‘’ဥေရာပ ေႏြဦးႏွင့္ ဒိန္းမတ္သုိ႔ ခရီးသြားၾကမယ္”

0
285

စာေရးသူမွာ ခရီးသြားတာ ၀ါသနာပါတာေၾကာင့္ ခရီးသြားေဆာင္ပါးေလးေရးရင္ သိပ္ၿပီးေတာ့ ေကာင္းမယ္လုိ႔ စိတ္ကူးေနမိတာကေတာ့ အမွန္ပါပဲ။ သုိ႔ေသာ္ အေၾကာင္းေၾကာင္းေၾကာင့္ စာေတြမေရးျဖစ္ခဲ့ပါဘူး။ အခုေတာ့ အေၾကာင္းတုိက္ဆုိင္လုိ စာေရးဖုိ႔ ျဖစ္လာခဲ့ပါၿပီ။ အခုုေတာ့ဒီစာနဲ႔အတူ ျမန္မာျပည္ကလူငယ္ေတြကုိ ဒိန္းမတ္ႏုိင္ငံ ခရီးကုိ ေခၚသြားပါမယ္။

အခုုရာသီဟာ ေဆာင္းကုန္ခါနီး ေႏြးဦးေရာက္ေတာ့မွာမုိ႔ အရြက္အဖူးေလးေတြ ထြက္စျပဳပါၿပီ။ ဥေရာပ ေႏြးဦးကေတာ့ စိမ္းလန္းစုိေျပတဲ့
သစ္ပင္ ပန္းပင္ေတြနဲ႕ ျပည့္ႏွက္ေနတာပါပဲ။ မိမိေမြးရာ ျမန္မာျပည္နဲ႕ေျပာင္းျပန္ ဒိန္းမတ္ႏုိင္ငံမွာေေတာ့ ေဆာင္းမွာအရြက္ေတြေၾကြၿပီး ေႏြျပန္၀င္မွပဲ အရြက္ေတြ ျပန္ေ၀ႏုိင္ပါသည္။
ေဆာင္းဒဏ္ေၾကာင့္ အပင္ေလးေတြမွာ ေႏြးဦးကုိ ၾကဳိဖုိ႕ အဖူးေလးေတြ ထြက္စျပဳေနတာက မိမိအတြက္ေတာ့ ကဗ်ာ တစ္ပုဒ္လုိပါပဲ။ ဥေရာပႏုိင္ငံအမ်ားစုကေတာ့ ေဆာင္းရာသီေရာက္ၿပီဆုိရင္ ထင္း႐ႈးမ်ဳိးႏြယ္ေတြကလြဲၿပီး အပင္ေတြ အရြက္ေၾကြၾကၿပီ။

‘’’ဥေရာပႏုိင္ငံေတြ၏ ဥတုရာသီကေတာ့ ၄မ်ဳ္ိးပါ “””

ေႏြးဦး (Spring)မတ္၊ ဧၿပီ၊၊ ေမ
ေႏြးရာသီ (Summer)ဂြ်န္၊ ဂ်ဴလုိင္၊ ၾသဂုတ္
ေဆာင္းဦး (Autumn)စက္တင္ဘာ၊ ေအာက္တုိဘာ၊ ႏုိ၀င္ဘာ
ေဆာင္းရာသီ (Winter)ဒီဇင္ဘာ၊ ဇန္န၀ါရီ၊ ေဖေဖာ္၀ါရီ တုုိ႔ျဖစ္ပါသည္။

မိိမိတုိ႕အားလုံးအတြက္ သဘာ၀တရားႀကီးကေတာ့ ဒီအတုိင္းပဲရွိေနမွာပါ။ အဲဒီသဘာ၀တရားႀကီးအေပၚ တဒဂၤ မီွိတင္းေနထုိင္ၾကတဲ့ လူသားအခ်င္းခ်င္း သတ္ျဖတ္မႈေတြ၊ မုန္းတီးမႈေတြ၊ ခြဲျခားဖိနိပ္မႈေတြ ေလ်ာ့ပါးပေပ်ာက္ေအာင္ ကေတာ့ အဲဒီလူသားအားလုံးမွာပဲ တာ၀န္ရွိေၾကာင္းပါ။ ဒိန္းမတ္ႏုိင္ငံဆုိတာ ဒီမုိကေရစီနဲ႕ ႏုိင္ငံသားေတြရဲ႕ ေနထုိင္မႈပုံစံေတြ အေတာ္ျပည့္စုံတဲ့ ႏုိင္ငံျဖစ္လုုိ႔ေနပါတယ္။
ဥေရာပ ျပကၡဒိန္ေတြမွာ အၿမဲတမ္းေတြရတဲ့ အိမ္ေရာင္စုံနဲ႔နန္းေတာ္ ေရသူမ ေမွ်ာ္စင္ေတြကေတာ့ ဒိန္းမတ္မွာ မိမိကုိ အဖမ္းစားဆုံးေနရာေတြ ျဖစ္ပါသည္။

‘’’’’’ဒိန္းမတ္ႏုိင္ငံ၏ကမၻာေက်ာ္ေရသူမရုပ္တု’’’’

ဒိန္းမတ္ႏိုင္ငံ ၿမိဳ႕ေတာ္ကိုပင္ေဟဂင္ဆိပ္ကမ္းမွေက်ာက္ေဆာင္တစ္ခုေပၚတြင္ေရသူမရုပ္ထုတစ္ခုကလွပစြာထိုင္လ်က္ရွိေနသည္။ ထုိေနရာသို႕ ပထမဆုံးအႀကိမ္ေရာက္ရွိလာၾကသူတိုင္းထိုေရသူမရုပ္ထုကိုၾကည့္ကာအံအားသင့္ၾကရသည္။ ေရသူမရုပ္ထုသည္၁ဒသမ၂၅မီတာခန္႔ျမင္လွ်က္၁၇၅ကီလိုဂရမ္ အေလးခ်ိန္ရွိသည္။ယင္းေရသူမရုပ္ထုငယ္အားအက္ဒ္ဗတ္အာရစ္ဆန္ဆိုသူကဒီဇိုင္းေရးဆြဲထုလုပ္ခဲ့ၿပီး၁၉၁၃ခုႏွစ္တြင္ေရသူမေလးျပဇာတ္တစ္ပုဒ္ကိုအမွတ္ရစိမ့္ေသာငွာယခုေနရာတြင္စိုက္ထူထားခဲ့သည္။ ေရသူမရုပ္ထုေလး၏ဦးေခါင္းသည္အႀကိမ္မ်ားစြာေပ်ာက္ဆုံးခဲ့ေသာ္လည္းေပ်ာက္ဆုံးခဲ့သည့္အႀကိမ္တိုင္းတြင္သူမ၏ဦးေခါင္းကိုျပန္လည္ရရွိတပ္ဆင္ေပးႏိုင္ခဲ့သည္။ကိုပင္ေဟဂင္အာဏာပိုင္မ်ားကထိုေရသူမရုပ္ထုအားလက္သရမ္းသူမ်ား၏ဖ်က္ဆီးမႈမွကာကြယ္ရန္ႏွင့္ကမၻာလွည့္ခရီးသည္မ်ားရုပ္ထုအေပၚသို႕တက္ေရာက္ၾကျခင္းကိုကာကြယ္ရန္ဆိပ္ကမ္းနယ္ေျမမွအျခားတစ္ေနရာသို႕ေရႊ႕ေျပာင္းမည္ဟုေၾကညာခဲ့ပါေသးတယ္။

‘’’’’’’’ဒိန္းမတ္ ()ႏုိင္ငံမွာ လည္ပတ္သင့္တဲ့ ေနရာေတြ”””””

ပထမဆုုံးလွည့္လည္ၾကည့္သင့္တာကေတာ့ ပန္းပုုရုုပ္ထုုေတြျဖစ္တဲ့ Little Mermaid၊ ဒ႑ာရီ Norse နတ္ဘုရားမ Gefjun ကို ကိုယ္စားၿပဳထုလုပ္ထားသည့္ Gefion Fountain ရုုပ္ထု တုုိ႔ၾကည့္ၿပီး အေဆာက္အအုုံေတြနဲ႔ ဗိသုုကာအလွေတြအတြက္ဆုုိ ဒိန္းမတ္ ေတာ္၀င္မိသားစု ယေန႕တုိင္ ဆက္လက္ေနထုိင္ဆဲျဖစ္သည့္ Amalienborg Palace ပါလီမန္၊ တရားရံုးခ်ဴပ္ ႏွင့္ ျပည္နယ္၀န္ႀကီးဌာနမ်ားရံုးမ်ားရွိၿပီး ေတာ္၀င္အခမ္းအနားပြဲစသည့္ ႏိုင္ငံေရးဆိုင္ရာ အခမ္းအနားမ်ား က်င္းပရာေနရာျဖစ္တဲ့ Christiansborgတုုိ႔ကုုိၾကည့္သင့္ပါတယ္။ ဒါ့အျပင္ ကိုပင္ေဟဂန္ၿမိဳ႕အတြင္း Canal Cruise စီးၿပီး ၿမိဳ႕အလွကုုိခံစားနုုိင္သလုုိ ဒိန္းမတ္ႏိုုင္ငံ၏ နာမည္ေက်ာ္ Vesterhavegaarden ၀ုိင္ၿခံသုိ႕သြားေရာက္ၿပီး ၀ုိင္အရသာမ်ားကို ျမည္းစမ္းၾကည့္ျခင္း တုုိ႔ကုုိျပလုုပ္သင့္တယ္လုုိ႔ အၾကံၿပဳခ်င္ပါတယ္။

‘’’’’ဒိန္းမတ္ႏုိင္ငံ၏ အေျခခံ ဥပေဒ””””

ဒိန္းမတ္နုုိင္ငံရဲ႕ ေန႔ထူးေန႔ျမတ္တေန႔ဟာ ဖြဲ႔စည္းပုုံအေျခခံဥပေဒေန႔လုုိ႔ေခၚၿပီး ဇြန္လ (၅)ရက္ေန႔ျဖစ္ပါတယ္။
အဲဒီ့ေန႔ဟာ ဒိန္းမတ္ႏုိင္ငံရဲ႕ သမုိင္း၀င္ဖြဲ႕စည္းပုံအေျခခံဥပေဒကုုိျပဌာန္းနုုိင္တဲ့ေန႔ျဖစ္သလုုိ အမ်ဳိးသားေန႕ ျဖစ္သလုုိ အေဖမ်ားေန႔လုုိ႔လည္းသတ္မွတ္ထားတာေၾကာင့္ အမ်ားျပည္သူနဲ႔ဆုုိင္တဲ့ အားလတ္ရက္တေန႔အျဖစ္လည္း အစုုိးရကသတ္မွတ္ေပးထားပါတယ္။ ျပည္သူေတြကုိယ္တုိင္က သူတုိ႕ကုိ ကာကြယ္ေစာင့္ေရွာက္မႈေပးထားတဲ့ ဥပေဒ ျဖစ္တာေၾကာင့္ အေလးအနက္ထားျပီး ျမတ္ႏုိးမႈရွိတဲ့ေန႔ ျဖစ္လုုိ႔လည္းေနပါတယ္။ ဒီလုုိေန႔ထူးေန႔မ်ိဳးဆုုိရင္ ဒိန္းမတ္ နုုိင္ငံရဲ႕ အိမ္ေတြနဲ႔ အမ်ားျပည္သူနဲ႔ဆုုိင္တဲ့ေနရာေတြမွာ သူတုုိ႔ရဲ႕ ႏုုိင္ငံေတာ္အလံကုုိ ဂုုဏ္ယူစြာလႊင့္ထူထားတာကုုိ ေတြ႔ရမွာပါ။

ဒိန္းမတ္ႏုိင္ငံရဲ႕ ပထမဆုံး ဒီမုိကေရစီ အေျခခံတဲ့ဖြဲ႕စည္းပုံဥပေဒကုိ ဘုရင္အသုိင္းအ၀ုိင္း၊ဘုရားေက်ာင္းေတာ္မ်ား၊စစ္ ဗုိလ္ခ်ဳပ္၊စစ္သားမ်ား၊လယ္သမားမ်ား၊အလုပ္သမားျပည္သူမ်ား၊ႏုိင္ငံေရးသမားမ်ား ၀ုိင္း၀န္းၿပီးညီညြတ္စြာ သမုိင္းေရးခဲ့ၾကတဲ့ ေန႕ဆုိရင္လည္းမမွားပါဘူး။
နုိင္ငံတစ္ႏုိင္ငံ ျဖစ္တည္လာၿပီဆုိရင္ ဒီႏုိင္ငံမွာ မွီတင္းေနထုိင္ၾကတဲ့ အထက္ေဖာ္ျပပါလူတန္းစားအားလုံးအတြက္ အေရးအႀကီးဆုံးျဖစ္တဲ့ ဒီမုိကေရစီဖြဲ႕စည္းပုံအေျခခံဥပေဒကုိ သူတုိ႕ေတြမေရာင္ရာမွာဆီလူးမေနၾကဘဲ အဓိက အက်ဆုံးကုိ ညွိညွိႏႈိင္းႏႈိင္းနဲ႔ႀကိဳးစားခဲ့ၾကတာ အခုဆုိ (၁၆၇)ႏွစ္တုိင္ခဲ့ပါၿပီ။ ေသြးမစြန္းဘဲ သက္ဦးဆံပုိင္ပေဒသရာဇ္ ဘုရင္ႀကီးကေန သူ႕အာဏာေတြစြန္႕လုိ႕ ျပည္သူ႕အတြက္ အေျခခံဥပေဒကုိ လုိလုိခ်င္ခ်င္ လက္မွတ္ေရးထုိးေပးခဲ့တဲ့ ေန႔ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေန႕ ဒိန္းမတ္ဆုိတာ ျဖစ္ခဲ့ပါၿပီ။ လူအခြင့္အေရးအျပည့္ရွိတဲ့ႏုိင္ငံအျဖစ္ ကမၻာက အသိမွတ္ျပဳေနၾကပါၿပီ။ အမ်ဳိးသား၊အမ်ဳိးသမီးတန္းတူအခြင့္အေရးေတြရွိခဲ့ပါၿပီ။ လယ္လုပ္သူ၊ လယ္ပုိင္လုိ႔ လယ္သမား၊ အလုပ္သမားေတြ ကမၻာပတ္ေနပါၿပီ။ ဒီမုိကေရစီ၏ အရသာကုိ အျပည့္အ၀ ခံစားေနရတဲ့ ဒိန္းမတ္ ျပည္သူေတြဟာ ကုန္ကုန္ေျပာရရင္ ေမြးဖြားသည္မွ ကြယ္လြန္သည္ထိ အစုိးရရဲ႕ ေစာင့္ေရွာက္မႈကုိ ခံယူေနနုုိင္ၾကပါၿပီ။

မိမိတုိ႕ ႏုိင္ငံေတာ္မွာလည္း အားလုံးအတြက္ အေရးအႀကီးဆုံး အခ်ိန္ကုိေရာက္ေနပါၿပီ။ ႏုိင္ငံတုိးတက္ေစခ်င္တာ၊ ျပည္သူ လူထုစိတ္လက္ခ်မ္းသာစြာ ဒီမုိကေရစီ အသီးအပြင့္ေတြကုိ ခံစားၾကေစခ်င္တဲ့ ဦးတည္ခ်က္တူေနသူ အခ်င္းခ်င္းေတြ ရန္ဘတ္ အသြင္မေဆာင္ၾကဘဲ မိတ္ဘတ္ အသြင္နဲ႕လွမ္းႏုိင္မွ ပန္းတုိင္နီးမွာျဖစ္ပါတယ္။

ဒီန္းမတ္ႏုိင္ငံမွာလဲ သူတုိ႕ခ်စ္တဲ့ အေျခခံဥပေဒကုိဘဲ ေကာင္းသည္ထက္ေကာင္းေအာင္ ၁၈၆၆၊ ၁၉၁၅၊ ၁၉၅၃ စတဲ့ ႏွစ္ေတြမွာ အဆင့္ဆင့္ျပင္ဆင္ေရးဆြဲခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပထမဆုံး လက္မွတ္ထုိးေပးခဲ့တဲ့ ဘုရင္ႀကီး သမုိင္းေၾကာင္းေကာင္းခဲ့ပါတယ္။ အဲဒီဘုရင္ႀကီးရဲ႕ မ်ဳိးဆက္အျဖစ္ လက္ရွိ ဒိန္းမတ္ဘုရင္မ မဂရက္ဟာလဲ(အမ်ုိးသမီးျဖစ္ေနတာေၾကာင့္)အဲဒီအေျခခံဥပေဒကုိ ၁၉၅၃မွာ ျပင္ဆင္ေရးဆြဲၿပီးေတာ့မွ ဘုရင္မအျဖစ္ ဆက္ခံခြင့္ရခဲ့ၿပီး ဂုဏ္သေရရွိစြာ ျပည္သူနဲ႕ အတူရွိလုုိ႔ေနပါတယ္။ ေလာကနိယာမျဖစ္တဲ့ မေျပာင္လဲတာဆုိလုိ႕ ”ေျပာင္းလဲျခင္းတရား”ပဲရွိတာမို႕မိမိေၾကာင့္မိမိရဲ႕မိသားစု၊သားစဥ္ေျမးဆက္ သမုိင္းေၾကာင္းေကာင္းရေအာင္ ႀကိဳစားၾကဖုိ႕လုိပါေၾကာင္း ဆုိတဲ့ အေတြးေလးတစ္စကုိ တင္ျပလုိက္ရပါသည္။

”ဒိန္းမတ္သုိ႔ ျပည္ပက အေျခခ် ေနထုိင္သူမ်ား”

ဒိန္းမတ္ႏုိင္ငံမွာအၿမဲတမ္းေနထုိင္ခြင့္ရထားတဲ့(အေမရိကန္လုိေျပာရင္ဂရင္းကဒ္)မ်ား ဒိန္းမတ္ႏုိင္ငံသား ေလွ်ာက္ထားသူမ်ား ႏုိင္ငံသားျဖစ္ဖုိ႕ စာေမးပြဲ ေျဖရပါတယ္။ ႏုိင္ငံသားျဖစ္ခ်င္သူမ်ားအတြက္ အစုိးရက တစ္ႏွစ္ကုိ တစ္ခါ စာေမးပြဲစစ္ေဆးေပးပါတယ္။ အၿမဲတမ္းေနထုိင္ခြင့္မရေသးသူမ်ား အဲဒီစာေမးပြဲကုိ ေျဖလုိ႕မရပါဘူး။ စာေမးပြဲက INDFØDSRETSPRØVEလုိ႕ေခၚတဲ့ႏုိင္ငံရဲ႕သမုိင္းေၾကာင္းကေတြကုုိေမးတာပါ။ ဥပမာအားျဖင့္ ဘုရင္မႀကီးနာမည္ ဘယ္လုိေခၚသလဲ၊ ဒီမုိကေရစီကုုိ ဘယ္ႏွစ္ကစသလဲ စတဲ့ သမုိင္းေၾကာင္းဆုိင္ရာ ေတြနဲ႔ အေရးႀကီးျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြကုိ ေမးခြန္းထုတ္ထားတာလည္းျဖစ္ပါတယ္။ ေမးခြန္းေပါင္း ၄၀-၅၀ ေမးထားၿပီး ေမးခြန္းႀကီး တစ္ခုရဲ႕ေအာက္မွာ ေမးခြန္းငယ္ သုံးခု သုိ႕မဟုတ္ ေလးခုနဲ႔ဖြဲ႔စည္းၿပီးေမးတတ္ပါတယ္။ ေမးခြန္းငယ္ တစ္ခုမွားတာနဲ႕ ေမးခြန္းႀကီးတစ္ခုလုံး မွားတယ္လုိ႕ မွတ္ယူၿပီး ေမးခြန္းႀကီး ၄၀-၅၀ ထဲက ၃၅ ခု မွန္ရင္ စာေမးပြဲေအာင္ပါတယ္။ ေျဖဆုိခ်ိန္ ၄၅မိနစ္ပါ။
စာေမးပြဲေျဖးၾကတဲ့ သူေတြအေနနဲ႕က ေဒသအုပ္ခ်ဳပ္ေရးရုံး (ေကာ္မွဴး)ေတြရဲ႕ လက္ေအာက္ခံ ဒိန္းမတ္ဘာသာစကား သင္တန္းဌာနေတြမွာ ဒိန္းမတ္ ေငြ ၇၀၄ ခရုိနာ သြင္းၿပီး ေျဖဆုုိနုုိင္ပါတယ္။

‘’’’’’’ဒိန္းမတ္ႏုိင္ငံ ပညာေရး””””””

ဒိန္းမတ္ႏုိင္ငံကပညာေရးကုိအထူးအားေပးတဲ့ႏုိင္ငံတစ္ႏုိင္ငံပါ။ ၁၈၁၄ ခုႏွစ္ကစလုိ႕မူလတန္းပညာမသင္မေနရ စနစ္ကုိစတင္က်င့္သုုံးခဲ့ပါတယ္။ ႏုုိင္ငံသား ၉၉ ရာခုုိင္ႏႈန္းေလာက္က စာတတ္ၾကပါတယ္။ အခမဲ့ ပညာေရးစနစ္ကုိ က်င့္သုံးတာေၾကာင့္ ဒိန္းမတ္ႏုိင္ငံမွာ ေက်ာင္းတက္တဲ့ ႏုိင္ငံသားေတြဟာ ေက်ာင္းတက္ရာမွာ ပုိက္ဆံမကုန္တဲ့အျပင္ ပုိက္ဆံေတာင္ထပ္ရပါေသးတယ္။

အလယ္တန္း၊အထက္တန္းနဲ႕တကၠသုိလ္ ေက်ာင္းသားအားလုံးကုိ ပညာသင္စရိတ္ရသလုုိ မူလတန္းကေန တကၠသုိ္လ္ ၿပီးလုုိ႔ ဘြဲ႔အဆင့္ဆင့္ယူကာ ပါရဂူဘြဲ႕ယူတဲ့အထိ ဘာေက်ာင္းလခမွ ေပးစရာမလုိပါဘူး။ မလုိ႕တဲ့အျပင္ ေထာက္ပံ့ေၾကးေငြေတာင္ ေပးပါသည္။ အလယ္တန္း ေက်ာင္းသူေက်ာင္းသားမ်ား အတြက္ မိဘရဲ႕ စီးပြားေရး အေျခအေနကုိ ၾကည့္ၿပီး အစုိးရက ေက်ာင္းလခကုိ အကန္႕အသတ္ မရွိ ေထာက္ပံ့ေပးပါသည္။

အသက္ ၁၈-၂၀ ၀န္းက်င္ ေကာလိပ္တန္း၊တကၠသုိလ္တန္း၀င္ဖုိ႕ ေျဖဆုိေနတဲ့ ေက်ာင္းသား၊ေက်ာင္းသူမ်ားကုိေတာ့ တစ္လကုိ အေမရိကန္ေဒၚ ၉၆၀ ေထာက္ပံ့ေပးသလုုိ ေကာလိပ္၊တကၠသုိလ္ အကဲဒမစ္၊ဒီဂရီ ေက်ာင္းသူ၊ေက်ာင္းသား မ်ားအတြက္ပါ ေထာက္ပံ့ေၾကးေပးပါတယ္။ ဒီအတြက္ ေျခာက္ႏွစ္သတ္မွတ္ထားေပးပါသည္။ ေျခာက္ႏွစ္စာ ေထာက္ပံ့ေပးၿပီး အေၾကာင္းအမ်ုိးမ်ုိးေၾကာင့္ ဒီဂရီ ေမဂ်ာ ေနာက္ တစ္ခုကုိ စိတ္ကူးေပါက္လုိ႕ တစ္ႏွစ္အရႈံးခံျပီး ေျပာင္းရင္ေတာင္ ေထာက္ပံ့ေၾကးက ေပးၿမဲေပးဆဲပါ။

မသန္းမစြမ္း ေက်ာင္းသူ၊ေက်ာင္းသားမ်ားအတြက္ ေကာလိပ္အဆင့္မွာမပါေတာ့တဲ့ အတြက္ ေထာက္ပံ့ေၾကးေငြ မရေတာ့ပါဘူးလုုိ႔ ဆုုိေပမယ့္ သာမန္လူေတြကိုုေပးတဲ့ အေထာက္အပံ့ထက္သာတဲ့ ပံပပုုိးမႈေတြ ရပါတယ္။ တကၠသုိလ္ရဲ႕ သုေတသနဌာနမွာ အလုပ္ရၿပီး သူတုိ႕ရဲ႕ တစ္ႏွစ္၀င္ေငြဟာ အေမရိကန္ေဒၚလာ ၁၈၀၀၀ ၀န္းက်င္မွာ ရွိပါတယ္။ Ph.D လုုိ႔ေခၚတဲ့ ပါရဂူဘြဲ တက္ေနတဲ့ေက်ာင္းသားမ်ားအတြက္လည္းအခက္အခဲမ်ားကုိ ေသခ်ာေထာက္ျပတင္ျပႏုိင္ရင္ ေထာက္ပံ့ေၾကးေငြလည္း ဆက္ရအုံးမွာ ျဖစ္ပါသည္။

ဒိန္းမတ္ႏုိင္ငံ အစုိးရက အလကားေပးလုိက္တာလုိ႕ မသတ္မွတ္ပါဘူး။ တစ္ေန႕ လုပ္ငန္းခြင္၀င္တဲ့ အခါ ျပန္ဆပ္ရမယ့္ ဆုိတဲ့ ေခ်းေငြ သေဘာနဲ႕ေပးတာ ျဖစ္ပါသည္။ သုိ႕ေပမယ့္ ေက်ာင္းၿပီးလုုိ႔ ၁၅ႏွစ္ ၾကာေတာင္ ယင္းေခ်ေငြ ျပန္မေပးလည္း ဘာမွ ဥပေဒနဲ႔မွ ညွိစြန္းမႈ မရွိဘူးလုိ႔ ဆုိပါသည္။

ထုိ႔ေၾကာင့္ ဒိန္းမတ္ႏုိင္ငံ ပညာေရးစနစ္ တစ္ခုလုံး အခမဲ့ျဖစ္တဲ့အျပင္ ပုိက္ဆံေဆာင္ ရလုုိ႔ေနေၾကာင္ပါ။ ႏုိင္ငံကေသး၊ လူဦးေရးကလည္းနည္း၊ ၀င္ေငြမ်ားတဲ့တုိင္းျပည္လည္းျဖစ္ေတာ့ ပညာေရးစနစ္ကုိ အေကာင္းဆုံးဖန္းတီးနုုိင္တာေပါ့။ က်ဴရွင္လည္း မရွိဘူး။ ယေန႕အထိ ပညာေရးစနစ္တစ္ခုလုံး အခမဲ့ျဖစ္ၿပီး ေက်ာင္းသားေတြကုိေတာင္ ပုိက္ဆံေပးတဲ့ အတြက္ ကမၻာမွာ ထူးျခားအံ့ၾသဖြယ္ ပညာေရးကုုိဦးစားေပးတဲ့ႏုိင္ငံအျဖစ္ အသတ္မွတ္ ခံထားရပါေၾကာင္း မိမိတုိ႕ ႏုိင္ငံလည္း ေနာင္မွာ အခုလုိ ပညာေရးမ်ဳိးကုိ အနာဂတ္ လူငယ္ေတြ ခံစားႏုိင္ပါေစေၾကာင္း ဆုေတာင္းေပးလုိက္ပါသည္။
ေရႊ၀ါေရာင္ အရွင္ထာ၀ရ (ေနာ္ေ၀)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာရေးသူမှာ ခရီးသွားတာ ဝါသနာပါတာကြောင့် ခရီးသွားဆောင်ပါးလေးရေးရင် သိပ်ပြီးတော့ ကောင်းမယ်လို့ စိတ်ကူးနေမိတာကတော့ အမှန်ပါပဲ။ သို့သော် အကြောင်းကြောင်းကြောင့် စာတွေမရေးဖြစ်ခဲ့ပါဘူး။ အခုတော့ အကြောင်းတိုက်ဆိုင်လို စာရေးဖို့ ဖြစ်လာခဲ့ပါပြီ။ အခုတော့ဒီစာနဲ့အတူ မြန်မာပြည်ကလူငယ်တွေကို ဒိန်းမတ်နိုင်ငံ ခရီးကို ခေါ်သွားပါမယ်။

အခုရာသီဟာ ဆောင်းကုန်ခါနီး နွေးဦးရောက်တော့မှာမို့ အရွက်အဖူးလေးတွေ ထွက်စပြုပါပြီ။ ဥရောပ နွေးဦးကတော့ စိမ်းလန်းစိုပြေတဲ့သစ်ပင် ပန်းပင်တွေနဲ့ ပြည့်နှက်နေတာပါပဲ။ မိမိမွေးရာ မြန်မာပြည်နဲ့ပြောင်းပြန် ဒိန်းမတ်နိုင်ငံမှာတော့ ဆောင်းမှာအရွက်တွေကြွေပြီး နွေပြန်ဝင်မှပဲ အရွက်တွေ ပြန်ဝေနိုင်ပါသည်။
ဆောင်းဒဏ်ကြောင့် အပင်လေးတွေမှာ နွေးဦးကို ကြိုဖို့ အဖူးလေးတွေ ထွက်စပြုနေတာက မိမိအတွက်တော့ ကဗျာ တစ်ပုဒ်လိုပါပဲ။ ဥရောပနိုင်ငံအများစုကတော့ ဆောင်းရာသီရောက်ပြီဆိုရင် ထင်းရှုးမျိုးနွယ်တွေကလွဲပြီး အပင်တွေ အရွက်ကြွေကြပြီ။
‘’’ဥရောပနိုင်ငံတွေ၏ ဥတုရာသီကတော့ ၄မျိ်ုးပါ “””
နွေးဦး (Spring)မတ်၊ ဧပြီ၊ မေ
နွေးရာသီ (Summer)ဂျွန်၊ ဂျူလိုင်၊ သြဂုတ်
ဆောင်းဦး (Autumn)စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ
ဆောင်းရာသီ (Winter)ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ တို့ဖြစ်ပါသည်။

မိမိတို့အားလုံးအတွက် သဘာဝတရားကြီးကတော့ ဒီအတိုင်းပဲရှိနေမှာပါ။ အဲဒီသဘာဝတရားကြီးအပေါ် တဒင်္ဂ မှိီတင်းနေထိုင်ကြတဲ့ လူသားအချင်းချင်း သတ်ဖြတ်မှုတွေ၊ မုန်းတီးမှုတွေ၊ ခွဲခြားဖိနိပ်မှုတွေ လျော့ပါးပပျောက်အောင် ကတော့ အဲဒီလူသားအားလုံးမှာပဲ တာဝန်ရှိကြောင်းပါ။ ဒိန်းမတ်နိုင်ငံဆိုတာ ဒီမိုကရေစီနဲ့ နိုင်ငံသားတွေရဲ့ နေထိုင်မှုပုံစံတွေ အတော်ပြည့်စုံတဲ့ နိုင်ငံဖြစ်လို့နေပါတယ်။
ဥရောပ ပြက္ခဒိန်တွေမှာ အမြဲတမ်းတွေရတဲ့ အိမ်ရောင်စုံနဲ့နန်းတော် ရေသူမ မျှော်စင်တွေကတော့ ဒိန်းမတ်မှာ မိမိကို အဖမ်းစားဆုံးနေရာတွေ ဖြစ်ပါသည်။

‘’’’’’ဒိန်းမတ်နိုင်ငံ၏ကမ္ဘာကျော်ရေသူမရုပ်တု’’’’

ဒိန်းမတ်နိုင်ငံ မြို့တော်ကိုပင်ဟေဂင်ဆိပ်ကမ်းမှကျောက်ဆောင်တစ်ခုပေါ်တွင်ရေသူမရုပ်ထုတစ်ခုကလှပစွာထိုင်လျက်ရှိနေသည်။ ထိုနေရာသို့ ပထမဆုံးအကြိမ်ရောက်ရှိလာကြသူတိုင်းထိုရေသူမရုပ်ထုကိုကြည့်ကာအံအားသင့်ကြရသည်။ ရေသူမရုပ်ထုသည်၁ဒသမ၂၅မီတာခန့်မြင်လျှက်၁၇၅ကီလိုဂရမ် အလေးချိန်ရှိသည်။ယင်းရေသူမရုပ်ထုငယ်အားအက်ဒ်ဗတ်အာရစ်ဆန်ဆိုသူကဒီဇိုင်းရေးဆွဲထုလုပ်ခဲ့ပြီး၁၉၁၃ခုနှစ်တွင်ရေသူမလေးပြဇာတ်တစ်ပုဒ်ကိုအမှတ်ရစိမ့်သောငှာယခုနေရာတွင်စိုက်ထူထားခဲ့သည်။ ရေသူမရုပ်ထုလေး၏ဦးခေါင်းသည်အကြိမ်များစွာပျောက်ဆုံးခဲ့သော်လည်းပျောက်ဆုံးခဲ့သည့်အကြိမ်တိုင်းတွင်သူမ၏ဦးခေါင်းကိုပြန်လည်ရရှိတပ်ဆင်ပေးနိုင်ခဲ့သည်။ကိုပင်ဟေဂင်အာဏာပိုင်များကထိုရေသူမရုပ်ထုအားလက်သရမ်းသူများ၏ဖျက်ဆီးမှုမှကာကွယ်ရန်နှင့်ကမ္ဘာလှည့်ခရီးသည်များရုပ်ထုအပေါ်သို့တက်ရောက်ကြခြင်းကိုကာကွယ်ရန်ဆိပ်ကမ်းနယ်မြေမှအခြားတစ်နေရာသို့ရွှေ့ပြောင်းမည်ဟုကြေညာခဲ့ပါသေးတယ်။

‘’’’’’’’ဒိန်းမတ် ()နိုင်ငံမှာလည်ပတ်သင့်တဲ့နေရာတွေ”””””

ပထမဆုံးလှည့်လည်ကြည့်သင့်တာကတော့ ပန်းပုရုပ်ထုတွေဖြစ်တဲ့ Little Mermaid၊ ဒဏ္ဍာရီ Norse နတ်ဘုရားမ Gefjun ကို ကိုယ်စားပြုထုလုပ်ထားသည့် Gefion Fountain ရုပ်ထု တို့ကြည့်ပြီး အဆောက်အအုံတွေနဲ့ ဗိသုကာအလှတွေအတွက်ဆို ဒိန်းမတ် တော်ဝင်မိသားစု ယနေ့တိုင် ဆက်လက်နေထိုင်ဆဲဖြစ်သည့် Amalienborg Palace ပါလီမန်၊ တရားရုံးချူပ် နှင့် ပြည်နယ်ဝန်ကြီးဌာနများရုံးများရှိပြီး တော်ဝင်အခမ်းအနားပွဲစသည့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာနေရာဖြစ်တဲ့ Christiansborgတို့ကိုကြည့်သင့်ပါတယ်။ ဒါ့အပြင် ကိုပင်ဟေဂန်မြို့အတွင်း Canal Cruise စီးပြီး မြို့အလှကိုခံစားနိုင်သလို ဒိန်းမတ်နိုင်ငံ၏ နာမည်ကျော် Vesterhavegaarden ဝိုင်ခြံသို့သွားရောက်ပြီး ဝိုင်အရသာများကို မြည်းစမ်းကြည့်ခြင်း တို့ကိုပြလုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

‘’’’’ဒိန်းမတ်နိုင်ငံ၏ အခြေခံ ဥပဒေ””””

ဒိန်းမတ်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တနေ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့လို့ခေါ်ပြီး ဇွန်လ (၅)ရက်နေ့ဖြစ်ပါတယ်။
အဲဒီ့နေ့ဟာ ဒိန်းမတ်နိုင်ငံရဲ့ သမိုင်းဝင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဌာန်းနိုင်တဲ့နေ့ဖြစ်သလို အမျိုးသားနေ့ ဖြစ်သလို အဖေများနေ့လို့လည်းသတ်မှတ်ထားတာကြောင့် အများပြည်သူနဲ့ဆိုင်တဲ့ အားလတ်ရက်တနေ့အဖြစ်လည်း အစိုးရကသတ်မှတ်ပေးထားပါတယ်။ ပြည်သူတွေကိုယ်တိုင်က သူတို့ကို ကာကွယ်စောင့်ရှောက်မှုပေးထားတဲ့ ဥပဒေ ဖြစ်တာကြောင့် အလေးအနက်ထားပြီး မြတ်နိုးမှုရှိတဲ့နေ့ ဖြစ်လို့လည်းနေပါတယ်။ ဒီလိုနေ့ထူးနေ့မျိုးဆိုရင် ဒိန်းမတ် နိုင်ငံရဲ့ အိမ်တွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သူတို့ရဲ့ နိုင်ငံတော်အလံကို ဂုဏ်ယူစွာလွှင့်ထူထားတာကို တွေ့ရမှာပါ။

ဒိန်းမတ်နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ အခြေခံတဲ့ဖွဲ့စည်းပုံဥပဒေကို ဘုရင်အသိုင်းအဝိုင်း၊ဘုရားကျောင်းတော်များ၊စစ် ဗိုလ်ချုပ်၊စစ်သားများ၊လယ်သမားများ၊အလုပ်သမားပြည်သူများ၊နိုင်ငံရေးသမားများ ဝိုင်းဝန်းပြီးညီညွတ်စွာ သမိုင်းရေးခဲ့ကြတဲ့ နေ့ဆိုရင်လည်းမမှားပါဘူး။
နိုင်ငံတစ်နိုင်ငံ ဖြစ်တည်လာပြီဆိုရင် ဒီနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ အထက်ဖော်ပြပါလူတန်းစားအားလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့တွေမရောင်ရာမှာဆီလူးမနေကြဘဲ အဓိက အကျဆုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ကြိုးစားခဲ့ကြတာ အခုဆို (၁၆၇)နှစ်တိုင်ခဲ့ပါပြီ။ သွေးမစွန်းဘဲ သက်ဦးဆံပိုင်ပဒေသရာဇ် ဘုရင်ကြီးကနေ သူ့အာဏာတွေစွန့်လို့ ပြည်သူ့အတွက် အခြေခံဥပဒေကို လိုလိုချင်ချင် လက်မှတ်ရေးထိုးပေးခဲ့တဲ့ နေ့ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ ဒိန်းမတ်ဆိုတာ ဖြစ်ခဲ့ပါပြီ။ လူအခွင့်အရေးအပြည့်ရှိတဲ့နိုင်ငံအဖြစ် ကမ္ဘာက အသိမှတ်ပြုနေကြပါပြီ။ အမျိုးသား၊အမျိုးသမီးတန်းတူအခွင့်အရေးတွေရှိခဲ့ပါပြီ။ လယ်လုပ်သူ၊လယ်ပိုင်လို့ လယ်သမား၊အလုပ်သမားတွေ ကမ္ဘာပတ်နေပါပြီ။ ဒီမိုကရေစီ၏ အရသာကို အပြည့်အဝ ခံစားနေရတဲ့ ဒိန်းမတ် ပြည်သူတွေဟာ ကုန်ကုန်ပြောရရင် မွေးဖွားသည်မှ ကွယ်လွန်သည်ထိ အစိုးရရဲ့ စောင့်ရှောက်မှုကို ခံယူနေနိုင်ကြပါပြီ။

မိမိတို့ နိုင်ငံတော်မှာလည်း အားလုံးအတွက် အရေးအကြီးဆုံး အချိန်ကိုရောက်နေပါပြီ။ နိုင်ငံတိုးတက်စေချင်တာ၊ ပြည်သူ လူထုစိတ်လက်ချမ်းသာစွာ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားကြစေချင်တဲ့ ဦးတည်ချက်တူနေသူ အချင်းချင်းတွေ ရန်ဘတ် အသွင်မဆောင်ကြဘဲ မိတ်ဘတ် အသွင်နဲ့လှမ်းနိုင်မှ ပန်းတိုင်နီးမှာဖြစ်ပါတယ်။

ဒီန်းမတ်နိုင်ငံမှာလဲ သူတို့ချစ်တဲ့ အခြေခံဥပဒေကိုဘဲ ကောင်းသည်ထက်ကောင်းအောင် ၁၈၆၆၊ ၁၉၁၅၊ ၁၉၅၃ စတဲ့ နှစ်တွေမှာ အဆင့်ဆင့်ပြင်ဆင်ရေးဆွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး လက်မှတ်ထိုးပေးခဲ့တဲ့ ဘုရင်ကြီး သမိုင်းကြောင်းကောင်းခဲ့ပါတယ်။ အဲဒီဘုရင်ကြီးရဲ့ မျိုးဆက်အဖြစ် လက်ရှိ ဒိန်းမတ်ဘုရင်မ မဂရက်ဟာလဲ(အမျိုးသမီးဖြစ်နေတာကြောင့်)အဲဒီအခြေခံဥပဒေကို ၁၉၅၃မှာ ပြင်ဆင်ရေးဆွဲပြီးတော့မှ ဘုရင်မအဖြစ် ဆက်ခံခွင့်ရခဲ့ပြီး ဂုဏ်သရေရှိစွာ ပြည်သူနဲ့ အတူရှိလို့နေပါတယ်။ လောကနိယာမဖြစ်တဲ့ မပြောင်လဲတာဆိုလို့ ”ပြောင်းလဲခြင်းတရား”ပဲရှိတာမို့မိမိကြောင့်မိမိရဲ့မိသားစု၊သားစဉ်မြေးဆက် သမိုင်းကြောင်းကောင်းရအောင် ကြိုစားကြဖို့လိုပါကြောင်း ဆိုတဲ့ အတွေးလေးတစ်စကို တင်ပြလိုက်ရပါသည်။

”ဒိန်းမတ်သို့ ပြည်ပက အခြေချ နေထိုင်သူများ”

ဒိန်းမတ်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့(အမေရိကန်လိုပြောရင်ဂရင်းကဒ်)များ ဒိန်းမတ်နိုင်ငံသား လျှောက်ထားသူများ နိုင်ငံသားဖြစ်ဖို့ စာမေးပွဲ ဖြေရပါတယ်။ နိုင်ငံသားဖြစ်ချင်သူများအတွက် အစိုးရက တစ်နှစ်ကို တစ်ခါ စာမေးပွဲစစ်ဆေးပေးပါတယ်။ အမြဲတမ်းနေထိုင်ခွင့်မရသေးသူများ အဲဒီစာမေးပွဲကို ဖြေလို့မရပါဘူး။ စာမေးပွဲက INDFØDSRETSPRØVEလို့ခေါ်တဲ့နိုင်ငံရဲ့သမိုင်းကြောင်းကတွေကိုမေးတာပါ။ ဥပမာအားဖြင့် ဘုရင်မကြီးနာမည် ဘယ်လိုခေါ်သလဲ၊ ဒီမိုကရေစီကို ဘယ်နှစ်ကစသလဲ စတဲ့ သမိုင်းကြောင်းဆိုင်ရာ တွေနဲ့ အရေးကြီးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို မေးခွန်းထုတ်ထားတာလည်းဖြစ်ပါတယ်။ မေးခွန်းပေါင်း ၄၀-၅၀ မေးထားပြီး မေးခွန်းကြီး တစ်ခုရဲ့အောက်မှာ မေးခွန်းငယ် သုံးခု သို့မဟုတ် လေးခုနဲ့ဖွဲ့စည်းပြီးမေးတတ်ပါတယ်။ မေးခွန်းငယ် တစ်ခုမှားတာနဲ့ မေးခွန်းကြီးတစ်ခုလုံး မှားတယ်လို့ မှတ်ယူပြီး မေးခွန်းကြီး ၄၀-၅၀ ထဲက ၃၅ခု မှန်ရင် စာမေးပွဲအောင်ပါတယ်။ ဖြေဆိုချိန် ၄၅မိနစ်ပါ။
စာမေးပွဲဖြေးကြတဲ့ သူတွေအနေနဲ့က ဒေသအုပ်ချုပ်ရေးရုံး (ကော်မှူး)တွေရဲ့ လက်အောက်ခံ ဒိန်းမတ်ဘာသာစကား သင်တန်းဌာနတွေမှာ ဒိန်းမတ် ငွေ ၇၀၄ ခရိုနာ သွင်းပြီး ဖြေဆိုနိုင်ပါတယ်။

‘’’’’’’ဒိန်းမတ်နိုင်ငံ ပညာရေး””””””

ဒိန်းမတ်နိုင်ငံကပညာရေးကိုအထူးအားပေးတဲ့နိုင်ငံတစ်နိုင်ငံပါ။ ၁၈၁၄ ခုနှစ်ကစလို့မူလတန်းပညာမသင်မနေရ စနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။ နိုင်ငံသား ၉၉ ရာခိုင်နှုန်းလောက်က စာတတ်ကြပါတယ်။ အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးတာကြောင့် ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်တဲ့ နိုင်ငံသားတွေဟာ ကျောင်းတက်ရာမှာ ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံတောင်ထပ်ရပါသေးတယ်။
အလယ်တန်း၊အထက်တန်းနဲ့တက္ကသိုလ် ကျောင်းသားအားလုံးကို ပညာသင်စရိတ်ရသလို မူလတန်းကနေ တက္ကသိ်ုလ် ပြီးလို့ ဘွဲ့အဆင့်ဆင့်ယူကာ ပါရဂူဘွဲ့ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာမလိုပါဘူး။ မလို့တဲ့အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသည်။ အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့ စီးပွားရေး အခြေအနေကို ကြည့်ပြီး အစိုးရက ကျောင်းလခကို အကန့်အသတ် မရှိ ထောက်ပံ့ပေးပါသည်။

အသက် ၁၈-၂၀ဝန်းကျင် ကောလိပ်တန်း၊တက္ကသိုလ်တန်းဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ကျောင်းသူများကိုတော့ တစ်လကို အမေရိကန်ဒေါ် ၉၆၀ ထောက်ပံ့ပေးသလို ကောလိပ်၊တက္ကသိုလ် အကဲဒမစ်၊ဒီဂရီ ကျောင်းသူ၊ကျောင်းသား များအတွက်ပါ ထောက်ပံ့ကြေးပေးပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေးပါသည်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက် တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်းရင်တောင် ထောက်ပံ့ကြေးက ပေးမြဲပေးဆဲပါ။

မသန်းမစွမ်း ကျောင်းသူ၊ကျောင်းသားများအတွက် ကောလိပ်အဆင့်မှာမပါတော့တဲ့ အတွက် ထောက်ပံ့ကြေးငွေ မရတော့ပါဘူးလို့ ဆိုပေမယ့် သာမန်လူတွေကိုပေးတဲ့ အထောက်အပံ့ထက်သာတဲ့ ပံပပိုးမှုတွေ ရပါတယ်။ တက္ကသိုလ်ရဲ့ သုတေသနဌာနမှာ အလုပ်ရပြီး သူတို့ရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀ဝ၀ ဝန်းကျင်မှာ ရှိပါတယ်။ Ph.D လို့ခေါ်တဲ့ ပါရဂူဘွဲ တက်နေတဲ့ကျောင်းသားများအတွက်လည်းအခက်အခဲများကို သေချာထောက်ပြတင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါသည်။

ဒိန်းမတ်နိုင်ငံ အစိုးရက အလကားပေးလိုက်တာလို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့ အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ပေးတာ ဖြစ်ပါသည်။ သို့ပေမယ့် ကျောင်းပြီးလို့ ၁၅နှစ် ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့မှ ညှိစွန်းမှု မရှိဘူးလို့ ဆိုပါသည်။

ထို့ကြောင့် ဒိန်းမတ်နိုင်ငံ ပညာရေးစနစ် တစ်ခုလုံး အခမဲ့ဖြစ်တဲ့အပြင် ပိုက်ဆံဆောင် ရလို့နေကြောင်ပါ။ နိုင်ငံကသေး၊ လူဦးရေးကလည်းနည်း၊ ဝင်ငွေများတဲ့တိုင်းပြည်လည်းဖြစ်တော့ ပညာရေးစနစ်ကို အကောင်းဆုံးဖန်းတီးနိုင်တာပေါ့။ ကျူရှင်လည်း မရှိဘူး။ ယနေ့အထိ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံပေးတဲ့ အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေးကိုဦးစားပေးတဲ့နိုင်ငံအဖြစ် အသတ်မှတ် ခံထားရပါကြောင်း မိမိတို့ နိုင်ငံလည်း နောင်မှာ အခုလို ပညာရေးမျိုးကို အနာဂတ် လူငယ်တွေ ခံစားနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

?bph6