0
112
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မန္တလေး အမရပူရမြို့ပြ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေ ပျက်စီးဆုံးရှုံးနေ
မန္တလေးအမရပူရ မြို့ပြ စီမံကိန်းမှာ မြစ်ကမ်းအနီး သဲစုပ်ယူမှုတွေကြောင့် ဒေသခံတွေရဲ့မြေနုကျွန်းတွေ ပျက်ဆီးဆုံးရှုံးနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ ထားပါတယ်။
မန္တလေးမြို့အမရပူရ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် မြစ်ကမ်းအနီးမှာ သဲ တွေစုပ်ယူနေတဲ့အတွက် ဒေသခံတွေရဲ့ မြေနုကျွန်းတွေပျက်ဆီးဆုံးရှုံးနေပါတယ်။ အမရပူရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် မြေယာအများစုကို ဝယ်ယူလုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် အငြင်းပွားမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။
Sound Bite – ဒေါ်ဝင်းဝင်းသန်း ဒေသခံ
ရှမ်းကလေးကျွန်း စံပြကျေးရွာ
ရှမ်းကလေးကျွန်းဒေသခံတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ မြေနုကျွန်းတွေမှာ စီမံကိန်းက သံပုံတာ လမ်းဖောက်တာ သဲစုပ်တာတွေကြောင့် လုပ်ကိုင်စားဖို့အဆင်မပြေဖြစ်နေတာပါ။ အဲ့ဒီလို နစ်နာနေရတဲ့အတွက် သံစုပ်ယူနေတာတွေကို တားမြစ်ပေးဖို့ နစ်နာမှုတွေအတွက် နစ်နာကြေးပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့တာပါ။
Sound Bite – ဒေါ်ကြည်စိန်
ရှမ်းကလေးကျွန်း စံပြကျေးရွာ
အမရပူရမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၁၆ခုနှစ်မှာ စတင်ခဲ့ပြီး စီမံကိန်း ဧရိယာ ဧက၁၀ဝ၀ကျော်မှာ ပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။
?bph6