တုိက္ပြဲေတြေၾကာင့္ စိုးရိမ္ေၾကာက္လန္႔ၿပီး ထြက္ေျပးလာတဲ့ စစ္ေဘးေရွာင္ အမ်ဳိးသမီးေတြ

0
108

တုိက္ပြဲေတြၾကားထဲမွာ စိုးရိမ္ေၾကာက္လန္႔ခဲ့ရသလို ကေလးငယ္ေတြနဲ႔ ဆက္မေနရဲေတာ့တဲ့အတြက္ ထြက္ေျပးလာခဲ့တာ ျဖစ္တယ္လို႔ စစ္ေဘးေရွာင္အမ်ိဳးသမီးေတြက ေျပာပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခို္င္ျပည္နယ္ေျမာက္ပုိင္းေဒသ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကၽြန္းနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ AA တုိ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၈ ရက္ေန႔ကစတင္ၿပီး တုိက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနခဲ့ တာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ၾကားထဲမွာ စိုးရိမ္ေၾကာက္လန္႔ၿပီးေနခဲ့ရသလို စားေရးေသာက္ေရး အခက္အခဲေတြ ရွိလာတာေၾကာင့္ ကေလးငယ္ေတြနဲ႔ ဆက္မေနရဲေတာ့ဘဲ အခုလိုထြက္ေျပးလာခဲ့ၾက တာျဖစ္တယ္လို႔ စစ္ေဘးေရွာင္ အမ်ိဳးသမီးေတြက ေျပာပါတယ္။

Sound Bite – ေဒၚႏွင္းသိန္းေဝ (စစ္ေဘးေရွာင္အမ်ိဳးသမီး)
ေလကြီေက်းရြာ (ၿမိဳတိုင္းရင္းသူ)

စားဝတ္ေနေရးအဆင္မေျပတဲ့အတြက္ ထြက္ေျပးလာခဲ့ရတာျဖစ္ၿပီး အခုထြက္ေျပးေရာက္ရွိေနတဲ့ေနရာမွာ ဆက္မေနခ်င္ ေပမယ့္ ရိကၡာသယ္ယူခြင့္မရတာေၾကာင့္ ေနရပ္ျပန္ဖုိ႔အခက္အခဲေတြရွိေနတယ္လို႔ ေျပာပါတယ္။

Sound Bite – ေဒၚခင္ေလးႏြယ္ (စစ္ေဘးေရွာင္အမ်ိဳးသမီး)
ကင္ဘီေက်းရြာ (ၿမိဳတိုင္းရင္းသူ)

ဒါ့အျပင္ ထြက္ေျပးလာခဲ့သူေတြထဲမွာ အမ်ိဳးသမီးနဲ႔ကေလးငယ္ေတြမ်ားျပားေနသလို ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြလည္း ပါဝင္ေနၿပီး လုိအပ္တဲ့က်န္းမာေရးေစာင့္ေရွာက္မႈေတြ ျပဳလုပ္ေပးထားတယ္လို႔ က်န္းမာေရးဌာနကေျပာပါတယ္။

Sound bite – ေဒၚေအးေက်ာ့ယဥ္ (သားဖြားဆရာမ)
ေက်ာင္းက်န္းမာေရးဌာန (ေက်ာက္ေတာ္ၿမိဳ႕နယ္)

ဝါးေတာင္စစ္ေဘးေရွာင္စခန္းကိုလာေရာက္ခိုလႈံေနတဲ့ စစ္ေဘးေရွာင္ေတြထဲမွာ ငါးႏွစ္ေအာက္ကေလးငယ္ ႏွစ္ရာေက်ာ္ ပါဝင္ေနၿပီး ဝမ္းေလွ်ာဝမ္းပ်က္ ျဖစ္ပြားသူေတြလည္းရွိေနတာေၾကာင့္ ေဆးဝါးကုသေပးမႈေတြ လုပ္ေနရတယ္လို႔ ကယ္ဆယ္ေရးစခန္း က်န္းမာေရးဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်ပွဲတွေကြားထဲမှာ စိုးရိမ်ကြောက်လန့်ခဲ့ရသလို ကလေးငယ်တွေနဲ့ ဆက်မနေရဲတော့တဲ့အတွက် ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိ်ုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့ တာဖြစ်ပါတယ်။
ဒါ့ကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားထဲမှာ စိုးရိမ်ကြောက်လန့်ပြီးနေခဲ့ရသလို စားရေးသောက်ရေး အခက်အခဲတွေ ရှိလာတာကြောင့် ကလေးငယ်တွေနဲ့ ဆက်မနေရဲတော့ဘဲ အခုလိုထွက်ပြေးလာခဲ့ကြ တာဖြစ်တယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတွေက ပြောပါတယ်။

Sound Bite – ဒေါ်နှင်းသိန်းဝေ (စစ်ဘေးရှောင်အမျိုးသမီး)
လေကွီကျေးရွာ (မြိုတိုင်းရင်းသူ)

စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ထွက်ပြေးလာခဲ့ရတာဖြစ်ပြီး အခုထွက်ပြေးရောက်ရှိနေတဲ့နေရာမှာ ဆက်မနေချင် ပေမယ့် ရိက္ခာသယ်ယူခွင့်မရတာကြောင့် နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

Sound Bite – ဒေါ်ခင်လေးနွယ် (စစ်ဘေးရှောင်အမျိုးသမီး)
ကင်ဘီကျေးရွာ (မြိုတိုင်းရင်းသူ)

ဒါ့အပြင် ထွက်ပြေးလာခဲ့သူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေများပြားနေသလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ပါဝင်နေပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။

Sound bite – ဒေါ်အေးကျော့ယဉ် (သားဖွားဆရာမ)
ကျောင်းကျန်းမာရေးဌာန (ကျောက်တော်မြို့နယ်)

ဝါးတောင်စစ်ဘေးရှောင်စခန်းကိုလာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေထဲမှာ ငါးနှစ်အောက်ကလေးငယ် နှစ်ရာကျော် ပါဝင်နေပြီး ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားသူတွေလည်းရှိနေတာကြောင့် ဆေးဝါးကုသပေးမှုတွေ လုပ်နေရတယ်လို့ ကယ်ဆယ်ရေးစခန်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

?bph6