အဆံုးသတ္ လွပတဲ့ ကယ္တင္ႏိုင္မႈမ်ား

0
360

ထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္ခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕ရွိ လိုဏ္ဂူထဲမွာ ပိတ္မိေနတဲ့ လူငယ္ ေဘာလံုးသမား ၁၂ ဦးနဲ႔ နည္းျပဆရာ ၁ ဦးတို႔ သတင္းဟာ ကမာၻ႔ဖလား ေဘာလံုးပြဲနဲ႔အၿပိဳင္ ႏိုင္ငံတကာ သတင္းေတြမွာ ထိပ္တန္း ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္ တာခ်ီလိတ္အျခမ္းကေန ဂူေတြကို ဝင္ေရာက္ ဝိုင္းဝန္းရွာေဖြမႈအပါအဝင္ ႏိုင္ငံတကာက နည္းပညာ၊ လူအင္အားနဲ႔ ရွာေဖြခဲ့ရာ လူငယ္ ၁၃ ဦးကို ၁၀ ရက္ေျမာက္ အၾကာမွာ ရွာေတြ႔ခဲ့ေပမယ့္ လိုဏ္ဂူထဲမွာ ေရေတြ တက္ေနေသးတာေၾကာင့္ အျပင္ကို ခ်က္ခ်င္း ကယ္မထုတ္ႏိုင္ခဲ့ဘဲ အခုမွ စတင္ ကယ္ထုတ္ႏိုင္တာ ျဖစ္ပါတယ္။

ကံေကာင္းတာက သူတို႔အားလံုးနီးပါးဟာ က်န္းမာေရး အေျခအေန ေကာင္းမြန္ေနတာ ျဖစ္ပါတယ္။ ရက္ေတြ ၾကာလာတာနဲ႔အမွ် စိုးရိမ္မႈေတြ ျမင့္တက္လာခဲ့ၿပီး မိုင္းဖုန္းဆရာေတာ္ႀကီး ကိုယ္တုိင္ ၂ ရက္တာ ၾကြေရာက္ ဆုေတာင္းေမတၱာပို႔သၿပီးေနာက္ ၂ ရက္အတြင္း ျပန္ေတြ႔မယ္လို႔ မိန္႔ၾကား အားေပးခဲ့ပါေသးတယ္။

ႏိုင္ငံတကာမွာလည္း ဂူတြင္း၊ ေရေအာက္နဲ႔ သတၱဳတြင္းေတြထဲမွာ ပိတ္မိေနရာက ေမွ်ာ္လင့္ခ်က္ မဲ့သေလာက္ ျဖစ္ရာကေန ကယ္တင္ႏိုင္ခဲ့တဲ့ ျဖစ္ရပ္ေတြ ရွိခဲ့ဖူးပါတယ္။

ဂရာမတ္၊ ျပင္သစ္ႏိုင္ငံ၊ ၁၉၉၉ ခုႏွစ္

၁၉၉၉ ခုႏွစ္၊ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဗစ္တာရဲလက္စ္ရွိ လိုဏ္ဂူအတြင္း လူ ၇ ဦး ပိတ္မိေနခဲ့တာ ၁၀ ရက္ ၾကာျမင့္ခဲ့ပါတယ္။ သူတို႔အားလံုးဟာ လိုဏ္ဂူေတြအတြင္း စြန္႔စားသြားလာမႈမွာ အေတြ႔အႀကံဳရွိသူေတြ ျဖစ္ေပမယ့္ ျပင္းထန္တဲ့ မုန္တိုင္းေၾကာင့္ လိုဏ္ဂူအတြင္း ေရေတြဝင္ၿပီး ထြက္ေပါက္ ပိတ္သြားခဲ့ပါတယ္။

ကြ်မ္းက်င္သူေတြဟာ ပိတ္မိေနသူေတြကို ကယ္တင္ႏိုင္ဖို႔ ဂူကို ေနရာမ်ားစြာကေန အေပါက္ေဖာက္ခဲ့ၾကရာမွာ ကံေကာင္းစြာနဲ႔ သူတို႔ရွိတဲ့ေနရာကို ေတြ႔ခဲ့ၾကပါတယ္။ ပိတ္မိေနသူေတြဟာ ရွိတဲ့ ရိကၡာနဲ႔ မီးထြန္းဖို႔ ဂက္စ္ကို ေသခ်ာ စီမံခန္႔ခြဲၿပီး အသက္ရွင္ခဲ့ၾကကာ က်န္းမာေရးလည္း ေကာင္းမြန္ေနခဲ့ၾကပါတယ္။

ကမ္ခ်တ္ကာ ကြ်န္းဆြယ္၊ ႐ုရွား၊ ၂၀၀၅ ခုႏွစ္

လူ ၇ ဦး လိုက္ပါလာတဲ့ ႐ုရွား ေရငုပ္သေဘၤာ အလတ္စားတစ္စီးဟာ ေရေအာက္မွာ ၃ ရက္ၾကာ ပိတ္မိေနခဲ့ဖူးပါတယ္။ ၂၀၀၅ ခုႏွစ္ ၾသဂုတ္လ ၄ ရက္ေန႔မွာ ေရငုပ္သေဘၤာဟာ ေရအနက္ ၆၂၅ ေပမွာ တစ္ခုခုနဲ႔ ၿငိေနၿပီး ေရေပၚျပန္မတက္ႏိုင္ ျဖစ္ခဲ့ပါတယ္။

ၿဗိတိသွ်အဖြဲ႔ရဲ႕ ေရေအာက္ စက္႐ုပ္ အကူအညီနဲ႔ ၿငိေနတဲ့အရာကို ျဖတ္ထုတ္ၿပီး သေဘၤာသားေတြကို ကယ္တင္ႏိုင္ခဲ့ပါတယ္။ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္က ၿဗိတိသွ် အဖြဲ႔ကို ဆုတံဆိပ္ခ်ီးျမင့္ၿပီး ကယ္ဆယ္ေရးဆိုင္ရာ ေရေအာက္သံုး ပစၥည္း အမ်ားအျပားကိုလည္း ဝယ္ယူမယ္လို႔ ေၾကညာခဲ့ပါတယ္။

ကိုပီယာပို၊ ခ်ီလီ၊ ၂၀၁၀ ျပည့္ႏွစ္

၂၀၁၀ ျပည့္ႏွစ္၊ ၾသဂုတ္ ၅ ရက္ေန႔မွာ ခ်ီလီႏိုင္ငံ သတၱဳတြင္း တစ္ခုရဲ႕ အနက္ ေပ ၂ ေထာင္ေအာက္မွာ အလုပ္သမား ၃၃ ဦး ပိတ္မိေနခဲ့ပါတယ္။ ၁၇ ရက္ၾကာမွ ေျမႀကီးကို ေဖာက္ၿပီး သူတို႔ရွိတဲ့ေနရာကို သိခဲ့ရပါတယ္။ အလုပ္သမားေတြဟာ တူနာငါးေသတၱာ ၁၅ ဘူးကို ဇြန္းနဲ႔ တစ္ဇြန္းစီ ၂၄ နာရီမွာ တစ္ႀကိမ္၊ ေနာက္ထပ္ ၄၈ နာရီမွာ တစ္ႀကိမ္၊ ေနာက္ထပ္ ၇၂ နာရီမွာ တစ္ႀကိမ္ ေဝမွ် စားေသာက္ၿပီး အသက္ရွင္ခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ကို ရွာေတြ႔ၿပီးေနာက္ ခ်က္ခ်င္း ေျမျပင္ေပၚ မကယ္တင္ႏိုင္ေသးလို႔ စားနပ္ရိကၡာေတြ သတၱဳတြင္းထဲ ခ်ေပးခဲ့ရၿပီး ရက္ ၇၀ နီးပါးၾကာမွာ သူတို႔ကို ကယ္ထုတ္ႏိုင္တာ ျဖစ္ပါတယ္။

အီကာ၊ ပီ႐ူး၊ ၂၀၁၂ ခုႏွစ္

ဖေအနဲ႔သား အပါအဝင္ သတၱဳတြင္းလုပ္သား ၉ ဦးဟာ ပီ႐ူးႏိုင္ငံ ေတာင္ပိုင္းရွိ သတၱဳတြင္းထဲမွာ ၂၀၁၂ ခုႏွစ္ ဧၿပီ ၇ ရက္ကေနစၿပီး ပိတ္မိေနတာ ၇ ရက္ ၾကာပါတယ္။ သူတို႔ကို အျပင္ ကယ္ထုတ္ႏိုင္ခ်ိန္မွာ အလင္းေရာင္ဒဏ္ကို ခံႏိုင္ဖို႔ သူတို႔ကို ေနကာမ်က္မွန္ တပ္ေပးထားခဲ့ရပါတယ္။

သတၱဳတြင္းထဲက လြတ္ေျမာက္လာၿပီး မိသားစုနဲ႔ ျပန္လည္ ဆံုဆည္းခြင့္ရတဲ့ အလုပ္သမားတစ္ဦးက ကြ်န္ေတာ္ အသစ္တဖန္ ျပန္ေမြးဖြားလာရသလိုပါပဲလို႔ မ်က္ရည္လည္ရႊဲနဲ႔ ေျပာခဲ့ပါတယ္။

အြန္တာစဘာ့ဂ္၊ ဂ်ာမနီ၊ ၂၀၁၄ ခုႏွစ္

ဂ်ာမနီႏိုင္ငံရွိ လိုဏ္ဂူတစ္ခုအတြင္း ၂၀၁၄ ခုႏွစ္၊ ဇြန္လ ၈ ရက္ေန႔မွာ စြန္႔စားသြားလာသူ ဂ်ိဳဟန္ ဗက္စ္ေဟာက္ဆာဟာ ျပဳတ္က်ၿပီး ဦးေခါင္းမွာ ဒဏ္ရာရခဲ့တဲ့အတြက္ လူအင္အား ၇၀၀ ေက်ာ္သံုးၿပီး ကယ္ဆယ္ဖို႔ ႀကိဳးစားခဲ့ရဖူးပါတယ္။

အသက္ ၅၂ ႏွစ္အရြယ္ အဲဒီလူဟာ တျခားအေဖာ္ ၂ ဦးနဲ႔ ဂူအတြင္း ဝင္ေရာက္သြားလာစဥ္ ဦးေခါင္းမွာ ဒဏ္ရာ ရခဲ့တာ ျဖစ္ပါတယ္။ အေဖာ္ ၁ ဦးက ကယ္ဆယ္ေရး အေၾကာင္းၾကားဖို႔ ဂူအျပင္ကို နာရီနဲ႔ခ်ီ လမ္းေလွ်ာက္ျပန္ထြက္လာၿပီး အေဖာ္ ၁ ဦးကေတာ့ ဗက္စ္ေဟာက္ဆာကို ေစာင့္ၾကည့္ က်န္ရစ္ပါတယ္။

ဗက္စ္ေဟာက္ဆာဟာ ဒဏ္ရာေၾကာင့္ မလႈပ္ႏိုင္တဲ့အတြက္ ႏိုင္ငံ ၅ ခုက ကယ္ဆယ္ေရးသမားေတြနဲ႔ ေဆးပညာရွင္ေတြက သူ႔ကို ေျမေအာက္ အနက္ ေပ ၃၃၀၀ ကေန ကယ္တင္ဖို႔ ႀကိဳးပမ္းခဲ့ရတာ ျဖစ္ပါတယ္။ ၁၁ ရက္အၾကာမွာ ဗက္စ္ေဟာက္ဆာကို ဂူအျပင္ေရာက္ေအာင္ တျဖည္းျဖည္း ေအာင္ျမင္စြာ ကယ္တင္ႏိုင္ခဲ့ပါတယ္။

ေကတီေက

Ref – ေအအက္ဖ္ပီ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အဆုံးသတ် လှပတဲ့ ကယ်တင်နိုင်မှုများ

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြဆရာ ၁ ဦးတို့ သတင်းဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့အပြိုင် နိုင်ငံတကာ သတင်းတွေမှာ ထိပ်တန်း ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက် တာချီလိတ်အခြမ်းကနေ ဂူတွေကို ဝင်ရောက် ဝိုင်းဝန်းရှာဖွေမှုအပါအဝင် နိုင်ငံတကာက နည်းပညာ၊ လူအင်အားနဲ့ ရှာဖွေခဲ့ရာ လူငယ် ၁၃ ဦးကို ၁၀ ရက်မြောက် အကြာမှာ ရှာတွေ့ခဲ့ပေမယ့် လိုဏ်ဂူထဲမှာ ရေတွေ တက်နေသေးတာကြောင့် အပြင်ကို ချက်ချင်း ကယ်မထုတ်နိုင်ခဲ့ဘဲ အခုမှ စတင် ကယ်ထုတ်နိုင်တာ ဖြစ်ပါတယ်။

ကံကောင်းတာက သူတို့အားလုံးနီးပါးဟာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတာ ဖြစ်ပါတယ်။ ရက်တွေ ကြာလာတာနဲ့အမျှ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး မိုင်းဖုန်းဆရာတော်ကြီး ကိုယ်တိုင် ၂ ရက်တာ ကြွရောက် ဆုတောင်းမေတ္တာပို့သပြီးနောက် ၂ ရက်အတွင်း ပြန်တွေ့မယ်လို့ မိန့်ကြား အားပေးခဲ့ပါသေးတယ်။

နိုင်ငံတကာမှာလည်း ဂူတွင်း၊ ရေအောက်နဲ့ သတ္တုတွင်းတွေထဲမှာ ပိတ်မိနေရာက မျှော်လင့်ချက် မဲ့သလောက် ဖြစ်ရာကနေ ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

ဂရာမတ်၊ ပြင်သစ်နိုင်ငံ၊ ၁၉၉၉ ခုနှစ်

၁၉၉၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဗစ်တာရဲလက်စ်ရှိ လိုဏ်ဂူအတွင်း လူ ၇ ဦး ပိတ်မိနေခဲ့တာ ၁၀ ရက် ကြာမြင့်ခဲ့ပါတယ်။ သူတို့အားလုံးဟာ လိုဏ်ဂူတွေအတွင်း စွန့်စားသွားလာမှုမှာ အတွေ့အကြုံရှိသူတွေ ဖြစ်ပေမယ့် ပြင်းထန်တဲ့ မုန်တိုင်းကြောင့် လိုဏ်ဂူအတွင်း ရေတွေဝင်ပြီး ထွက်ပေါက် ပိတ်သွားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေဟာ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ဂူကို နေရာများစွာကနေ အပေါက်ဖောက်ခဲ့ကြရာမှာ ကံကောင်းစွာနဲ့ သူတို့ရှိတဲ့နေရာကို တွေ့ခဲ့ကြပါတယ်။ ပိတ်မိနေသူတွေဟာ ရှိတဲ့ ရိက္ခာနဲ့ မီးထွန်းဖို့ ဂက်စ်ကို သေချာ စီမံခန့်ခွဲပြီး အသက်ရှင်ခဲ့ကြကာ ကျန်းမာရေးလည်း ကောင်းမွန်နေခဲ့ကြပါတယ်။

ကမ်ချတ်ကာ ကျွန်းဆွယ်၊ ရုရှား၊ ၂၀ဝ၅ ခုနှစ်

လူ ၇ ဦး လိုက်ပါလာတဲ့ ရုရှား ရေငုပ်သင်္ဘော အလတ်စားတစ်စီးဟာ ရေအောက်မှာ ၃ ရက်ကြာ ပိတ်မိနေခဲ့ဖူးပါတယ်။ ၂၀ဝ၅ ခုနှစ် သြဂုတ်လ ၄ ရက်နေ့မှာ ရေငုပ်သင်္ဘောဟာ ရေအနက် ၆၂၅ ပေမှာ တစ်ခုခုနဲ့ ငြိနေပြီး ရေပေါ်ပြန်မတက်နိုင် ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှအဖွဲ့ရဲ့ ရေအောက် စက်ရုပ် အကူအညီနဲ့ ငြိနေတဲ့အရာကို ဖြတ်ထုတ်ပြီး သင်္ဘောသားတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဗြိတိသျှ အဖွဲ့ကို ဆုတံဆိပ်ချီးမြင့်ပြီး ကယ်ဆယ်ရေးဆိုင်ရာ ရေအောက်သုံး ပစ္စည်း အများအပြားကိုလည်း ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။

ကိုပီယာပို၊ ချီလီ၊ ၂၀၁၀ ပြည့်နှစ်

၂၀၁၀ ပြည့်နှစ်၊ သြဂုတ် ၅ ရက်နေ့မှာ ချီလီနိုင်ငံ သတ္တုတွင်း တစ်ခုရဲ့ အနက် ပေ ၂ ထောင်အောက်မှာ အလုပ်သမား ၃၃ ဦး ပိတ်မိနေခဲ့ပါတယ်။ ၁၇ ရက်ကြာမှ မြေကြီးကို ဖောက်ပြီး သူတို့ရှိတဲ့နေရာကို သိခဲ့ရပါတယ်။ အလုပ်သမားတွေဟာ တူနာငါးသေတ္တာ ၁၅ ဘူးကို ဇွန်းနဲ့ တစ်ဇွန်းစီ ၂၄ နာရီမှာ တစ်ကြိမ်၊ နောက်ထပ် ၄၈ နာရီမှာ တစ်ကြိမ်၊ နောက်ထပ် ၇၂ နာရီမှာ တစ်ကြိမ် ဝေမျှ စားသောက်ပြီး အသက်ရှင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကို ရှာတွေ့ပြီးနောက် ချက်ချင်း မြေပြင်ပေါ် မကယ်တင်နိုင်သေးလို့ စားနပ်ရိက္ခာတွေ သတ္တုတွင်းထဲ ချပေးခဲ့ရပြီး ရက် ၇၀ နီးပါးကြာမှာ သူတို့ကို ကယ်ထုတ်နိုင်တာ ဖြစ်ပါတယ်။

အီကာ၊ ပီရူး၊ ၂၀၁၂ ခုနှစ်

ဖအေနဲ့သား အပါအဝင် သတ္တုတွင်းလုပ်သား ၉ ဦးဟာ ပီရူးနိုင်ငံ တောင်ပိုင်းရှိ သတ္တုတွင်းထဲမှာ ၂၀၁၂ ခုနှစ် ဧပြီ ၇ ရက်ကနေစပြီး ပိတ်မိနေတာ ၇ ရက် ကြာပါတယ်။ သူတို့ကို အပြင် ကယ်ထုတ်နိုင်ချိန်မှာ အလင်းရောင်ဒဏ်ကို ခံနိုင်ဖို့ သူတို့ကို နေကာမျက်မှန် တပ်ပေးထားခဲ့ရပါတယ်။

သတ္တုတွင်းထဲက လွတ်မြောက်လာပြီး မိသားစုနဲ့ ပြန်လည် ဆုံဆည်းခွင့်ရတဲ့ အလုပ်သမားတစ်ဦးက ကျွန်တော် အသစ်တဖန် ပြန်မွေးဖွားလာရသလိုပါပဲလို့ မျက်ရည်လည်ရွှဲနဲ့ ပြောခဲ့ပါတယ်။

အွန်တာစဘာ့ဂ်၊ ဂျာမနီ၊ ၂၀၁၄ ခုနှစ်

ဂျာမနီနိုင်ငံရှိ လိုဏ်ဂူတစ်ခုအတွင်း ၂၀၁၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စွန့်စားသွားလာသူ ဂျိုဟန် ဗက်စ်ဟောက်ဆာဟာ ပြုတ်ကျပြီး ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့အတွက် လူအင်အား ၇၀ဝ ကျော်သုံးပြီး ကယ်ဆယ်ဖို့ ကြိုးစားခဲ့ရဖူးပါတယ်။

အသက် ၅၂ နှစ်အရွယ် အဲဒီလူဟာ တခြားအဖော် ၂ ဦးနဲ့ ဂူအတွင်း ဝင်ရောက်သွားလာစဉ် ဦးခေါင်းမှာ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ အဖော် ၁ ဦးက ကယ်ဆယ်ရေး အကြောင်းကြားဖို့ ဂူအပြင်ကို နာရီနဲ့ချီ လမ်းလျှောက်ပြန်ထွက်လာပြီး အဖော် ၁ ဦးကတော့ ဗက်စ်ဟောက်ဆာကို စောင့်ကြည့် ကျန်ရစ်ပါတယ်။

ဗက်စ်ဟောက်ဆာဟာ ဒဏ်ရာကြောင့် မလှုပ်နိုင်တဲ့အတွက် နိုင်ငံ ၅ ခုက ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးပညာရှင်တွေက သူ့ကို မြေအောက် အနက် ပေ ၃၃၀ဝ ကနေ ကယ်တင်ဖို့ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ ၁၁ ရက်အကြာမှာ ဗက်စ်ဟောက်ဆာကို ဂူအပြင်ရောက်အောင် တဖြည်းဖြည်း အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

ကေတီကေ

Ref – အေအက်ဖ်ပီ

?bph6