ဝါးလတ္ေလွပုိင္ရွင္ေတြ ငါးခိုးဖမ္းေၾကာင္း ဝန္ခံမွ အေရးယူႏိုင္မယ္ လို႔ ဆို

0
55

တနသၤာရီကမ္း႐ုိးတန္း ကမ္းနီးေရျပင္မွာ လာေရာက္ဖမ္းဆီးေနတဲ႔ ကမ္းေဝးငါးဖမ္း (ဝါးလတ္) ေလွပိုင္ရွင္ေတြ ငါးခိုးဖမ္းတယ္လို႔ ဝန္ခံမွ အေရးယူႏိုင္မယ္လို႔ တနသၤာရီတိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN ၿမိတ္ သတင္းေထာက္ ေဇ္ာေဇာ္က ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

တနသၤာရီတိုင္းေဒသႀကီး၊ တနသၤာရီကမ္း႐ုိးတန္း ကမ္းနီးေရျပင္မွာ ကမ္းေဝးငါးဖမ္း (ဝါးလတ္) ေလွေတြက ဝင္ေရာက္ဖမ္းဆီး ေနတဲ႔အတြက္ ကမ္းနီးငါးဖမ္းေရလုပ္သားေတြ အခက္အခဲေတြ ျဖစ္ေပၚေနတာပါ။
ကမ္းနီးငါးဖမ္းေရလုပ္သားေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုင္ၾကားထားတဲ႔အတြက္ ဇန္နဝါရီလ ၁၄ ရက္ေန႔မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ငါးလုပ္ငန္းဦးစီးဌာန တာဝန္ရွိသူေတြ ေဆြးေႏြးခဲ႔ပါတယ္။

အဲဒီေဆြးေႏြးအၿပီး တနသၤာရီတိုင္းေဒသႀကီး၊ ငါးလုပ္ငန္းဦးစီးဌာန၊ ဒုတိယ တုိင္းဦးစီးဌာနမွဴးက ကမ္းနီးေရျပင္မွာ လာေရာက္ဖမ္းဆီးေနတဲ႔ ကမ္းေဝးငါးဖမ္း (ဝါးလတ္) ေလွပိုင္ရွင္ေတြ ငါးခိုးဖမ္းတယ္လို႔ ဝန္ခံမွ အေရးယူႏိုင္မယ္လို႔ ေျပာပါတယ္။

Soundbite ဦးျမင့္ေရႊ (ဒုတိယ တုိင္းဦးစီးဌာနမွဴး) ငါးလုပ္ငန္းဦးစီးဌာန၊ တနသၤာရီတိုင္းေဒသႀကီး

ကမ္းနီးေရျပင္မွာ လာေရာက္ဖမ္းဆီးေနတဲ႔ ကမ္းေဝးငါးဖမ္း (ဝါးလတ္) ေလွေတြကို ေစာင့္ၾကည့္ေပမယ့္ ေလွနံပါတ္နဲ႔ ေလွအမည္ေတြကို ဖုံးအုပ္ထားတာေၾကာင့္ တိုက္ဆိုင္စစ္ေဆးဖို႔ အခက္အခဲရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Soundbite ဦးေသာင္းျမင့္ (အတြင္းေရးမွဴး) ၿမိတ္ခရိုင္ ငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ုိင္အတြင္း ကမ္းေဝး ငါးဖမ္းေလွ ၇၆၀ ေက်ာ္ရွိၿပီး မၾကာခဏ ကမ္းနီးမွာ ဝင္ေရာက္ ဖမ္းဆီးေနတာေၾကာင္႔ ကမ္းနီးမွာရွိတဲ႔ ငါးမ်ိဳးစိတ္ေတြ ရွားပါးလာၿပီး ကမ္းနီး ေရလုပ္သားေတြ အခက္အခဲေတြ ရွိလာေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝါးလတ်လှေပိုင်ရှင်တွေ ငါးခိုးဖမ်းကြောင်း ဝန်ခံမှ အရေးယူနိုင်မယ် လို့ ဆို

တနင်္သာရီကမ်းရိုးတန်း ကမ်းနီးရေပြင်မှာ လာရောက်ဖမ်းဆီးနေတဲ့ ကမ်းဝေးငါးဖမ်း (ဝါးလတ်) လှေပိုင်ရှင်တွေ ငါးခိုးဖမ်းတယ်လို့ ဝန်ခံမှ အရေးယူနိုင်မယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN မြိတ် သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီကမ်းရိုးတန်း ကမ်းနီးရေပြင်မှာ ကမ်းဝေးငါးဖမ်း (ဝါးလတ်) လှေတွေက ဝင်ရောက်ဖမ်းဆီး နေတဲ့အတွက် ကမ်းနီးငါးဖမ်းရေလုပ်သားတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။
ကမ်းနီးငါးဖမ်းရေလုပ်သားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားထားတဲ့အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးအပြီး တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယ တိုင်းဦးစီးဌာနမှူးက ကမ်းနီးရေပြင်မှာ လာရောက်ဖမ်းဆီးနေတဲ့ ကမ်းဝေးငါးဖမ်း (ဝါးလတ်) လှေပိုင်ရှင်တွေ ငါးခိုးဖမ်းတယ်လို့ ဝန်ခံမှ အရေးယူနိုင်မယ်လို့ ပြောပါတယ်။

Soundbite ဦးမြင့်ရွှေ (ဒုတိယ တိုင်းဦးစီးဌာနမှူး) ငါးလုပ်ငန်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး

ကမ်းနီးရေပြင်မှာ လာရောက်ဖမ်းဆီးနေတဲ့ ကမ်းဝေးငါးဖမ်း (ဝါးလတ်) လှေတွေကို စောင့်ကြည့်ပေမယ့် လှေနံပါတ်နဲ့ လှေအမည်တွေကို ဖုံးအုပ်ထားတာကြောင့် တိုက်ဆိုင်စစ်ဆေးဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Soundbite ဦးသောင်းမြင့် (အတွင်းရေးမှူး) မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ကမ်းဝေး ငါးဖမ်းလှေ ၇၆၀ ကျော်ရှိပြီး မကြာခဏ ကမ်းနီးမှာ ဝင်ရောက် ဖမ်းဆီးနေတာကြောင့် ကမ်းနီးမှာရှိတဲ့ ငါးမျိုးစိတ်တွေ ရှားပါးလာပြီး ကမ်းနီး ရေလုပ်သားတွေ အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ် ခင်ဗျာ

?bph6