စစ္ေဘးေ႐ွာင္စခန္းေတြမွာ စာေမးပြဲေျဖဆိုေနတဲ့ ေက်ာင္းသား ၈၀၀ ေက်ာ္႐ွိေန

0
183

စစ္ေဘးေရွာင္စခန္းေတြမွာ စာေမးပြဲေျဖဆိုေနတဲ့ေက်ာင္းသူေက်ာင္းသား ၈၀၀ ေက်ာ္ရွိေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္၊ ပုဏၰားကၽြန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြက စစ္ေဘးေရွာင္ စခန္းေတြမွာ မူလတန္းအလယ္တန္း ေက်ာင္းသူေက်ာင္းသားဦးေရ ၈၀၀ ေက်ာ္ စာေမးပြဲေျဖဆိုေနၾကတာျဖစ္ပါတယ္။
အခုလ ၄ ရက္ေန႔ကေန မူလတန္းနဲဲ႔အလယ္တန္းအဆင့္ေတြကို အတန္းတင္စာေမးပြဲစစ္ေဆးေနတာျဖစ္ၿပီး အဲဒီေက်ာင္းသူေက်ာင္းသားေတြကို လက္ရွိပညာသင္ၾကားေပးေနတဲ့ သက္ဆုိင္ရာေက်ာင္းေတြက ေမးခြန္းေတြနဲ႔ပဲ စစ္ေဆးမႈေတြျပဳလုပ္ေပးေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးစိန္ထြန္းလွ (လက္ေထာက္ညႊန္ၾကားေရးမွဴး)
အေျခခံပညာဦးစီးဌာန၊ ရခိုင္ျပည္နယ္ပညာေရးမွဴးရံုး

အဲဒီေက်ာင္းသားေတြကို လက္ရွိသင္ၾကားေနတဲ့ သက္ဆုိင္ရာေက်ာင္းေတြက ထုတ္တဲ့ေမးခြန္းပံုေတြနဲ႔ ေျဖဆိုၾကရမွာျဖစ္တဲ့အတြက္ စာေမးပြဲေျဖဆိုတဲ့အခါမွာ သင္ခန္းစာေနာက္က်မႈေတြမရွိရေအာင္ အနီး ကပ္သင္ၾကားေပးမႈေတြကို ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။
စစ္ေဘးေရွာင္ေတြခိုလံႈေနၾကတဲ့ ကယ္ဆယ္ေရးစခန္းေတြက ေက်ာင္းသူေက်ာင္းသား ၈၅၉ ေယာက္ကို ေနရာေပါင္း ၃၃ ခုမွာ စာေမးပြဲစစ္ေဆးေနတာ ျဖစ္ပါတယ္ ။

အင္တာဗ်ဴး – ဦးစိန္ထြန္းလွ (လက္ေထာက္ညႊန္ၾကားေရးမွဴး)
အေျခခံပညာဦးစီးဌာန၊ ရခိုင္ျပည္နယ္ပညာေရးမွဴးရံုး

ဒါ့့အျပင္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေဒသေတြက ပိတ္မိေနတဲ့ေက်းရြာေတြမွာလည္း ေက်ာင္းေတြကို ယာယီပိတ္ထားခဲ့ရ ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျပန္လည္ဖြင့္ေပးႏုိင္ခဲ့ၿပီး စာေမးပြဲစစ္ေဆး မႈေတြျပဳလုပ္ေနၾကၿပီျဖစ္ပါတယ္ ခင္ဗ်ာ။

စစ်ဘေးရှောင်စခန်းတွေမှာ စာမေးပွဲဖြေဆိုနေတဲ့ကျောင်းသူကျောင်းသား ၈၀ဝ ကျော်ရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ဘေးရှောင် စခန်းတွေမှာ မူလတန်းအလယ်တန်း ကျောင်းသူကျောင်းသားဦးရေ ၈၀ဝ ကျော် စာမေးပွဲဖြေဆိုနေကြတာဖြစ်ပါတယ်။
အခုလ ၄ ရက်နေ့ကနေ မူလတန်းနဲ့အလယ်တန်းအဆင့်တွေကို အတန်းတင်စာမေးပွဲစစ်ဆေးနေတာဖြစ်ပြီး အဲဒီကျောင်းသူကျောင်းသားတွေကို လက်ရှိပညာသင်ကြားပေးနေတဲ့ သက်ဆိုင်ရာကျောင်းတွေက မေးခွန်းတွေနဲ့ပဲ စစ်ဆေးမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးစိန်ထွန်းလှ (လက်ထောက်ညွှန်ကြားရေးမှူး)
အခြေခံပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး

အဲဒီကျောင်းသားတွေကို လက်ရှိသင်ကြားနေတဲ့ သက်ဆိုင်ရာကျောင်းတွေက ထုတ်တဲ့မေးခွန်းပုံတွေနဲ့ ဖြေဆိုကြရမှာဖြစ်တဲ့အတွက် စာမေးပွဲဖြေဆိုတဲ့အခါမှာ သင်ခန်းစာနောက်ကျမှုတွေမရှိရအောင် အနီး ကပ်သင်ကြားပေးမှုတွေကို ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ကယ်ဆယ်ရေးစခန်းတွေက ကျောင်းသူကျောင်းသား ၈၅၉ ယောက်ကို နေရာပေါင်း ၃၃ ခုမှာ စာမေးပွဲစစ်ဆေးနေတာ ဖြစ်ပါတယ် ။

အင်တာဗျူး – ဦးစိန်ထွန်းလှ (လက်ထောက်ညွှန်ကြားရေးမှူး)
အခြေခံပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက ပိတ်မိနေတဲ့ကျေးရွာတွေမှာလည်း ကျောင်းတွေကို ယာယီပိတ်ထားခဲ့ရ ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည်ဖွင့်ပေးနိုင်ခဲ့ပြီး စာမေးပွဲစစ်ဆေး မှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ် ခင်ဗျာ။

?bph6