ရကၡပူရသာသနာလကၤာရ (သာမေဏေက်ာ္) စာေမးပြဲေျဖဆိုတဲ့ ရွင္သာမေဏေ အရင္ႏွစ္ကထက္ မ်ားျပား

0
136

ရကၡပူရသာသနာလကၤာရ (သာမေဏေက်ာ္) စာေမးပြဲေျဖဆိုတဲ့ ရွင္သာမေဏေတြ အရင္ႏွစ္ကထက္မ်ားျပား လာေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕မွာ ေလးႀကိမ္ေျမာက္က်င္းပျပဳလုပ္ေနတဲ့ ရကၡပူရသာသနာလကၤာရ (သာမေဏေက်ာ္) စာေမးပြဲေျဖဆိုတဲ့ ရွင္သာမေဏအေရအတြက္ဟာ အရင္ႏွစ္ေတြကထက္မ်ားျပားလာေနၿပီး ျမန္မာႏုိင္ငံအရပ္ရပ္က လာေရာက္ေျဖဆိုေနၾကတာျဖစ္ပါတယ္။

စာေမးပြဲေျဖဆိုေနတဲ့ ရွင္သာမေဏ ၅၅၀ ေက်ာ္ရွိၿပီး ေဖေဖာ္ဝါရီ(၇)ရက္ေန႔ကေန (၁၀)ရက္ေန႔အထိ စစ္ေတြၿမိဳ႕ေလာကာနႏၵာ ဗိမာန္ေတာ္မွာ စစ္ေဆးေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေဇာတိက (ၾသဝါဒ စရိယဆရာေတာ္)

ဒါ့အျပင္ သာမေဏေက်ာ္ဘြဲ႔ကို အသက္ ၁၈ ႏွစ္မျပည့္မီ ရရွိၾကရမွာျဖစ္ေပမယ့္ သမေဏေက်ာ္ဘြဲ႔ မရရွိေသးတဲ့ တခ်ိဳ႕စာခ်ေနတဲ့ သံဃာေတာ္ေတြက အထူးအခြင့္အေရးတစ္ရပ္အေနနဲ႔ အခုႏွစ္ကစၿပီးေတာ့ စာေမးပြဲေျဖဆုိခြင့္ ျပဳထားတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးျမင့္ဦး (ဥကၠဌ) ရကၡပူရသာသနာလကၤာရအသင္း

အဲဒီဘြဲ႔ကို ရရွိထားတဲ့သာမေဏေတြအေနနဲ႔ ပိဋကပ္သံုးပံုပါ အေျခခံအေၾကာင္းအရာေတြကို တတ္ေျမာက္ထားၿပီး ျဖစ္တာေၾကာင့္ တျခားတကၠသိုလ္ေတြက စာေမးပြဲေတြကို ေျဖဆိုတဲ့အခါမွာလည္း မ်ားစြာအေထာက္အကူျပဳတာေၾကာင့္ သာမေဏေက်ာ္စာေမးပြဲကို ေျဖဆိုသူေတြတစ္ႏွစ္ထက္တစ္ႏွစ္ မ်ားျပားလာေနတာျဖစ္တယ္လို႔ ၾသဝါဒစရိယ ဆရာေတာ္က မိန္႔ၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရက္ခပူရသာသနာလင်္ကာရ (သာမဏေကျော်) စာမေးပွဲဖြေဆိုတဲ့ ရှင်သာမဏေေ အရင်နှစ်ကထက် များပြား

ရက္ခပူရသာသနာလင်္ကာရ (သာမဏေကျော်) စာမေးပွဲဖြေဆိုတဲ့ ရှင်သာမဏေတွေ အရင်နှစ်ကထက်များပြား လာနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ လေးကြိမ်မြောက်ကျင်းပပြုလုပ်နေတဲ့ ရက္ခပူရသာသနာလင်္ကာရ (သာမဏေကျော်) စာမေးပွဲဖြေဆိုတဲ့ ရှင်သာမဏေအရေအတွက်ဟာ အရင်နှစ်တွေကထက်များပြားလာနေပြီး မြန်မာနိုင်ငံအရပ်ရပ်က လာရောက်ဖြေဆိုနေကြတာဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုနေတဲ့ ရှင်သာမဏေ ၅၅၀ ကျော်ရှိပြီး ဖေဖော်ဝါရီ(၇)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ စစ်တွေမြို့လောကာနန္ဒာ ဗိမာန်တော်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးဇောတိက (သြဝါဒ စရိယဆရာတော်)

ဒါ့အပြင် သာမဏေကျော်ဘွဲ့ကို အသက် ၁၈ နှစ်မပြည့်မီ ရရှိကြရမှာဖြစ်ပေမယ့် သမဏေကျော်ဘွဲ့ မရရှိသေးတဲ့ တချို့စာချနေတဲ့ သံဃာတော်တွေက အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ အခုနှစ်ကစပြီးတော့ စာမေးပွဲဖြေဆိုခွင့် ပြုထားတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးမြင့်ဦး (ဥက္ကဌ) ရက္ခပူရသာသနာလင်္ကာရအသင်း

အဲဒီဘွဲ့ကို ရရှိထားတဲ့သာမဏေတွေအနေနဲ့ ပိဋကပ်သုံးပုံပါ အခြေခံအကြောင်းအရာတွေကို တတ်မြောက်ထားပြီး ဖြစ်တာကြောင့် တခြားတက္ကသိုလ်တွေက စာမေးပွဲတွေကို ဖြေဆိုတဲ့အခါမှာလည်း များစွာအထောက်အကူပြုတာကြောင့် သာမဏေကျော်စာမေးပွဲကို ဖြေဆိုသူတွေတစ်နှစ်ထက်တစ်နှစ် များပြားလာနေတာဖြစ်တယ်လို့ သြဝါဒစရိယ ဆရာတော်က မိန့်ကြားခဲ့ပါတယ် ခင်ဗျား။

?bph6