ဆရာေတာ္ အရွင္ဇဝန ၿမိဳ႕ေတာ္ေဆး႐ံုကို တရားစြဲဆို

0
336

ၿမိဳ႕ေတာ္ေဆး႐ံုမွာ ကုသခဲ့တဲ့ဆရာေတာ္တစ္ပါးက ေဆး႐ံုမွာက သံုးစြဲစစ္ေဆးခဲ့တဲ့စက္ဟာ လြဲမွားေန တယ္ဆိုၿပီး တရားစြဲဆိုထားပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕က ၿမိဳ႕ေတာ္ ေဆးရံုမွာ တက္ေရာက္ကုသခဲ႔တဲ႔ ဆရာေတာ္ အရွင္ဇဝနကို အခ်ဳိဓာတ္စစ္ေဆးရာမွာ အသံုးျပဳခဲ႔တဲ႔ စက္ပစၥည္းမွားယြင္းခဲ႔တဲ႔အတြက္ဆိုၿပီး ဆရာေတာ္ဘက္က တရားစြဲဆိုထားတာျဖစ္ပါတယ္။
ၿမိဳ႕ေတာ္ ေဆးရံုတာဝန္ရွိသူေတြဘက္ကေတာ့ ကနဦးမွာ သူတို႔စက္က ေလ်ာ့နည္းေဖာ္ျပခဲ႔တယ္ဆိုၿပီး ထုတ္ျပန္ခဲ႔ေပမယ့္ စက္တင္ဘာလ20ရက္ေန႔မွာေတာ့ သတင္းစာရွင္းလင္းပြဲျပန္လည္ျပဳလုပ္ခဲ႔ၿပီး မွားယြင္းတယ္လို႔ ဆံုးျဖတ္လို႔မရေသးေၾကာင္း ပန္လည္ ေျပာဆိုခဲ႔ပါတယ္။

အင္တာဗ်ဴး ေဒါက္တာ တင္ကိုကို ဆရာဝန္ႀကီး
ၿမိဳ႕ေတာ္ေဆး႐ုံ၊ မႏၲေလးၿမိဳ႕

တက္ေရာက္ကုသခဲ႔တဲ႔ ဆရာေတာ္ ဇဝနကို အခ်ဳိဓာတ္ စစ္ေဆးရာမွာ ေလ်ာ့နည္းေနတဲ႔အတြက္ အခ်ဳိဓာတ္ျဖည့္တင္းကုသမႈေတြျပဳလုပ္ခဲ႔တာ ျဖစ္ပါတယ္။
ဆရာေတ္ာနဲ႔ ညွိႏိႈင္းမႈေတြျပဳလုပ္ခဲ႔ၿပီး ဆရာေတာ္ကို ေလးစားနဲ႔အေနနဲ႔ မိမိတို႔အသံုးျပဳတဲ႔စက္ ေလ်ာ့နည္းေနေဖာ္ျပေနတယ္လို႔ ထုတ္ျပန္ေပးခဲ႔တာျဖစ္ၿပီး မွားယြင္းတာ မဟုတ္ဘူးလို႔ ျပန္လည္ေျပာဆိုခဲ႕ပါတယ္။

အင္တာဗ်ဴး ဦးသိန္းသန္းဦး (တရားလႊတ္ေတာ္ေ႐ွ႕ေန)

မႏၲေလး ၿမိဳ႕ေတာ္ ေဆးရံုမွာ အရင္ကလည္း လူနာတစ္ဦးမွာ HIV ပိုးရွိတယ္ဆိုၿပီး မွားယြင္းခဲ႔တဲ႔အတြက္ ခရိုင္တရားရံုးက ေန ေလ်ာ္ေၾကးေပးေလ်ာ္ဖို႔ အမိန္႔ခ်မွတ္ခံထားရတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့တော်ဆေးရုံမှာ ကုသခဲ့တဲ့ဆရာတော်တစ်ပါးက ဆေးရုံမှာက သုံးစွဲစစ်ဆေးခဲ့တဲ့စက်ဟာ လွဲမှားနေ တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့က မြို့တော် ဆေးရုံမှာ တက်ရောက်ကုသခဲ့တဲ့ ဆရာတော် အရှင်ဇဝနကို အချိုဓာတ်စစ်ဆေးရာမှာ အသုံးပြုခဲ့တဲ့ စက်ပစ္စည်းမှားယွင်းခဲ့တဲ့အတွက်ဆိုပြီး ဆရာတော်ဘက်က တရားစွဲဆိုထားတာဖြစ်ပါတယ်။
မြို့တော် ဆေးရုံတာဝန်ရှိသူတွေဘက်ကတော့ ကနဦးမှာ သူတို့စက်က လျော့နည်းဖော်ပြခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပေမယ့် စက်တင်ဘာလ20ရက်နေ့မှာတော့ သတင်းစာရှင်းလင်းပွဲပြန်လည်ပြုလုပ်ခဲ့ပြီး မှားယွင်းတယ်လို့ ဆုံးဖြတ်လို့မရသေးကြောင်း ပန်လည် ပြောဆိုခဲ့ပါတယ်။

အင်တာဗျူး ဒေါက်တာ တင်ကိုကို ဆရာဝန်ကြီး
မြို့တော်ဆေးရုံ၊ မန္တလေးမြို့

တက်ရောက်ကုသခဲ့တဲ့ ဆရာတော် ဇဝနကို အချိုဓာတ် စစ်ဆေးရာမှာ လျော့နည်းနေတဲ့အတွက် အချိုဓာတ်ဖြည့်တင်းကုသမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်နဲ့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး ဆရာတော်ကို လေးစားနဲ့အနေနဲ့ မိမိတို့အသုံးပြုတဲ့စက် လျော့နည်းနေဖော်ပြနေတယ်လို့ ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး မှားယွင်းတာ မဟုတ်ဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အင်တာဗျူး ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)

မန္တလေး မြို့တော် ဆေးရုံမှာ အရင်ကလည်း လူနာတစ်ဦးမှာ HIV ပိုးရှိတယ်ဆိုပြီး မှားယွင်းခဲ့တဲ့အတွက် ခရိုင်တရားရုံးက နေ လျော်ကြေးပေးလျော်ဖို့ အမိန့်ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

?bph6