ခိုလှုံရာဒေသမှ ခိုလှုံရာမဲ့သူများ

0
345

14678025_10206499806368606_1860067091_o

အောက်တိုဘာလဆန်းမှာပင် တပ်မတော်နှင့် (RCSS/SSA)တို့ တိုက်ပွဲများဖြစ်ပွားကာ စစ်ဘေးဒုက္ခ သည် ၂၀၀၀ ကျော်ကို တုံပေါကျေးရွာ ဘုန်းကြီးကျောင်းများ၌ ဒုက္ခသည်စခန်းများဖွင့်၍ လက်ခံထားရကြောင်း သတင်းထွက်ပေါ်လာသည်။ ထိုအဖွဲ့နှစ်ဖွဲ့မှာ (NCA) ခေါ် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးထားသောအဖွဲ့များဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်နေ့က (UNOCHA) ကုလသမဂ္ဂ၏ လူသားခြင်းစာ နာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းတစ်ခုထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ စစ်ဘေး ရှောင်ဒုက္ခသည်များမှာ (၉၇၀၀၀) ကျော်ရှိသည်ဟု ဆိုသည်။ ထိုဒုက္ခသည် အများစုမှာ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတို့မှ ဖြစ်ကြသည်။ ထိုဒေသနှစ်ခုမှာသာမက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများ၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်မှာပါ စစ်ပြေးဒုက္ခသည်စခန်းများ မှိုလိုပေါက် နေသည်ကို တွေ့ရှိနိုင်သည်။ Myanmar Peace Monitor စောင့်ကြည့်ရေးအဖွဲ၏ စာရင်းအရ (၂၀၁၃ စာရင်းဖြစ်ပါ သည်။) မြန်မာနိုင်ငံတွင် ဒုက္ခသည် အရည်အတွက် စုစုပေါင်း ခြောက်သိန်းခွဲခန့်ရှိနေလေသည်။

“နယ်စပ်နေဒုက္ခသည်စခန်းများကို UNHCR ခေါ်သည့်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက

တတ်နိုင်သလောက် အကူအညီပေးခဲ့သော်လည်း မလုံလောက်။”

လွတ်လပ်ရေးရပြီးစ ကာလကပင် စတင်ကာ ပြည်တွင်းစစ်ကြောင့် နယ်မြေဒေသကို စွန့်ခွာကာရန်ကုန် လိုမြို့ကြီးများ၌ ခိုလှုံလာသော စစ်ပြေးဒုက္ခသည်တွေ ရှိနေခဲ့သည်။ သူတို့ကြောင့်ပင် မြို့နေလူထု ထူထပ်ကာ၊ ကျူးကျော်ရပ်ကွက် များ ဖြစ်ထွန်းလာခဲ့ရသည်။ ယခုအချိန်ထိ စစ်ဘေးရှောင်ဒုက္ခသည်များက တည်ရှိနေခြင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကင်းမဲ့မှု ကို ဖော်ပြနေလေသည်။ နယ်စပ်နေဒုက္ခသည်စခန်းများကို UNHCR ခေါ်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တတ်နိုင်သလောက် အကူအညီပေးခဲ့သော်လည်း မလုံလောက်။ ပြည်တွင်း ဒုက္ခသည်စခန်းများ အခြေအနေ က ပို၍ဆိုးသည်။

a17

အစိုးရအပါအ၀င် လူမှုရေးအဖွဲ့အ စည်းများက စွမ်းအားရှိသလောက် ကူညီကြပါသော်လည်း ဖြည့်ဆည်းစရာတွေက တပုံတပင်။ သူတို့နေထိုင်ဖို့ အခြေခံအဆောက်အဦ (အဓိကမှာ ထိုဒေသများ၏ ဆိုးဝါးသောရာသီဥတုအခြေအနေဖြစ်သည်။) စားဝတ်နေ ရေးချို့တဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုမပြည့်စုံ၊ ထိုဒေသများရှိ ကလေးများပညာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ သူတို့ဘ၀များ ပြန်လည်ထူထောင်ရေး။ ပြီးတော့ ကျဆင်းနေသာ သူတို့စိတ် ဓာတ်တွေ ကို ပြန်လည်မြှင့်တင်ရေး။ တိုက်ပွဲများကဖြစ်ပွားစဲဖြစ်သဖြင့် နေရင်းဒေသသို့ မပြန်နိုင်။ သူတို့ယာတွေ မြေတွေ စွန့်ခဲ့ကြရသည်။ ပြီးတော့ ထူပြောလှသော မြေမြှုပ်မိုင်းများ အန္တရာယ်။ (စာရင်းစစ်တမ်းများအရ မြန်မာနိုင်ငံသည် အဖဂန်နစ္စတန်နှင့် အိုဂိုလာ ပြီးလျှင် တတိယ မြေမြှုပ်မိုင်း အများဆုံးနိုင်ငံဟု ဆိုလေသည်။) ကံကောင်းသူများမှာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများဆီသို့ ခိုလှုံသူများ အဖြစ် ရောက်ရှိသွားသည်။ သို့သော် ထိုနိုင်ငံများတွင်လည်း ဒုက္ခသည်များကို လက်ခံ ရာတွင် အကန့်အသတ်များရှိနေသဖြင့် အခက်ကြုံနေရသည်။

a16

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှရသော ထောက်ပံ့ငွေမှာလည်း ဆင့်ပါးစပ်နှမ်းပက်မျှသာဖြစ်သည်။ တချို့ဒုက္ခသည် စခန်းများမှာ အစိုးရလက်လှမ်းမမီရာ (သြဇာမသက်ရောက်သော) နယ်မြေများရှိနေသည်။ ခိုလှုံရာဒေသရှိ ခိုလှုံသူများမှာ အကူအညီကို မျှော်လင့်ရှင် သန်ရင်း ခိုလှုံရာကင်းမဲ့နေကြသည်။ ဒါက မြန်မာတစ်နိုင်ငံတည်းသာမက တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ပြသနာလည်းဖြစ်သည်။

“ကမ္ဘာတစ်ဝန်း တစ်မိနစ်လျှင် လူ (၂၄) ဦးသည်

အိုးအိမ်ကို စွန့်ခွာကာ ထွက်ပြေးနေ ကြသည့် သဘောဖြစ်သည်။”

ပြည်တွင်းပြည်ပစစ်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာတစ်ဝန်း ဒုက္ခသည်ပမာဏသည် ၆၅ သန်း (၂၀၁၅ စာရင်း/ UNHCR) ရှိသည်ဟုဆိုသည်။ သမိုင်းတစ်လျှောက် အမြင့်ဆုံးနှုန်းဖြစ်သည်။ ဤစာရင်းဇယား အရ တွက်ချက်ကြည့်လျှင် ကမ္ဘာတစ်ဝန်း- တစ်မိနစ်လျှင် လူ(၂၄) ဦးသည် အိုးအိမ်ကို စွန့်ခွာကာ ထွက်ပြေးနေ ကြသည့် သဘောဖြစ်သည်။ ထိုဒုက္ခသည် စုစုပေါင်း၏ တစ်ဝက်သည် (ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ဆိုမာလီယာ) ဟူသော နိုင်ငံသုံးနိုင်ငံတည်းကလူတွေဖြစ်နေသည်။

a45

ထိုအထဲမှ ခိုလှုံသူအများစုကို အိမ်နီးချင်း နိုင်ငံများက လက်ခံထားရသည်။ လန်ဒန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ လေ့လာချက်အရ တွေ့ရှိရသည်မှာ ထိုဒုက္ခသည်များ၏ တစ်ဝက်ကျော် (၅၆ ရာခိုင်နှုန်း) ကို လက်ခံထားသော နိုင်ငံ (၂၀) ရှိရာ ထို နိုင်ငံများမှ ဂန္ဓာ၊ အီရန်၊ ဂျော်ဒန်၊ တူရဂီ၊ ပါကစ္စတန်၊ လက်ဘနွန်၊ ကင်ညာလို နိုင်ငံမျိုးများကဖြစ်ပြီး ချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများ မပါဝင်သည်ကို ထူးခြားစွာတွေ့ရှိရသည်။ (ဥရောပနိုင်ငံများထဲတွင် ဂျာမဏီနှင့် ဆွီဒင်က လက်ခံပေးမှု အများဆုံး ဖြစ်သည်။) ကုလသမဂ္ဂက ဒုက္ခသည်တွေကို တိုးတက်လက်ခံပေးဖို့ မေတ္တာရပ်ခံသည်။ ငွေကြေးထောက်ပံ့ရုံဖြင့် မလုံလောက်၍ ကမ္ဘာ့ဒုက္ခသည်အကျပ်အတည်းဖြေရှင်းရေးကို ခေါင်းရှောင်မနေဘဲ ခွဲဝေတာဝန်ယူဖို့ တိုက်တွန်းသည်။

သို့သော် နိုင်ငံတွင်းမှာပင် (ဤလိုဝန်ထုပ်ဝန်ပိုးကို) မလိုလားသူတွေရှိနေသည်။ ဒုက္ခသည်များကို လက်ခံရေး၊ လက်မခံရေး မှာ ပြည်တွင်းနိုင်ငံရေးအခြေအနေကိုပင် အဆုံးအဖြတ်ပေးနိုင်သည့် သဘောထားတွေရှိနေသည်။ နိုင်ငံတကာ ထိပ်သီးညီလာ ခံ ခေါင်းဆောင်တွေ စုပေါင်းဆွေးနွေးကာ အဖြေရှာရမည်။ ခေတ်သစ်ပြသနာတစ်ရပ်ဖြစ်လာလေသည်။ ဒုက္ခသည်များသည် လည်း ကျွန်တော်တို့ကဲ့သို့ပင် လူသားများဖြစ်လေရာ ကျွန်တော်နဲ့ သည်လူသားခြင်း စာနာထောက် ထားသော စိတ်ဓာတ်ဖြင့် ကူညီဆောင်ရွက်သင့်ပေသည်။

သစ္စာနီ