လုပ္ငန္းခြင္ထဲမွာ ထိကပါးရိကပါး လုပ္လို႔ရသလား….

0
330

“ ပုခံုးကို ပုတ္လိုက္၊ ခါးလာဖက္လိုက္နဲ႔…”
ထိကပါး ရိကပါး ျပဳလုပ္ခံေနရတဲ့ စက္ရံုအလုပ္သမ မဝင္းေမာ္က သူမႀကံဳေတြ႔ေနရတဲ့ အေျခအေနကို ေျပာျပေနတာပါ။
မဝင္းေမာ္တုိ႔ရဲ့ စက္ရံုအလုပ္သမားေခါင္းေဆာင္ (အလုပ္ႀကီးၾကပ္သူ) ေတြဟာ အမ်ိဳးသားေတြျဖစ္ၿပီး၊ မဝင္းေမာ္ အပါအ၀င္ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးအလုပ္သမေတြကို ေန႔စဥ္ လုပ္ငန္းခြင္ထဲမွာ ထိကပါး၊ ရိကပါး ျပဳလုပ္ တတ္ၾကပါတယ္။

မဝင္းေမာ္ဟာ မႏၱေလးၿမိဳ႕က နာမည္ေက်ာ္ Ve Ve အခ်ိဳရည္စက္ရံုမွာ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးတဦးပါ။
“ တခါတေလလည္း စသလုိလိုနဲ႔ ဖင္ပုတ္သြားတာေတြ၊ ပခံုးပုတ္သြားတာေတြ လုပ္တယ္”လုိ႔ မဝင္းေမာ္က သူမ ႀကံဳေတြ႔ရတာေတြကို ေျပာျပပါတယ္။
အလုပ္သမေတြက မေက်နပ္လို႔ ျပန္ေျပာရင္လည္း “ က်မတို႔ကို တျခားအမ်ိဳးသားေတြၾကားမွာ မၾကား၀ံ့မနာသာ ဆဲေရးတုိင္းထြာမႈေတြ ျပဳလုပ္တယ္” လုိ႔ ဆိုပါတယ္။

အလုပ္ၾကီးၾကပ္သူ အမ်ိဳးသားေတြဟာ သူတုိ႔စိတ္အလိုမက်တဲ့အခါ လက္ေအာက္ငယ္သား အမ်ိဳးသမီး အလုပ္ သမေတြကို ေျခေထာက္နဲ႔ ေဆာင့္ကန္တာေတြလည္း ျပဳလုပ္တတ္တယ္လို႕ မဝင္းေမာ္က ဆုိပါတယ္။

“ က်မတို႔ကို ရုိက္တာေတြ၊ ထိတာေတြ၊ ကန္တာေတြကို မႀကိဳက္ေပမယ့္ ေခါင္းေဆာင္ေတြဆိုေတာ့ ခံေနရပါ တယ္။ အရမ္းလြန္လာျပီထင္ရင္ေတာ့ မခံႏုိင္လို႔ အမ်ိဳးသားေခါင္းေဆာင္ မထားဖုိ႔ ေတာင္းဆုိၾကတယ္” လို႔ မဝင္း ေမာ္က ဆက္လက္ေျပာျပပါတယ္။
ဒီအလုပ္ၾကီးၾကပ္သူေတြဟာ တခါတေလလည္း အရက္ေသစာေသာက္စားလာၾကျပီး အမ်ိဳးသမီး အလုပ္သမေတြ ကို အလုပ္ဖိခုိင္းတာေတြလည္း ျပဳလုပ္တတ္ၾကတယ္လို႕ စက္ရံုအလုပ္သမေတြက ေျပာျပပါတယ္။

စက္ရံုအလုပ္သမတဦးျဖစ္တဲ့ မသႏၱာစိုးကလည္း “ က်မတို႔ခံေျပာရင္ေတာ့ အမ်ိဳးသမီးေတြ မလုပ္ႏုိင္တဲ့ေနရာေတြ ကို ပို႔တယ္။ တျခားလူေတြေရွ႕မွာ အရွက္ခြဲတာေတြ လုပ္ပါတယ္” လို႔ သူမႀကံဳေတြ႔ရတဲ့အျဖစ္အပ်က္ကို ေျပာျပပါ တယ္။
အလုပ္ႀကီးၾကပ္သူေတြဟာ သူတု႔ိလက္ေအာက္ငယ္သား အမ်ိဳးသမီးေတြကို ႏုိင္ထက္စီးနင္းလုပ္တာေတြ၊ မခံႏုိင္ ေအာင္ ဆဲေရးတုိင္းထြာတာေတြ၊ ကိုယ္ထိလက္ေရာက္ျပဳတာေတြ မလုပ္ဖို႔ မသႏၱာစိုးက ေတာင္းဆုိလုိက္ပါတယ္။

“ က်မတို႔အေနနဲ႕ အလုပ္ႀကီးၾကပ္သူ အမ်ိဳးသမီးေတြ ခန္႔ထားေပးဖို႔၊ အိမ္သာေတြကို ေယာက္်ားမိန္းမ ခဲြထားေပး ဖို႔၊ ဒါေတြအရင္ေတာင္းဆိုခ်င္တယ္” လုိ႔ သူမက ဆက္လက္ေျပာပါတယ္။
စက္ရံုအလုပ္ႀကီးၾကပ္သူအမ်ားစုက အမ်ိဳးသားေတြ ျဖစ္ၾကၿပီး၊ အမ်ိဳးသမီးမ်ားကို ဆက္ဆံေျပာဆုိတဲ့အခါ ထိကပါး ရိကပါး ေျပာဆိုဆက္ဆံၾကသလုိ ကိုယ္ထိလက္ေရာက္ ရိုက္ပုတ္တာ၊ ခႏၶာကိုယ္ကို ထိေတြ႕ကိုင္တြယ္တာမ်ဳိးေတြ လည္း ျပဳလုပ္တတ္လို႕ အမ်ိဳးသမီးေခါင္းေဆာင္ကိုသာ ခန္႔ေပးေစခ်င္ေနၾကတာပါ။

ဆက္လက္ၿပီး အလုပ္သမေတြရဲ႕ ဆႏၵမပါဘဲ ေနရာ၊ ဌာန မေျပာင္းေရႊ႕ဖို႔နဲ႔ အလုပ္သမေတြအတြက္ လူမႈဖူလံုေရး ကဒ္ေတြ ထုတ္ေပးဖို႔လည္း ေတာင္းဆုိေနၾကပါတယ္။
“ ခုိင္းတဲ့အတိုင္းလုပ္၊ ေျပာအတုိင္းလုပ္ဆိုျပီး အာဏာေတြသံုးတယ္။ မလုပ္ရင္ ဖင္ေဆာင့္ကန္တယ္” လုိ႔ Ve Ve စက္ရံု အလုပ္သမ မေရႊရည္လင္းက ေျပာပါတယ္။

စက္ရံုအလုပ္ရံုေတြမွာ အလုပ္ေခါင္းေဆာင္ (ႀကီးၾကပ္သူ) အမ်ဳိးသားေတြက ကိုယ့္လက္ေအာက္ငယ္သား အမ်ိဳး သမီးေတြကို ႏုိင့္ထက္စီးနင္းဆက္ဆံမႈေတြ ျပဳလုပ္ေနတယ္ဆိုတာကို ျမန္မာ့အမ်ိဳးသမီးသမဂၢ (BWU) ရဲ့ ၂၀၁၇ ခု ႏွစ္က ထုတ္ေဝတဲ့ “ ျပဳျပင္ေျပာင္းလဲမႈေနာက္ကြယ္မွ အေမ့ေလ်ာ့ခံ အမ်ိဳးသမီးအလုပ္သမမ်ား” မွတ္တမ္း သု ေတသနစာအုပ္မွာလည္း ေဖာ္ျပထားပါတယ္။

အထည္စက္ရံု ႀကီးၾကပ္သူတခ်ိဳ႕ဟာ သူတုိ႔လက္ေအာက္ငယ္သားေတြကို ပါးရိုက္တဲ့အဆင့္အထိရွိတယ္လုိ႔ ဒီသု ေတသနစာတမ္းမွာ ေရးသားထားပါတယ္။
“ အဓိက လက္ေအာက္ငယ္သားကို ႏွိပ္စက္ေနတဲ့သူေတြက ကိုယ့္ရဲ့ေခါင္းေဆာင္ေတြပါပဲ။ သူတုိ႔စိတ္တိုင္းက် မလုပ္ႏိုင္ရင္ ဆဲေရးတုိင္းထြာတယ္၊ ကိုယ္ထိလက္ေရာက္လုပ္ၾကတယ္” လုိ႔ လႈိင္သာယာ အထည္ခ်ဳပ္စက္ရံုမွာ အလုပ္လုပ္ေနတဲ့ မၾကဴၾကဴသင္းက ဆုိပါတယ္။
အလုပ္ၾကပ္မ်ားအေနနဲ႔ အမ်ိဳးသမီးအလုပ္သမမ်ားကို အၾကမ္းဖက္မႈေတြ မျပဳလုပ္ေစခ်င္သလို ႏႈတ္နဲ႔ မၾကား၀ံ့ မနာသာ ဆဲဆိုျခင္းေတြလည္း မလုပ္ၾကဖို႔ မဝင္းေမာ္က ထပ္မံ ေျပာဆုိလုိက္ပါတယ္။

အလုပ္ၾကီးၾကပ္သူေတြရဲ့ အျမဲလိုလို ထိကပါးရိကပါး ေျပာဆုိမႈေတြေၾကာင့္ “ က်မဆို စက္ရံုအလုပ္ရံုေတြမွာ အလုပ္ မလုပ္ခ်င္ေတာ့ဘူး။ ေငြနည္းနည္းရွိရင္ အိမ္ဆုိင္ေလးပဲ ဖြင့္ေတာ့မယ္” လုိ႔ မဝင္းေမာ္က သူမျဖစ္ခ်င္တာ ေတြကို ေျပာပါတယ္။
ျမန္မာႏုိင္ငံက အထည္စက္ရံု၊ စားေသာက္ကုန္စက္ရံုေတြမွာ အမ်ိဳးသမီးအလုပ္သမေတြ အမ်ားစုရွိေနပါတယ္။
လက္ရွိမွာေတာ့ ဒီအလုပ္သမေတြဟာ လူ႔အခြင့္အေရး၊ အမ်ဳိးသမီးအခြင့္အေရးေတြ ဆံုးရံႈးေနျပီး ႏႈတ္နဲ႔ျဖစ္ျဖစ္၊ ကိုယ္ထိလက္ေရာက္ျဖစ္ျဖစ္၊ အၿမဲတမ္းေစာ္ကားခံေနရပါတယ္လို႔ အမ်ိဳးသမီးအခြင့္အေရး ေဆာင္ရြက္ေနသူေတြ က ေျပာဆုိေနၾကတာပါ။

လက္ေအာက္ငယ္သားေတြကို ရိုင္းစုိင္းတဲ့အျပဳအမူေတြနဲ႕ဆက္ဆံၾကတာနဲ႔ပတ္သက္ၿပီး အလုပ္သမားအေရး ကူညီေဆာင္ရြက္ေပးေနတဲ့ ေဒၚမာမာဦးက “ စက္ရံုစည္းကမ္းေတြမွာ ကိုယ့္အထက္အရာရွိကို ျပန္ေခ်ပပိုင္ခြင့္ မရွိဘူးဆုိတာနဲ႔ ခ်ဳပ္ထားတယ္။ အမ်ိဳးသမီးအရာရွိျဖစ္ျဖစ္ အမ်ိဳးသားအရာရွိျဖစ္ျဖစ္ ေျပာဆုိရင္ ဘာမွ ျပန္ေျပာပိုင္ ခြင့္မရွိဘူး။ ဘယ္ေလာက္အထိ ဆိုးသလဲဆုိရင္ အမ်ိဳးသမီးတေယာက္ကို ညစ္ညမ္းတဲ့စကားလံုးေတြနဲ႕ ဆဲဆိုေန လုိ႔ အျခားတေယာက္ေယာက္က လွမ္းၾကည့္မိရင္ေတာင္ တခုခုနဲ႔ လွမ္းေပါက္တာခံရတယ္” လုိ႔ ဆုိပါတယ္။
အလုပ္သမားၾကီးၾကပ္သူေတြ အခုလိုလုပ္ေနတာေတြကို တိုင္ၾကားရေကာင္းမွန္းမသိၾကသလုိ၊ တုိင္ၾကားမႈ ျပဳလုပ္ ခဲ့ရင္ အလုပ္ထုတ္ခံရမွာကိုလည္း စိုးရိမ္ၾကတယ္လို႔ ေဒၚမာမာဦးကေျပာပါတယ္။

“အမ်ိဳးသမီးအလုပ္သမားေတြ ေျပာဖို႔သတၱိရွိရင္ေတာင္မွ သူတုိ႔ဘက္မွာ ဘာအကာအကြယ္မွ မရွိေတာ့ မေျပာရဲ ၾကဘူး။ တခုခုျဖစ္ရင္ အလုပ္ထြက္ရမွာစိုးလို႔ မေျပာခ်င္ၾကဘူး” လို႔ ေဒၚမာမာဦးက ဆိုပါတယ္။။

ျမန္မာႏုိင္ငံက အမ်ိဳးသမီး အလုပ္သမေတြဟာ တပတ္ကို (၆)ရက္ အလုပ္လုပ္ရၿပီး၊ အမ်ားရံုးပိတ္ရက္ျဖစ္တဲ့ တနဂၤေႏြေန႔ကို အခ်ိန္ပိုဆင္းေနရတဲ့အထိ ကိုယ္ပိုင္အခ်ိန္ မရွိၾကတဲ့အတြက္ ျပင္ပဗဟုသုတေတြနဲ႕ လူ႔အခြင့္ အေရး၊ အမ်ိဳးသမီးအခြင့္အေရး၊ အလုပ္သမားအခြင့္အေရးနဲ႕ ဥပေဒပိုင္းဆိုင္ရာေတြကို သြားေရာက္ပညာေပးဖို႕ ခက္ခဲေနတယ္လို႕ အလုပ္သမားအေရး ေဆာင္ရြက္သူေတြကလည္း ေျပာဆုိၾကပါတယ္။

စက္ရံုမွာ အလုပ္လုပ္တဲ့ အလုပ္သမေတြဟာ တရက္ကို (၃၆၀၀) က်ပ္သာရရွိၿပီး၊ အခ်ိန္ပိုေၾကးအျဖစ္ တနာရီကို (၉၀၀)က်ပ္ရရွိတယ္လို႕ သိရပါတယ္။
အလုပ္ခ်ိန္ကို တရက္(၈)နာရီသတ္မွတ္ထားေပမယ့္ အခ်ိန္ပိုပါ ဆင္းရတဲ့အတြက္ တရက္ကို (၁၀)နာရီ အလုပ္ လုပ္ရပါတယ္။
“ က်မတို႔ တရက္ကို (၁၀)နာရီ အလုပ္လုပ္ရတယ္။ အလုပ္ဆင္းခ်ိန္က မိုးခ်ဳပ္ေတာ့ အိမ္ျပန္ခ်ိန္လည္း ခက္ခဲပါ တယ္” လုိ႔ အထည္ခ်ဳပ္စက္ရံုက မၾကဴၾကဴသင္းက ျဖည့္စြက္ေျပာပါတယ္။

အမ်ိဳးသမီးမ်ားအား နည္းမ်ိဳးစံုျဖင့္ ခြဲျခားထားမႈအားလံုး ပေပ်ာက္ေရး သေဘာတူစာခ်ဳပ္ (CEDAW – စီေဒါ) ကို ျမန္မာႏုိင္ငံက ၁၉၉၇ ခုႏွစ္မွာ ကတိကဝတ္ျပဳ လက္မွတ္ေရးထိုးခဲ့ပါတယ္။
စီေဒါစာခ်ဳပ္အပုိဒ္ (၁၁) အရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ႔တန္းတူအလုပ္လုပ္ခြင့္၊ လုပ္ခခံစားခြင့္၊ အလုပ္ ေရြးခ်ယ္ခြင့္၊ လံုၿခံဳေသာ လုပ္ငန္းခြင္ရရွိခြင့္တုိ႔ ရရွိရမွာျဖစ္ပါတယ္။

“ က်မတို႔ႏိုင္ငံက စီေဒါကို လက္မွတ္ထိုးထားၿပီးၿပီ။ ဒါေပမယ့္ အခုထိေတာ့ လိုက္နာက်င့္သံုးတာေတြ မရွိေသးဘူး။ အလုပ္သမားေတြအတြက္ မီးဖြားခြင့္ဆုိတာေလာက္ပဲ အမ်ိဳးသမီးေတြက သိၾကတယ္။ ဥပေဒေတြမွာ မိန္းကေလး ေတြ ေလးလံတဲ့ပစၥည္းေတြ သယ္ပိုးခြင့္ မရွိဘူး။ အမ်ိဳးသမီးေတြ တလတခါ က်န္းမာေရးအရ သက္ေသာင့္သက္ သာ ထားရမယ္ဆိုတာ အလုပ္သမားဥပေဒမွာ ရွိတယ္။ ဒါေပမယ့္ အလုပ္သမေတြဖက္ကလည္း ဒီလုိအခြင့္အေရး ေတြ ရွိတယ္ဆိုတာေတာင္ မသိသလုိ အလုပ္ရွင္ေတြကလည္း အသိမေပးထားပါဘူး” လုိ႔ အလုပ္သမားအေရး ေဆာင္ရြက္ေနတဲ့ ေဒၚမာမာဦးက ဆက္လက္ေျပာပါတယ္။

အမ်ိဳးသမီးေတြအတြက္ ကာကြယ္ေစာင့္ေရွာက္မႈဆိုတာ ဥပေဒမွာပါေပမယ့္ လက္ေတြ႔ဘဝမွာေတာ့ ခံစားပိုင္ခြင့္ မရွိၾကပါဘူး။ အစိုးရအပိုင္းကလည္း အလုပ္သမားအေရးနဲ႔ ပတ္သက္ၿပီး ထိေရာက္တဲ့ ကိုင္တြယ္ေျဖရွင္းမႈေတြ မရွိေသးလို အမ်ိဳးသမီးအလုပ္သမေတြအတြက္ အကာအကြယ္ေပးမႈေတြလည္း မရွိေသးပါဘူးလို႕ အလုပ္သမား အေရးေဆာင္ရြက္ေနသူေတြက ေျပာဆုိေနပါတယ္။

ဒီလိုသံုးသပ္မႈေတြအေပၚမွာ အလုပ္သမား၊ လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ၾကီးဌာန လက္ေအာက္ခံ၊ အလုပ္ရံုႏွင့္ အလုပ္သမားဥပေဒ စစ္ေဆးေရးဦးစီးဌာနကုိ ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ အမ်ဳိးသမီးေတြကို အကာအကြယ္ေပးတာေတာ့ သီးသန္႕လုပ္တာမရွိဘူး။ အမႈေတြ ျပႆနာေတြ ျဖစ္လာလို႕ တိုင္ရင္ေတာ့ ေဆာင္ ရြက္ေပးတယ္။ မီးဖြားခြင့္နဲ႕ လူမႈဖူလံုေရးေတြေတာ့ ရွိပါတယ္။ ေလာေလာဆယ္လုပ္ေနတာကေတာ့ ကေလး အလုပ္သမားပေပ်ာက္ေရး လုပ္ေနပါတယ္။ အိမ္အကူအလုပ္သမားက်ေတာ့ ျပည္ထဲေရးနဲ႕ ဆိုင္သြားတယ္။ စက္ရံု ေတြေတာ့ ဒီဌာနနဲ႔ဆိုင္တယ္။ အကာအကြယ္မေပးတာေတာ့မဟုတ္ဘူး၊ တိုင္ၾကားလာရင္ေတာ့ ေဆာင္ရြက္ေပးပါ တယ္။ ျပႆနာတက္လာရင္ ေနျပည္ေတာ္ကို တိုင္လို႕ရသလို ျမိဳ႕နယ္ရံုး၊ တိုင္းရံုးေတြလည္း တုိင္လို႕ရတယ္။ သတင္းအခ်က္အလက္ေမးတာလည္း လုပ္လို႕ရပါတယ္။ ပညာေပးေဟာေျပာပြဲေတြလည္း လုပ္ခြင့္ေပးပါတယ္။ ဌာနအေနနဲ႕လည္း ပညာေပးေဟာေျပာပဲြေတြ လိုက္လုပ္ေပးတာရွိတယ္” လို႕ ဦးစီးဌာနက အမည္မေဖာ္လိုတဲ့ တာ၀န္ ရွိသူတဦးက ေျပာပါတယ္။
ဒီအေပၚမွာ ေဒၚမာမာဦးကေတာ့ အခုလိုသံုးသပ္ေျပာဆိုထားပါတယ္။

“ အလုပ္သမားေရးလုပ္ေနတဲ့အဖြဲ႔အစည္းေတြကလည္း ဘတ္ဂ်က္အေပၚ မူတည္ၿပီးလုပ္ၾကရတယ္။ အမ်ိဳးသမီး အခ်င္းခ်င္း ျဖစ္တာေတာင္ အမ်ဳိးသမီးအလုပ္သမားအတြက္ ကူညီေဆာင္ရြက္ေပးတာ မရွိသေလာက္ပဲ။ အေျခခံ အမ်ဳိးသမီးထုကို ေမ့ေလ်ာ့ေနၾကတယ္။ အစိုးရပိုင္းက လုပ္ေဆာင္ေပးမႈေတြကလည္း သေဘာတရားေလာက္ပါ။ အားရေက်နပ္စရာ မရွိေသးပါဘူး။

နန္းဆိုင္ႏြမ္

( ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) မွ စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“ ပုခုံးကို ပုတ်လိုက်၊ ခါးလာဖက်လိုက်နဲ့…”
ထိကပါး ရိကပါး ပြုလုပ်ခံနေရတဲ့ စက်ရုံအလုပ်သမ မဝင်းမော်က သူမကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြနေတာပါ။
မဝင်းမော်တို့ရဲ့ စက်ရုံအလုပ်သမားခေါင်းဆောင် (အလုပ်ကြီးကြပ်သူ) တွေဟာ အမျိုးသားတွေဖြစ်ပြီး၊ မဝင်းမော် အပါအဝင် အလုပ်လုပ်နေတဲ့ အမျိုးသမီးအလုပ်သမတွေကို နေ့စဉ် လုပ်ငန်းခွင်ထဲမှာ ထိကပါး၊ ရိကပါး ပြုလုပ် တတ်ကြပါတယ်။

မဝင်းမော်ဟာ မန္တလေးမြို့က နာမည်ကျော် Ve Ve အချိုရည်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတဦးပါ။
“ တခါတလေလည်း စသလိုလိုနဲ့ ဖင်ပုတ်သွားတာတွေ၊ ပခုံးပုတ်သွားတာတွေ လုပ်တယ်”လို့ မဝင်းမော်က သူမ ကြုံတွေ့ရတာတွေကို ပြောပြပါတယ်။
အလုပ်သမတွေက မကျေနပ်လို့ ပြန်ပြောရင်လည်း “ ကျမတို့ကို တခြားအမျိုးသားတွေကြားမှာ မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာမှုတွေ ပြုလုပ်တယ်” လို့ ဆိုပါတယ်။

အလုပ်ကြီးကြပ်သူ အမျိုးသားတွေဟာ သူတို့စိတ်အလိုမကျတဲ့အခါ လက်အောက်ငယ်သား အမျိုးသမီး အလုပ် သမတွေကို ခြေထောက်နဲ့ ဆောင့်ကန်တာတွေလည်း ပြုလုပ်တတ်တယ်လို့ မဝင်းမော်က ဆိုပါတယ်။

“ ကျမတို့ကို ရိုက်တာတွေ၊ ထိတာတွေ၊ ကန်တာတွေကို မကြိုက်ပေမယ့် ခေါင်းဆောင်တွေဆိုတော့ ခံနေရပါ တယ်။ အရမ်းလွန်လာပြီထင်ရင်တော့ မခံနိုင်လို့ အမျိုးသားခေါင်းဆောင် မထားဖို့ တောင်းဆိုကြတယ်” လို့ မဝင်း မော်က ဆက်လက်ပြောပြပါတယ်။
ဒီအလုပ်ကြီးကြပ်သူတွေဟာ တခါတလေလည်း အရက်သေစာသောက်စားလာကြပြီး အမျိုးသမီး အလုပ်သမတွေ ကို အလုပ်ဖိခိုင်းတာတွေလည်း ပြုလုပ်တတ်ကြတယ်လို့ စက်ရုံအလုပ်သမတွေက ပြောပြပါတယ်။

စက်ရုံအလုပ်သမတဦးဖြစ်တဲ့ မသန္တာစိုးကလည်း “ ကျမတို့ခံပြောရင်တော့ အမျိုးသမီးတွေ မလုပ်နိုင်တဲ့နေရာတွေ ကို ပို့တယ်။ တခြားလူတွေရှေ့မှာ အရှက်ခွဲတာတွေ လုပ်ပါတယ်” လို့ သူမကြုံတွေ့ရတဲ့အဖြစ်အပျက်ကို ပြောပြပါ တယ်။
အလုပ်ကြီးကြပ်သူတွေဟာ သူတို့လက်အောက်ငယ်သား အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တာတွေ၊ မခံနိုင် အောင် ဆဲရေးတိုင်းထွာတာတွေ၊ ကိုယ်ထိလက်ရောက်ပြုတာတွေ မလုပ်ဖို့ မသန္တာစိုးက တောင်းဆိုလိုက်ပါတယ်။

“ ကျမတို့အနေနဲ့ အလုပ်ကြီးကြပ်သူ အမျိုးသမီးတွေ ခန့်ထားပေးဖို့၊ အိမ်သာတွေကို ယောကျာ်းမိန်းမ ခွဲထားပေး ဖို့၊ ဒါတွေအရင်တောင်းဆိုချင်တယ်” လို့ သူမက ဆက်လက်ပြောပါတယ်။
စက်ရုံအလုပ်ကြီးကြပ်သူအများစုက အမျိုးသားတွေ ဖြစ်ကြပြီး၊ အမျိုးသမီးများကို ဆက်ဆံပြောဆိုတဲ့အခါ ထိကပါး ရိကပါး ပြောဆိုဆက်ဆံကြသလို ကိုယ်ထိလက်ရောက် ရိုက်ပုတ်တာ၊ ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်တာမျိုးတွေ လည်း ပြုလုပ်တတ်လို့ အမျိုးသမီးခေါင်းဆောင်ကိုသာ ခန့်ပေးစေချင်နေကြတာပါ။

ဆက်လက်ပြီး အလုပ်သမတွေရဲ့ ဆန္ဒမပါဘဲ နေရာ၊ ဌာန မပြောင်းရွှေ့ဖို့နဲ့ အလုပ်သမတွေအတွက် လူမှုဖူလုံရေး ကဒ်တွေ ထုတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
“ ခိုင်းတဲ့အတိုင်းလုပ်၊ ပြောအတိုင်းလုပ်ဆိုပြီး အာဏာတွေသုံးတယ်။ မလုပ်ရင် ဖင်ဆောင့်ကန်တယ်” လို့ Ve Ve စက်ရုံ အလုပ်သမ မရွှေရည်လင်းက ပြောပါတယ်။

စက်ရုံအလုပ်ရုံတွေမှာ အလုပ်ခေါင်းဆောင် (ကြီးကြပ်သူ) အမျိုးသားတွေက ကိုယ့်လက်အောက်ငယ်သား အမျိုး သမီးတွေကို နိုင့်ထက်စီးနင်းဆက်ဆံမှုတွေ ပြုလုပ်နေတယ်ဆိုတာကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ၂၀၁၇ ခု နှစ်က ထုတ်ဝေတဲ့ “ ပြုပြင်ပြောင်းလဲမှုနောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ” မှတ်တမ်း သု တေသနစာအုပ်မှာလည်း ဖော်ပြထားပါတယ်။

အထည်စက်ရုံ ကြီးကြပ်သူတချို့ဟာ သူတို့လက်အောက်ငယ်သားတွေကို ပါးရိုက်တဲ့အဆင့်အထိရှိတယ်လို့ ဒီသု တေသနစာတမ်းမှာ ရေးသားထားပါတယ်။
“ အဓိက လက်အောက်ငယ်သားကို နှိပ်စက်နေတဲ့သူတွေက ကိုယ့်ရဲ့ခေါင်းဆောင်တွေပါပဲ။ သူတို့စိတ်တိုင်းကျ မလုပ်နိုင်ရင် ဆဲရေးတိုင်းထွာတယ်၊ ကိုယ်ထိလက်ရောက်လုပ်ကြတယ်” လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မကြူကြူသင်းက ဆိုပါတယ်။
အလုပ်ကြပ်များအနေနဲ့ အမျိုးသမီးအလုပ်သမများကို အကြမ်းဖက်မှုတွေ မပြုလုပ်စေချင်သလို နှုတ်နဲ့ မကြားဝံ့ မနာသာ ဆဲဆိုခြင်းတွေလည်း မလုပ်ကြဖို့ မဝင်းမော်က ထပ်မံ ပြောဆိုလိုက်ပါတယ်။

အလုပ်ကြီးကြပ်သူတွေရဲ့ အမြဲလိုလို ထိကပါးရိကပါး ပြောဆိုမှုတွေကြောင့် “ ကျမဆို စက်ရုံအလုပ်ရုံတွေမှာ အလုပ် မလုပ်ချင်တော့ဘူး။ ငွေနည်းနည်းရှိရင် အိမ်ဆိုင်လေးပဲ ဖွင့်တော့မယ်” လို့ မဝင်းမော်က သူမဖြစ်ချင်တာ တွေကို ပြောပါတယ်။
မြန်မာနိုင်ငံက အထည်စက်ရုံ၊ စားသောက်ကုန်စက်ရုံတွေမှာ အမျိုးသမီးအလုပ်သမတွေ အများစုရှိနေပါတယ်။
လက်ရှိမှာတော့ ဒီအလုပ်သမတွေဟာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးနေပြီး နှုတ်နဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ဖြစ်ဖြစ်၊ အမြဲတမ်းစော်ကားခံနေရပါတယ်လို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူတွေ က ပြောဆိုနေကြတာပါ။

လက်အောက်ငယ်သားတွေကို ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ဆက်ဆံကြတာနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မာမာဦးက “ စက်ရုံစည်းကမ်းတွေမှာ ကိုယ့်အထက်အရာရှိကို ပြန်ချေပပိုင်ခွင့် မရှိဘူးဆိုတာနဲ့ ချုပ်ထားတယ်။ အမျိုးသမီးအရာရှိဖြစ်ဖြစ် အမျိုးသားအရာရှိဖြစ်ဖြစ် ပြောဆိုရင် ဘာမှ ပြန်ပြောပိုင် ခွင့်မရှိဘူး။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အမျိုးသမီးတယောက်ကို ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ ဆဲဆိုနေ လို့ အခြားတယောက်ယောက်က လှမ်းကြည့်မိရင်တောင် တခုခုနဲ့ လှမ်းပေါက်တာခံရတယ်” လို့ ဆိုပါတယ်။
အလုပ်သမားကြီးကြပ်သူတွေ အခုလိုလုပ်နေတာတွေကို တိုင်ကြားရကောင်းမှန်းမသိကြသလို၊ တိုင်ကြားမှု ပြုလုပ် ခဲ့ရင် အလုပ်ထုတ်ခံရမှာကိုလည်း စိုးရိမ်ကြတယ်လို့ ဒေါ်မာမာဦးကပြောပါတယ်။

“အမျိုးသမီးအလုပ်သမားတွေ ပြောဖို့သတ္တိရှိရင်တောင်မှ သူတို့ဘက်မှာ ဘာအကာအကွယ်မှ မရှိတော့ မပြောရဲ ကြဘူး။ တခုခုဖြစ်ရင် အလုပ်ထွက်ရမှာစိုးလို့ မပြောချင်ကြဘူး” လို့ ဒေါ်မာမာဦးက ဆိုပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး အလုပ်သမတွေဟာ တပတ်ကို (၆)ရက် အလုပ်လုပ်ရပြီး၊ အများရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ကို အချိန်ပိုဆင်းနေရတဲ့အထိ ကိုယ်ပိုင်အချိန် မရှိကြတဲ့အတွက် ပြင်ပဗဟုသုတတွေနဲ့ လူ့အခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို သွားရောက်ပညာပေးဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကလည်း ပြောဆိုကြပါတယ်။

စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမတွေဟာ တရက်ကို (၃၆၀ဝ) ကျပ်သာရရှိပြီး၊ အချိန်ပိုကြေးအဖြစ် တနာရီကို (၉၀ဝ)ကျပ်ရရှိတယ်လို့ သိရပါတယ်။
အလုပ်ချိန်ကို တရက်(၈)နာရီသတ်မှတ်ထားပေမယ့် အချိန်ပိုပါ ဆင်းရတဲ့အတွက် တရက်ကို (၁၀)နာရီ အလုပ် လုပ်ရပါတယ်။
“ ကျမတို့ တရက်ကို (၁၀)နာရီ အလုပ်လုပ်ရတယ်။ အလုပ်ဆင်းချိန်က မိုးချုပ်တော့ အိမ်ပြန်ချိန်လည်း ခက်ခဲပါ တယ်” လို့ အထည်ချုပ်စက်ရုံက မကြူကြူသင်းက ဖြည့်စွက်ပြောပါတယ်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW – စီဒေါ) ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ ကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။
စီဒေါစာချုပ်အပိုဒ် (၁၁) အရ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူအလုပ်လုပ်ခွင့်၊ လုပ်ခခံစားခွင့်၊ အလုပ် ရွေးချယ်ခွင့်၊ လုံခြုံသော လုပ်ငန်းခွင်ရရှိခွင့်တို့ ရရှိရမှာဖြစ်ပါတယ်။

“ ကျမတို့နိုင်ငံက စီဒေါကို လက်မှတ်ထိုးထားပြီးပြီ။ ဒါပေမယ့် အခုထိတော့ လိုက်နာကျင့်သုံးတာတွေ မရှိသေးဘူး။ အလုပ်သမားတွေအတွက် မီးဖွားခွင့်ဆိုတာလောက်ပဲ အမျိုးသမီးတွေက သိကြတယ်။ ဥပဒေတွေမှာ မိန်းကလေး တွေ လေးလံတဲ့ပစ္စည်းတွေ သယ်ပိုးခွင့် မရှိဘူး။ အမျိုးသမီးတွေ တလတခါ ကျန်းမာရေးအရ သက်သောင့်သက် သာ ထားရမယ်ဆိုတာ အလုပ်သမားဥပဒေမှာ ရှိတယ်။ ဒါပေမယ့် အလုပ်သမတွေဖက်ကလည်း ဒီလိုအခွင့်အရေး တွေ ရှိတယ်ဆိုတာတောင် မသိသလို အလုပ်ရှင်တွေကလည်း အသိမပေးထားပါဘူး” လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဒေါ်မာမာဦးက ဆက်လက်ပြောပါတယ်။

အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်မှုဆိုတာ ဥပဒေမှာပါပေမယ့် လက်တွေ့ဘဝမှာတော့ ခံစားပိုင်ခွင့် မရှိကြပါဘူး။ အစိုးရအပိုင်းကလည်း အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ မရှိသေးလို အမျိုးသမီးအလုပ်သမတွေအတွက် အကာအကွယ်ပေးမှုတွေလည်း မရှိသေးပါဘူးလို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ပြောဆိုနေပါတယ်။

ဒီလိုသုံးသပ်မှုတွေအပေါ်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ခံ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ “ အမျိုးသမီးတွေကို အကာအကွယ်ပေးတာတော့ သီးသန့်လုပ်တာမရှိဘူး။ အမှုတွေ ပြဿနာတွေ ဖြစ်လာလို့ တိုင်ရင်တော့ ဆောင် ရွက်ပေးတယ်။ မီးဖွားခွင့်နဲ့ လူမှုဖူလုံရေးတွေတော့ ရှိပါတယ်။ လောလောဆယ်လုပ်နေတာကတော့ ကလေး အလုပ်သမားပပျောက်ရေး လုပ်နေပါတယ်။ အိမ်အကူအလုပ်သမားကျတော့ ပြည်ထဲရေးနဲ့ ဆိုင်သွားတယ်။ စက်ရုံ တွေတော့ ဒီဌာနနဲ့ဆိုင်တယ်။ အကာအကွယ်မပေးတာတော့မဟုတ်ဘူး၊ တိုင်ကြားလာရင်တော့ ဆောင်ရွက်ပေးပါ တယ်။ ပြဿနာတက်လာရင် နေပြည်တော်ကို တိုင်လို့ရသလို မြို့နယ်ရုံး၊ တိုင်းရုံးတွေလည်း တိုင်လို့ရတယ်။ သတင်းအချက်အလက်မေးတာလည်း လုပ်လို့ရပါတယ်။ ပညာပေးဟောပြောပွဲတွေလည်း လုပ်ခွင့်ပေးပါတယ်။ ဌာနအနေနဲ့လည်း ပညာပေးဟောပြောပွဲတွေ လိုက်လုပ်ပေးတာရှိတယ်” လို့ ဦးစီးဌာနက အမည်မဖော်လိုတဲ့ တာဝန် ရှိသူတဦးက ပြောပါတယ်။
ဒီအပေါ်မှာ ဒေါ်မာမာဦးကတော့ အခုလိုသုံးသပ်ပြောဆိုထားပါတယ်။

“ အလုပ်သမားရေးလုပ်နေတဲ့အဖွဲ့အစည်းတွေကလည်း ဘတ်ဂျက်အပေါ် မူတည်ပြီးလုပ်ကြရတယ်။ အမျိုးသမီး အချင်းချင်း ဖြစ်တာတောင် အမျိုးသမီးအလုပ်သမားအတွက် ကူညီဆောင်ရွက်ပေးတာ မရှိသလောက်ပဲ။ အခြေခံ အမျိုးသမီးထုကို မေ့လျော့နေကြတယ်။ အစိုးရပိုင်းက လုပ်ဆောင်ပေးမှုတွေကလည်း သဘောတရားလောက်ပါ။ အားရကျေနပ်စရာ မရှိသေးပါဘူး။

နန်းဆိုင်နွမ်

( ဒီဆောင်းပါးကို HI (Honest Information) Website ( www.hiburma.net ) ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ HI (Honest Information) Website ( www.hiburma.net ) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။)

 

?bph6