ေန႔စား၊ လေပးဝန္ထမ္းေတြ ရန္ကုန္ၿမိဳ႕မွာ ဆႏၵေဖာ္ထုတ္မယ္

0
914

ေန႔စား၊ လေပးဝန္ထမ္းေတြကို ႏုိင္ငံ့ဝန္ထမ္းအျဖစ္ ေျပာင္းလဲသတ္မွတ္ေပးမႈ မရွိတာေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္သြားမယ္လို႔ အေျခခံပညာ၊ ပညာေရးလုပ္သားမ်ားသမဂၢက ေျပာပါတယ္။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

အေျခခံပညာေက်ာင္းေတြမွာ ၂၀၁၆ ခုႏွစ္က ခန္႔အပ္ထားတဲ႔ ေန႔စား၊ လေပး ပညာေရးဝန္ထမ္း ၄၀၀၀ ေက်ာ္ကို ႏိုင္ငံဝန္ထမ္းအျဖစ္ ေျပာင္းလဲသတ္မွတ္ေပးမႈ မရွိတာေၾကာင့္ ၂၀၁၈ ခုႏွစ္မွာ ႏိုင္ငံ႔ဝန္ထမ္းအျဖစ္ သတ္မွတ္ေပးေရး ေတာင္းဆိုမႈေတြ ရွိခဲ႔ပါတယ္။

ဒါေပမယ့္ အခုလက္ရွိအခ်ိန္အထိ ထူးျခားမႈ တစ္စုံတစ္ရာမရွိတာေၾကင့္ ဇန္နဝါရီလလယ္ေလာက္မွာ အေျခခံပညာ ေန႔စားလေပး ဝန္ထမ္းေတြ စုေပါင္းၿပီး ရန္ကုန္ၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္သြားမယ္လို႔ အေျခခံပညာ၊ ပညာေရးလုပ္သားသမဂၢမ်ား ျဖစ္ေျမာက္ေရးေကာ္မတီဝင္တစ္ဦးက ေျပာပါတယ္။

Soundbite ဦးၿဖိဳးေဝေအာင္
(အေျခခံပညာ၊ ပညာေရးလုပ္သားသမဂၢမ်ား ျဖစ္ေျမာက္ေရးေကာ္မတီဝင္)

ပညာေရးဝန္ႀကီးဌာနရဲ႕ လိုအပ္ခ်က္ေတြအရ ၂၀၁၃ ခုႏွစ္က စတင္ၿပီး ေန႔စားလေပး ပညာေရးဝန္ထမ္းေတြ ခန္႔ထားေပးခဲ႔တာပါ။
သတ္မွတ္ကာလျပည့္မီသူေတြကို ႏိုင္ငံ႔ဝန္ထမ္းအျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ႔ေပမယ့္၊ ၂၀၁၆ ခုႏွစ္မွာ ပညာေရး ဖြဲ႔စည္းပံုျပင္ဆင္ဖို႔ အေၾကာင္းျပၿပီး သတ္မွတ္ကာလ ျပည့္မီသူေတြကို ၂၀၁၈ ခုႏွစ္ ကုန္ဆံုးတဲ႔အထိ ႏိုင္ငံဝန္ထမ္းအျဖစ္ သတ္မွတ္တာေတြ မျပဳလုပ္ခဲ့တာေၾကာင့္ ဆႏၵထုတ္ေဖာ္ဖို႔ ဆံုးျဖတ္ရတာျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite ဦးၿဖိဳးေဝေအာင္ (အေျခခံပညာ၊ ပညာေရးလုပ္သားသမဂၢမ်ား ျဖစ္ေျမာက္ေရးေကာ္မတီဝင္)
အေျခခံပညာေရး ေန႔စား၊ လေပးဝန္ထမ္းေတြရဲ႕ ရပိုင္ခြင့္၊ အခြင့္အေရးေတြ၊ နစ္နာဆုံးရႈံးေတြကို အေျခခံပညာ၊ ပညာေရးလုပ္သားသမဂၢမ်ား ျဖစ္ေျမာက္ေရးေကာ္မတီဝင္ေတြက လြတ္လပ္ေသာ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႔ (ဗဟို) နဲ႔ပူးေပါင္း ဆႏၵထုတ္ေဖၚသြားမယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေ့စား၊ လပေးဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်းအဖြစ် ပြောင်းလဲသတ်မှတ်ပေးမှု မရှိတာကြောင့် ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့ အခြေခံပညာ၊ ပညာရေးလုပ်သားများသမဂ္ဂက ပြောပါတယ်။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

အခြေခံပညာကျောင်းတွေမှာ ၂၀၁၆ ခုနှစ်က ခန့်အပ်ထားတဲ့ နေ့စား၊ လပေး ပညာရေးဝန်ထမ်း ၄၀ဝ၀ ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ် ပြောင်းလဲသတ်မှတ်ပေးမှု မရှိတာကြောင့် ၂၀၁၈ ခုနှစ်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် သတ်မှတ်ပေးရေး တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုလက်ရှိအချိန်အထိ ထူးခြားမှု တစ်စုံတစ်ရာမရှိတာကြေင့် ဇန်နဝါရီလလယ်လောက်မှာ အခြေခံပညာ နေ့စားလပေး ဝန်ထမ်းတွေ စုပေါင်းပြီး ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့ အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။

Soundbite ဦးဖြိုးဝေအောင်
(အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီဝင်)

ပညာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေအရ ၂၀၁၃ ခုနှစ်က စတင်ပြီး နေ့စားလပေး ပညာရေးဝန်ထမ်းတွေ ခန့်ထားပေးခဲ့တာပါ။
သတ်မှတ်ကာလပြည့်မီသူတွေကို နိုင်ငံ့ဝန်ထမ်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့်၊ ၂၀၁၆ ခုနှစ်မှာ ပညာရေး ဖွဲ့စည်းပုံပြင်ဆင်ဖို့ အကြောင်းပြပြီး သတ်မှတ်ကာလ ပြည့်မီသူတွေကို ၂၀၁၈ ခုနှစ် ကုန်ဆုံးတဲ့အထိ နိုင်ငံဝန်ထမ်းအဖြစ် သတ်မှတ်တာတွေ မပြုလုပ်ခဲ့တာကြောင့် ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

Soundbite ဦးဖြိုးဝေအောင် (အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီဝင်)
အခြေခံပညာရေး နေ့စား၊ လပေးဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေ၊ နစ်နာဆုံးရှုံးတွေကို အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီဝင်တွေက လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ဗဟို) နဲ့ပူးပေါင်း ဆန္ဒထုတ်ဖေါ်သွားမယ်လို့ ပြောပါတယ်ခင်ဗျာ။