နယူးဇီလန္က ေသနတ္သမား ဘရင္တန္ တားရန္႔ဆိုတာ ဘယ္သူလဲ

0
283

နယူးဇီလန္ႏိုင္ငံ၊ ခရစၥခ်ာ့ခ်္ၿမိဳ႕မွာ ဗလီႏွစ္ခုကို တိုက္ခိုက္လို႔ လူ ၅၀ ေသဆံုးၿပီး တျခား လူ ၅၀ ဒဏ္ရာ ရရွိခဲ့ပါတယ္။ ေသနတ္သမားက ဘရင္တန္ တားရန္႔ဆိုသူ ျဖစ္ပါတယ္။

အဲဒီ ေသနတ္ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ နယူးဇီလန္ရဲက ၾသစေၾတးလ် ႏိုင္ငံသား ဘရင္တန္ တားရန္႔ (၂၈ ႏွစ္) တစ္ဦးတည္းကိုပဲ ဖမ္းဆီးထားပါေသးတယ္။ မတ္လ ၁၄ ရက္ေန႔က မက္စ္ဂ်စ္ အယ္လ္ ႏူ ဗီနဲ႔ လင္းဝုဒ္ မက္စ္ဂ်စ္ ဗလီတို႔အနီးမွာ မြန္းလြဲ ၁ နာရီ ၄၀ မိနစ္မွာ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တာပါ။

တိုက္ခိုက္မႈ မျဖစ္ခင္ အခု ဖ်က္သိမ္းလိုက္ၿပီျဖစ္တဲ့ ဘာရင္တန္ တားရန္႔ Facebook အေကာင့္မွာ တိုက္ခိုက္မႈ ဂရပ္ဖစ္ ဖန္တီးမႈနဲ႔ ေၾကညာခ်က္စာတမ္း တစ္ခုကို တင္ထားခဲ့ပါတယ္။ စာမ်က္ႏွာ ၇၄ မ်က္ႏွာရွိၿပီး ေရးသူ “ပံုမွန္ မိသားစုမွ ပံုမွန္ အမ်ိဳးသားတစ္ေယာက္သာ” လို႔ တပ္ထားတဲ့ ေၾကညာစာတမ္းကို ပစ္ခတ္မႈ မလုပ္ခင္ မိနစ္ပိုင္းက တင္ခဲ့ပါတယ္။

စာတမ္းထဲမွာ သူရဲ႕ မိသားစုဟာ အလုပ္သမား လူတန္းစားျဖစ္ၿပီး ဝင္ေငြနည္းေၾကာင္း၊ သာမန္ ကေလးဘဝမွာလည္း ႀကီးက်ယ္ခမ္းနားတာေတြ မရွိေၾကာင္း၊ သူဟာ ပညာေရးမွာ စိတ္စားမႈနည္းၿပီး တကၠသိုလ္မွာ သင္တဲ့ ဘာသာရပ္ေတြကို စိတ္မဝင္စားလို႔ တကၠသိုလ္ မတက္ခဲ့ေၾကာင္း ေရးထားပါတယ္။

တားရန္႔ဟာ ၾသစေၾတးလ်ႏိုင္ငံ၊ ဂရပ္ဖ္တန္မွာ လက္ရွိေနထိုင္ဆဲျဖစ္တဲ့ ခ်စ္ခ်စ္ခင္ခင္ မိသားစုကေန ေပါက္ဖြားလာတာ ျဖစ္ပါတယ္။ သူ႔ဖခင္ ေရာ့ဒ္ေနဟာ အမႈိက္သိမ္းသူနဲ႔ အားကစားသမား တစ္ေယာက္ျဖစ္ၿပီး တားရန္႔ အေျခခံပညာေက်ာင္းၿပီးခ်ိန္ အသက္ ၄၉ ႏွစ္အရြယ္မွာ အဆုတ္နဲ႔ ပတ္သက္တဲ့ ေရာဂါနဲ႔ ေသဆံုးခဲ့ပါတယ္။ ေရာ့ဒ္ေနရဲ႕ နာေရးသတင္းမွာ အလြန္ ခင္မင္ဖြယ္ေကာင္းသူ၊ သိမ္ေမြ႔သူလို႔ ေဖာ္ျပထားပါတယ္။

အမွတ္ေကာင္းေကာင္းမရဘဲ ေက်ာင္းၿပီးခဲ့တဲ့ တားရန္႔ဟာ နယူးေဆာက္သ္ေဝးျပည္နယ္၊ ဂရစ္ဖ္တန္ရွိ ဘစ္ ေရးဗား အားကစား႐ံုမွာ အလုပ္လုပ္ပါတယ္။ သူ႔ရဲ႕ မန္ေနဂ်ာေဟာင္း ထေရစီ ဂေရးက တားရန္႔ဟာ အလုပ္ႀကိဳးစားၿပီး အခုလို လုပ္မယ့္ အရိပ္အေယာင္ မျမင္ခဲ့ေၾကာင္း ေျပာပါတယ္။ အြန္လိုင္း ေငြေၾကးကစားတဲ့ Bigconnect ကေန ရတဲ့ပိုက္ဆံနဲ႔ ကမာၻတစ္ဝန္း ခုနစ္ႏွစ္ၾကာ လွည့္လည္ သြားလာခဲ့ပါတယ္။
Bigconnect က ၂၀၁၆ မွ စတာျဖစ္လို႔ ဘယ္လို ျဖစ္ႏိုင္မွာလဲဆိုတာကိုေတာ့ ေမးခြန္းထုတ္စရာပါ။

ေၾကညာစာတမ္းမွာ စာေရးသူက လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ဥေရာပ ခရီးစဥ္မွာ တိုက္ခိုက္မႈကို ဘယ္လို ျပင္ဆင္ခဲ့ေၾကာင္း ေရးထားပါတယ္။ ျပင္သစ္ခရီးစဥ္မွာ ျပင္သစ္အေရွ႕ပိုင္း ၿမိဳ႕တစ္ၿမိဳ႕ဟာ ေရႊ႕ေျပာင္းဝင္ေရာက္တဲ့ က်ဴးေက်ာ္သူေတြနဲ႔ က်ိန္စာမိေနတဲ့ ေနရာလို႔ ေရးထားပါတယ္။

သူ႔သူငယ္ခ်င္းေဟာင္းေတြကေတာ့ တားရန္႔ဟာ ခရီးေတြလွည့္လည္ၿပီးေနာက္မွာ အစြန္းေရာက္သူ ျဖစ္လာပံုရတယ္လို႔ ေျပာၾကပါတယ္။ သူဟာ အမည္ရင္း ေဖာ္ျပစရာ မလိုတဲ့ လက္ယာယိမ္း အြန္လိုင္းဖိုရမ္က စာေတြ ကူးတင္ေလ့ရွိပါတယ္။

အခု ခရစၥခ်ာ့ခ်္ ဒိစႀတိတ္ တရား႐ံုးက တားရန္႔ကို မတ္လ ၁၆ ရက္ေန႔ လူသတ္မႈနဲ႔ အေရးယူထားပါတယ္။ သူ႔ကို တစ္ေယာက္တည္း ခြဲၿပီး သီးျခား ခ်ဳပ္ထားတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

ေကတီေက
Ref: news.com.au

နယူးဇီလန်နိုင်ငံ၊ ခရစ္စချာ့ချ်မြို့မှာ ဗလီနှစ်ခုကို တိုက်ခိုက်လို့ လူ ၅၀ သေဆုံးပြီး တခြား လူ ၅၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေနတ်သမားက ဘရင်တန် တားရန့်ဆိုသူ ဖြစ်ပါတယ်။

အဲဒီ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ နယူးဇီလန်ရဲက သြစတြေးလျ နိုင်ငံသား ဘရင်တန် တားရန့် (၂၈ နှစ်) တစ်ဦးတည်းကိုပဲ ဖမ်းဆီးထားပါသေးတယ်။ မတ်လ ၁၄ ရက်နေ့က မက်စ်ဂျစ် အယ်လ် နူ ဗီနဲ့ လင်းဝုဒ် မက်စ်ဂျစ် ဗလီတို့အနီးမှာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှု မဖြစ်ခင် အခု ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဘာရင်တန် တားရန့် Facebook အကောင့်မှာ တိုက်ခိုက်မှု ဂရပ်ဖစ် ဖန်တီးမှုနဲ့ ကြေညာချက်စာတမ်း တစ်ခုကို တင်ထားခဲ့ပါတယ်။ စာမျက်နှာ ၇၄ မျက်နှာရှိပြီး ရေးသူ “ပုံမှန် မိသားစုမှ ပုံမှန် အမျိုးသားတစ်ယောက်သာ” လို့ တပ်ထားတဲ့ ကြေညာစာတမ်းကို ပစ်ခတ်မှု မလုပ်ခင် မိနစ်ပိုင်းက တင်ခဲ့ပါတယ်။

စာတမ်းထဲမှာ သူရဲ့ မိသားစုဟာ အလုပ်သမား လူတန်းစားဖြစ်ပြီး ဝင်ငွေနည်းကြောင်း၊ သာမန် ကလေးဘဝမှာလည်း ကြီးကျယ်ခမ်းနားတာတွေ မရှိကြောင်း၊ သူဟာ ပညာရေးမှာ စိတ်စားမှုနည်းပြီး တက္ကသိုလ်မှာ သင်တဲ့ ဘာသာရပ်တွေကို စိတ်မဝင်စားလို့ တက္ကသိုလ် မတက်ခဲ့ကြောင်း ရေးထားပါတယ်။

တားရန့်ဟာ သြစတြေးလျနိုင်ငံ၊ ဂရပ်ဖ်တန်မှာ လက်ရှိနေထိုင်ဆဲဖြစ်တဲ့ ချစ်ချစ်ခင်ခင် မိသားစုကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ သူ့ဖခင် ရော့ဒ်နေဟာ အမှိုက်သိမ်းသူနဲ့ အားကစားသမား တစ်ယောက်ဖြစ်ပြီး တားရန့် အခြေခံပညာကျောင်းပြီးချိန် အသက် ၄၉ နှစ်အရွယ်မှာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ရော့ဒ်နေရဲ့ နာရေးသတင်းမှာ အလွန် ခင်မင်ဖွယ်ကောင်းသူ၊ သိမ်မွေ့သူလို့ ဖော်ပြထားပါတယ်။

အမှတ်ကောင်းကောင်းမရဘဲ ကျောင်းပြီးခဲ့တဲ့ တားရန့်ဟာ နယူးဆောက်သ်ဝေးပြည်နယ်၊ ဂရစ်ဖ်တန်ရှိ ဘစ် ရေးဗား အားကစားရုံမှာ အလုပ်လုပ်ပါတယ်။ သူ့ရဲ့ မန်နေဂျာဟောင်း ထရေစီ ဂရေးက တားရန့်ဟာ အလုပ်ကြိုးစားပြီး အခုလို လုပ်မယ့် အရိပ်အယောင် မမြင်ခဲ့ကြောင်း ပြောပါတယ်။ အွန်လိုင်း ငွေကြေးကစားတဲ့ Bigconnect ကနေ ရတဲ့ပိုက်ဆံနဲ့ ကမ္ဘာတစ်ဝန်း ခုနစ်နှစ်ကြာ လှည့်လည် သွားလာခဲ့ပါတယ်။
Bigconnect က ၂၀၁၆ မှ စတာဖြစ်လို့ ဘယ်လို ဖြစ်နိုင်မှာလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာပါ။

ကြေညာစာတမ်းမှာ စာရေးသူက လွန်ခဲ့တဲ့ နှစ်နှစ်က ဥရောပ ခရီးစဉ်မှာ တိုက်ခိုက်မှုကို ဘယ်လို ပြင်ဆင်ခဲ့ကြောင်း ရေးထားပါတယ်။ ပြင်သစ်ခရီးစဉ်မှာ ပြင်သစ်အရှေ့ပိုင်း မြို့တစ်မြို့ဟာ ရွှေ့ပြောင်းဝင်ရောက်တဲ့ ကျူးကျော်သူတွေနဲ့ ကျိန်စာမိနေတဲ့ နေရာလို့ ရေးထားပါတယ်။
သူ့သူငယ်ချင်းဟောင်းတွေကတော့ တားရန့်ဟာ ခရီးတွေလှည့်လည်ပြီးနောက်မှာ အစွန်းရောက်သူ ဖြစ်လာပုံရတယ်လို့ ပြောကြပါတယ်။ သူဟာ အမည်ရင်း ဖော်ပြစရာ မလိုတဲ့ လက်ယာယိမ်း အွန်လိုင်းဖိုရမ်က စာတွေ ကူးတင်လေ့ရှိပါတယ်။

အခု ခရစ္စချာ့ချ် ဒိစတြိတ် တရားရုံးက တားရန့်ကို မတ်လ ၁၆ ရက်နေ့ လူသတ်မှုနဲ့ အရေးယူထားပါတယ်။ သူ့ကို တစ်ယောက်တည်း ခွဲပြီး သီးခြား ချုပ်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကေတီကေ
Ref: news.com.au