ႏိုင္ငံတကာမွာ ဂယက္႐ိုက္ေနတဲ့ Bitcoin ဆိုတာ ဘာလဲ

0
2012

ဘစ္ကြိဳင္ (Bitcoin) ဆိုတာ လူတစ္ေယာက္၊ ကုမၸဏီတစ္ခုကေန တျခားသူဆီကုိ အြန္လုိင္းကေန ေငြေပးေခ်မႈလုပ္ငန္း လုပ္တဲ့အခါ ဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းမ်ိဳး ျဖစ္ပါတယ္။

တနည္းအားျဖင့္ Bitcoin ဆုုိတာ ကုိယ့္ဆီက ေငြေၾကးကုိ သူတပါးဆီ အြန္လုုိင္းကေန ေငြေပးေခ်မႈ လုပ္ဖုိ႔အတြက္ (Cryptocurrency) လို႔ေခၚတဲ့ ဒစ္ဂ်စ္တယ္ အက္ဆက္စ္အျဖစ္ ေျပာင္းေပးၿပီး အေပးအယူ လုပ္တဲ့သူအၾကား ဘဏ္လုိမ်ိဳး ေငြေၾကးဝန္ေဆာင္မႈေပးတဲ့ အဖြဲ႔မပါဘဲ တုိက္႐ိုက္ေငြေခ်ေပးတဲ့ စနစ္တစ္ခု ျဖစ္ပါတယ္။

Bitcoin ဟာ အြန္လုုိင္းအေျချပဳ ဘ႑ာေရးဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းျဖစ္ၿပီး ဒီ Bitcoin ကုုိ ဘယ္သူတည္ေထာင္ၿပီး ဘယ္သူေတြက စီမံေနလဲဆုုိတာ သိဖုိ႔ခဲယဥ္းလွပါတယ္။ မွန္းလုိ႔ရတာေတာ့ ဆာတုုိရွိ နာကာမုိတုိ ဆုိတဲ့ နာမည္ေအာက္ကေန လူတစ္စု၊ အဖြဲ႔တစ္ဖြဲ႔က ၂၀၀၉ ခုႏွစ္ေလာက္ကတည္းက Bitcoin စနစ္ကုိ စတင္မိတ္ဆက္ခဲ့တာပါ။

 

ဘဏ္လုိမ်ိုုး ေငြေၾကးဝန္ဆာင္မႈ အဖြဲ႔ေတြမပါဘဲ ေငြေၾကးေပးေခ်မႈျပဳလုပ္တဲ့ ရလဒ္ကေတာ့ ေငြေၾကး လႊဲေျပာင္းစရိတ္ (Exchange rate) သက္သာတာရယ္၊

တရားမဝင္ ေရာင္းဝယ္ေဖာက္ကားမႈေတြ လုပ္တဲ့အခါ ဘ႑ာေရးဆုိင္ရာ ေျခရာခံမႈ မျပဳႏိုင္တာရယ္၊

အခြန္ေရွာင္လုိ႔ ရတာေတြရယ္ေၾကာင့္

Bitcoin ကုုိ စီးပြားေရးသမားေတြ တြင္တြင္က်ယ္က်ယ္ အသုုံးျပဳလာတာ ျဖစ္ပါတယ္။

 

အခုဆုိရင္ Bitcoin ရဲ႕ ေငြေၾကးလည္ပတ္မႈဟာ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ မ်ားျပားလာၿပီး သူတုိ႔ရဲ႕ ေငြေၾကးလည္ပတ္မႈကုိ ဖက္ဒရယ္ စံုစမ္းေရး ျဗဴ႐ို (FBI) နဲ႔ ဗဟိုေထာက္လွမ္းေရး ေအဂ်င္စီ (CIA) တို႔လို ေထာက္လွမ္းေရး အဖြဲ႔ေတြေတာင္ ဘ႑ာေရး စုံစမ္းမႈ မျပဳႏိုင္တဲ့အတြက္ ေငြေၾကးခဝါခ်ခ်င္တဲ့ စီးပြားေရးသမားေတြ အႀကိဳက္ေတြ႔တဲ့ စနစ္တစ္ခုလည္း ျဖစ္လာပါေတာ့တယ္။

ေနာင္မွာ Bitcoin ဟာ ဒစ္ဂ်စ္တယ္ ေငြေၾကးစနစ္သစ္ တစ္ခုအျဖစ္ ေငြေၾကး႐ိုက္ႏွိပ္လာႏိုင္ပါက ႏိုင္ငံတကာမွာ ဘဏ္စနစ္နဲ႔ ေငြေၾကးထိန္းခ်ဳပ္မႈ အခြန္စည္းၾကပ္မႈကုုိ ထိန္းခ်ဳပ္ေရးအတြက္ ၂၁ ရာစုမွာ ႏိုင္ငံတကာ အစုိးရအတြက္ အႀကီးမားဆုုံး စိန္ေခၚမႈ တစ္ခုအေနနဲ႔ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

ကေနာင္ျဖဴ

………………… ။ ။ ………………….

နိုင်ငံတကာမှာ ဂယက်ရိုက်နေတဲ့ Bitcoin ဆိုတာ ဘာလဲ

ကနောင်ဖြူ

ဘစ်ကွိုင် (Bitcoin) ဆိုတာ လူတစ်ယောက်၊ ကုမ္ပဏီတစ်ခုကနေ တခြားသူဆီကို အွန်လိုင်းကနေ ငွေပေးချေမှုလုပ်ငန်း လုပ်တဲ့အခါ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။

တနည်းအားဖြင့် Bitcoin ဆိုတာ ကိုယ့်ဆီက ငွေကြေးကို သူတပါးဆီ အွန်လိုင်းကနေ ငွေပေးချေမှု လုပ်ဖို့အတွက် (Cryptocurrency) လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် အက်ဆက်စ်အဖြစ် ပြောင်းပေးပြီး အပေးအယူ လုပ်တဲ့သူအကြား ဘဏ်လိုမျိုး ငွေကြေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့မပါဘဲ တိုက်ရိုက်ငွေချေပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

Bitcoin ဟာ အွန်လိုင်းအခြေပြု ဘဏ္ဍာရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဖြစ်ပြီး ဒီ Bitcoin ကို ဘယ်သူတည်ထောင်ပြီး ဘယ်သူတွေက စီမံနေလဲဆိုတာ သိဖို့ခဲယဉ်းလှပါတယ်။ မှန်းလို့ရတာတော့ ဆာတိုရှိ နာကာမိုတို ဆိုတဲ့ နာမည်အောက်ကနေ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့က ၂၀ဝ၉ ခုနှစ်လောက်ကတည်းက Bitcoin စနစ်ကို စတင်မိတ်ဆက်ခဲ့တာပါ။

ဘဏ်လိုမျိုး ငွေကြေးဝန်ဆာင်မှု အဖွဲ့တွေမပါဘဲ ငွေကြေးပေးချေမှုပြုလုပ်တဲ့ ရလဒ်ကတော့ ငွေကြေး လွှဲပြောင်းစရိတ် (Exchange rate) သက်သာတာရယ်၊ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်တဲ့အခါ ဘဏ္ဍာရေးဆိုင်ရာ ခြေရာခံမှု မပြုနိုင်တာရယ်၊ အခွန်ရှောင်လို့ ရတာတွေရယ်ကြောင့် Bitcoin ကို စီးပွားရေးသမားတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။

အခုဆိုရင် Bitcoin ရဲ့ ငွေကြေးလည်ပတ်မှုဟာ ကြောက်စရာ ကောင်းလောက်အောင် များပြားလာပြီး သူတို့ရဲ့ ငွေကြေးလည်ပတ်မှုကို ဖက်ဒရယ် စုံစမ်းရေး ဗြူရို (FBI) နဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) တို့လို ထောက်လှမ်းရေး အဖွဲ့တွေတောင် ဘဏ္ဍာရေး စုံစမ်းမှု မပြုနိုင်တဲ့အတွက် ငွေကြေးခဝါချချင်တဲ့ စီးပွားရေးသမားတွေ အကြိုက်တွေ့တဲ့ စနစ်တစ်ခုလည်း ဖြစ်လာပါတော့တယ်။

နောင်မှာ Bitcoin ဟာ ဒစ်ဂျစ်တယ် ငွေကြေးစနစ်သစ် တစ်ခုအဖြစ် ငွေကြေးရိုက်နှိပ်လာနိုင်ပါက နိုင်ငံတကာမှာ ဘဏ်စနစ်နဲ့ ငွေကြေးထိန်းချုပ်မှု အခွန်စည်းကြပ်မှုကို ထိန်းချုပ်ရေးအတွက် ၂၁ ရာစုမှာ နိုင်ငံတကာ အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုအနေနဲ့ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

?bph6