စစ္ေဘးေရွာင္ေတြကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အကူအညီ မေပးတာဟာ ခြဲျခားဆက္ဆံတာ ျဖစ္

0
148

ရခုိင္စစ္ေဘးေရွာင္ေတြကို အစိုးရနဲ႔ ႏုိင္ငံတကာအဖြဲ႔အစည္းေတြက အကူအညီမေပးတာဟာ ခြဲျခားဆက္ဆံတာျဖစ္တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႕အစည္းတို႔ လက္ရွိျဖစ္ပြားေနတဲ့ စစ္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာသူ အေရအတြက္ဟာ ၅၃၀၀ ေက်ာ္ရွိေနၿပီျဖစ္တယ္။
အဲဒီစစ္ေဘးေရွာင္ေတြဟာ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္စုေတြျဖစ္ၾကၿပီး တိုက္ပြဲေတြျဖစ္ပြားေနတာေတြ၊ စားေရးရိကၡာျဖတ္ေတာက္တာေတြေၾကာင့္ ေက်းရြာေတြမွာ မေနၾကဘဲ အခုလိုထြက္ေျပးလာခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီလို ထြက္ေျပးလာသူေတြကို အစိုးရနဲ႔ ႏိုင္ငံတကာအဖြဲ႔အစည္းေတြက အကူအညီမေပးတာဟာ ခြဲျခားဆက္ဆံတာျဖစ္တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က ေျပာပါတယ္။

အင္တာဗ်ဴး – ဦးေမာင္သန္းစိန္
(ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္) ေက်ာက္ေတာ္မဲဆႏၵ၊ ရခိုင္ျပည္နယ္

ဒါ့အျပင္ လူသားခ်င္းစာနာေထက္ထားမႈ အကူအညီေပးေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ေနတဲ့ UEHRD အေနနဲ႔လည္း ဘယ္ေနရာဘယ္ေဒသ၊ ဘယ္ူမ်ိဳးမဆို လူသားခ်င္းစာနာတဲ့အကူအညီမ်ိဳးကို ေပးသင့္တယ္လို႔ လူမႈအဖြဲ႔အစည္းေတြက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးခိုင္ေကာင္းစံ (ဒါရိုက္တာအဖြဲ႔ဝင္) ဝံလက္ ေဒသဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္

ႏုိင္ငံတကာအဖြဲ႔အစည္းေတြအေနနဲ႔ ရခုိင္ျပည္နယ္အတြင္း အကူအညီေပးေရးလုပ္ငန္းေတြကို ေဆာင္ရြက္တဲ့ အခါ လူမ်ိဳးတစ္မ်ိဳးကိုသာ ေဇာင္းေပးၿပီးအကူအညီေပးေနတာျဖစ္ေၾကာင္းနဲ႔ တိုက္ရိုက္သြားေပးခြင့္ မရခဲ့လို႔ရွိရင္လည္း ေဒသခံအဖြဲ႔အစည္းေတြကေနတစ္ဆင့္ ကူညီေပးဖုိ႔လိုအပ္တယ္လို႔ ဦးခိုင္ေကာင္းစံကေျပပါတယ္။

ဒါ့အျပင္ အခုလိုမ်ိဳး တုိင္းရင္းသားေတြအခက္အခဲနဲ႔ ရင္ဆိုင္ေနၾကရတဲ့ကာလမွာ လစ္လ်ဴရႈေနတာဟာ ရခိုင္တိုင္းရင္း သားေတြရဲ႕ ယံုၾကည္မႈေတြကိုလည္း ပိုမိုက်ဆင္းေစတယ္လုိ႔ ေျပာၾကားပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်စစ်ဘေးရှောင်တွေကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီမပေးတာဟာ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အစည်းတို့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူ အရေအတွက်ဟာ ၅၃၀ဝ ကျော်ရှိနေပြီဖြစ်တယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်ကြပြီး တိုက်ပွဲတွေဖြစ်ပွားနေတာတွေ၊ စားရေးရိက္ခာဖြတ်တောက်တာတွေကြောင့် ကျေးရွာတွေမှာ မနေကြဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို ထွက်ပြေးလာသူတွေကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီမပေးတာဟာ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

အင်တာဗျူး – ဦးမောင်သန်းစိန်
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ကျောက်တော်မဲဆန္ဒ၊ ရခိုင်ပြည်နယ်

ဒါ့အပြင် လူသားချင်းစာနာထေက်ထားမှု အကူအညီပေးရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ UEHRD အနေနဲ့လည်း ဘယ်နေရာဘယ်ဒေသ၊ ဘယူ်မျိုးမဆို လူသားချင်းစာနာတဲ့အကူအညီမျိုးကို ပေးသင့်တယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

အင်တာဗျူး – ဦးခိုင်ကောင်းစံ (ဒါရိုက်တာအဖွဲ့ဝင်) ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါ လူမျိုးတစ်မျိုးကိုသာ ဇောင်းပေးပြီးအကူအညီပေးနေတာဖြစ်ကြောင်းနဲ့ တိုက်ရိုက်သွားပေးခွင့် မရခဲ့လို့ရှိရင်လည်း ဒေသခံအဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီပေးဖို့လိုအပ်တယ်လို့ ဦးခိုင်ကောင်းစံကပြေပါတယ်။

ဒါ့အပြင် အခုလိုမျိုး တိုင်းရင်းသားတွေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတဲ့ကာလမှာ လစ်လျူရှုနေတာဟာ ရခိုင်တိုင်းရင်း သားတွေရဲ့ ယုံကြည်မှုတွေကိုလည်း ပိုမိုကျဆင်းစေတယ်လို့ ပြောကြားပါတယ် ခင်ဗျား။

?bph6