေပါင္းဆုံေသာ ေနရာကုိ ကြ်န္းအတု၏ အက်ယ္အဝန္းမွာ ၄ ကီလုိမီတာ၊ မုိင္အားျဖင့္ ၂ ဒႆမ ၅ မုိင္ ရွိသည္။ ႀကိဳးတံတား၏ အရည္မွာ ၇ ဒႆမ ၈ ကီလုိမီတာရွိၿပီး မုိင္အားျဖင့္ ၄ ဒႆမ ၈ မုိင္ ရွိသည္။ ေရေအာက္ ဥမင္လိုဏ္ေခါင္း အရွည္မွာ ၄ ဒႆမ ၁ ကီလုိမီတာ၊ မုိင္အားျဖင့္ တြက္လွ်င္ ၂ ဒႆမ ၆ မုိင္ ရွိပါသည္။ ကားလမ္း အသြားအျပန္ ေဖာက္လုပ္ထားေသာ အုိရီဆန္း တံတားႀကီးေပၚတြင္ အမွတ္ (၂၀) ဥေရာပလမ္းမႀကီး ၄ လမ္းရွိသည္။

ဒီလုိ တံတားႀကီးေတြ၊ ေဆာက္လုပ္ေရး လုပ္ငန္းေတြအေၾကာင္း ေတြ႔ျမင္ရတဲ့အခါ မိမိတုိ႔ႏုိင္ငံမွာလည္း အဲဒီလုိ အာမခံခ်က္ရွိတဲ့ တံတားႀကီးေတြ ျပည္သူေတြရဲ႕ဘဝ စိတ္ခ်လုံၿခဳံေသာ ကားလမ္းႀကီးေတြ ရထား လမ္းမႀကီးေတြ ရွိေစျခင္ပါသည္။ ယေန႔ ၾကားေနရတာကေတာ့ ၆ လခံ၊ ၁ ႏွစ္ခံ တံတားေတြဆုိတာ ၾကားေနရေတာ့ စိတ္ခ်လုံၿခဳံစြာ ခရီးသြားဖုိ႔ဆုိတာ မိမိတုိ႔ ျပည္သူေတြ အိပ္မက္ေတာင္ မမက္ရဲတဲ့ ဘဝ ျဖစ္ပါသည္။

ႏုိင္ငံသားမ်ား၏ စိတ္လုံၿခဳံမႈအတြက္ တရားဥပေဒ စုိးမုိးေရး ႀကဳိးပမ္းလုပ္ေဆာင္ရမည္ဟု မိမိတုိ႔ ေခါင္းေဆာင္က ေျပာၾကားထားေသာ္လည္း လက္ေတြ႔ အေျခေနမွာေတာ့ တရားဥပေဒ စုိးမုိးေရးကုိ အင္မတန္မွ လုိလားတယ္ဆုိတာ မရွ္ိသေလာက္ ျဖစ္ေနပါသည္။ တရားဥေပဒ စုိးမုိးမႈရွိမွ ဒီႏုိင္ငံက ႏုိင္ငံသားေတြဟာ စိတ္လုံၿခဳံမႈ ရွိမွာပါ။ ႏုိင္ငံသူႏုိင္ငံသားေတြ စိတ္လုံၿခဳံမႈ ရွိမွသာလွ်င္ ႏုိင္ငံရဲ႕ သိကၡာကုိ ထိိန္းသိမ္းႏုိင္မွာ ျဖစ္ပါသည္။ မိမိတုိ႔မွာ  အင္မတန္မွ မွန္မွန္ကန္ကန္၊ တည္တည္ၿငိမ္ၿငိမ္နဲ႔ လုပ္ရည္ကုိင္ရည္ ျပည့္စုံတဲ့ ဥပေဒပညာရွင္မ်ား လုိအပ္ပါသည္။ ဒီလုိ ဥပေဒပညာရွင္မ်ား ထြက္ေပၚဖုိ႔ ဆုိတာကေတာ့ လက္ရွိ တုိင္းျပည္ရဲ႕ ပညာေရး စနစ္နဲ႔လည္း ဆုိင္ပါသည္။ မိမိတုိ႔ႏိုင္ငံက ေရွ႕ေနႀကီးေတြ ဆိုတာ အားလုံးသိတဲ့ အတုိင္းပဲ၊ ျမန္မာႏုိင္ငံမွာ ဆုိလုိ႔ရွိရင္ ဥပေဒပညာကုိ အေလးမထားခဲ့တာ၊ တန္ဖုိးမထားခဲ့တာ ေတာ္ေတာ္ၾကာပါၿပီ။

မိမိတုိ႔ႏိုင္ငံ၏ ၁၉၄၇ ခုႏွစ္ ဖြဲ႔စည္းပုံ အေျခဥပေဒအရဆုိလွ်င္ အေၾကာင္းေၾကာင္းေၾကာင့္ ႏုိင္ငံေတာ္ သမၼတတာဝန္ မထမ္းေဆာင္ႏုိင္ခဲ့လွ်င္ တရားသူႀကီးခ်ဳပ္မွ ယင္းတာဝန္ကုိ ယာယီထမ္းေဆာင္ရန္ သတ္မွတ္ထားသည္ကုိ ၾကည့္ျခင္းအားျဖင့္ ဥပေဒ အေဆာက္္အဦထဲမွ တရားသူႀကီးမ်ားအား မည္မွ်အားကုိးေၾကာင္း ႏႈိင္းယွဥ္၍ ရပါသည္။ သုိ႔ေသာ္ ယေန႔လက္ေတြ႔ကေတာ့ တရား႐ုံးဆုိတာ ေငြေပး၍ အႏုိင္ေပးရာ ျဖစ္ေနပါသည္။

ဒီေန႔ အေျခအေနေတြဟာ ကမာၻလုံးဆုိင္ရာ အမ်ားႀကီး ေျပာင္းသြားပါၿပီ။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြ အတြင္းမွာ သိသိသာသာ ေျပာင္းသြားပါသည္။ အခုအခ်ိန္မွာေတာ့ မိမိတုိ႔ ျပည္သူမ်ားဟာ ျပန္ၿပီးေတာ့ ေျပာင္းဖုိ႔အတြက္၊ ျပန္ၿပီးေတာ့ ျဖစ္သင့္ျဖစ္ထုိက္တဲ့ အေျခေနကုိ ျဖစ္ဖုိ႔အတြက္ မိမိတုိ႔ ျပည္သူေတြ လုပ္ႏုိင္ဖုိ႔ အခြင့္အေရး အမ်ားႀကီး ရွိေနပါၿပီ။ မိမိတုိ႔ႏုိင္ငံႏွင့္ သင့္ေတာ္မည့္ ဥပေဒႏွင့္ ပတ္သက္ေသာ အေဆာက္အဦးမ်ား၊ အခင္းအက်င္းမ်ား တည္ေဆာက္ရန္ မိမိတုိ႔ ႏုိင္ငံသူႏုိင္ငံသားမ်ား တာဝန္ ျဖစ္သကဲ့သုိ႔ ယင္းတာဝန္အား ရဲရဲဝံ့ဝံ့၊ ညီညာစြာ ေဆာင္ရြမယ္ဆုိရင္ မေအာင္ျမင္စရာ အေၾကာင္းမရွိပါ။

ဆြီဒင္၊ ဒိန္းမတ္ အစုိးရတုိ႔က ၁၉၉၁ ခုႏွစ္က စတင္ခဲ့ေသာ တံတားတည္ေဆာက္ေရး လုပ္ငန္းသည္ ၉ ႏွစ္ၾကာၿပီးေနာက္ လုံးဝၿပီးစီးခဲ့ပါသည္။ ၂၀၀၀ ျပည့္ႏွစ္၊ ဇူလုိင္လ ၁ ရက္ေန႔တြင္ ေအာင္ျမင္စြာ ဖြင့္လွစ္ႏုိင္ခဲ့ၿပီး အုိရီဆန္း တံတားသည္ ဆြီဒင္၊ ဒိန္းမတ္ ႏွစ္ႏုိင္ငံ၏ ခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္ေရး ေအာင္ျမင္မႈကုိ အထင္အရွား သက္ေသျပလ်က္ရွိပါသည္။ ယခုအခါ အုိရီဆန္း တံတားေပၚတြင္ ေန႔စဥ္ ကားေပါင္း ၁၇၀၀၀ ကေန ၁၈၀၀၀ ေက်ာ္ ျဖတ္သန္းသြားလာေနၾကပါသည္။

အုိရီဆန္း တံတား ဒီဇုိင္းကုိ ေဂ်ာ္ဂ်င္ နစ္ဆင္ (Jorgen Nissen) ဦးေဆာင္ေသာ ဒီဇိုင္နာ ၄ ဦးက ေရးဆြဲခဲ့သည္ဟု သိရပါသည္။ အုိရီဆန္း တံတားသည္ အျပည္ျပည္ဆုိင္ရာ IABSE Outstanding Structure Award ဆုကုိ ရရွိခဲ့ပါသည္။

မိမိအေနနဲ႔ ဒီေနရာမွာ ေျပာခ်င္တာကေတာ့ ေနရာေတာင္းတဲ့ ႏုိင္ငံေရးသမားထက္ အလုပ္ေတာင္းတဲ့ ႏုိင္ငံေရးသမားကုိ မိမိတုိ႔ ျပည္သူေတြက လုိအပ္ပါသည္။ မိမိတုိ႔ ႏုိင္ငံေရးသမားမ်ား၏ အေမွ်ာ္အျမင္ ႀကီးမႈက တုိင္းျပည္ရပ္ရြာ၏ အေထြေထြ အျပားျပားေသာ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ မွားသည္၊ မွန္သည္၊ သင့္ေတာ္သည္၊ မသင့္ေတာ္သည္၊ ဘယ္သုိ႔ဘယ္ပုံ ေဆာင္ရြက္သင့္သည္ စသည့္ မိမိ၏ အေတြးအျမင္ အယူအဆမ်ားကုိ အမ်ားသိေအာင္ ျဖန္႔ခ်ိသူ၊ လက္ခံလာေအာင္ စည္း႐ံုးဆြဲေဆာင္သူ၊ မိမိ သေဘာတူသူမ်ားကုိ စုစည္းသူ၊ ထုိ႔ေနာက္ ထုိအျမင္၊ ထုိအယူအဆမ်ားအတုိင္း အေကာင္အထည္ေတာ္ ျဖစ္ေအာင္ ၾကဳိးပမ္းသူမ်ား ျဖစ္ေအာင္ ျပည္သူက ထိန္းေက်ာင္းေပးသြားရမည္ ျဖစ္ပါသည္။

ဥေရာပ ႏုိင္ငံေတြမွာကေတာ့ ဒီမုိကေရစီဆုိတာ ႏွစ္ေပါင္းမ်ားစြာ တည္းေဆာက္လာေတာ့ ဒီေန႔အခ်ိန္မွာ ျပည္သူေတြက ဒီမုိကေရစီ၏ အက်ဳိးေက်းဇူးေတြကုိ ခံစားေနၾကရတာပါ။ စင္စစ္ ႏုိင္ငံေရးသမား ဟူသည္တြင္ တုိင္းျပည္ကုိ မိမိ အယူအဆ၊ မိမိသေဘာထားမ်ားျဖင့္ စီမံဖန္တီးခြင့္ရေအာင္ ႀကဳိးပမ္းေနသူမ်ားေရာ၊ စီမံခန္႔ခြဲခြင့္ ရရွိေနၾက သူမ်ားပါ အႀကံဳးဝင္သည္။ အေရးႀကီးသည္က ထိုလူေတြ ေကာင္းေအာင္၊ ေတာ္ေအာင္ ထိန္းေက်ာင္းဖုိ႔က မိမိတုိ႔ ျပည္သူေတြပဲ ျဖစ္ပါသည္။

မိမိတုိ႔ ျပည္သူလူထုၾကားထဲမွာ ႏုိင္ငံေရးသမား မ်ားမ်ားထြက္လွ်င္၊ ထိုအထဲက အေကာင္းဆုံး အေတာ္ဆုံးေတြကုိ လူထုက ေရြးခ်ယ္ႏုိင္မည္။ သည္လူေတြကုိ လြတ္လပ္မွ်တစြာ ယွဥ္ၿပဳိင္ေစျခင္း၊ ၿပဳိင္ဘက္ အခ်င္းခ်င္းေရာ လူထုကုိယ္တုိင္ပါ ေစာင့္ၾကပ္ ေဝဖန္ျခင္းျဖင့္ ေကာင္းေသာ၊ ေတာ္ေသာ အေနအထားမွ ယိမ္းယုိင္ ေသြဖည္မသြားေအာင္ ထိန္းထားေပးႏုိင္မည္။

ႏုိင္ငံေရး နယ္ပယ္ထဲသုိ႔ အေၾကာင္းအမ်ဳိးမ်ဳိးျဖင့္ ေရာက္ၾကသူေတြရွိပါသည္။ သုိ႔ေသာ္ နယ္ပယ္မွာ ေရရည္ေနၾကသူေတြကေတာ့ ႏုိင္ငံေရးစိတ္ဓာတ္ ျပင္းထန္သူေတြသာ ႏုိင္ငံေရး ေလာကဓံကုိ ႀကံ့ႀကံ့ခံႏုိင္ၾကသည္။ ႏုိင္ငံေရး အာဏာ သုိ႔မဟုတ္ တုိင္းေရး ျပည္ရာ စီမံခန္႔ခြဲမႈ အာဏာကုိ ႏိုင္ငံေရး မလုပ္သူတုိ႔ ရစရာ အေၾကာင္းမရွိ၊ ေရွးတုန္းကေတာ့ ေက်ာက္ဖ်ာေပၚ အိပ္ေပ်ာ္ေနသူ၊ ၿမဳိ႕တံခါးေပါက္သုိ႔ လွည္းတစ္စီးႏွင့္ မနက္ အေစာဆုံး ေရာက္လာသူ စသည့္ပုဂၢဳိလ္မ်ားကုိ အတင္းအဓမၼ ရွင္ဘုရင္ တင္ေျမွာက္တာမ်ဳိးေတြ ရွိခဲ့ဖူးသည္။ သည္ေခတ္မွာေတာ့ ႏုိင္ငံေရး လုပ္လာသူမ်ားသာ အာဏာကုိ ရရွိၾကသည္။

ထုိေၾကာင့္ အာဏာလိုခ်င္သူ အမ်ားအျပား ႏုိင္ငံေရး လုပ္လာၾကသည္။ ဥပေဒသိေသာ ဥပေဒျပဳေရး လုပ္လာၾကသည္။ ပါတီ အႏုိင္ရပါက ဝန္ႀကီးေနရာႏွင့္ အာဏာေတာင္းလာၾကသည္။ အာဏာလႊဲဖုိ႔ ၃ လလုိကတည္းက ပါတီတြင္း ေနရာေတာင္းပြဲမ်ား၊ ေနရာလုပြဲမ်ား၊ ျပင္းထန္လာသည္။ ထုိသတင္းမ်ားေၾကာင့္ ျပည္သူလူထုမ်ား ရင္ထုမနာ ျဖစ္ၾကရသည္။

မိမိတုိ႔ႏုိင္ငံလုိ ဒီမုိကေရစီ အကူးေျပာင္းကာလ ျမန္မာႏုိင္ငံတြင္ ေနရာေတာင္းသည့္ ႏုိင္ငံေရးသမားမ်ားထက္ အလုပ္ေတာင္းသည့္ ႏုိင္ငံသမားမ်ား အေရးတႀကီး လုိအပ္ပါသည္။ အမ်ားျပည္သူ အက်ဳိးစီးပြားကုိ အရင္းခံထားကာ ပညာ-သတိ-သတၱိရွိစြာ လွဳပ္ရွား ေဆာင္ရြက္တတ္သည့္ ႏုိင္ငံေရးသမားေတြ မ်ားျပားလာမွသာ ဒီမုိကေရစီ ႏုိင္ငံတစ္ခု ျဖစ္ထြန္းလာႏုိင္ပါသည္။ မိမိတုိ႔ဥာဏ္၊ မိမိတုိ႔အခ်ိန္၊ မိမိတုိ႔ေငြေၾကးမ်ား စုိက္ထုတ္ကာ တုိင္းျပည္ေကာင္းက်ဳိး သယ္ပုိးမည့္သူမ်ားသာ တိုင္းျပည္က လုိအပ္ပါသည္။ မိမိ ကုိယ္စားျပဳသည့္ လူထု အစိတ္အပုိင္း၊ မိမိကုိယ္စားျပဳသည့္ ရပ္ရြာ ေဒသတုိ႔သာမက မိမိတုိင္းျပည္ တစ္ရပ္လုံး တုိးတက္ဖုိ႔ႏွင့္ သာယာဝေျပာဖုိ႔အတြက္ မည္သုိ႔မည္ပုံ ေဆာင္ရြက္ရမည့္အစား ေနရာလုေနသည့္ အဖြဲ႔အစည္းတစ္ခု အာဏာရခဲ့ပါက ျမန္မာအေရး ရင္ေမာစရာပင္ ျဖစ္ပါလိမ့္မည္။

ဥေရာပႏုိင္ငံေတြကေတာ့ သူ႔တုိ႔ႏုိင္ငံအတြက္ ပညာတတ္ေတြကုိ စိတ္ႀကိဳက္ ေရြးၿပီး တင္ေျမွာက္ၾကပါသည္။ တုိင္းျပည္အတြက္လည္း အက်ဳိးရွိ၊ တုိင္းသူျပည္သားေတြအတြက္ အမွန္တကယ္ အေျပာင္းအလဲ တစ္ခုကုိ လက္ေတြ႔က်က် အေကာင္အထည္ ေဖာ္ေပးရာ ေရာက္မွာပဲ ျဖစ္ပါသည္။ မိမိျပည္သူေတြ သတိထားဖုိ႔က အာဏာရွင္ေဟာင္းေတြ အာဏာျပန္ရသလုိျဖစ္မယ့္ အလုပ္ေတြကုိ မလုပ္မိၾကဖုိ႔ အေရးႀကီးပါသည္။

ဒိန္းမတ္ႏုိင္ငံ သမုိင္းအက်ဥ္း
လူဦးေရ – ၅,၇၂၇.၂၄၆ (၂၀၁၆)
ဧရိယာအက်ယ္ – ၄၂.၉၁၆ စ/ကီလုိမီတာ
လူဦးေရသိပ္သည္းမႈ – ၁၃၀.၅၀ (စတုရန္ ပ်မ္းမွ် ၁ ကီလိုမီတာ)
ပထဝီတည္ေနရာ – စကင္ဒီေနးဗီးယား
ျပည္တြင္းအသားတင္ ထုတ္လုပ္မႈတန္ဖုိး (GDP) – ဒိန္းမတ္ေငြ ၄၆၆.၂ ဘီလီယံ (၂၀၁၃)
ၿမိဳ႕ေတာ္ – ကုိပင္ေဟဂင္
ၿမဳိ႕ေတာ္လူဦးေရ – ၁,၂၄၆.၆၁၁ (၂၀၁၄)
ႏုိင္ငံအုပ္ခ်ဳပ္မႈပုံစံ – စည္းမ်ဥ္းခံဘုရင္စနစ္
အစုိးရ – ဆုိရွယ္ဒီမုိညြန္႔ေပါင္းအစုိးရ
ႏုိင္ငံေတာ္ဦးေသွ်ာင္ – ဘုရင္မ မာဂရီသီ
ဝန္ႀကီးခ်ဳပ္ – ဟယ္လီ ေသာ္ရင္း ရွမစ္
ပ်မ္းမွ်သက္တမ္း – အမ်ဳိးသား ၇၈.၀ ႏွစ္၊ အမ်ဳိးသမီး ၈၁.၉ ႏွစ္
႐ံုးသံုးဘာသာစကား – ဒိန္းမတ္ဘာသာစကား
ဘာသာေရး – ပ႐ိုိတက္စတင့္ ၉ဝ ရာခိုင္ႏႈန္း
အသုံးျပဳေငြေၾကး – ဒိန္းမတ္ ခ႐ုိနာ
ကုလသမဂၢအဖြဲ႔ဝင္ – ၁၉၄၅ ခုႏွစ္
ေနတုိးအဖြဲ႔ဝင္ – ၁၉၄၉ ခုႏွစ္
ဥေရာပ သမဂၢ အဖြဲ႔ဝင္ – ၁၉၇၃ ခုႏွစ္၊ ဇန္န၀ါရီလ ၁ ရက္
(ဆက္လက္ေဖာ္ျပပါမည္)

ေရႊဝါေရာင္ အရွင္ ထာဝရ (ေနာ္ေဝ)

>>>>>>>>>>>>>>>>>>>>>>>>>>

အိုရီဆန်း တံတား (သို့မဟုတ်) ဆွီဒင်-ဒိန်းမတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အောင်မြင်မှု

မိမိလည်း ကျောင်းပိတ်ရက် ဖြစ်တာကြောင့် ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်သို့ ခရီးထွက်ခဲ့ပါသည်။ ကိုပင်ဟေဂင်ကို ဒေသခံပြည်သူများက “ရှောပင်ဟာဗင်” ဟု ခေါ်ကြပါသည်။ မိမိ ကားပေါ်ရောက်တော့ ဥရောပကား၏ သဘောသဘာဝကို သိရပါသည်။ ဥရောပကားကို ပထမဆုံးအကြိမ် စီးဖူးခြင်းပင် ဖြစ်ပါသည်။ မိမိနေတဲ့ ဥရောပ ၇ နှစ်တာအတွင်း ခရီးစဉ်အများစုက လေယဉ်နဲ့ သွားဖြစ်တာများပါသည်။

ကားလမ်းဘေး တစ်လျှောက် လမ်းတံတား၊ စက်ရုံ၊ ဂျုံးခင်း၊ ဗျော့ပင်နှင့် ထင်းရှုးတောများ၊ နီညိုရောင် အုတ်ခဲ့နှင့် အိမ်လှလှကလေးများ၊ စိမ်းစိုသော မြက်ခင်း စားကျက်၊ ကွင်းပြင်၊ ရေကန်၊ သဘာဝပတ်ဝန်းကျင် မြင်ကွင်းများက ကားပြူတင်းမှ တဖျတ်ဖျတ် လှမ်းမြင်ရသည်။ တစ်ခါတစ်ရံ ရေကန်ကျယ်ကြီးများကို မြင်ရ၏။ များသောအားဖြင့် ကားလမ်း၏ ယာဖက်တွင် လူနေအိမ်နှင့် လယ်တောများကို မြင်ရသော်လည်း လက်ဝဲဖက် မြင်ကွင်းက တောအုပ်များသည် နွေးဦးပေါက်ရာသီ ဆိုပေမယ့် ထင်းရှုးများကမူ စိမ်းစိုနေမြဲ ဖြစ်၏။ ထင်းရှူးသည် အအေးမကြောက်သော သတ္တိရှိသည်။ ကားက အရှိန်မြန်သလောက် ငြိမ်သက် နေသည်။

ကားစီရသူအဖို့ လှပသော ဒိန်းမတ်နိုင်ငံ၏ သဘာဝ အရသာကို ခံစားရပါသည်။ ညနေ ၄ နာရီတွင် မာလမိုမြို့ ((Malmo)) နှင့် နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် သုံးနိုင်ငံ ကားကွင်းသို့ ဆိုက်ရောက်သည်။ မိမိတို့ စီးလာသော ကားလေးက ထိုကားဂိတ်မှ ပြန်ထွက်ပြီး ဟိုင်းလီ (Hyllie) ကို ဖြတ်သန်းကာ မကြာမီ ပင်လယ်ရေလက်ကြား တံတားရှည်ကြီးကို ဖြတ်သန်းရပါသည်။ ဤရေလက်ကြားကို အိုရီဆန်း ရေလက်ကြား (Oressund Strait) ဟု ခေါ်ပါသည် ။

အိုရီဆန်း ရေလက်ကြားကို ဆွီဒင်နှင့် ဒိန်းမတ်အစိုးရတို့ နှစ်နိုင်ငံပူးပေါင်း၍ တံတားတည်ဆောက်ရန် ၁၉၉၁ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤတံတားကို လူဦးရေ ၃ ဒဿမ ၇ သန်း နေထိုင်သော ဒေသတွင် တည်ဆောက်ခဲ့ခြင်းကြောင့် လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ တံတားကို အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဤတံတားကို ဆွီဒင်နိုင်ငံဘက်မှ Cable ကြိ်ုးတံတား (Stayed Bridge) ကို တည်ဆောက်ပြီး ဒိန်းမတ် နိုင်ငံဘက်က ရေအောက်ဥမင် လိုဏ်ခေါင်း (Tunnel) ဖောက်သည်။ ဥမင်လိုဏ်ခေါင်းနှင့် တံတား ပေါင်းဆုံသော နေရာကို ကျွန်းအတု၏ အကျယ်အဝန်းမှာ ၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၂ ဒဿမ ၅ မိုင် ရှိသည်။ ကြိုးတံတား၏ အရည်မှာ ၇ ဒဿမ ၈ ကီလိုမီတာရှိပြီး မိုင်အားဖြင့် ၄ ဒဿမ ၈ မိုင် ရှိသည်။ ရေအောက် ဥမင်လိုဏ်ခေါင်း အရှည်မှာ ၄ ဒဿမ ၁ ကီလိုမီတာ၊ မိုင်အားဖြင့် တွက်လျှင် ၂ ဒဿမ ၆ မိုင် ရှိပါသည်။ ကားလမ်း အသွားအပြန် ဖောက်လုပ်ထားသော အိုရီဆန်း တံတားကြီးပေါ်တွင် အမှတ် (၂၀) ဥရောပလမ်းမကြီး ၄ လမ်းရှိသည်။

ဒီလို တံတားကြီးတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေအကြောင်း တွေ့မြင်ရတဲ့အခါ မိမိတို့နိုင်ငံမှာလည်း အဲဒီလို အာမခံချက်ရှိတဲ့ တံတားကြီးတွေ ပြည်သူတွေရဲ့ဘဝ စိတ်ချလုံခြုံသော ကားလမ်းကြီးတွေ ရထား လမ်းမကြီးတွေ ရှိစေခြင်ပါသည်။ ယနေ့ ကြားနေရတာကတော့ ၆ လခံ၊ ၁ နှစ်ခံ တံတားတွေဆိုတာ ကြားနေရတော့ စိတ်ချလုံခြုံစွာ ခရီးသွားဖို့ဆိုတာ မိမိတို့ ပြည်သူတွေ အိပ်မက်တောင် မမက်ရဲတဲ့ ဘဝ ဖြစ်ပါသည်။

နိုင်ငံသားများ၏ စိတ်လုံခြုံမှုအတွက် တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဟု မိမိတို့ ခေါင်းဆောင်က ပြောကြားထားသော်လည်း လက်တွေ့ အခြေနေမှာတော့ တရားဥပဒေ စိုးမိုးရေးကို အင်မတန်မှ လိုလားတယ်ဆိုတာ မရှိ်သလောက် ဖြစ်နေပါသည်။ တရားဥပေဒ စိုးမိုးမှုရှိမှ ဒီနိုင်ငံက နိုင်ငံသားတွေဟာ စိတ်လုံခြုံမှု ရှိမှာပါ။ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိမှသာလျှင် နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါသည်။ မိမိတို့မှာ  အင်မတန်မှ မှန်မှန်ကန်ကန်၊ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည် ပြည့်စုံတဲ့ ဥပဒေပညာရှင်များ လိုအပ်ပါသည်။ ဒီလို ဥပဒေပညာရှင်များ ထွက်ပေါ်ဖို့ ဆိုတာကတော့ လက်ရှိ တိုင်းပြည်ရဲ့ ပညာရေး စနစ်နဲ့လည်း ဆိုင်ပါသည်။ မိမိတို့နိုင်ငံက ရှေ့နေကြီးတွေ ဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ၊ မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် ဥပဒေပညာကို အလေးမထားခဲ့တာ၊ တန်ဖိုးမထားခဲ့တာ တော်တော်ကြာပါပြီ။

မိမိတို့နိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေဥပဒေအရဆိုလျှင် အကြောင်းကြောင်းကြောင့် နိုင်ငံတော် သမ္မတတာဝန် မထမ်းဆောင်နိုင်ခဲ့လျှင် တရားသူကြီးချုပ်မှ ယင်းတာဝန်ကို ယာယီထမ်းဆောင်ရန် သတ်မှတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဥပဒေ အဆောက်အဦထဲမှ တရားသူကြီးများအား မည်မျှအားကိုးကြောင်း နှိုင်းယှဉ်၍ ရပါသည်။ သို့သော် ယနေ့လက်တွေ့ကတော့ တရားရုံးဆိုတာ ငွေပေး၍ အနိုင်ပေးရာ ဖြစ်နေပါသည်။

ဒီနေ့ အခြေအနေတွေဟာ ကမ္ဘာလုံးဆိုင်ရာ အများကြီး ပြောင်းသွားပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ သိသိသာသာ ပြောင်းသွားပါသည်။ အခုအချိန်မှာတော့ မိမိတို့ ပြည်သူများဟာ ပြန်ပြီးတော့ ပြောင်းဖို့အတွက်၊ ပြန်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေနေကို ဖြစ်ဖို့အတွက် မိမိတို့ ပြည်သူတွေ လုပ်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိနေပါပြီ။ မိမိတို့နိုင်ငံနှင့် သင့်တော်မည့် ဥပဒေနှင့် ပတ်သက်သော အဆောက်အဦးများ၊ အခင်းအကျင်းများ တည်ဆောက်ရန် မိမိတို့ နိုင်ငံသူနိုင်ငံသားများ တာဝန် ဖြစ်သကဲ့သို့ ယင်းတာဝန်အား ရဲရဲဝံ့ဝံ့၊ ညီညာစွာ ဆောင်ရွမယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိပါ။

ဆွီဒင်၊ ဒိန်းမတ် အစိုးရတို့က ၁၉၉၁ ခုနှစ်က စတင်ခဲ့သော တံတားတည်ဆောက်ရေး လုပ်ငန်းသည် ၉ နှစ်ကြာပြီးနောက် လုံးဝပြီးစီးခဲ့ပါသည်။ ၂၀ဝ၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အိုရီဆန်း တံတားသည် ဆွီဒင်၊ ဒိန်းမတ် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အောင်မြင်မှုကို အထင်အရှား သက်သေပြလျက်ရှိပါသည်။ ယခုအခါ အိုရီဆန်း တံတားပေါ်တွင် နေ့စဉ် ကားပေါင်း ၁၇၀ဝ၀ ကနေ ၁၈၀ဝ၀ ကျော် ဖြတ်သန်းသွားလာနေကြပါသည်။

အိုရီဆန်း တံတား ဒီဇိုင်းကို ဂျော်ဂျင် နစ်ဆင် (Jorgen Nissen) ဦးဆောင်သော ဒီဇိုင်နာ ၄ ဦးက ရေးဆွဲခဲ့သည်ဟု သိရပါသည်။ အိုရီဆန်း တံတားသည် အပြည်ပြည်ဆိုင်ရာ IABSE Outstanding Structure Award ဆုကို ရရှိခဲ့ပါသည်။

မိမိအနေနဲ့ ဒီနေရာမှာ ပြောချင်တာကတော့ နေရာတောင်းတဲ့ နိုင်ငံရေးသမားထက် အလုပ်တောင်းတဲ့ နိုင်ငံရေးသမားကို မိမိတို့ ပြည်သူတွေက လိုအပ်ပါသည်။ မိမိတို့ နိုင်ငံရေးသမားများ၏ အမျှော်အမြင် ကြီးမှုက တိုင်းပြည်ရပ်ရွာ၏ အထွေထွေ အပြားပြားသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှားသည်၊ မှန်သည်၊ သင့်တော်သည်၊ မသင့်တော်သည်၊ ဘယ်သို့ဘယ်ပုံ ဆောင်ရွက်သင့်သည် စသည့် မိမိ၏ အတွေးအမြင် အယူအဆများကို အများသိအောင် ဖြန့်ချိသူ၊ လက်ခံလာအောင် စည်းရုံးဆွဲဆောင်သူ၊ မိမိ သဘောတူသူများကို စုစည်းသူ၊ ထို့နောက် ထိုအမြင်၊ ထိုအယူအဆများအတိုင်း အကောင်အထည်တော် ဖြစ်အောင် ကြိုးပမ်းသူများ ဖြစ်အောင် ပြည်သူက ထိန်းကျောင်းပေးသွားရမည် ဖြစ်ပါသည်။

ဥရောပ နိုင်ငံတွေမှာကတော့ ဒီမိုကရေစီဆိုတာ နှစ်ပေါင်းများစွာ တည်းဆောက်လာတော့ ဒီနေ့အချိန်မှာ ပြည်သူတွေက ဒီမိုကရေစီ၏ အကျိုးကျေးဇူးတွေကို ခံစားနေကြရတာပါ။ စင်စစ် နိုင်ငံရေးသမား ဟူသည်တွင် တိုင်းပြည်ကို မိမိ အယူအဆ၊ မိမိသဘောထားများဖြင့် စီမံဖန်တီးခွင့်ရအောင် ကြိုးပမ်းနေသူများရော၊ စီမံခန့်ခွဲခွင့် ရရှိနေကြ သူများပါ အကြုံးဝင်သည်။ အရေးကြီးသည်က ထိုလူတွေ ကောင်းအောင်၊ တော်အောင် ထိန်းကျောင်းဖို့က မိမိတို့ ပြည်သူတွေပဲ ဖြစ်ပါသည်။

မိမိတို့ ပြည်သူလူထုကြားထဲမှာ နိုင်ငံရေးသမား များများထွက်လျှင်၊ ထိုအထဲက အကောင်းဆုံး အတော်ဆုံးတွေကို လူထုက ရွေးချယ်နိုင်မည်။ သည်လူတွေကို လွတ်လပ်မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ပြိုင်ဘက် အချင်းချင်းရော လူထုကိုယ်တိုင်ပါ စောင့်ကြပ် ဝေဖန်ခြင်းဖြင့် ကောင်းသော၊ တော်သော အနေအထားမှ ယိမ်းယိုင် သွေဖည်မသွားအောင် ထိန်းထားပေးနိုင်မည်။

နိုင်ငံရေး နယ်ပယ်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ကြသူတွေရှိပါသည်။ သို့သော် နယ်ပယ်မှာ ရေရည်နေကြသူတွေကတော့ နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်သူတွေသာ နိုင်ငံရေး လောကဓံကို ကြံ့ကြံ့ခံနိုင်ကြသည်။ နိုင်ငံရေး အာဏာ သို့မဟုတ် တိုင်းရေး ပြည်ရာ စီမံခန့်ခွဲမှု အာဏာကို နိုင်ငံရေး မလုပ်သူတို့ ရစရာ အကြောင်းမရှိ၊ ရှေးတုန်းကတော့ ကျောက်ဖျာပေါ် အိပ်ပျော်နေသူ၊ မြို့တံခါးပေါက်သို့ လှည်းတစ်စီးနှင့် မနက် အစောဆုံး ရောက်လာသူ စသည့်ပုဂ္ဂိုလ်များကို အတင်းအဓမ္မ ရှင်ဘုရင် တင်မြှောက်တာမျိုးတွေ ရှိခဲ့ဖူးသည်။ သည်ခေတ်မှာတော့ နိုင်ငံရေး လုပ်လာသူများသာ အာဏာကို ရရှိကြသည်။

ထိုကြောင့် အာဏာလိုချင်သူ အများအပြား နိုင်ငံရေး လုပ်လာကြသည်။ ဥပဒေသိသော ဥပဒေပြုရေး လုပ်လာကြသည်။ ပါတီ အနိုင်ရပါက ဝန်ကြီးနေရာနှင့် အာဏာတောင်းလာကြသည်။ အာဏာလွှဲဖို့ ၃ လလိုကတည်းက ပါတီတွင်း နေရာတောင်းပွဲများ၊ နေရာလုပွဲများ၊ ပြင်းထန်လာသည်။ ထိုသတင်းများကြောင့် ပြည်သူလူထုများ ရင်ထုမနာ ဖြစ်ကြရသည်။

မိမိတို့နိုင်ငံလို ဒီမိုကရေစီ အကူးပြောင်းကာလ မြန်မာနိုင်ငံတွင် နေရာတောင်းသည့် နိုင်ငံရေးသမားများထက် အလုပ်တောင်းသည့် နိုင်ငံသမားများ အရေးတကြီး လိုအပ်ပါသည်။ အများပြည်သူ အကျိုးစီးပွားကို အရင်းခံထားကာ ပညာ-သတိ-သတ္တိရှိစွာ လှုပ်ရှား ဆောင်ရွက်တတ်သည့် နိုင်ငံရေးသမားတွေ များပြားလာမှသာ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ထွန်းလာနိုင်ပါသည်။ မိမိတို့ဉာဏ်၊ မိမိတို့အချိန်၊ မိမိတို့ငွေကြေးများ စိုက်ထုတ်ကာ တိုင်းပြည်ကောင်းကျိုး သယ်ပိုးမည့်သူများသာ တိုင်းပြည်က လိုအပ်ပါသည်။ မိမိ ကိုယ်စားပြုသည့် လူထု အစိတ်အပိုင်း၊ မိမိကိုယ်စားပြုသည့် ရပ်ရွာ ဒေသတို့သာမက မိမိတိုင်းပြည် တစ်ရပ်လုံး တိုးတက်ဖို့နှင့် သာယာဝပြောဖို့အတွက် မည်သို့မည်ပုံ ဆောင်ရွက်ရမည့်အစား နေရာလုနေသည့် အဖွဲ့အစည်းတစ်ခု အာဏာရခဲ့ပါက မြန်မာအရေး ရင်မောစရာပင် ဖြစ်ပါလိမ့်မည်။

ဥရောပနိုင်ငံတွေကတော့ သူ့တို့နိုင်ငံအတွက် ပညာတတ်တွေကို စိတ်ကြိုက် ရွေးပြီး တင်မြှောက်ကြပါသည်။ တိုင်းပြည်အတွက်လည်း အကျိုးရှိ၊ တိုင်းသူပြည်သားတွေအတွက် အမှန်တကယ် အပြောင်းအလဲ တစ်ခုကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပေးရာ ရောက်မှာပဲ ဖြစ်ပါသည်။ မိမိပြည်သူတွေ သတိထားဖို့က အာဏာရှင်ဟောင်းတွေ အာဏာပြန်ရသလိုဖြစ်မယ့် အလုပ်တွေကို မလုပ်မိကြဖို့ အရေးကြီးပါသည်။

ဒိန်းမတ်နိုင်ငံ သမိုင်းအကျဉ်း
လူဦးရေ – ၅,၇၂၇.၂၄၆ (၂၀၁၆)
ဧရိယာအကျယ် – ၄၂.၉၁၆ စ/ကီလိုမီတာ
လူဦးရေသိပ်သည်းမှု – ၁၃၀.၅၀ (စတုရန် ပျမ်းမျှ ၁ ကီလိုမီတာ)
ပထဝီတည်နေရာ – စကင်ဒီနေးဗီးယား
ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) – ဒိန်းမတ်ငွေ ၄၆၆.၂ ဘီလီယံ (၂၀၁၃)
မြို့တော် – ကိုပင်ဟေဂင်
မြို့တော်လူဦးရေ – ၁,၂၄၆.၆၁၁ (၂၀၁၄)
နိုင်ငံအုပ်ချုပ်မှုပုံစံ – စည်းမျဉ်းခံဘုရင်စနစ်
အစိုးရ – ဆိုရှယ်ဒီမိုညွန့်ပေါင်းအစိုးရ
နိုင်ငံတော်ဦးသျှောင် – ဘုရင်မ မာဂရီသီ
ဝန်ကြီးချုပ် – ဟယ်လီ သော်ရင်း ရှမစ်
ပျမ်းမျှသက်တမ်း – အမျိုးသား ၇၈.ဝ နှစ်၊ အမျိုးသမီး ၈၁.၉ နှစ်
ရုံးသုံးဘာသာစကား – ဒိန်းမတ်ဘာသာစကား
ဘာသာရေး – ပရိိုတက်စတင့် ၉ဝ ရာခိုင်နှုန်း
အသုံးပြုငွေကြေး – ဒိန်းမတ် ခရိုနာ
ကုလသမဂ္ဂအဖွဲ့ဝင် – ၁၉၄၅ ခုနှစ်
နေတိုးအဖွဲ့ဝင် – ၁၉၄၉ ခုနှစ်
ဥရောပ သမဂ္ဂ အဖွဲ့ဝင် – ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်
(ဆက်လက်ဖော်ပြပါမည်)

ရွှေဝါရောင် အရှင် ထာဝရ (နော်ဝေ)

 

 

?bph6