ေက်ာင္းလံုၿခံဳေရး တိုးျမႇင့္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ေက်ာင္းသားေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆို

0
786

ရတနာပံု တကၠသိုလ္ေရွ႕မွာ ေက်ာင္းလံုၿခံဳေရး တိုးျမွင့္ေပးဖို႔ ေတာင္းဆိုခဲ႔ ေက်ာင္းသားေတြ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနပါတယ္။ ဒီသတင္းကုိ MCN မႏၱေလးသတင္းေထာက္ ညဏ္လငး္ထူး က ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ ရတနာပံုတကၠသိုလ္ေရွ႕မွာ လံုျခံဳေရး တိုးျမွင့္ေပးဖို႔ ပါေဖာမန္႔ျပဳလုပ္ၿပီး ေတာင္းဆိုခဲ႔တဲ႔အတြက္ ဖမ္းဆီးခံထားရတဲ႔ေက်ာင္းသားေတြကို ျပန္လႊတ္ေပးဖို႔ တကၠသိုလ္ ၃၈ခုက ေက်ာင္းသားေတြက ေတာင္း ဆိုေနပါတယ္။
ဖမ္းဆီးခံ ေက်ာင္းသားေတြကို ဒုတိယအႀကိမ္ ရံုးထုတ္မွာ ဝန္းရံေတာင္းဆိုခဲ႔ၾကတာျဖစ္ၿပီး ေက်ာင္းတာဝန္ရွိသူေတြက တရားလိုျပဳလုပ္တဲ႔အေပၚမွာလည္း မေက်နပ္မႈေတြရွိေနတာျဖစ္ပါတယ္။

Sound Bite ; မအိမြန္ခင္ (အတြင္းေရးမွဴး)
ရတနာပံုတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ား အဖြဲ႔ခ်ဳပ္)

တကၠသိုလ္ေက်ာင္းေတြမွာ လံုျခံဳေရးတိုးျမွင့္ေပးဖို႔ ေတာင္းဆိုေနခ်ိန္မွာပဲ ရတနာပံုေက်ာင္းသားတစ္ဦး အသတ္ခံခဲ႔ရတဲ႔အတြက္ ျပင္းထန္တဲ႔ လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ႔ၾကတာျဖစ္ပါတယ္။ ဖမ္းဆီးခံ ေက်ာင္းသားေတြ ေတာင္းဆိုတဲ႔အရာေတြက ေက်ာင္းသားေတြရဲ႕ အေျခခံလိုအပ္ခ်က္ျဖစ္ၿပီး ျပင္းထန္တဲ႔ပုဒ္မေတြနဲ႔ အေရးယူေနတဲ႔အေပၚ ကန္႔ကြက္ေနၾကတာပါ။

Sound Bite ; ေနာင္ထက္ေအာင္
ရန္ကုန္ ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ

ရတနာပံုတကၠသိုလ္ေရွ႕မွာ ပါေမာကၡခ်ဳပ္ကို သၿဂိဳလ္တဲ႔ပံုစံ ျပဳလုပ္ခဲ႔တဲ႔ ေက်ာင္းသားေတြကို ပုဒ္မ ၅၀၅ ခ အပါအဝင္ ပုဒ္မ ငါးခုနဲ႔ ဖမ္းဆီးထိန္းသိမ္းထားတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို

ရတနာပုံ တက္ကသိုလ်ရှေ့မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ညဏ်လငး်ထူး က ပေးပို့ထားပါတယ်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရှေ့မှာ လုံခြုံရေး တိုးမြှင့်ပေးဖို့ ပါဖောမန့်ပြုလုပ်ပြီး တောင်းဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ တက္ကသိုလ် ၃၈ခုက ကျောင်းသားတွေက တောင်း ဆိုနေပါတယ်။
ဖမ်းဆီးခံ ကျောင်းသားတွေကို ဒုတိယအကြိမ် ရုံးထုတ်မှာ ဝန်းရံတောင်းဆိုခဲ့ကြတာဖြစ်ပြီး ကျောင်းတာဝန်ရှိသူတွေက တရားလိုပြုလုပ်တဲ့အပေါ်မှာလည်း မကျေနပ်မှုတွေရှိနေတာဖြစ်ပါတယ်။

Sound Bite ; မအိမွန်ခင် (အတွင်းရေးမှူး)
ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)

တက္ကသိုလ်ကျောင်းတွေမှာ လုံခြုံရေးတိုးမြှင့်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ ရတနာပုံကျောင်းသားတစ်ဦး အသတ်ခံခဲ့ရတဲ့အတွက် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဖမ်းဆီးခံ ကျောင်းသားတွေ တောင်းဆိုတဲ့အရာတွေက ကျောင်းသားတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီး ပြင်းထန်တဲ့ပုဒ်မတွေနဲ့ အရေးယူနေတဲ့အပေါ် ကန့်ကွက်နေကြတာပါ။

Sound Bite ; နောင်ထက်အောင်
ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ရတနာပုံတက္ကသိုလ်ရှေ့မှာ ပါမောက္ခချုပ်ကို သဂြိုလ်တဲ့ပုံစံ ပြုလုပ်ခဲ့တဲ့ ကျောင်းသားတွေကို ပုဒ်မ ၅၀၅ ခ အပါအဝင် ပုဒ်မ ငါးခုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်ခင်ဗျာ။