ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်ဘင်္ဂါလီတွေ အကုန်လုံးကို ထုတ်ပယ်

0
481









>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီဝင်ဘင်္ဂါလီတွေ အကုန်လုံးကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ရှိနေတဲ့ ပါတီဝင်တွေထဲက ဘင်္ဂါလီပါတီဝင်တွေအကုန်လုံးကို ထုတ်ပါယ်လိုက်ပြီဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မနက်ပိုင်းက စစ်တွေမြို့မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံးမှာ ပါတီတာဝန်ရှိသူတွေနဲ့ မီဒီယာတွေတွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

Sound bite – ဦးသန်းဝေ (အတွင်းရေးမှူး)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ရခိုင်ပြည်နယ်)

အရင်က ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်းမှာ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီတွေကို ပါတီဝင်အဖြစ်လက်ခံထားရှိခဲ့ပြီး ဘင်္ဂါလီလွှတ်တော်ကိုယ်စားလှယ်တွေလည်းရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ အကုန်လုံးကိုထုတ်ပါယ်လိုက်တာဖြစ် ကြောင်းနဲ့ ရပ်/ကျေး ကော်မတီတွေကိုလည်း ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေက ပြောပါတယ်။

ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီမှာ တပ်မတော်အငြိမ်းစားတွေရှိနေပေမယ့် အရပ်သား အများစုနဲ့ ဖွဲ့စည်းထား တဲ့ပါတီ တစ်ခုဖြစ်ပြီး တပ်မတော်ရဲ့လက်အောက်ခံပါတီမဟုတ်ကြောင်း ဝေဖန်မှုတွေအပေါ် တုန့်ပြန်ပြောကြား လိုက်ပါတယ်။

Sound bite – ဒေါ်အေးမာခင် (ဥက္ကဌ)
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (စစ်တွေမြို့နယ်)

ပါတီကို အစိုးရဖွဲ့စဉ်ကာလက အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိသူတွေ၊ တပ်မတော်ကအတွေ့အကြုံရှိတဲ့ အငြိမ်းစားတွေ၊ စီးပွားရေးပညာရှင်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံကနေပြီးတော့ ပြောင်းလဲဖွံ့စည်းခဲ့ တာဖြစ်တယ် လို့ မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

?bph6