ဗိုလ္တေထာင္က စေနမ

0
282

ေနဒဏ္မိုးဒဏ္ေၾကာင့္ ပင္ကိုယ္ထက္ပိုျပီး မဲျပာေနတဲ့အသားအေရ၊ ပိန္ကပ္ကပ္ ခႏၶာကိုယ္နဲ႔ အသက္ (၁၃)ႏွစ္အရြယ္ခန္႕ရွိတဲ့ မိန္းကေလးငယ္တဦး…။
ၿပီးေတာ့ သူမဟာ စေနေန႕မွာ ေမြးဖြားခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္တခုနဲ႔ မိဘေတြရဲ႕စြန္႔ပစ္မႈကို ခံခဲ့ရၿပီး လမ္းေပၚေရာက္မွန္းမသိ ေရာက္လာရသူတဦးလည္း ျဖစ္တယ္။

“စေနမ”ဆိုတာကလည္း သူမနာမည္ရင္းမဟုတ္ေပမယ့္ စေနေန႔မွာေမြးခဲ့လို႔ ေဆြမ်ိဳးေတြက ေခၚ ေ၀ၚၾကတဲ့ နာမည္တစ္ခု။

“မိုးတြင္းဆို သိပ္စိတ္ညစ္ဖုိ႔ ေကာင္းတာ။ စင္ေရာ္ေတြက မိုးတြင္းဆိုမလာဘူးေလ။ အဲဒီေတာ့ ပလံုပဲ ေကာက္ေနရတယ္။ ပလံုေကာက္တာလဲ သိပ္မရပါဘူး။ (၄)ရက္ (၅)ရက္တခါေလာက္မွ ေကာက္ထားတဲ့ဘူးခြံ ေတြကို သြားေရာင္းရတာ၊ အဲဒါေတာင္ (၁၅၀၀)၊ (၂၀၀၀) က်ပ္ေလာက္ပဲရေတာ့တာ” လို႔ အဘြားျဖစ္သူက ေခၚယူေစာင့္ေရွာက္ထားလို႔ ဗိုလ္တေထာင္ကမ္းနားမွာ စင္ေရာ္စာေရာင္းရင္း တေန႕စာ၀မ္းေရးအတြက္ ရုန္း ကန္ေနရသူ “စေနမ”က ေျပာပါတယ္။ ပလံုေကာက္တယ္ဆိုတာကေတာ့ အမိႈက္ပံုေတြထဲနဲ႔ လူအမ်ား လႊင့္ပစ္ ထားတဲ့ ဗူးခြံပုလင္းခြံေတြကို လိုက္ရွာေကာက္ရတာကို ေျပာတာပါ။

ျမန္မာႏိုင္ငံမွာ “စေနမ”လို လမ္းေဘးကေလးငယ္ေပါင္း (၂)ေသာင္း၀န္းက်င္ရိွတယ္လို႔ သိရပါတယ္။ ရန္ကုန္ျမိဳ႕တခုထဲမွာေတာ့ (၈၀၀၀)မွ (၁၀၀၀၀)ၾကားရိွတယ္လို႔ ဆိုပါတယ္။

သူမလို မိဘရဲ႕စြန္႔ပစ္မႈကိုခံရၿပီး လမ္းေပၚေရာက္ေနတဲ့ မိန္းကေလးငယ္ေတြရိွသလို မိဘေတြကိုယ္ တုိင္က ေျခသလံုးအိမ္တိုင္ဘ၀မို႕ သားသမီးေတြလည္း လမ္းေဘးမွာ ပလံုေကာက္ရင္း လမ္းေပၚမွာသာ ေပ်ာ္ သလိုေနၾကရတာျဖစ္ပါတယ္။

ဒါ့အျပင္ မိသားစုရဲ႕တာ၀န္ကို ငယ္ငယ္ရြယ္ရြယ္နဲ႕ တေယာက္ထဲထမ္းပိုးေနရလို႔ အိမ္မွာ မေပ်ာ္ေတာ့ဘဲ ဆယ္ေက်ာ္သက္မိန္းကေလးငယ္ ေလးေတြဟာ လမ္းေပ်ာ္ကေလးေတြ ျဖစ္လာၾကတာေတြလည္းရွိပါတယ္။

ဗိုလ္တေထာင္ကမ္းနားက ကေလးငယ္ေတြဟာ ပလံုေကာက္တာေတြ၊ စင္ေရာ္စာေရာင္းတာေတြ၊ ကုန္ထမ္းတာ၊ ေတာင္းရမ္းတာေတြနဲ႔ တေန႕စာထမင္းဖိုးအတြက္ ၀မ္းစာရွာေဖြေနၾကသူေတြျဖစ္ပါတယ္။

ဒီလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းေပၚေရာက္ေနတဲ့ မိန္းကေလးေတြဟာ လမ္းေဘးမွာေန၊ လမ္းေဘးမွာစား၊ လမ္းေဘးမွာအိပ္ေနၾကရတဲ့ အတြက္ လံုျခံဳမႈကင္းမဲ့လွပါတယ္။

အရင္ကေတာ့ ဗိုလ္တေထာင္ကမ္းနားက တံတားေပၚမွာပဲ ညအိပ္ေလ့ရွိၾကၿပီး ေနာက္ပိုင္းမွာေတာ့ အဲဒီမွာအိပ္ရင္ လာေရာက္ဖမ္းဆီးတာေတြရိွတာမို႕ ညဘက္ဆို စက္ေလွစီးျပီး တဖက္ကမ္းက တဲအိမ္ေတြမွာ သြားေရာက္အိပ္စက္ၾကရပါတယ္။

တဲအိမ္ဆိုေပမယ့္လည္း ေက်ာတခင္းစာေနရာသာရိွတဲ့ တဲငယ္ေလးေတြပါ။ အခ်ိဳ႕တဲအိမ္ေတြဆိုရင္ အမိုးအကာအျဖစ္ ေၾကာ္ျငာဗီႏိုင္းစေတြနဲ႕ ဖံုးအုပ္ကာရံထားၿပီး တခ်ိဳ႕ကေတာ့ ေဘးနံရံအကာအကြယ္ ဘာမွ မရွိပါဘူး။

တခ်ိဳ႕ကေတာ့ သူတို႕ေနထိုင္ေနရာေလးကို “က်ဴး”လို႕သတ္မွတ္ၾကပါတယ္။

“အခု က်ဴးေတြေနဖို႕ ေနရာေတြ သတ္မွတ္ေပးတယ္။ ဒါေပမယ့္ အိမ္ေဆာက္ဖို႕ ပိုက္ဆံမရိွဘူး။ မိုးတြင္းမွာလည္း ျဖစ္သလိုတဲေလးနဲ႕ ေနလို႕ရမွာမဟုတ္ဘူး။ အဲဒါေၾကာင့္ က်မအစ္မတို႕လင္မယားအိမ္မွာ ခဏလာေနတာ”လို႕ စေနမက သူမရဲ႕အခက္အခဲကိုေျပာျပတယ္။

တခ်ိဳ႕အိမ္ေျခရာမဲ့ကေလးငယ္ေတြ၊ မိဘမဲ့ကေလးငယ္ေတြဟာ စေနမလို ေဆြမ်ိဳးနဲ႕ နီးစပ္ရာအိမ္ေတြမွာ လိုက္ေနၾကရပါတယ္။ ဒီလို ေဆြမ်ိဳးေတြ၊ နီးစပ္ရာ အိမ္နီးခ်င္းေတြနဲ႕ အိမ္ေျခမဲ့ေတြ အခ်င္းခ်င္း စုေပါင္းေန ထိုင္တဲ့ အခါမွာေတာ့ သက္ငယ္မုဒိမ္းလို မလိုလားအပ္တဲ့ျပႆနာေတြနဲ႕ ရင္ဆိုင္လာရျပန္ပါတယ္။

“ဟိုေန႕ညကဆုိ (၆)ႏွစ္ပဲရိွေသးတဲ့ ေကာင္မေလးကို သူ႔ဦးေလးက မုဒိမ္းက်င့္ဖို႕လုပ္ေသးတယ္။ ေဘးကလူေတြ ေရာက္လာလို႔ ေတာ္ေသးတယ္။ သူ႕ဦးေလးက အရက္ေတြမူးေနတယ္ေလ” လို႔ စေနမက သူနဲ႕အတူ ပလံုေကာက္တဲ့ ေကာင္မေလးတေယာက္အေၾကာင္း ေျပာျပတယ္။

လမ္းေဘးမိန္းကေလးငယ္မ်ားဟာ လူေတြရဲ႕ အထင္အျမင္ေသးမႈကိုခံရျပီး ဘ၀တူ အရြယ္စံု ေယာက္်ားသား ေတြရဲ႕ အႏိုင္က်င့္အၾကမ္းဖက္မႈေတြကိုလည္း ေန႕တဓူ၀ၾကံဳေတြ႕ေနၾကရပါတယ္။

“ဒီမွာက ခ်စ္လို႕ၾကိဳက္လို႕ ယူတယ္ဆိုတာ ရွားတယ္။ ဗိုက္ၾကီးလာလို႕ယူလိုက္ၾကတာခ်ည္းပဲ”

ဒါကေတာ့ စေနမရဲ႕ မွတ္ခ်က္ျပဳသံေလးပါ။

ဒီ၀န္းက်င္မွာ မုဒိမ္းမႈဟာ ျပစ္မႈျဖစ္တယ္ဆိုတာေတာင္ နားမလည္၊ မသိရိွၾကသလို တိုင္တန္းတာေတြလည္း မရိွပဲ တကယ္လို႕ မိန္းကေလးငယ္မွာ ကိုယ္၀န္ရိွလာၿပီဆိုရင္ေတာ့ အဲဒီမုဒိမ္းက်င့္တဲ့လူနဲ႕ ျပန္လည္ေပါင္း သင္းေနထိုင္ေစတဲ့ပံုစံနဲ႕ အလြယ္တကူေျဖရွင္းေနၾကတာပါ။

“သမီးသူငယ္ခ်င္းဆိုလည္း အခုအသက္ (၁၂)ႏွစ္ပဲရိွေသးတယ္။ ကိုယ္၀န္ရိွေနၿပီ။ သူ႕ေယာက်္ားက သူ႕ထက္ အသက္ၾကီးတယ္။ အရင္မိန္းမနဲ႕ကေလးလည္းရွိေသးတယ္။ အခုကိုယ္၀န္ၾကီးနဲ႔လည္း သူတို႕လင္မယားႏွစ္ ေယာက္စလံုး အတူတူေကာ္ရႈေနၾကတာပဲ”လို႕ စေနမက သူ႕သူငယ္ခ်င္းတေယာက္အေၾကာင္းကို ေျပာျပပါ တယ္။

လမ္းေဘးကေလးငယ္အမ်ားစု ေကာ္ရႈၾကရတဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ ဆာေလာင္မႈဒဏ္ကို ခုခံႏိုင္ဖို႕ အတြက္သာျဖစ္တယ္လို႕ေျပာၾကပါတယ္။

မိန္းကေလးေရာ၊ ေယာက်ာ္းေလးေရာ၊ ေကာ္ရႈတဲ့အေလ့အထကို ျပဳလုပ္ေလ့ရိွၾကပါတယ္။ အဲဒီအထဲမွာ အရြယ္မတိုင္မွီ ကိုယ္၀န္ေဆာင္ေနရတဲ့ မိခင္မ်ားလည္း ပါ၀င္ေနပါတယ္။

မိခင္ကိုယ္တိုင္ အဟာရလံုေလာက္စြာ မစားသံုးရတဲ့အတြက္ ေမြးလာတဲ့ကေလးမ်ားမွာ အာဟာရခ်ဳိ႕တဲ့မႈေတြ ရွိေနတဲ့အျပင္ ဥာဏ္ရည္မျပည့္မီတဲ့ ကေလးငယ္မ်ားအျဖစ္ ေမြးဖြားလာၾကသလို အခ်ဳိ႕ကေလးေတြဆိုရင္ အသက္မဲ့ေမြးလာၾကတာပါ။

ကေလးမိခင္မ်ားမွာ ဆယ္ေက်ာ္အသက္အရြယ္မ်ားသာျဖစ္ၿပီး အားလံုးနီးပါးဟာ စာမသင္ႏိုင္သူေတြ၊ ေက်ာင္း မတက္ႏိုင္သူေတြ၊ ဗဟုသုတမရွာေဖြႏိုင္သူေတြျဖစ္ၾကလို႕ က်န္းမာေရးအသိပညာ၊ လိင္ပိုင္းဆိုင္ရာအသိပညာ နဲ႕ သားဆက္ျခားအသိပညာေတြကို မရရိွၾကပါဘူး။

ဒါေၾကာင့္ ေနာက္ဆက္တြဲျပႆနာအျဖစ္ ကိုယ္၀န္ရလာတဲ့အခါ မိခင္မက်န္းမာတာေတြ၊ ကေလးမဖြံ႕ျဖိဳးတာ ေတြ ရိွေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးေမြးဖြားေသဆံုးမႈႏႈန္း (၁၀၀၀)ဦးမွာ(၅၀)ေယာက္ရိွေနၿပီး အာဟာရခ်ိဳ႕တဲ့ပုညွပ္ေ၀ဒနာ ကို ခံစားေနရတဲ့ကေလးဦးေရႏႈန္း (၉၂.၂) ရာခိုင္ႏႈန္းရိွတယ္လို႔ Save the Children ရဲ႕ စစ္တမ္းတခုအရ သိရ ပါတယ္။

“သူတို႕အတြက္ အဓိကလိုတာက သားဆက္ျခားနည္းပညာေတြကို သင္ေပးဖို႕ပဲ။ သူတို႕က ငယ္ငယ္ေလးနဲ႕ အိမ္ေထာင္က်တယ္။ ကေလးေတြ တေယာက္ၿပီးတေယာက္ေမြးတယ္။ ဒါေပမယ့္ သူတို႕မွာ ကေလးေတြကို ျပဳစုေစာင့္ေရွာက္ဖို႕လိုအပ္တဲ့ အသိပညာအေထာက္အပံ့ေတြ ရိွမေနဘူး။ ေမြးလာသမွ် ကေလးေတြလည္း လမ္းေဘးေရာက္ၿပီး ေတာင္းစားၾကရတယ္။ ကေလးအမ်ားစုက အဟာရမျပည့္၀ၾကဘူး။ ကေလးေရာ မိခင္ေရာေပါ့။ အဲဒါေတြကို အဓိကလုပ္ေဆာင္ေပးဖို႔လိုေနတယ္” လို႕ လမ္းေဘးကေလးငယ္ေတြကို ကူညီ ေစာင့္ေရွာက္ေနတဲ့ လမ္းကေလးငယ္မ်ားေစာင့္ေရွာက္ေရးအဖြဲ႕အစည္းတခုျဖစ္တဲ့ Junior Dream အဖြဲ႕ တည္ေထာင္သူ မဣေျႏၵေနႏြယ္က ေျပာပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ အသက္(၁၅)ႏွစ္က (၁၉)ႏွစ္အထိ ကိုယ္၀န္ေဆာင္တာဟာ အရြယ္မတိုင္ခင္ ကိုယ္ ၀န္ေဆာင္ျခင္းျဖစ္လို႕ အႏၱရာယ္ရွိတယ္ဆိုတာ သူတို႕မသိရိွၾကပါဘူး။ (၁၅)ႏွစ္ထက္ေတာင္ ငယ္ေသးတဲ့ အသက္(၁၂)ႏွစ္ေလာက္နဲ႔ ကိုယ္၀န္ေဆာင္ေနၾကတာပါ။

အသက္(၂၀)မျပည့္မီ မိန္းကေလးငယ္ေတြအေနနဲ႕ သားဖြားျခင္းေၾကာင့္ ေသဆံုးမႈႏႈန္းဟာ အျမင့္ဆံုးျဖစ္ေန တယ္လို႕ UNICIFF ရဲ႕ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံက လမ္းေဘးမိန္းကေလးငယ္အမ်ားစုဟာ အပ်ိဳေဖာ္၀င္ၿပီဆိုတာနဲ႕ ကုိယ္၀န္ရိွလာၾကျပီး ကေလး အေဖအမ်ားစုဟာ အရက္ေသာက္လိုက္၊ ေကာ္ရႈလိုက္နဲ႕ အပူပင္ကင္းစြာ ေနထိုင္တတ္ၾကတဲ့အျပင္ တာ၀န္ယူ မႈေတြလည္း မရိွၾကတာေၾကာင့္ ဒီမိန္းကေလးငယ္မ်ားဟာ ကေလးငယ္တဖက္နဲ႕ မိသားစုတာ၀န္ကို တေယာက္တည္းသာ ေျဖရွင္းေနၾကရပါတယ္။

ဒါေၾကာင့္လည္း သူတို႕ေတြဟာ ဆယ္ေက်ာ္သက္အရြယ္မွာပဲ ကေလးတဲြေလာင္းနဲ႔ ကေလးမိခင္ဘ၀ေရာက္ျပီး လိုက္လံေတာင္းရမ္းစားေသာက္ေနၾကရတာပါ။

ေယာက္်ားက ႏွိပ္စက္လို႕ ေရွာင္တိမ္းေနရတဲ့ ကေလးနဲ႕မိခင္ေတြရိွသလို ေယာက်္ားက ေနာက္မိန္းမယူျပီး ထားခဲ့လုိ႕ ကေလးငယ္ကို တေယာက္တည္း ျပဳစုေစာင့္ေရွာက္ေနရသူေတြလည္း ရွိၾကပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ လမ္းေပ်ာ္ကေလးတို႕ေနထိုင္ရာ ရန္ကုန္တဖက္ကမ္း၊ ဒလျမိဳ႕နယ္အတြင္းမွာ က်န္းမာေရးနဲ႕ ပတ္သက္တဲ့အသိပညာေပးမႈေတြ၊ အမ်ိဳးသမီးနဲ႕ကေလးေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္ မႈေတြ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈေတြ၊ သားဆက္ျခားပညာေပးမႈေတြ အမ်ားၾကီးလိုအပ္ေနပါတယ္။

“မိန္းကေလးငယ္ေတြအတြက္ လစဥ္သံုးပစၥည္းေတြ သြားေပးတဲ့အခါမွာ သူတို႕သံုးတတ္ေပမယ့္ ၀ယ္သံုးဖို႕ ပိုက္ဆံမရိွၾကဘူး။ အဲဒီေတာ့ အ၀တ္စအေဟာင္းေတြကို သံုးေနရတယ္။ အ၀တ္ေဟာင္းေတြကလည္း မသန္႕ေတာ့ ယားနာေတြျဖစ္ၾကတယ္။ ေနာက္ဆက္တြဲ အမ်ိဳးသမီးနဲ႕ဆိုင္တဲ့ေရာဂါေတြျဖစ္လာၾကတယ္။ ဒါေတြကို သူတို႕မသိၾကဘူး။ ေနာက္အေရးေပၚ လိုအပ္ေနတာက တားေဆးေတြ ထိုးေပးဖို႕၊ သားဆက္ျခား နည္းလမ္းေတြ အသံုးျပဳေပးဖို႕၊ သူတို႕မွာ ပထမကေလးတေယာက္ရၿပီး ဘာမွမၾကာေသးဘူး။ ေနာက္ထပ္ ကေလးေတြ ထပ္ေမြးၾကတယ္။ ကေလးယူဖို႕ အစီစဥ္မရိွေပမယ့္ ကိုယ္၀န္ရလာေတာ့လည္း ယူလုိက္ၾကရတာ ပဲ ”လို႔ မဣေျႏၵေနႏြယ္က ဆက္ေျပာျပတယ္။

ႏိုင္ငံေတာ္အစိုးရအေနနဲ႕ လမ္းေဘးကေလးငယ္ေတြ ျပဳစုပ်ိဳးေထာင္ဖို႕ သင္တန္းေက်ာင္းေတြကို စီစဥ္ေပးေန ေပမယ့္လည္း မိဘရိွတဲ့ကေလးေတြကို မိဘေတြဆီသာ ျပန္လည္ပို႕ေဆာင္ေနၾကတာမို႕ မိဘမ်ားကိုယ္တိုင္က အိမ္ေျခမဲ့ေတြျဖစ္တဲ့အတြက္ အဲဒီကေလးငယ္အမ်ားစုဟာ လမ္းေပၚကိုသာ ျပန္လည္ေရာက္ရိွလာၾကတာျဖစ္ပါတယ္။

“ဒီမွာက မိန္းကေလးေတြရိွတယ္။ အသက္ (၁၁)၊ (၁၂)ႏွစ္ေလာက္ဆို ေယာက္်ားရသြားၾကတယ္။ ကေလးေတြ ေမြးၾကတယ္။ သူတို႔အတြက္ ဘာမွမထူးဆန္းဘူး”

အိမ္ေျခမဲ့မိဘမ်ားကလည္း သူတို႕ကေလးေတြကို ေက်ာင္းထားေပးခ်င္ၾကသလို ပညာတတ္ေတြ ျဖစ္ေစခ်င္ ၾကပါတယ္။ ဒါေပမယ့္ ေမွ်ာ္လင့္ထားသလို ျဖစ္မလာေတာ့ ေမြးလာတဲ့ကေလးငယ္ေတြလည္း မိဘေတြလို ေလလႊင့္လမ္းေပ်ာ္ဘ၀သာ ေရာက္ရိွလာၿပီး ျမန္မာႏိုင္ငံရဲ႕လမ္းေဘးေလလႊင့္ကေလးဦးေရဟာ တိုးပြားသ ထက္ တိုးပြားလာေနတာတာကို ဗိုလ္တေထာင္ကမ္းနားက ပလံုေကာက္ေနတဲ့ အသက္(၁၃)ႏွစ္အရြယ္ “စေနမ”ရဲ႕ စကားက သက္ေသထူလို႔ ေနပါေတာ့တယ္။

ခင္စုၾကည္

(ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) က စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

နေဒဏ်မိုးဒဏ်ကြောင့် ပင်ကိုယ်ထက်ပိုပြီး မဲပြာနေတဲ့အသားအရေ၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ အသက် (၁၃)နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တဦး…။
ပြီးတော့ သူမဟာ စနေနေ့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး လမ်းပေါ်ရောက်မှန်းမသိ ရောက်လာရသူတဦးလည်း ဖြစ်တယ်။

“စနေမ”ဆိုတာကလည်း သူမနာမည်ရင်းမဟုတ်ပေမယ့် စနေနေ့မှာမွေးခဲ့လို့ ဆွေမျိုးတွေက ခေါ် ဝေါ်ကြတဲ့ နာမည်တစ်ခု။

“မိုးတွင်းဆို သိပ်စိတ်ညစ်ဖို့ ကောင်းတာ။ စင်ရော်တွေက မိုးတွင်းဆိုမလာဘူးလေ။ အဲဒီတော့ ပလုံပဲ ကောက်နေရတယ်။ ပလုံကောက်တာလဲ သိပ်မရပါဘူး။ (၄)ရက် (၅)ရက်တခါလောက်မှ ကောက်ထားတဲ့ဘူးခွံ တွေကို သွားရောင်းရတာ၊ အဲဒါတောင် (၁၅၀ဝ)၊ (၂၀ဝ၀) ကျပ်လောက်ပဲရတော့တာ” လို့ အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားလို့ ဗိုလ်တထောင်ကမ်းနားမှာ စင်ရော်စာရောင်းရင်း တနေ့စာဝမ်းရေးအတွက် ရုန်း ကန်နေရသူ “စနေမ”က ပြောပါတယ်။ ပလုံကောက်တယ်ဆိုတာကတော့ အမှိုက်ပုံတွေထဲနဲ့ လူအများ လွှင့်ပစ် ထားတဲ့ ဗူးခွံပုလင်းခွံတွေကို လိုက်ရှာကောက်ရတာကို ပြောတာပါ။

မြန်မာနိုင်ငံမှာ “စနေမ”လို လမ်းဘေးကလေးငယ်ပေါင်း (၂)သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တခုထဲမှာတော့ (၈၀ဝ၀)မှ (၁၀ဝ၀ဝ)ကြားရှိတယ်လို့ ဆိုပါတယ်။

သူမလို မိဘရဲ့စွန့်ပစ်မှုကိုခံရပြီး လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးငယ်တွေရှိသလို မိဘတွေကိုယ် တိုင်က ခြေသလုံးအိမ်တိုင်ဘဝမို့ သားသမီးတွေလည်း လမ်းဘေးမှာ ပလုံကောက်ရင်း လမ်းပေါ်မှာသာ ပျော် သလိုနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် မိသားစုရဲ့တာဝန်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ တယောက်ထဲထမ်းပိုးနေရလို့ အိမ်မှာ မပျော်တော့ဘဲ ဆယ်ကျော်သက်မိန်းကလေးငယ် လေးတွေဟာ လမ်းပျော်ကလေးတွေ ဖြစ်လာကြတာတွေလည်းရှိပါတယ်။

ဗိုလ်တထောင်ကမ်းနားက ကလေးငယ်တွေဟာ ပလုံကောက်တာတွေ၊ စင်ရော်စာရောင်းတာတွေ၊ ကုန်ထမ်းတာ၊ တောင်းရမ်းတာတွေနဲ့ တနေ့စာထမင်းဖိုးအတွက် ဝမ်းစာရှာဖွေနေကြသူတွေဖြစ်ပါတယ်။

ဒီလို အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးတွေဟာ လမ်းဘေးမှာနေ၊ လမ်းဘေးမှာစား၊ လမ်းဘေးမှာအိပ်နေကြရတဲ့ အတွက် လုံခြုံမှုကင်းမဲ့လှပါတယ်။

အရင်ကတော့ ဗိုလ်တထောင်ကမ်းနားက တံတားပေါ်မှာပဲ ညအိပ်လေ့ရှိကြပြီး နောက်ပိုင်းမှာတော့ အဲဒီမှာအိပ်ရင် လာရောက်ဖမ်းဆီးတာတွေရှိတာမို့ ညဘက်ဆို စက်လှေစီးပြီး တဖက်ကမ်းက တဲအိမ်တွေမှာ သွားရောက်အိပ်စက်ကြရပါတယ်။

တဲအိမ်ဆိုပေမယ့်လည်း ကျောတခင်းစာနေရာသာရှိတဲ့ တဲငယ်လေးတွေပါ။ အချို့တဲအိမ်တွေဆိုရင် အမိုးအကာအဖြစ် ကြော်ငြာဗီနိုင်းစတွေနဲ့ ဖုံးအုပ်ကာရံထားပြီး တချို့ကတော့ ဘေးနံရံအကာအကွယ် ဘာမှ မရှိပါဘူး။

တချို့ကတော့ သူတို့နေထိုင်နေရာလေးကို “ကျူး”လို့သတ်မှတ်ကြပါတယ်။

“အခု ကျူးတွေနေဖို့ နေရာတွေ သတ်မှတ်ပေးတယ်။ ဒါပေမယ့် အိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘူး။ မိုးတွင်းမှာလည်း ဖြစ်သလိုတဲလေးနဲ့ နေလို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့် ကျမအစ်မတို့လင်မယားအိမ်မှာ ခဏလာနေတာ”လို့ စနေမက သူမရဲ့အခက်အခဲကိုပြောပြတယ်။

တချို့အိမ်ခြေရာမဲ့ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေဟာ စနေမလို ဆွေမျိုးနဲ့ နီးစပ်ရာအိမ်တွေမှာ လိုက်နေကြရပါတယ်။ ဒီလို ဆွေမျိုးတွေ၊ နီးစပ်ရာ အိမ်နီးချင်းတွေနဲ့ အိမ်ခြေမဲ့တွေ အချင်းချင်း စုပေါင်းနေ ထိုင်တဲ့ အခါမှာတော့ သက်ငယ်မုဒိမ်းလို မလိုလားအပ်တဲ့ပြဿနာတွေနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။

“ဟိုနေ့ညကဆို (၆)နှစ်ပဲရှိသေးတဲ့ ကောင်မလေးကို သူ့ဦးလေးက မုဒိမ်းကျင့်ဖို့လုပ်သေးတယ်။ ဘေးကလူတွေ ရောက်လာလို့ တော်သေးတယ်။ သူ့ဦးလေးက အရက်တွေမူးနေတယ်လေ” လို့ စနေမက သူနဲ့အတူ ပလုံကောက်တဲ့ ကောင်မလေးတယောက်အကြောင်း ပြောပြတယ်။

လမ်းဘေးမိန်းကလေးငယ်များဟာ လူတွေရဲ့ အထင်အမြင်သေးမှုကိုခံရပြီး ဘဝတူ အရွယ်စုံ ယောကျာ်းသား တွေရဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကိုလည်း နေ့တဓူဝကြုံတွေ့နေကြရပါတယ်။

“ဒီမှာက ချစ်လို့ကြိုက်လို့ ယူတယ်ဆိုတာ ရှားတယ်။ ဗိုက်ကြီးလာလို့ယူလိုက်ကြတာချည်းပဲ”

ဒါကတော့ စနေမရဲ့ မှတ်ချက်ပြုသံလေးပါ။

ဒီဝန်းကျင်မှာ မုဒိမ်းမှုဟာ ပြစ်မှုဖြစ်တယ်ဆိုတာတောင် နားမလည်၊ မသိရှိကြသလို တိုင်တန်းတာတွေလည်း မရှိပဲ တကယ်လို့ မိန်းကလေးငယ်မှာ ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ အဲဒီမုဒိမ်းကျင့်တဲ့လူနဲ့ ပြန်လည်ပေါင်း သင်းနေထိုင်စေတဲ့ပုံစံနဲ့ အလွယ်တကူဖြေရှင်းနေကြတာပါ။

“သမီးသူငယ်ချင်းဆိုလည်း အခုအသက် (၁၂)နှစ်ပဲရှိသေးတယ်။ ကိုယ်ဝန်ရှိနေပြီ။ သူ့ယောကျာ်းက သူ့ထက် အသက်ကြီးတယ်။ အရင်မိန်းမနဲ့ကလေးလည်းရှိသေးတယ်။ အခုကိုယ်ဝန်ကြီးနဲ့လည်း သူတို့လင်မယားနှစ် ယောက်စလုံး အတူတူကော်ရှုနေကြတာပဲ”လို့ စနေမက သူ့သူငယ်ချင်းတယောက်အကြောင်းကို ပြောပြပါ တယ်။

လမ်းဘေးကလေးငယ်အများစု ကော်ရှုကြရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆာလောင်မှုဒဏ်ကို ခုခံနိုင်ဖို့ အတွက်သာဖြစ်တယ်လို့ပြောကြပါတယ်။

မိန်းကလေးရော၊ ယောကျာ်းလေးရော၊ ကော်ရှုတဲ့အလေ့အထကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာ အရွယ်မတိုင်မှီ ကိုယ်ဝန်ဆောင်နေရတဲ့ မိခင်များလည်း ပါဝင်နေပါတယ်။

မိခင်ကိုယ်တိုင် အဟာရလုံလောက်စွာ မစားသုံးရတဲ့အတွက် မွေးလာတဲ့ကလေးများမှာ အာဟာရချို့တဲ့မှုတွေ ရှိနေတဲ့အပြင် ဉာဏ်ရည်မပြည့်မီတဲ့ ကလေးငယ်များအဖြစ် မွေးဖွားလာကြသလို အချို့ကလေးတွေဆိုရင် အသက်မဲ့မွေးလာကြတာပါ။

ကလေးမိခင်များမှာ ဆယ်ကျော်အသက်အရွယ်များသာဖြစ်ပြီး အားလုံးနီးပါးဟာ စာမသင်နိုင်သူတွေ၊ ကျောင်း မတက်နိုင်သူတွေ၊ ဗဟုသုတမရှာဖွေနိုင်သူတွေဖြစ်ကြလို့ ကျန်းမာရေးအသိပညာ၊ လိင်ပိုင်းဆိုင်ရာအသိပညာ နဲ့ သားဆက်ခြားအသိပညာတွေကို မရရှိကြပါဘူး။

ဒါကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် ကိုယ်ဝန်ရလာတဲ့အခါ မိခင်မကျန်းမာတာတွေ၊ ကလေးမဖွံ့ဖြိုးတာ တွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကလေးမွေးဖွားသေဆုံးမှုနှုန်း (၁၀ဝ၀)ဦးမှာ(၅၀)ယောက်ရှိနေပြီး အာဟာရချို့တဲ့ပုညှပ်ဝေဒနာ ကို ခံစားနေရတဲ့ကလေးဦးရေနှုန်း (၉၂.၂) ရာခိုင်နှုန်းရှိတယ်လို့ Save the Children ရဲ့ စစ်တမ်းတခုအရ သိရ ပါတယ်။

“သူတို့အတွက် အဓိကလိုတာက သားဆက်ခြားနည်းပညာတွေကို သင်ပေးဖို့ပဲ။ သူတို့က ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတယ်။ ကလေးတွေ တယောက်ပြီးတယောက်မွေးတယ်။ ဒါပေမယ့် သူတို့မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့လိုအပ်တဲ့ အသိပညာအထောက်အပံ့တွေ ရှိမနေဘူး။ မွေးလာသမျှ ကလေးတွေလည်း လမ်းဘေးရောက်ပြီး တောင်းစားကြရတယ်။ ကလေးအများစုက အဟာရမပြည့်ဝကြဘူး။ ကလေးရော မိခင်ရောပေါ့။ အဲဒါတွေကို အဓိကလုပ်ဆောင်ပေးဖို့လိုနေတယ်” လို့ လမ်းဘေးကလေးငယ်တွေကို ကူညီ စောင့်ရှောက်နေတဲ့ လမ်းကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Junior Dream အဖွဲ့ တည်ထောင်သူ မဣန္ဒြေနေနွယ်က ပြောပါတယ်။

ဆယ်ကျော်သက်အရွယ် အသက်(၁၅)နှစ်က (၁၉)နှစ်အထိ ကိုယ်ဝန်ဆောင်တာဟာ အရွယ်မတိုင်ခင် ကိုယ် ဝန်ဆောင်ခြင်းဖြစ်လို့ အန္တရာယ်ရှိတယ်ဆိုတာ သူတို့မသိရှိကြပါဘူး။ (၁၅)နှစ်ထက်တောင် ငယ်သေးတဲ့ အသက်(၁၂)နှစ်လောက်နဲ့ ကိုယ်ဝန်ဆောင်နေကြတာပါ။

အသက်(၂၀)မပြည့်မီ မိန်းကလေးငယ်တွေအနေနဲ့ သားဖွားခြင်းကြောင့် သေဆုံးမှုနှုန်းဟာ အမြင့်ဆုံးဖြစ်နေ တယ်လို့ UNICIFF ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လမ်းဘေးမိန်းကလေးငယ်အများစုဟာ အပျိုဖော်ဝင်ပြီဆိုတာနဲ့ ကိုယ်ဝန်ရှိလာကြပြီး ကလေး အဖေအများစုဟာ အရက်သောက်လိုက်၊ ကော်ရှုလိုက်နဲ့ အပူပင်ကင်းစွာ နေထိုင်တတ်ကြတဲ့အပြင် တာဝန်ယူ မှုတွေလည်း မရှိကြတာကြောင့် ဒီမိန်းကလေးငယ်များဟာ ကလေးငယ်တဖက်နဲ့ မိသားစုတာဝန်ကို တယောက်တည်းသာ ဖြေရှင်းနေကြရပါတယ်။

ဒါကြောင့်လည်း သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ကလေးတွဲလောင်းနဲ့ ကလေးမိခင်ဘဝရောက်ပြီး လိုက်လံတောင်းရမ်းစားသောက်နေကြရတာပါ။

ယောကျာ်းက နှိပ်စက်လို့ ရှောင်တိမ်းနေရတဲ့ ကလေးနဲ့မိခင်တွေရှိသလို ယောကျာ်းက နောက်မိန်းမယူပြီး ထားခဲ့လို့ ကလေးငယ်ကို တယောက်တည်း ပြုစုစောင့်ရှောက်နေရသူတွေလည်း ရှိကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လမ်းပျော်ကလေးတို့နေထိုင်ရာ ရန်ကုန်တဖက်ကမ်း၊ ဒလမြို့နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိပညာပေးမှုတွေ၊ အမျိုးသမီးနဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက် မှုတွေ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ၊ သားဆက်ခြားပညာပေးမှုတွေ အများကြီးလိုအပ်နေပါတယ်။

“မိန်းကလေးငယ်တွေအတွက် လစဉ်သုံးပစ္စည်းတွေ သွားပေးတဲ့အခါမှာ သူတို့သုံးတတ်ပေမယ့် ဝယ်သုံးဖို့ ပိုက်ဆံမရှိကြဘူး။ အဲဒီတော့ အဝတ်စအဟောင်းတွေကို သုံးနေရတယ်။ အဝတ်ဟောင်းတွေကလည်း မသန့်တော့ ယားနာတွေဖြစ်ကြတယ်။ နောက်ဆက်တွဲ အမျိုးသမီးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်လာကြတယ်။ ဒါတွေကို သူတို့မသိကြဘူး။ နောက်အရေးပေါ် လိုအပ်နေတာက တားဆေးတွေ ထိုးပေးဖို့၊ သားဆက်ခြား နည်းလမ်းတွေ အသုံးပြုပေးဖို့၊ သူတို့မှာ ပထမကလေးတယောက်ရပြီး ဘာမှမကြာသေးဘူး။ နောက်ထပ် ကလေးတွေ ထပ်မွေးကြတယ်။ ကလေးယူဖို့ အစီစဉ်မရှိပေမယ့် ကိုယ်ဝန်ရလာတော့လည်း ယူလိုက်ကြရတာ ပဲ ”လို့ မဣန္ဒြေနေနွယ်က ဆက်ပြောပြတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ လမ်းဘေးကလေးငယ်တွေ ပြုစုပျိုးထောင်ဖို့ သင်တန်းကျောင်းတွေကို စီစဉ်ပေးနေ ပေမယ့်လည်း မိဘရှိတဲ့ကလေးတွေကို မိဘတွေဆီသာ ပြန်လည်ပို့ဆောင်နေကြတာမို့ မိဘများကိုယ်တိုင်က အိမ်ခြေမဲ့တွေဖြစ်တဲ့အတွက် အဲဒီကလေးငယ်အများစုဟာ လမ်းပေါ်ကိုသာ ပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။

“ဒီမှာက မိန်းကလေးတွေရှိတယ်။ အသက် (၁၁)၊ (၁၂)နှစ်လောက်ဆို ယောကျာ်းရသွားကြတယ်။ ကလေးတွေ မွေးကြတယ်။ သူတို့အတွက် ဘာမှမထူးဆန်းဘူး”

အိမ်ခြေမဲ့မိဘများကလည်း သူတို့ကလေးတွေကို ကျောင်းထားပေးချင်ကြသလို ပညာတတ်တွေ ဖြစ်စေချင် ကြပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာတော့ မွေးလာတဲ့ကလေးငယ်တွေလည်း မိဘတွေလို လေလွှင့်လမ်းပျော်ဘဝသာ ရောက်ရှိလာပြီး မြန်မာနိုင်ငံရဲ့လမ်းဘေးလေလွှင့်ကလေးဦးရေဟာ တိုးပွားသ ထက် တိုးပွားလာနေတာတာကို ဗိုလ်တထောင်ကမ်းနားက ပလုံကောက်နေတဲ့ အသက်(၁၃)နှစ်အရွယ် “စနေမ”ရဲ့ စကားက သက်သေထူလို့ နေပါတော့တယ်။

ခင်စုကြည်

(ဒီဆောင်းပါးကို HI (Honest Information) Website ( www.hiburma.net ) ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ HI (Honest Information) Website ( www.hiburma.net ) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။)

?bph6