
0
81







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ယူနစ် ၃၉၀ ကျပ်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးမယ့်အပေါ် ပုဂ္ဂလိက မီးလင်းရေး လုပ်ကိုင်သူတွေ ကြိုဆို

မြိတ်အများပိုင်ကော်ပိုရေးရှင်းက တစ်ယူနစ် ၃၉၀ ကျပ်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးမယ့်အပေါ် ပုဂ္ဂလိက မီးလင်းရေး လုပ်ကိုင်သူတွေက ကြိုဆိုလက်ခံသွားမယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

မြိတ်မြို့ပေါ်မှာ ပုဂ္ဂလိကမီးလင်းရေး လုပ်ကိုင်သူ ၉ ဖွဲ့ ရှိနေပြီး၊ ပြီးခဲ့တဲ့ နှစ်က စက်သုံးဆီ ဈေးနှုန်းတွေ မြှင့်တက်လာတဲ့အတွက် တစ်ယူနစ်ကို ကျပ် ၅၀ဝ နီးပါးအထိ ကောက်ခံမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းက ပုဂ္ဂလိကမီးလင်းရေး လုပ်ကိုင်သူနဲ့ ပူးပေါင်းကာ တစ်ယူနစ် ၃၉၀ ကျပ်နဲ့ လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ ဆွေးနွေးနေတာပါ။

Soundbite ဦးစိုးသန့် (တာဝန်ခံ) ထားဝယ်စု မီးလင်းရေးရုံး

မြိတ်အများပိုင်ကော်ပိုရေးရှင်းက ဖေဖေါ်ဝါရီလမှာ လျှပ်စစ်မီးဖြန့်ဖြူးပေးမယ်ဆိုတဲ့အတွက် မီးလင်းရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ၊ ပုဂ္ဂလိကမီးလင်းရေးတွေ ရပ်နားရပါက အလုပ်သမားတွေအတွက် စီးစဉ်ထားရှိမှုတွေကို ဆွေးနွေးခဲ့တယ်လို့ ပုဂ္ဂလိကမီးလင်းရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

Soundbite ဦးစိုးသန့် (တာဝန်ခံ) ထားဝယ်စု မီးလင်းရေးရုံး

မြိတ်မြို့ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရေးအတွက် ပြည်ပကုမ္ပဏီက မီးစက်တွေကိုငှားရမ်းအသုံးပြုရမှာ ဖြစ်တာကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်၊ ထုတ်ကုန်ဌာနမှာ တင်ပြထားတယ်လို့ မြိတ်အများပိုင်ကော်ပိုရေးရှင်းက ပြောပါတယ် ခင်ဗျာ။

?bph6